Skip to product information
1 of 3

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - ဘနာ

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

အခန်း (၁)

          “စိတ်ဖိစီးမှုတွေ မပေးကြပါနဲ့၊ ဖြစ်နိုင်ရင် ကျွန်တော့်ကို စိတ်ဖိစီးမှုတွေ မပေးပါနဲ့... ကိုယ့်ကိစ္စကိုယ်ရှင်းတာလေးလဲ လုပ်ကြပါဦးဗျာ...”

          ကိုဘအော်သံကြောင့် Company တွင်ရှိနေသော လူတွေအားလုံး လန့်သွားကြဟန်ရှိသည်။

          သို့သော် ထိုသို့လန့်ခြင်းသည် ခဏတာလန့်ခြင်းဖြစ်သည်။ ပြီးတော့ Company သည် သူ့အလုပ်သူပြန်လုပ်၊ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နှင့် ထုံးစံအတိုင်း ဖြစ်သွားကြ၏။

          ကိုဘ မင်္ဂလာဆောင်တွင် ပန်းကြဲမည်ဟုပြောပြီး ပန်းမကြဲရသောကြောင့် ကိုဘကို စိတ်ကောက်ခဲ့သော ကောင်မကလေးကလည်း ကိုဘ ထအော် တွင်သာ တစ်ချက်လောက်ကြည့်ပြီး သူ့အလုပ်သူ ဆက်လုပ်နေ၏။

         ဒီတော့... ကိုဘလည်း ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ရန် ခေါင်းကို ငါ့ လိုက်၏။

          ဒါပေမယ့် Company ၏ စာရင်းဇယားတွေကို သူစိတ်မဝင်စားနိုင် ပါ။ သူ့ရင်ထဲမှာရှိသူက မယ်ခင်ဆိုသော သူ့ဇနီးသာဖြစ်သည်။

           သူသည် “ခင့်” ကိုချစ်သည်။ “ခင်” လည်း “ဘ” ကိုချစ်လိမ့်မည် ဟု အစတုန်းက သူယုံခဲ့ဖူးသည်။ အခုတော့ “ခင်”က “ဘ” ကိုမချစ် တော့ဟု ကိုဘ ထင်သည်။ သူထင်သည့်အတိုင်းလည်း မှန်ခဲ့သည်။ ထို့ ကြောင့် ကိုဘသည် ထအော်မိခြင်းဖြစ်ပါသည်။

          တကယ်တော့... ကိုဘသည် ဒီလိုအော်ဖို့ မကောင်းပါ။ သူက အခု လုပ်နေရသော Company မှာ သာမန်စာရေးဝန်ထမ်းမျှသာ ဖြစ်ပါသည်။ သူ့မှာကြောက်ရမည့်လူတွေ ရှိသည်။ ပြီးတော့ ... ချစ်ရမည့်လူတွေလည်း ရှိသည်။ ကြောက်လည်းမကြောက်ရ ချစ်လည်းမချစ်ရသော လူတွေလည်း ရှိပါသည်။

င်သည်။ 

           ဒါကတော့ Company မှာ စာရေးလုပ်မှမဟုတ်ပါ။ နေရာတိုင်းတွင် ထိုအတိုင်းသာဖြစ်ပါသည်။

           အခုတော့... အလုပ်လုပ်နေရင်းက ဘာမျှမဆိုင်ဘဲ သူထအော်မိခဲ့ပြီ။ ထိုအော်သံသည် သူချစ်သော “ခ” အတွက်အော်လိုက်သော အော်သံဆိုတာ ကို သိမည့်သူ တော်တော်ကလေးကို ရှားပါသည်။

          “ကိုဘ... ဆရာက ခဏတဲ့...”

           လွန်ခဲ့သည့် တစ်ပါတ်လောက်ကမှ ခန့်လိုက်သော စာရေးအသစ် ကလေးက သူ့ကို ခပ်တည်တည်ဖြင့် ပြောသွား၍ “ဆရာဘ” စိတ်မကောင်း ဖြစ်သွားသည်။

              သို့သော်လည်း သဘောကောင်းတတ်သူဆိုတော့ ဒီလိုပဲ ခံနေကျမဟုတ် လား။ ပြီးတော့ “ဆရာက ခေါ်တယ်” ဆိုတာ သူတို့ Company က မန်နေဂျာက ခေါ်သည်ဟု ဆိုလိုရင်းဖြစ်သဖြင့် ကိုဘ ထိုင်နေရာမှ ထရ သည်။

         ကိုဘသည် ခင့် အကြောင်းကို ခဏမေ့ထားပြီး သူ့ phone ကိုလည်း ပိတ်လိုက်ရသည်။ 

         ဟုတ်တယ်လေ ကိုယ်က ခင်နေပေမယ့် ကိုယ့်ထက်ကြီးတဲ့ လူကြီး တစ်ယောက်နဲ့ သွားတွေ့မယ့် အချိန်မျိုးမှာ ကိုယ့် phone က ထပြီးမြည် နေလို့ ကောင်းပါ့မလား !

         ဒီတော့ ကိုဘသည် ခင့်အကြောင်းကိုလည်း ခဏမေ့ထား၊ သူ့ခံစား မှုကိုလည်း ခဏမေ့ထားလိုက်ပြီး ဆရာ့အခန်းထဲသို့ သွားလိုက်သည်။

          ကိုဘက “ဆရာ” ဟုခေါ်သော်လည်း ထိုဆရာမှာ ကိုဘထက် (၄) နှစ်လောက်သာ ငယ်ပါသည်။ သို့သော်... ထိုဆရာသည် ရုပ်ချော၏။ ကိုဘထက် အရပ်မြင့်၏။ စကားပြောလျှင်လည်း ပြုံး၍ပြုံး၍ ပြောတတ် သည်။

          ယောက်ျားတွေထဲမှာဆိုလျှင် တော်ရုံမိန်းကလေးက သဘောကျတတ် သာ ရုပ်ရည်မျိုးရှိသူဟု ပြောရလိမ့်မည်ထင်ပါသည်။ 

          သူ့နာမည်ကလည်း ကြည့်ပါဦး “ဇော်မျိုးခန့်” တဲ့။ တစ်ရုံးလုံးကတော့ သူ့ကို “ကိုခန့်” ဟု ချစ်စနိုး ခေါ်ကြသည်။ သူကလည်း ဒီနာမည်အတိုင်း “ဆရာခန့်” ဟုခေါ်တော့ လူတွေမမြင်ကွယ်ရာ သူ့အခန်းထဲမှာခေါ်ပြီး..

             “ခင်ဗျား ကျွန်တော့်ကို ဆရာခန့်လို့ မခေါ်နဲ့”

          “လေးစားမှုနဲ့ ခေါ်တာပါဗျာ”

          “အဲဒါကြောင့် မခေါ်နဲ့လို့ ပြောတာ၊ ရိုးရိုးပဲပြောမယ် ကျွန်တော် ဒီ Companyမှာ ခင်ဗျားကိုခင်တယ်၊ ခင်ဗျားက ရိုးတယ်၊ တုံးတယ်၊ အမှား အယွင်းများတယ်၊ ကျွန်တော်နဲ့ အတူတူပဲ”

          “ဟာ... ဆရာကလည်းဗျာ ကျွန်တော်က…”

          “တော်ပြီ.. ကျွန်တော်ပြောတာ မမှန်ဘူးလား”

           “မှန်ပါတယ် ဆရာ...” “ဆရာမခေါ်ပါနဲ့ဆို...” 

           “အဲဒါဆို ဘယ်လိုခေါ်ရမလဲ”

           “နှစ်ယောက်တည်းရှိတဲ့အခါကျရင် ကိုခန့် ပဲခေါ်ဗျာ”

           “ဟုတ်ကဲ့.. ဆရာ”

           “ဟာ... ခင်ဗျားက လုပ်ပြန်ပြီဗျာ”

            သူတို့နှစ်ယောက်စလုံး အားရပါးရ ရယ်လိုက်မိကြသည်။ အဲဒီနေ့က သူ့ကို ကိုခန့်က ကော်ဖီတိုက်သည်။ သူလို ဘာမျှမဟုတ်သော စာရေးတစ် ယောက်ကို ဒီလိုဂရုတစိုက် စေတနာထားသော ကိုခန့်ကို သူပို၍ခင်သွား၏။                

           အခုတော့... သူ့ကို ကိုခန့်က ခေါ်နေပြီ။

           သူသည်... စိတ်ထဲမှာ စိုးရိမ်စိတ်တစ်ခုနှင့် ကိုခန့်အခန်းထဲသို့ သွားခဲ့ သည်။

           ကြောက်စိတ်တော့ မရှိပါ။

            ကိုခန့်နှင့် သူသည် တစ်လတည်း လက်ထပ်ထားခဲ့သော မိတ်ဆွေတွေ လည်း ဖြစ်သည်။ သို့သော်လည်း ကိုခန့်က “မယ်ခင့်” ကိုမမြင်ဘူးသလို ကိုခန့်၏ ဇနီးကိုလည်း သူက မမြင်ခဲ့ဘူးပါ။

          ကိုယ့်အရာရှိ၏ ဇနီး၊ ကိုယ့် Company က ဆရာ၏ဇနီးကိုမျှ မမြင်ဖူးဘူးဆိုတော့ “လွန်တယ်”ဟု ထင်ကြလိမ့်မည်။

          ကိုခန့်တို့ မင်္ဂလာဆောင်သည့်နေ့က သူသွားပါသည်။

          ခမ်းနားသိုက်မြိုက်လွန်းလှသော မင်္ဂလာပွဲတစ်ခုဖြစ်သဖြင့် သူသည် ခပ်ရိုးရိုးပွဲတက်သူသာ ဖြစ်ခဲ့၏။ ကိုခန့်နှင့် သူ့ဇနီးကို အဝေးကတော့ မြင်လိုက်ရပါသည်။ သို့သော် စကားပြောခွင့်မရခဲ့။

          ကိုခန့်ကိုလည်း အပြစ်ဆိုစရာမရှိပါ။ သူ့မှာက ဧည့်သည်တွေ အများ ကြီးကို ဧည့်ခံနေရတာဆိုတော့ သူ့အပြုံးက ဘယ်သူ့ကို ပြုံးနေလို့ပြုံးမှန်း တောင် မသိရတဲ့ အပြုံးမျိုးတွေနဲ့ဆိုတော့ ကိုယ်ကလည်း ခေါ်လို့မကောင်း ဘူးလို့ တွေးပြီး ကျွေးတာတွေစားပြီး သူပြန်လာခဲ့၏။

          ကိုခန့် မင်္ဂလာဆောင်ပြီး တစ်ပါတ်အကြာမှာ သူလည်း “မယ်” နှင့် အိမ်ထောင်ကျခြင်းဖြစ်၏။

          ဒါပေမယ့် သူတို့မင်္ဂလာဆောင်ကိုတော့ ကိုခန့်မလာပါ။

          သူတို့ဂျပန်ကိုဆိုလား၊သြစတြေးလျကိုဆိုလားဩစတီးရီးယားကိုဆိုလားဟန်းနီးမွန်းထွက်နေသောကြောင့် ဖြစ်ပါသည်။

          ထို့ကြောင့် သူ့ဇနီးကိုလည်း ကိုယ်မမြင်ဘူး၊ ကိုယ့်ဇနီးကိုလည်း သူမမြင်ဘူးသော ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက်များ ဖြစ်နေကြပါသည်။

            အခုတော့ သူက ကိုယ့်ကိုခေါ်ပြီမို့ သူ့အခန်းထဲသို့ ဝင်လိုက်၏။

           သူဝင်သွားတော့ သူ့ဆရာ “ခန့်” သည် ကာစတန်မာတစ်ယောက်နှင့် စကားပြော၍နေသဖြင့် သူမတ်တတ်ရပ်နေတုန်းမှာ ဆရာခန့်က သူ့ကို ခေါင်းတစ်ချက်ဆတ်ပြီး နှုတ်ဆက်ရင်းက နံဘေးနားတွင် လွတ်နေသော ခုံကို လက်ညှိုးညွှန်ပြလိုက်သဖြင့် သူ ဘာစကားမျှမပြောတော့ဘဲ ဝင်၍ ထိုင်လိုက်ပါသည်။

          “ကိုယ့်လူ အဲဒီလိုဖြစ်သွားတယ်ဆိုတာကို ကျွန်တော်ကတော့ နားလည် တာပေါ့ခင်ဗျာ။ ဒါပေမယ့် ဒီ Company ဘုတ်အဖွဲ့က လူနှစ်ဆယ် လောက်ရှိတော့ သူတို့ကတော့ ဘယ်လိုလုပ်ပြီး နားလည်ပေးနိုင်မှာလဲ”

          “ဆရာခန့်ရယ် ဆရာက ဒီမှာအကြီးဆုံးပဲဆိုတော့ သူတို့နားလည် အောင် ပြောမပေးနိုင်ဘူးလား”   

           ကာစတန်မာ၏ စကားဆုံးသည်နှင့် ဆရာခန့်ကအားရပါးရရယ်နေသည့်အတွက်“ဘာတွေဖြစ်နေတာလဲ!” ဆိုတာကို သူလည်းနားမလည်ဘဲ နှင့် အူကြောင်ကြောင်ဖြင့် ထိုင်နေရခြင်းကြောင့် စိတ်တော့မရှည်နိုင်တော့ဘဲ တို၍သွား၏။

          “ကိုဇော်ဝင်း ခင်ဗျားကို ကျွန်တော် တစ်ခုပြောမယ်ဗျာ၊ ကျွန်တော်က သူဌေးမဟုတ်ဘူးနော် ဝန်ထမ်းခင်ဗျ၊ ဒီ Company က ပုဂ္ဂလိက Company ပိုင်ဆိုပေမယ့် ဝန်ထမ်းဆိုတာ သူဌေးရဲ့ ကျွန်ပါဘဲဗျာ၊ ဒီတော့ ရှယ်ယာအယောက်နှစ်ဆယ်လောက်ရှိတဲ့ Company တစ်ခုမှာ အမှားတစ်ခု ကို အယောက်နှစ်ဆယ်လုံးက ကျွန်တော်ပြောသမျှ ယုံကြည်လာအောင်