Skip to product information
1 of 3

Other Websites

နီကိုရဲ - ပန်းသီးဖန်တုံးတစ်တုံးရဲ့ဘိုင်အိုဂရပ်ဖီ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အဖွင့် (၁)

တစ်ခါက ... ။

          ဆရာတစ်ယောက်ဟာ ကျောင်းသားလေးတစ်ယောက်ကို အခုလို မေးခဲ့ဖူးပါတယ်။

          "ကဲ၊ မင်းကို ဆရာမေးမယ်... တစ်နှစ်မှာ ရက်ပေါင်း ဘယ် နှစ်ရက်ရှိလဲကွ...”

          ကျောင်းသားလေးရဲ့ မျက်နှာမှာ အလိုမကျတဲ့မိုးရိပ်တွေ ပြိုကျ လို့ • • ။ ခပ်မဲ့မဲ့မဲ့နေတဲ့နှုတ်ခမ်းထက်မှာတော့ အပြီးကသဲ့သဲ့နဲ့..။

          “မေးခွန်းက ပေးထားချက် မပြည့်စုံတော့ အဖြေက နှစ်မျိုး ထွက်နေပါတယ်ဆရာ..။ အနှစ်မျိုးလုံးကလည်း သူ့သတ်မှတ်ချက်နဲ့ သူ မှန်နေပါတယ်...

          “ဘာ... ဘယ်လို...”

          “ဆရာမေးတဲ့ခုနှစ်ဟာ ရက်ထပ်နှစ်မဟုတ်ရင်တော့ တစ်နှစ် မှာ (၃၆၅) ရက်ရှိပါတယ်။ ဆရာမေးတဲ့ခုနှစ်ဟာ ရက်ထပ်နှစ်ဆိုရင်တော့ တစ်နှစ်မှာ (၃၆၆)ရက်ရှိပါတယ်ဆရာ..”

          ပါးစပ်အဟောင်းသားနဲ့ပဲ ဆရာဟာ ကျောင်းသားလေးကိုကြည့်နေတယ်။ လေးစားဖို့ကောင်းတာက ဆရာဟာသူ့မျက်နှာအရေ ပြားပေါ်က သတိမပြုမီခြင်းဆိုတဲ့ ကွန်ယက်ပါးပါးလေးကို ဆွဲခွာမပစ် တာပါပဲ။

          “ဟုတ်တာပေါ့ .. ဖေဖေါ်ဝါရီလမှာ (၂၉)ငှက်နေ့ဆိုတဲ့ ရက်ထပ်နှစ်ရှိတယ်ဆိုတာ ဆရာဘာလို့ မေ့လျော့မီတာပါလိမ့်..."

          ညနေကြယ်လို့ တင်စားတဲ့သောကြာကြယ်နဲ့ လင်းလက်မှုမျိုး ကို ကောင်လေးရဲ့ မျက်နှာထက်မှာ တွေ့ရမှာပေါ့...။ နောက်ပြီးတော့မှ စကားတစ်ခွန်းနဲ့ပဲ စာသင်ခန်းလေးရဲ့ ငြိမ်ဆိတ်မှုကို ဇစ်ဆွဲပစ်လိုက်ပါ တယ်။

          “ဆရာရော ကျွန်တော်ရောဟာ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့ မှာသာ မွေးဖွားခဲ့ကြရင် ဖေဖေါ်ဝါရီ (၂၉)ကို ကျွန်တော်တို့မေ့ကြမှာ မဟုတ်ပါဘူးဆရာ..”

          အဲဒီစကားဟာ သူ့အတွက်ပြောတာမဟုတ်ပါဘူး။ ကျောင်းသား လေးဟာ အဲဒီစကားကိုပြောတဲ့အချိန်မှာ သူ့မျက်ဝန်းတွေဟာလက်ယာ ဘက်ရှေ့ဆုံးတန်းကို ရောက်နေပါတယ်။ သူ့မျက်ဝန်းတွေနဲ့ ဆုံမှတ်ဟာ အညိုရောင်မျက်ဝန်းအစုံနဲ့ ကျောင်းသူကောင်မလေးပါပဲ။ အကျေနပ်ကြီးကျေနပ်နေတဲ့ အပျော်ရိပ်တွေနဲ့ ကောင်မလေးဟာ သူ့ကိုကြည့်နေပြီး လက်မကော့ကော့လေးကို ထောင်ပြလိုက်ပါတယ်...။ ဆယ်နှစ်ဆိုတဲ့ အရွယ်လေးတွေဆိုတော့ သူတို့နှစ်ယောက်ရဲ့ကြားက ကြိုးကလေးဟာ တကယ့်ကို ဖွေးဖွေးဖြူနေတဲ့ အဖြူရောင်သက်သက်လေးပါပဲ။

          ခန်းဆီးလိုက်ကာစ အတွန့်လေးတွေကိုကြည့်ရင်း ဆရာဟာ အတောမသတ်နိုင်သေးဘဲ ကောင်လေးကို သွေးတိုးစမ်းမေးခွန်းတစ်ခု ထပ်တွန့်မေးလိုက်ပြန်ပါတယ်။

          “ကဲကွာ.. ဒါဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းသိထားတဲ့ မင်းကြိုက်တဲ့ စကားလေးတစ်ခုလောက် ဆရာ့ကိုကြည့်စမ်းပါကွာ...”

          ကောင်လေးဟာ အဲဒီအတွက် သိပ်အကြာကြီးတော့ မစဉ်းစား လိုက်ရပါဘူး။

          “ဖေဖေပြောဖူးတယ်ဆရာ..၊ ဘဝဆိုတာ မတူညီတဲ့ ပုစ္ဆာ ပေါင်းများစွာနဲ့ ရှုပ်ထွေးနေတဲ့ စာအုပ်ကြီးတစ်အုပ်ပဲတဲ့...။ အဲဒီထဲက ဘယ်ပုစ္ဆာမှာပဲဖြစ်ဖြစ် ပေးထားချက်မပြည့်စုံရင်တော့ တိကျတဲ့အဖြေ ကို တွက်ချက်လို့မရနိုင်ဘူးတဲ့ဆရာ...”

          “အမယ်လေးဗျာ...”လို့ အာမဆိတ်ပြုအော်လိုက်ရင်း ဆရာ | ဟာ သူ့နဖူးသူ ဖတ်ကနဲရိုက်လိုက်မိတယ်။

          “အမယ်လေး... ကြည့်စမ်းပါဦး၊ လူကြည့်တော့ လက်တောက် လောက်နဲ့ စကားကကြီးကြီးကျယ်ကျယ်ပါလား ငါ့တပည့်ရာ..”

          ဆရာ့ပုံစံကိုကြည့်ပြီး ကောင်လေးနဲ့ ကောင်မလေးတစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်လိုက်ကြတယ်။ ။

          ပြောရမယ်ဆိုရင်တော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေ လည်းမဟုတ်ကြပါဘူး။ ခပ်ကုတ်ကုတ်နေတတ်တဲ့ ကောင်ကလေးဟာ စာသင်ခန်းထဲမှာလည်း ထင်ပေါ်ခြင်းမရှိတဲ့ သာမန်ကျောင်းသားလေး တစ်ယောက်ပါပဲ။

          ကောင်မလေးကိုတော့ စာသင်ခန်းတစ်ခုလုံးက သိကြပါတယ် တစ်ခန်းလုံးမှာ စာအတော်ဆုံးနဲ့ အလှဆုံးဖြစ်တဲ့ကောင်မလေးရဲ့ နာမည်က...။

          “စကားသု”...တဲ့...

 

အဖွင့် (၂)

တစ်ခါက ...

          ဆရာမတစ်ယောက်ဟာ ကျောင်းသူလေးတစ်ယောက်ကို အခုလို မေးခဲ့ဖူးပါတယ်။ ။

          “တစ်နှစ်မှာ ရက်ပေါင်း (၃၆၅)ရက်ရှိတယ်...” “(၄)နှစ်မှာ ဘယ်နှစ်ရက်ရှိလဲ စကားသူ...”

          အညိုရောင်မျက်ဝန်းတွေကို ပိုင်ဆိုင်ထားတဲ့ ကောင်မလေး ဟာ လက်ပိုက်ပြီး မတ်တပ်ရပ်နေပါတယ်။ ပြုံးနေတဲ့ မျက်နှာလေးနဲ့ စိတ်ထဲကနေပြီး (၃၆၅)ရက်ကို (၄)ခါပေါင်းနေတဲ့ပုံပါပဲ...။ ပထမ နှစ်ခါပေါင်းလိုက်တော့ + ၇၃၊ အဲဒါကို နှစ်ဆတွက်လိုက်တော့ ၁၄၆၁ ပေါ့...။

          “ပုစ္ဆာက ပေးထားချက်မပြည့်စုံဘူးဖြစ်နေတယ်...။ ဆရာမ မေးတဲ့ (၄)နှစ်ဟာ တစ်ဆက်တည်း အစဉ်လိုက် (၄)နှစ်လားဆရာမ”

          “အေးပေါ့... တစ်ဆက်တည်းပေါ့ကွဲ."

           “အဲဒါဆိုရင်တော့ အက (၁၄၆၁)ရက်ပါ ဆရာမ”

          “ဘယ်... ဘယ်လို... ပြန်တွက်ပါဦး မင်းအဖြေမှားနေတယ်စကားသူရဲ့ အဖြေက (၁၄၀)ရက်လေ”

          "သမီးအဖြေမမှားပါဘူး ဆရာမ. . . ဘယ်ခုနှစ်ကပ်စတွက် တွက်.. အစဉ်လိုက် (၄)နှစ်မှာ ရက်ထပ်နှစ်တစ်နှစ် အမြဲတမ်း ပါပါ တယ်ဆရာမ. .။ လေးနှစ်မှာ တစ်ခါ ဖေဖေါ်ဝါရီ (၂၉)ဆိုတဲ့ ရက် တစ်ရက်ရှိတဲ့အတွက် (၁၄၆၀)မှာ တစ်ရက်တိုးရတော့ (၁၄၆၀)ရက်ပါ ဆရာမ”

          ပါးစပ်အဟောင်းသားနဲ့ဆရာမက ကျောင်းသူလေးကို ကြည့် နေတယ်။ လေးစားဖို့ကောင်းတာက ဆရာမဟာ သူ့မျက်နှာ အရေပြား ပေါ်က သတိမပြုမိခြင်းဆိုတဲ့ သံဝေဂကွန်ယက်ပါးပါးပါးလေးကို ဆွဲခွာ မပစ်တာပါဘဲ။

          “အိုး.. ဟုတ်တာပေါ့...။ လေးနှစ်မှာ တစ်ခါ ရက်ထပ်နှစ် တစ်နှစ်ပါတယ်..။ လေးနှစ်မှာ တစ်ခါ ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့ ဆိုတာ ရှိတယ်..။ ဒါကို ဆရာမသိမေ့သွားတယ်။ ဟုတ်တာပေါ့... သမီးဖြေတာ မှန်တာပေါ့ကွယ်” ။

          ညနေကြယ်လို့ တင်စားတဲ့ သောကြာကြယ်နဲ့ လင်းလက်မှု မျိုးကို ကောင်မလေးရဲ့ မျက်နှာထက်မှာ တွေ့ရမှာပေါ့...။ နောက်ပြီးတော့မှ စကားတစ်ခွန်းနဲ့ပဲ စာသင်ခန်းလေးရဲ့ ငြိမ်ဆိတ်မှုကို ဇစ်ဆွဲ ပစ်လိုက်ပါတယ်...။ ။

          “ဆရာမက ဖေဖေါ်ဝါရီ (၂၉)ရက်နေ့မှာ မွေးဖွားခဲ့တာ မဟုတ်လို့ ဖေဖေါ်ဝါရီ (၂၉)ကို မေ့သွားတာဖြစ်မှာပါ...။ သမီး ကတော့ လေးနှစ်မှာတစ်ခါပဲရှိတဲ့ သမီးရဲ့ မွေးနေ့ကို မမေ့နိုင်ပါဘူး ဆရာမ ..

          ကောင်မလေးက အဲလောက်နဲ့ ပွဲသိမ်းသွားမယ်ထင်ပေမယ့် ဇာတ်လမ်းက အမျှင်မပြတ်သေးပါလား...။ ခန်းဆီးလိုက်ကာစ တွန် လေးကိုကြည့်ရင်း ဆရာမက အတောမသတ်နိုင်သေးဘဲ ကောင်မလေးကိုသွေးတိုးစမ်း ထပ်တွန့်ပေးလိုက်ပြန်ပါတယ်....။

          “ကဲကွယ်... ဒါဆိုရင်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သမီးသီ ထားတဲ့... သမီးကြိုက်တဲ့ စကားလေးတစ်ခုလောက် ဆရာမကို ပြော ကြည့်စမ်းပါ စကားသူ...”

          ကောင်မလေးဟာ အဲဒီအတွက် မစဉ်းစားလိုက်ရပါဘူး။

          “သမီးကို သူတောင်းစားလေးတစ်ယောက်က ပြောဖူးတယ် ဆရာမ. . . ။ ဘဝဆိုတာ မတူညီတဲ့ ပုစ္ဆာပေါင်းများစွာနဲ့ ရှုပ်ထွေးနေတဲ့ စာအုပ်ကြီးတစ်အုပ်ပဲတဲ့...။ အဲဒီထဲက ဘယ်ပုစ္ဆာမှာပဲဖြစ်ဖြစ် ပေးထား ချက်မပြည့်စုံရင်တော့ တိကျတဲ့အဖြေကိုတွက်ချက်လို့မရနိုင်ဘူးတဲ့...”

          “အမလေးတော်”လို့ အာမေဍတ်ပြုရင်း ဆရာမဟာ သူ့ရင်ဘတ် သူ ဖတ်ကန် ဖိလိုက်တယ်။

          “အံ့ပါရဲ့ စကားသူရယ်.. ကြံကြံစည်စည်ဟယ်.. ။ နင့်ကြည့် တော့ လက်တောက်လောက်နဲ့ အဲဒီကြီးကြီးကျယ်ကျယ်စကားကို သူတောင်း စားဆီက ရခဲ့ရတယ်... လို့”

          “အဲဒါအမှန်ပါဆရာမ... အဲဒီသူတောင်းစားကလေ ရိုးရိုး သူတောင်းစားတောင်မဟုတ်ဘူး...။ အစုတ်အပူသူတောင်းစားပါ ဆရာမ "

          ကောင်မလေးဟာ အဲဒီစကားကိုပြောတဲ့အချိန်မှာ သူမရဲ့ မျက်ဝန်းတွေဟာ လက်ဝဲဘက်နောက်နားဆီကို သိမ်းငှက်တောင်ပံဖြန့် သလို ဝေ့ဝဲကြည့်လိုက်ပါတယ်။ မရှိတော့မှန်းသိပေမယ့် ကြည့်လိုက် တာပါ...။ ကောင်ကလေးဟာ ဒီစာသင်ခန်းထဲမှာ ရှိမနေတော့ပါဘူး။ သူသယ်ချင်းတွေက “အုပ်ကြီးသားလို့နာမည်ပြောင် ခေါ်ကြတဲ့ ကောင်ကလေး ဟာ အတန်းသစ်တက်တဲ့ နှစ်နှစ်စပိုင်းမှာပဲ သူ့အဖေ ဆေးရုံအုပ်ကြီး တာဝန်ပြောင်းရွှေ့ရာကို အတူပါသွားခဲ့ပါပြီး အမြဲ တစေ တွန့်ကွေးနေ တဲ့ မျက်ခုံးတွေနဲ့ အရွယ်နဲ့မမျှတဲ့ စာအုပ်ထူကြီးတွေကို အဖော်ပြုနေတတ်တဲ့ ကောင်ကလေးဟာ သူမကတစ်သက်စာ အမှတ်တရပေးလိုက် တဲ့ လက်ဆောင်နောက်စေ့ဟက်တက်ကွဲဒဏ်ရာ အမာရွတ်တစ်ခုနဲ့အတူ အဲဒီအချိန်ကစပြီး ပျောက်သွားခဲ့တော့တာပါပဲ..။ ကောင်မလေးအား

          ကောင်ကလေးရဲ့ မျက်နှာကိုခပ်ရေးရေးပဲ ပုံဖော်ကြည့်လို့ ရပါ တယ်...၊

          အဲလိုနဲ့ပဲ...

          နှစ်တွေကြာလာတာနဲ့အမျှ ကောင်ကလေးဟာ သူမရဲ့ မှတ်ဉာဏ် တွေထဲက တစ်စတစ်စ မှိန်ဖျော့ပါးလျသွားပါတော့တယ်...။

          ခုတော့လည်း ... ။

          တစ်ခါက ... တစ်ခါက ... ဆိုတာတွေဟာ အကြိမ်များ စွာပဲ ခြေလှမ်းတွေရဲ့ နောက်မှာ ကျန်ရစ်ခဲ့ပါပြီ.... ။

          သူများနဲ့မတူတဲ့ အညိုရောင်မျက်ဝန်းတွေနဲ့ - + + အသားအရေ အချိုးအဆစ်လှလှတွေကို ဝင့်ဝင့်ပိုင်ဆိုင်ထားတဲ့ သူမဟာ သူများတွေ လိုပဲ ဘဝကို ရိုးစင်းစွာ ဖြတ်သန်းနေတယ်လို့... ထင်ခဲ့မိပေမယ့်...

          ကံကြမ္မာရဲ့ ထင်မှတ်မထားတဲ့ လျှို့ဝှက်ခြင်း လက်ချောင်းတွေ နဲ့ အစီအစဉ်တကျ ဆုပ်ကိုင်ခြင်းကို ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့... ရင်ကိုဖြတ်စီးနေတဲ့ မြစ်တစ်စင်းကိုဘွားကန် ထိတ်လန့်စွာ မြင်လိုက်ရ ပါတယ်...။ အဲဒီမြစ်. . အဲဒီမြစ်ဟာ... ပြောင်းပြန်စီးနေတဲ့မြစ် တစ်စင်းပါလား...။

          ကံကြမ္မာကို မျက်ကွယ်ပြုတတ်တဲ့သူမအဖို့ ကံကြမ္မာကို စပြီး သတိပြုမိတဲ့အချိန်ဟာ သူမအသက်နှစ်ဆယ်ပြည့်တဲ့ နေ့မှာပါပဲ...။

          မှတ်မှတ်ရရ .. အဲဒီနေ့ဟာ.. ၂၀၀၈ ခုနှစ်၊ ဖေဖေါ်ဝါရီ (၂၉)ရက်နေ့ +..၊

          အဲဒီနေ့မှာ ... ကံကြမ္မာဖတ်ဆရာတစ်ဦးနဲ့ အမှတ်မထင် သူမ ဆုံတွေ့ခဲ့ပါတယ်...။

သူတစ်ပါးရဲ့ ရှေ့ဖြစ်ကို
အတွေးအမြင်နဲ့ ထောကိန်းထုတ်ပြတဲ့
ကံကြမ္မာ ဖတ် ဆရာဟာ
 ကိုယ့်ကိုယ်ကိုနဲ့ ရှေ့ဖြစ်ကိုရော
ဘယ်နှစ်ခါများ
ဟောကိန်းထုတ်ပြန်ခဲ့ ဖူး ပါသလဲ?

 

          နွေဦးလည်းမမည်း ဆောင်းနှင်းလည်း.. မပီသောအချိန်...။

          နှင်းဝတ်မှုန်တွေက ဝန်းကျင်ကို ဝှေ့ဝှေ့သိပ်သိပ်နှင့်...။

          အေးစက်ခြင်း လက်ချောင်းတွေက ညကို ပွေ့ပိုက်ထားသည်။ အဝေးသို့ မျှော်ကြည့်သော် နှင်းခွဲမီးပွင့်တွေကို လွှမ်းနေသော နှင်းမှုန် တွေကိုပဲ မြင်နေရသည်။ နှင်းတွေသိပ်သိပ် ညဆိတ်ဆိတ်မှာ ရန်ကုန်မန္တလေးခရီးလမ်းမကြီး၏ အလယ်ခုလတ် အဝေးပြေးယာဉ်ရပ်နားရာ မြို့လေးမှ စားသောက်ဆိုင်လေးမှာ အိပ်မှုန်စုံမွှားသက်ဝင်လာသည်။

          ဆိုင်ရှေ့မှာ အမှတ် (၁) Bus နှင့် အမှတ်(၂) Bus အဝေးပြေး ကတ်စ်နှစ်စီး ယှဉ်လျက်ရပ်ထားသည်။ အမှတ်(၂)လူစီးဘတ်စ်အနီးမှာနောင်လတ်မောင်းလာသော ပရာဒိုးပုလဲသွေးကြီးက ငြိမ့်ကနဲထိုးရပ် လိုက်သည်။ ရှေ့ခန်းတံခါးချပ်ပွင့်လာကာ ခွာမြင့်ဖိနပ်လေးနှင့်ခြေထောက် ဖြူဖြူလေးတစ်စုံ မြေသားထက်မှာ ခြေချသည်။ ဤခြေထောက်ကလေး များ၏ ပိုင်ရှင်မှာ စကားသူဖြစ်ပါသည်။ စကားသုသည် နောင်လတ်၏ မျက်နှာကိုကြည့်ရင်း ယဲ့ယဲ့ပြုံးပြလိုက်သည်။ သူမ၏ရင်မှာ တစ်စုံတစ်ရာ သည် လစ်ဟာသွားသည့်နှယ်၊ နှလုံးသားသည် သိမ့်သိမ့်လေး လှုပ်နေ ၏၊ ဖြစ်နိုင်လျှင်တော့ ကို့ကိုမခွဲလိုသေးပါ။ အို.. ပျော့ညှပ်လိုက်တဲ့

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)