Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - ရည်းစားစာ

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

           လူဆိုတဲ့ သတ္တဝါဟာ အီဘော်လူးရှင်းသီအိုရီအရ မျောက်ကနေပဲ ဆင်းသက်ဆင်းသက်၊ ထာဝရဘုရားသခင်ကပဲ ဖန်ဆင်းဖန်ဆင်း၊ နေကပဲ ဖွားလာ ဖွားလာ၊ ကံ ကံ၏အကျိုးကြောင့်ပဲဖြစ်ဖြစ် အတ္တရှိနေသမျှ မကြုံဖူးတာတွေ ကြုံရ၊ မဖြစ်ဖူးတာတွေဖြစ်၊ ကိလေသာ အမှောင်တော မှာ တော်တော်ထူးထူးဆန်းဆန်း မျောကြတဲ့ သတ္တဝါအုပ်စုပါ။ 

         လူတစ်ယောက်မှာရှိတဲ့ အတ္တဟာ တော်တော် အနုစိတ်ပြီး တော်တော် လည်း ရှုပ်ထွေးပါတယ်။ လူတွေဖြစ်တဲ့ ပြဿနာကိုပဲ လူတွေရှင်းဖို့ တော်တော်ကလေး ကြိုးစားရတယ်။ ကျွန်တော်တို့ ရုံးခန်းကလေးမှာ ဒီတစ်ခါဖြစ်တဲ့ ပြဿနာက ဖြေရှင်းမရခင် တော်တော်ကလေး ရှုပ်ထွေး ပါတယ်။ ရှင်းလေ ရှုပ်လေ ဆိုတာမျိုးပါ။

          ပြဿနာအစကို ဒေါ်မြသောင်းဆိုတဲ့ မိန်းမကြီးကပဲ စပြောမှရမယ်။ ဒေါ်မြသောင်းဆိုတာ ကျွန်တော်တို့ရပ်ကွက်က နေနိုင်စားနိုင် ပထမလူတန်း စားလို့ ခေါ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ သူ့ခင်ပွန်းက ဌာနဆိုင်ရာ တစ်ခုမှာ အရာရှိငယ်လုပ်တယ်။ သူ့မှာ ကလေးသုံးယောက်၊ အကြီးမ ကလေးက ကိုးတန်း၊ အငယ်ကောင်လေး နှစ်ယောက်က ခြောက်တန်းနဲ့ငါးတန်းမှာပါ။ သူက ရပ်ကွက်ရှေ့ဘက် ဘူတာနားမှာ စတိုးဆိုင်ကလေး တစ်ခုလည်း ဖွင့်ထားသေးတယ်။ ပစ္စည်းစုံတင်တဲ့ သူ့စတိုးဆိုင်ကလေးက တော်တော်ရောင်းကောင်းပါတယ်။ ငွေတိုးကလေး ဘာလေးလည်း ပေးလေ တော့ ပိုရောင်းကောင်းတာပေါ့။

          ယောက်ျားက ဝန်ထမ်း၊ သားသမီးတွေက ကျောင်းတက်တုန်း၊ သူကလည်း စတိုးဆိုင်ကလေးရှိဆိုတော့ ဒေါ်မြသောင်းက အိမ်ဖော်တွေ ဘာတွေ ထားပါတယ်။ အိမ်ဖော်ဆိုတာကလည်း ဆယ့်သုံးဆယ့်လေးနှစ် အရွယ် မိန်းကလေးတွေ များပါတယ်။ စတိုးဆိုင်ရှိပေမဲ့ အကြွေးကိစ္စတွေ ဘာတွေနဲ့ ဒေါ်မြသောင်း ရပ်ကွက်ရုံးခန်းကို မရောက်ပါဘူး။ သူရောက်တဲ့ ပြဿနာက အိမ်ဖော်ကိစ္စနဲ့တစ်ကြိမ် နှစ်ကြိမ် ရောက်ဖူးတာပါ။ 

          သူ ပြဿနာဖြစ်မှပဲ အိမ်ဖော်ထားရတာ ရှုပ်လှပါလားလို့ ကျွန်တော် သိရတာ။ အိမ်ဖော်မှာ ပွဲစားဆိုတာက ရှိသေးတာကိုး။ လိုချင်ရင် ရှာပေး၊ အိမ်ဖော်ကို လခပေး၊ ပြီးတော့ အိမ်ဖော်ရမဲ့ ပထမဦးဆုံးလခနဲ့ လစဉ် လခထဲက ရှာပေးတဲ့အမျိုးသမီးက ၁ဝ ရာခိုင်နှုန်းယူဆိုပဲ။ ပထမတစ်ခါ ကတော့ အိမ်ဖော်နဲ့အဆင်ပြေပေမဲ့ အိမ်ဖော်ပွဲစားက ရှုပ်လို့ တက်ကြတဲ့ ပြဿနာပါ။ လူကြီးတွေက အိမ်ဖော်ပွဲစားဆိုတဲ့အမျိုးသမီးကို ခံဝန်တွေ ဘာတွေထိုးပြီး ဖြေရှင်းလိုက်ရတယ်။ 

          နောက် သိပ်မကြာဘူး၊ နောက်အိမ်ဖော်တစ်ယောက် ပြောင်းရင်း ပစ္စည်းတွေရော၊ အဲဒီကောင်မလေးရောပါ ပျောက်လို့ လာတိုင်ဖူးတယ်။ ပြန်တော့ မရရှာပါဘူး။ သူကလည်း ချက်ပြုတ်ရေး သားသမီး လင် ယောက်ျားရေးအတွက် အိမ်ဖော်ရှိမှဖြစ်မှာကိုး။

            အိမ်ဖော်မှာကလည်း အလုပ်ပျင်းတဲ့သူ၊ အစားအသောက် စားအိပ်၊ အလှပြင်၊ ခိုင်းတာကျ တလွဲတွေ လျှောက်လုပ်တဲ့ အိမ်ဖော်မျိုး၊ ဟိုခိုင်းရင် ဒီရောက် တော်တော်နဲ့ ပြန်မလာ ပတ်ဝန်းကျင်မှာ မသိအောင် အကြွေးယူ၊ စကားတွေရှုပ်လို့ ရှင်းရတဲ့ အိမ်ဖော်မျိုး၊ အသက်တွေကလည်း ၁၄/၁၅ ဆိုတော့ ကိုယ့်သမီးထက်တောင် ထိန်းရခက်သေး၊ သမီးက ပြောမရရင် ရိုက်လို့ရပေမဲ့ အိမ်ဖော်က ရိုက်ရင်မခံတတ်ကြဘူး။ ဒေါ်မြသောင်းလည်း ဆူရင်း ဟောက်ရင်း အော်ရင်း အိမ်ဖော်မမြဲရင်းပေါ့လေ။ သူပြောပြတော့ လည်း သူ့ဘက်က ဟုတ်သလိုလိုပါပဲ။

         ဒါပေမဲ့ အခုတစ်လော ဒေါ်မြသောင်း တွေ့တဲ့လူတိုင်းကို သူ့အိမ်ဖော် ကလေးတော်ကြောင်း ကျိတ်ချီးမွမ်းတတ်တယ်။ ပွဲစားနဲ့ ရှာတာမဟုတ်ဘဲ အသိနဲ့ရွာကဆိုလား ခေါ်လာတာပါ။ ကောင်မလေးက ဆယ့်ငါးနှစ်လောက်တော့ရှိမယ်။ သွက်သွက်လက်လက် ရည်ရည်မွန်မွန်ကလေး။ ဒေါ်မြသောင်း စတိုးဆိုင်မှာတောင် တစ်ခါတစ်ခါ ထိုင်လို့။ ဒေါ်မြသောင်း သမီးအကြီးနဲ့ ဗီဒီယိုအခွေတို့ ဝတ္ထုစာအုပ်တို့ အငှားထွက်လို့။ ဒေါ်မြသောင်းကလည်း သူ့အိမ်မှာ နေပျော်အောင် ဆင်ရှာပါတယ်။ ကောင်မလေးကလည်း ရုပ်ရည်ကလေး ခပ်သန့်သန့်ဆိုတော့ အိမ်ဖော်လို့မထင်ရဘဲ တူမတို့ဘာတို့ လို ဖြစ်နေတယ်။

          တစ်ညတော့ ဒေါ်မြသောင်း ရုံးခန်းကိုရောက်လာပြီး ဥက္ကဋ္ဌကို တိုးတိုးတိုင်ပင်တာ တွေ့ရတယ်။ လက်ထဲမှာလည်း စာလေးတစ်စောင်နဲ့။ သိပ်မကြာဘူး ကျွန်တော်သိရတာ ဒေါ်မြသောင်းအိမ်က အိမ်ဖော်ကောင် မလေးနဲ့ အိမ်နားက လူငယ်ကလေးတစ်ယောက် ဇာတ်လမ်းပါ။ ဒေါ်မြသောင်း ကိုင်လာတဲ့စာက အိမ်ဖော်ကောင်မလေးက ရေးထားတာ။ ကျွန်တော် ဖတ်ကြည့်တော့ လက်ရေးက မလှ၊ သတ်ပုံတွေ မမှန်ပေမဲ့ စာရဲ့ အဓိပ္ပာယ်ကတော့ ပေါ်ပါတယ်။         

           ကောင်လေးကို သူက အဖြေပြန်ပေးထားတာ၊ သူက အိမ်ဖော် ကလေးမို့ သူ့ကို အထင်မသေးဘဲနဲ့ တန်ဖိုးထားဖို့၊ သူကတော့ သစ္စာရှိစွာ ချစ်မဲ့အကြောင်း ရေးထားတာ။ ကောင်မလေးရေးတဲ့ စာထဲက ကောင်လေး က ဥက္ကဋ္ဌသားတွေနဲ့ တွဲနေတဲ့ ကောင်လေး၊ လမ်းက တစ်လမ်းကျော်ကပါ။

          “စာကိုမိလို့ တော်သေးတာပေါ့၊ ကျွန်မကလည်း သူ့ကို လက်လွှတ် လို့မရလို့ပါ ဥက္ကဋ္ဌရယ်၊ ဥက္ကဋ္ဌသားနဲ့လဲ တွဲနေတော့ ခေါ်ပြီး နည်းနည်း ပါးပါး သတိပေးထားပေးပါ၊ ပြဿနာမတက်ချင်ပါဘူး”      

              ဒေါ်မြသောင်း ကလည်း အားကိုးရတဲ့ သွက်လက်ပြီး အလုပ်နဲ့ လက်နဲ့ မပြတ်အောင်လုပ်တဲ့ အိမ်ဖော်လေးကို မဆုံးရှုံးရေးအတွက် အေး အေးဆေးဆေး ကာကွယ်တဲ့သဘောမျိုးပါ။ ဒါနဲ့ ဥက္ကဋ္ဌကလည်း သူ့သားက တစ်ဆင့် ကောင်လေးကိုခေါ်ပြီး မေးတယ်။ ကောင်လေးက ကြောင်တောင် တောင်နဲ့ မဟုတ်ဘူး ဇွတ်ငြင်းတော့တာပဲ။ သူနဲ့လည်း ရည်းစားမဖြစ် ကြောင်း၊ သူကလည်း မပေးကြောင်း ပြောတယ်၊ ကောင်လေးက ၁၀ တန်းကျောင်းသားလေးပါ။

          ဥက္ကဋ္ဌရော ကျွန်တော်တို့ရော ကောင်လေး ရှက်ပြီးငြင်းတယ်လို့ ပဲ ယူဆကြပါတယ်။ ကောင်မလေးစာက မိထားတာကိုး။ ဥက္ကဋ္ဌက နောက်မကြားချင်ကြောင်း ပြောဆိုပြီး ဆုံးမလွှတ်လိုက်တယ်။ သိပ်မကြာ ဘူး၊ ကောင်လေးအမေတွေရော အစ်မတွေရော ရုံးခန်းရောက်လာပြီးမကျေမနပ်ပြောကြတယ်။ သူတို့သားကို မေးပြီးကြောင်း၊ မဟုတ်ကြောင်း၊ သူတို့သားက မောင်က အိမ်ဖော်ကို မမှန်းကြောင်းတွေ အသံကျယ်ကျယ်နဲ့ ရန်လာတွေ့ကြတယ်။ ပြဿနာတက်ပြီဆိုတော့ ဒေါ်မြသောင်းကိုခေါ်၊ စာကိုပြရတယ်။ ဒါလည်း ကောင်လေးက မဟုတ်ဘူးလို့ ဇွတ်ငြင်းတယ်။ သူ့အမေက ဒေါကန်ပြီး တစ်ချက်နှစ်ချက်ချတယ်။ အိမ်ဖော်ကို သူ့သားက စိတ်မဝင်စားကြောင်း ရင့်ရင့်သီးသီးပြောတော့ ဒေါ်မြသောင်းနဲ့တောင်မှ ရုံးခန်းထဲ စကားများကြသေးတယ်။ နောက်ဆုံး လူကြီးတွေက ရှင်းကြရ ပါတယ်။ 

          ပြဿနာတစ်ခု အေးသွားတော့ နောက်နေ့ကောင်မလေးကို နေမြဲ တိုင်း သွားမြဲတိုင်း ပြန်တွေ့ရတယ်။ သိပ်မကြာပါဘူး ၁၅ ရက်လောက် နေတော့ ဒေါ်မြသောင်း ရှူးရှူးရှဲရှဲနဲ့ ရုံးခန်းရောက်လာပြန်တယ်။ အိမ်ဖော် မလေး မသင်းကိစ္စပဲ။ အိမ်ဖော်ကောင်မလေးကိုလည်း ရိုက်ခဲ့တယ်လို့ပြော တယ်။ ဒီတစ်ခါ မိတဲ့စာက ပထမကောင်လေးနဲ့ မဟုတ်တော့ဘူး။ ရပ်ကွက်ထဲက ခပ်တေတေ ကောင်လေးတစ်ယောက်နဲ့၊

          စာကိုဖတ်ကြည့်တော့ ချိန်းတွေ့တာတွေရော၊ သူ ဒီအိမ်မှာနေရတာ မပျော်တာတွေရော၊ ဘဝတူချင်းမို့ သူ ပိုယုံကြည်ကြောင်းတွေရော၊ နောက်တစ်ခါ ညဘက်မချိန်းဖို့တွေရော၊ တိမ်နဲ့ ငှက်ကလေးတွေအကြောင်း ရေးထားတဲ့ ကဗျာကလေးတောင်ပါသေးတယ်။ ကဗျာကတော့ ကူးချထား တာပါ။

          “ဥက္ကဋ္ဌကြီး ဒီတစ်ယောက်ကိုတော့ သေသေချာချာခေါ်ပြီး ဆုံးမပေး ပါ၊ ဒီကောင်က လွယ်တဲ့ကောင်မဟုတ်ဘူး၊ တော်ကြာ ထင်ရာလုပ်ရင်