Skip to product information
1 of 2

Other Websites

နီကိုရဲ - နှလုံးသားနှင့်သွားသည်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အဖွင့်

          သူ့တစ်ကိုယ်လုံးမှာ ရှိသည့်အားတွေကို လက်မောင်းတစ်လျှောက် - လုံး တင်းဆန့်၍ တောင့်ခံထားရသည်။

          ချွေးစေးတွေ တစ်ကိုယ်လုံး ရွဲ့ရွဲစိုနေပြီး သူ့လက်မောင်း နှစ်ဖက် စလုံးမှာ မီးစဖြင့် အထိုးခံထားရသော သံမဏိချောင်း တစ်ချောင်းလို ပူကျွမ်းလာသည်။ အောက်ကိုငုံ့ကြည့်လိုက်တော့ ဇေယျ ခတ္တ သေမင်းဖြစ် ပြင်ကျယ်ကြီးကို ဆံမျှင်စကလေးလောက်သာ မြင်ရ၏။

          ခက်ထန်ကြမ်းတမ်းသလောက် မတ်စောက်မြင့်မားလှသည့် “ရင်ခွဲတောင်” ကြီး၏ ကျောက်စွန်းဖျားတွင် သူ လေထဲ တွဲလောင်ကြီးဖြစ်နေခြင်း ဖြစ်သည်။ ကိုယ်တစ်ချက် အတိမ်းမှားလျှင်လည်းကောင်း တစ်ချက် ချော်လျှင်လည်းကောင်း၊ လက်တစ်အရွေ့မှားလျှင် လည်းကောင်း သူ့နံဘေးတွင်ရှိနေသည့် ရင်ခွဲတောင်၏ လေဟာပြင် ထုထည်ကြီးထဲသို့ သူ လွင့်သွားမည် ဖြစ်သည်။

          ရင်ခွဲတောင်ကြီး၏ အမြင့်မှာ မည်မျှမြင့်အလ်ဟုဆိုလျှင် သူ အခု တွဲလဲကြီးဖြစ်နေသော နေရာမှ လွင့်ကျမည်ဆိုလျှင် သူ ဆံချည်မျှင်မျှသာ လှမ်းမြင်နေရသော အောက်ရှိ ဇေယျမတ္တမြစ်သို့ရောက်အောင် နေ့ဝက်တစ် မိန်လုံး တိုး၍တိုး၍ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကျနေမည်ဖြစ်သည်။

          ထိုသို့ကျနေစဉ် တစ်လျှောက်လုံး ရင်ခွဲတောင်၏ ချွန်မြထက်မြို့ လှသော ကျောက်ဆောင်ကျောက်စွန်းများနှင့် ရိုက်ခတ်ခြင်းခံရသော သူ့ န္ဓာကိုယ်သည် တစ်စစီ မှုန့်မှုန့်ညက်ညက်ကြေကာ ဇေယျဓတ္တမြစ်ထဲသို့ အသားစမှုန့်များ ဖြူးပေးသကဲ့သို့ပင် ရှိလိမ့်မည်။

          ဤမျှ ခက်ခဲပင်ပန်း ကြမ်းတမ်းသော ခရီးကို သူ ရင်ဆိုင်နေရခြင်း ဖြစ်သော်လည်း သူ့စိတ်ထဲမှာ ကြောက်ရွံ့ တုန်လှုပ်သော စိတ်သည် လျဉ်းမရှိ ။

          တည်ငြိမ်ပြတ်သားသော ယုံကြည်ချက်နှင့် သူသည် လက်ကောက် - ဖြတ်မှ သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တင်းဆန့်ယူထားရသော အားကိုမျှယူပြီး ညာဘက် ကျောက်စွန်းထက်ပေါ်သို့ ခြေချရန် အားထုတ်သည်။

          လေထဲတွင် ဝှေ့ရမ်းနေသော သူ့ခန္ဓာကိုယ်သည် သံမဏိချောင်း တစ်ချောင်းလိုလည်း မာကြောသည်။ ပိုးခြည်စကလေးလိုလည်း နွဲ့လျ သည်။ ရင်ခွဲတောင်ကြီးသည် နီးကပ်လျက်ရှိသော သူ့မျက်နှာရှေ့တွင် သိမ်းထိုးနေ၏။ သူ ကျောက်စွန်းကို လွှဲယမ်းနေရင်း ခုန်ချရမည့်နေရာကို တစ်ချက်လှမ်းကြည့်သည်။ ကျောက်စွန်းနံဘေးရှိ မြေကွက်လပ်မှာ သူ့ခြေ နှစ်ဖက် ချရုံလောက်သာ ကျယ်ဝန်းသည်။ [

          ထိုကွက်လပ်ကလေးပေါ်သို့ သူ့ခြေအစုံသည် တီတီကျကျ မိမိရရကျပါမှဖြစ်မည်။ ဆံချည်စမျှလွဲလျှင်ပင် သူ့ခန္ဓာကိုယ်သည် အသွေးအသား မှုန့်များအဖြစ် ပြောင်းလဲသွားမည်ဆိုတာကို သူသိပြီးသား ဖြစ်သည်။

          အားပိုထည့်ပြီး ခန္ဓာကိုယ်ကို အရှိန်မြှင့် လွှဲယမ်းပစ်လိုက်သည်။ စိတ်၏ တည်ငြိမ်မှုကို ဝိညာဉ်တွင် စုစည်းလိုက်၏။

          သူ လေထဲမှာ ဝဲလွင့်ပြီး ဂျွမ်းထိုးပစ်လိုက်သည်။

          ဇေယျတ္တ၏ လေထုထဲမှာ သူ မျောလွင့်သွား၏။ ပြီးတော့ ခြေ တစ်ချစာမျှရှိသော နေရာကလေးသို့ သူ လှပစွာကျသည်။ အရာအားလုံး သည် တိတ်ဆိတ်ငြိမ်သက်စွာပင် သူ့ကို စောင့်ကြည့်နေကြလေသည်။

          ရင်ခွဲတောင်သည် အော်သံနက်ကြီးဖြင့် လွင့်ကျလာမည့် သားကောင် ကို လက်လွတ်ဆုံးရှုံးလိုက်ရသော်လည်း သူ့ခက်ခဲကြမ်းတမ်းမှုကို၊ ရက်စက်လျှို့ဝှက်မှုကို ယုံကြည်စွာပင် ငြိမ်သက်စွာ သူ့ကို စောင့်နေသေးသည်။

          ခြေချခွင့်ရသော နေရာကလေးမှာ သူ ခပ်ကြာကြာ အနားယူမနေ နိုင်ခဲ့ပါ။ ဟိုး တောင်ထိပ်ကျောက်စွန်းကို ထိလုနီးပါးဖြစ်နေသော လရောင် ကို တစ်ချက်မော့ကြည့်လိုက်ရင်း သူ လှမ်းတွယ်တက်ရမည့် ကျောက် တောင်စွန်းတွေကို စိတ်ထဲက လုံးဝမေ့မသွားရအောင် မှတ်သားနေမိသည်။

          တောင်ထိပ်စွန်းမှ ထိလုနီးပါးဖြစ်နေသော လပြည့်ညသည် တောင် ထဲသို့ တိုးဝင်သွားပါက သူတက်လာသော ရင်ခွဲတောင်၏ ခြမ်းမှာ အလင်းရောင်ကင်းမဲ့သွားပေလိမ့်မည်။

          ထိုအခါ ရင်ခွဲတောင်၏ သန်လျက်ဓားလိုထက်မြနေသော ကျောက် နှုန်းများသည် မှောင်ထဲသို့မှန်းပြီး လှမ်းကိုင်လိုက်သော သူ့လက်ကို ထိုးခွဲချင် ထိုးခွဲပစ်လိုက်လိမ့်မည်။ လက်ကိုအားပြုပြီး ဆွဲ သား သူ့ရင်ဘတ်ကို ထိုးခွဲချင် ထိုးခွဲပစ်လိုက်လိမ့်မည်။ ဒါကြောင့်လည်း  ရင်ခွဲတောင်ဟု အားလုံးက အမည်ပေးထားကြသည် မဟုတ်လား။ ထို့ကြောင့် တောင်ထွတ်ကို ထိလုဖြစ်နေသော လရောင်မကွယ်ခင် သူ တောင်ထိပ်သို့ ရောက်မှကိုဖြစ်မည်။

          ဒါမှလည်း ရေအိုင်နီအလယ်မှ ကြာဖြူပွင့်ကြီးထဲတွင် လပြည့်ည လရောင်ကို လှုံနေသော ဒေဝဣ၆ ခွန်အားမြှင့် သက်ရှည်ဆေးကို သူ သောက်သုံးခွင့်ရမည်။

          ထိုဒေ၀ဣ၆ ကြာပွင့်စံအားမြှင့် သက်ရှည်ဆေးရည်မှာ နှစ်တစ်တောင် ကြာဖြူပွင့်ကြီး၏ ဝတ်ဆံရည်ဖြစ်ပြီး တစ်နှစ်လျှင် တစ်ခါသာ ပွင့်ချပ်ကိုဖွင့်ပြီး လရောင်လှုံလေ့ရှိ၏။

          လရောင်ဖြင့် စိမ်းမြနေသော၊ လပြည့်ရောင်ဖြင့် ပွက်ပွက်ဆူနေသော ဝ ဆေးရည်သည် သူ့အတွက်သာ ဖြစ်ရမည်ဟု လုံးဝစိတ်ပိုင်း ဖြတ်လိုက်ပြီး ကျန်ရှိနေသေးသော လပြည့်အလင်းရောင် အကူအညီဖြင့် သူစွဲကိုင်တက်ရမည့် ကျောက်ဆောင်ချွန်းများကို ရွေးချယ်မှတ်သားပြီး ပထမဦးဆုံး ကျောက်ဆောင်ချွန်းကို မြဲမြံစွာဆုပ်ကိုင်ပြီး တက်လိုက်သည်။

          တည်ငြိမ်စွာဖြင့် လက်တစ်ကမ်းစာချင်း တွယ်တက်လာခဲ့သည်။

          လပြည့်မင်းက ရင်ခွဲတောင်ထိပ်စွန်းထဲသို့ ငါးပုံပုံ တစ်ပုံလောက် တိုးဝင်သွားပြီဖြစ်၏။ သူ ပိုပြီး လျင်မြန်တိကျဖို့ လိုလာပြီဟု သတိပေး လိုက်သည်။ လပြည့်မင်း၏ အလင်းရောင် ကင်းမဲ့သွားလျှင် အန္တရာယ် ချက်ချင်းတွေ့သွားနိုင်ပြီး နှစ်ပေါင်းများစွာ မျှော်လင့်ထားခဲ့သော သူ့မျှော် လင့်ချက်ကြီးကို စွန့်ပစ်လိုက်သလို သူ့ခန္ဓာကိုယ်ကိုလည်း ဇေယျဓတ္တမြစ် ထဲသို့ စွန့်ပစ်လိုက်ရလိမ့်မည်။ ။

          ဘယ်ဘက်လက်ဖြင့် ခန္ဓာကိုယ်ကို ဆွဲမပြီး ညာဘက်လက်ဖြင့် နောက်ကျောက်ဆောင်စွန်းတစ်ခုကို လှမ်းကိုင်မည်အပြုတွင် ရင်ထဲ အသိ တစ်ခု ဖျတ်ခနဲဝင်လာပြီး ထိတ်လန့်သွားသည်။

          ထိုထိတ်လန့်မှုကို ရသည်နှင့် တစ်ပြိုင်နက် အသိစိတ်က တစ်စက္ကန့် ၏ ဆယ်ပုံတစ်ပုံအတွင်း တုန့်ပြန်လိုက်သော တိကျမှုဖြင့် သူစွဲကိုင်မည့်ကျောက်ဆောင်စွန်းနံဘေးရှိတိုးထွက်နေသောကျောက်စွန်းထိပ်ကို လက်ဝါး ဖြင့် အားထည့်ပြီး ရိုက်ချလိုက်သည်။

          " ဇိ " ခနဲ ခပ်အုပ်အုပ် အသံနှင့်အတူ အောက်ရှိ ဇေယျခတ္တ လေ ထုထဲသို့ လူတစ်ရပ်နီးပါး ရှည်မြောမြားအရာတစ်ခု “လွင့်” ခနဲ ထိုးကျ သွားသည်။

          ကျောက်တောင်စွန်းနှင့် တစ်ရောင်တည်း ခွဲမရအောင်တူလှသော အရိုးကြေ မရဏမြေ့ဖြစ်သည်။ ဒီမြွေက ကျောက်ဆောင်စွန်းရှိ တွင်းများ ထဲတွင် ဝင်နေကြပြီး ပြင်းထန်သော အဆိပ်ရှိသည့် သူတို့၏ ဦးခေါင်း များကိုသာ တွင်းအပြင်ဘက်သို့ ငြိမ်သက်စွာ ထုတ်ထားတတ်ကြသည်။

          ရင်ခွဲတောင်ပေါ်တက်သူက ထိုသို့တိုးထွက်နေသော သူတို့ခေါင်း ကို သွားရောက်ထိကိုင်မိသည်နှင့် တစ်ပြိုင်တည်း ထိကိုင်မိသော နေရာမှ တစ်ဆင့် အဆိပ်မိပြီး တစ်ကိုယ်လုံးရှိအရိုးများ ချက်ချင်း ဆွေးမြေ့ကြေး ဏာ ပွဲချင်းပြီး သေဆုံးသွားနိုင်သည်။ ယခု သူ မရဏမြွေ၏ ဦးခေါင်း ထက်သို့ လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်နိုင်ခြင်းမှာ သူ့လက်နှစ်ဖက် လုံးတွင် ဝတ်ဆင်ထားသော ဝံတစ်ရာအဆိပ်ကာ လက်အိတ်ကြောင့်သာ ဖြစ်၏။ ထိုဝံတစ်ရာ လက်အိတ်ကို ထိုးဖောက်၍ မည်သည့်အဆိပ်မှ မသင့်နိုင်။

          သို့သော် သတိကို အပြည့်အဝထားမှ ဖြစ်တော့မယ်။

          တောင်ထိပ်သို့မရောက်မီ ကျောက်ဆောင်စွန်းများနှင့် ရောနှော ငြိမ်သက်နေသော အရိုးကြေမရဏမြွေတွေက ထောင်သောင်းမက ရှိသောကြောင့်ဖြစ်သည်။ ထိုသို့ဖြင့် ခွန်အားနှင့်သတိကို မျှမျှတတကြီး သုံးစွဲရင်း တစ်စစ သူတက်လာခဲ့သည့်နည်းတူ လရောင်ကလည်း ရင်ခွဲတောင်စွန်း “ထဲသို့ တစ်စ တိုးဝင်နေသည်။

          သူ အားဖြင့်ဆွဲတက်ရင်း “ရင်ဖွင့်နား” ကျောက်ကလပ်ကြီးပေါ်သို့ လှချငြိမ်သက်နေလိုက်သည်။ သူ့ကြွက်သား အဖုအထစ်များမှာ လရောင် အောက်တွင် ချေးတွေ့၍နေသည်။ ခန္ဓာကိုယ်တစ်ခုလုံး လွတ်လွတ်လပ်လပ် ကြီး လှံခွင့်ရလိုက်သဖြင့် နားနေရခြင်းဆိုသော အရသာသည် သူ့တစ် ကိုယ်လုံးကို အရသာရှိရှိ သယ်ဆောင်သွားပြီး သူ့ဝိညာဉ်ကို နတ်သမီး တွေက ပြုစုပေးနေသလို သာယာနေမိသည်။

          ထိုသို့ တဒင်္ဂကလေး နားလိုက်ရခြင်းသည် သူ့ခန္ဓာကိုယ်ထဲကို တန်ခိုးရှိသော အားအင်တွေ အပြည့်အလျှံ လောင်းထည့်ပေးလိုက်သလို ဖြစ်သွားလေသည်။ သူမျက်လုံးကို ဖွင့်လိုက်ပြီး မြင်နေရသော တောင်ထိပ် မှ လပြည့်မင်းကို ကြည့်နေမိသည်။

          လပြည့်မင်းလက်ကျန် သိပ်မရှိတော့ပါ။

          သူ့ခရီးလက်ကျန်လည်း သိပ်မရှိတော့ပါ။ “ရင်ဖွင့်နား” ကျောက် ဘလပ်အထက်သို့ ဆက်တက်လိုက်လျှင် ဒေ၀ဣန္ဒကို သောက်သုံးခွင့် ရှိတော့မည်။ ထိုအားဆေးရည်ကို သောက်သုံးပြီးမှသာ ဒေဝီမြတ်ရှင်စော ဆို သူ ကယ်တင်နိုင်မည်။ သူ့နှလုံးသားကို သိမ်းပိုက်သွားသော ဒေဝီ မြက်ရှင်စာကို သူကလွဲပြီး မည်သူမှ မသိမ်းပိုက်နိုင်စေရ။

          ထိုစဉ်မှာပင် သူလှ၍နားနေသော “ရင်ဖွင့်နား” ကျောက်ကလပ်ကြီးမှာ တစ်ချက် “သိမ့်" ခနဲ တုန်သွားလေသည်။ ။

           ဝိညာဉ်သိဖြင့် ချက်ချင်းခုန်ထပြီး ရန်သူရှိရာသို့ တူရူမျက်နှာမူ လိုက်ပြီးသည်နှင့် တိုက်ခိုက်ရန် အသင့်အနေအစားတွင် သူရှိနေသည်။ သို့သော် သူအံ့အားသင့်ပြီး ကြည့်နေမိသည်။

          သူ့ခန္ဓာကိုယ်ထက် ထက်ဝက်ခန့် ပိုကြီးမားပြီး သူ့အရပ်ထက် တစ်ဝက်ခန့်မြင့်သည့် လူ့ဘီလူးကြီး တစ်ကောင်ဖြစ်သည်။

          လူ့ဘီလူးကြီး၏ မျက်နှာမှာ အရိအရွဲများဖြင့် အမြဲစိုစွတ်နေပြီး ကျွဲပျစ်ပျစ် အရည်များသည် ရင်ဖွင့်နား ကျောက်ကလပ်ပေါ်သို့ တစ်စက် တစ်စက် တွဲရွဲကျနေသည်။

          ထိုးထောင်သော ဆံပင်ပွရမ်းရမ်း တစ်အုပ်က ခြင်္သေ့ဦးခေါင်းက - ဆံစလို ဖောင်းကားပြီး လည်ဂုတ်ဝဲကျနေ၏ ကြီးမားပြီး တုတ်ကိုကာ အပေါ်သို့ လန်ထွက်နေသည့် နှာခေါင်းကြီး၊ နီရဲကျဉ်းမြောင်းနေသော မျက်လုံး၊ ဦးခေါင်းထက်သို့ရောက်အောင် တိုးထွက်နေသည့် နားရွက် ဂျွန်ချွန်ကြီး၊ ရှည်လျားမာကြောသော အစွယ်များနှင့် ရှေ့သို့တိုးထွက်နေ သော သွားဖုံးသားများပေါ်တွင် အရိအချွဲရည်တွေ ပြည့်နှက်နေသည်။

          ကြီးမားတုတ်ခိုင်ပြီး ဖုထစ်နေသော ကြွက်သားများ ပြည့်နေသော လက်မောင်းအိုးကြီးများနှင့် မည်မျှလေးလံသည်ဟု ခန့်မှန်းနိုင်သောဆူးချွန်အပြည့်တပ် တူကြီးတစ်လက်ကို ကိုင်ထားသည်။ တုတ်ခိုင်းသော ကျောရိုးနောက်တွင် ရှည်လျားပြီး သွားနှစ်ဖက် တပ်ထားသလိုသော အမြီးကြီးတစ်ချောင်းက တရမ်းရမ်းနှင့်ရှိသည့် လူ့လီးကြီး ကို မျက်ခြေမပြတ်ကြည့်ပြီး အသင့်အနေထားဖြင့် ကိုင်းကို လည်း ငယ် ကိုင်းညွှတ်ထားရင်း ကြက်သွေးဒိဗ္ဗ မားကို ဆွဲထုတ်လိုက်သည်။

          “ကျုပ်ဦးတည်ချက်ရှိရာကို သွားနေတာဖြစ်တယ်။ လမ်းဖယ်ပေးပါ -

          လူ့ဘီလူးမိစ္ဆာကြီးက ခန္ဓာကိုယ်ကြီးကို ဆတ်ခနဲ တုန်ခါလိုက်ပြီး ခေါင်းကိုမော့ ရင်ကိုကော့ကာ လက်မခံနိုင်ကြောင်း ဟစ်ကြွေးလိုက်၏။ [ မျက်နှာနှင့် လိုက်သော ပါးစပ်ထဲမှ အရိအချွဲရည်များ ကျောက်ဖျာပေါ် စီးကျလာကြပြန်သည်။ မာကြောလှသော ကျောက်ဖျာအဖြူရောင်သည် ထိုအရိအချွဲရည်များနှင့် ထိတွေ့သည့်အခါ အမြှုပ်ပွက်ပွက်ဆူ၍ ထသည်။

          လူ့အသားကို ထိမိလျှင် တစ်ခါတည်း ပြတ်ကျထွက်သွားနိုင်သည်။

          “ဒုတိယအကြိမ် ကျပ် ထပ်ကောင်းဆိုလိုက်တယ်၊ ဒေဝဣန္ဒြ ဝတ်ဆံရည်ကို ကျုပ်သောက်ပြီးရင် ကျိန်စာဖျက် ကြာပွင့်ဖတ်ကို ကျုပ် မယူပ် ပေးပါ့မယ်၊ လမ်းဖယ်ပါ။ မဖယ်ပေးရင်တော့ ရောက်အောင်သွားဖို့ အတွက် တိုက်ခိုက်ရလိမ့်မယ်"

          လူ့ဘီလူးမိစ္ဆာကြီးက သူ့ကို စူးစူးစိုက်စိုက် တစ်ချက်ကြည့်လိုက် ရင်း မထင်မှတ်သော လျင်မြန်ခြင်းနှင့် ဆူးတပ်တင်းပုတ်ကြီးဖြင့် ရိုက်ချ တိုက်ခိုက်လေသည်။

          သူ ကြက်သွေးဒီဗ္ဗဓားဖြင့် ဆီးမခံဘဲ လေပေါ်သို့ဝဲ၍ ခုန်တက် ချောင်ပစ်လိုက်သည်။ ပြီးတော့ လူ့ဘီလူးမိစ္ဆာကြီး၏ နောက်ကျောသို့ ခုန်ချလိုက်သည်။ သို့သော် လူ့ဘီလူးမိစ္ဆာကြီးက နောက်ဘက်သို့ သူ့ကို ပေးနေခြင်းမရှိ။ ငါးမှိန်းသွားပါသော တုတ်ခိုင်သည့် အမြီးကြီးနှင့် တရစပ် လိုက်ရိုက်ထုက်သည်။ သူ လျင်မြန်စွာ တိမ်းရှောင်ရင်း လပြည့် မင်းကို မော့ကြည့်တော့ တောင်ထွတ်တစ်ဝက်သို့ တိုးဝင်နေပြီ။ သူ့မှာ အချိန်သိပ်မရှိတော့ပါ။

          သူ ကြက်သွေးဒိဗ္ဗဓားကို ဝှေ့ယမ်းပြီး အားအပြည့်နှင့် တိုးဝင်ကာတင်တိုက်ခိုက်ပစ်လိုက်သည်။ လက်နက်ချင်း ထိတွေ့သံတွေက ရင်ခွဲတောင်ကြီးတစ်လုံး ဆူညီနေကြသည်။ ဘီလူးမိစ္ဆာကြီးကလည်း သွက်လက် စွာ တုန့်ပြန်သည်။

          ဆူးတင်းပုတ်ကြီး ကျရောက်လာပုံက လမ်းကြောင်းလွဲသည်ဟု ယူဆလိုက်သည်နှင့် တစ်ပြိုင်နက်တည်း သူ့ဝိညာဉ်ကို လွင့်ယူရင်း ဒိဗ္ဗ ဓားကို အုပ်မိုးစုံကိုင်ပြီး လူ့ဘီလူးမိစ္ဆာကြီး၏ ဦးခေါင်းထက်သို့ ခုန်တက် ခုတ်ပိုင်းပစ်လိုက်သည်။

          လူ့ဘီလူးမိစ္ဆာကြီးက မယုံနိုင်ဖွယ်ရာ လျင်မြန်မှုဖြင့် ကြက်သွေး ဒိဗ္ဗဓားအောက်မှ ရှောင်ထွက်သွားပြီး သူ့လက်ထဲမှ ကြီးမားလှသောကြောက်မက်ဖွယ် တင်းပုတ်ကြီးနှင့် အားကုန် သူ့မျက်နှာတည့်တည့်သို့ ရိုက်ချပစ်လိုက်သည်။

          “အား....”

          နာကျင်လွန်းလှသော ဝေဒနာနှင့်အတူ မျက်နှာကို လက်ဝါးနှင့် အုပ်ထားရင်း သူ အိပ်နေရာမှ ကျုံး၍ထသည်။ ကြီးမားပြင်းထန်သောနာသည် သူ့မျက်နှာပေါ်မှာ တစ်ရံမလပ် တုန်ခါမြည်ဟီးနေသည်။ အာခံတွင်းထဲသို့” မီးစရဲရဲကြီး ထိုးစိုက်ချထားသလို ပူပြင်းနေသည်။

          နင့်နဲလှသော ခံစားမှုကြီးတစ်ခုလုံးကို ကြီးမားပြင်းထန်သော တူ ကြီးတစ်လက်ဖြင့် တဒုတ်ဒုတ်မြည်အောင် ထုနှက်နေကြသည်။ ပင့်တင် လိုက်သော သက်ပြင်းဖျားအထိ နာကျင်မှုသည် အင်အားကြီးကြီး နှိပ်စက် နေသည်။ လက်ဖဝါးနှစ်ဖက်ဖြင့် ညာဘက်ပါးပြင်ကို အုပ်ကိုင်ဒေးမn သည်။ ပြီးတော့ ဝေဒနာသက်သာလို သက်သာငြား တအင်းအင်း ။ ထွားနေရသည်။

          ဇေယျဓတ္တမြစ်၊ ရင်ခွဲတောင်၊ အရိုးကြေမရဏမြွေ၊ ရင်ဖွင့် | ကျောက်သားကလပ်၊ မိစ္ဆာဘီလူးကြီးနှင့် ဒေဝီမြတ်ရှင်စော စသည်တို့သည် မရှိတော့ ဒေဝဣန္ဒဝတ်ဆံရည် မရှိတော့။

          သူ့အာခံတွင်းထဲမှာ ပူကျွမ်းပြီး နာကျင်နေသော သွားကိုက်ဝေဒနာ သာ ရှိသည်။

          ရှေ့မှာရှိသည့် ရေခွက်ထဲမှ ရေကိုယူပြီး တစ်ငုံ ငုံလိုက်သည်။ ပူကျွမ်းနေသော ခံတွင်းက ခဏအေးမြသွားသည်။ တဒုတ်ဒုတ် အသည်း နှလုံးကို ဆွနေသော ဓားချက်မြည်သံက ခဏဖျော့ကျသွား၏။ ထိုတဒင်္ဂ သည် နိဗ္ဗာန်ဖြစ်သည်။

          သို့သော် တဒင်္ဂပါပဲ။

          တကယ့်ကို တကယ့်တဒင်္ဂပါပဲ။ ခံတွင်းထဲမှ ငုံထားသောရေသည် ချက်ချင်း ပူကျွမ်းလာသည်။ ထွေးထုတ်လိုက်တော့ အရိအချွဲများကို သင်တန်းပြီး အောက်ကထွေးခံထဲသို့ ကျသွားသည်။ အသားနုကို ဓား ဖြင့်ဆူသော ဝေဒနာသည် အသည်းမှာ နင့်ခန် နင့်ခနဲ နာလှသည်။

          သက်သာလို သက်သာငြား တစ်ချက်ညည်းပြီး ရေပြန်ငုံသည်။  တဒင်္ဂ ခဏ။ ပူကျွမ်းမှု၊ တဒုတ်ဒုတ် ကြောက်မက်ဖွယ်ရာ နာကျင်မှု။ နာရီကို လှမ်းကြည့်တော့ လေးနာရီ ဆယ့်ငါးမိနစ် နာကျင်မှု အပြည့် အ၀နှင့် နိုးထခဲ့ရသော လေးနာရီ ဆယ့်ငါးမိနစ်။

          ညနေစောင်းမှာ သူ့ပါးစပ်ထဲတွင် ရှိနေသည်ဟု သတိမရသော သွားများက စတင်ပူလောင်လာပြီး အခေါင်းပေါက်ဖြစ်နေသော ညာဘက် ( အောက်အံသွားက နာကျင်လာသည်။ ခံတွင်းလည်း အနည်းငယ် ပူကျွမ်းလာ၏။

          ပထမ ခံစားရရုံမျှဖြစ်ပြီး လျှာဖျားနှင့်ထိုးလျှင် သက်သာသွားသလို ဆင်ရသည်။ ညဉ့်နက်လာတော့ ဝေဒနာက လျော့မသွားဘဲ နည်းနည်း ဆိုးလာသဖြင့် ထမင်းမစားတော့ဘဲ ကြာဇံပြုတ် တစ်ထုတ်သောက်ပြီး လမ်းထိပ်ရှိ "သမားတော်" ဆေးဆိုင်မှ ဗိုလ်ရှုဆိုသည့် ငတိရောင်းလိုက်သည့် Alaxan တစ်လုံးသောက်လိုက်တော့ တော်တော်သက်သာသွားသည်။ ဒုက္ခဝေဒနာမှ သူပြန်လည် လွတ်မြောက်လာသဖြင့် သူ ရွှင်လန်းလာသည်။ သူ့ပါးစပ်ထဲမှာ သွားတွေမရှိတော့သလို ဖြစ်သွား၏။ သွားကိုက်စဉ်က မလှမပဖြစ်နေသော အရာရာနှင့် သူ ပြန်ဆက်သွယ်မီလာသည်။

          ဗိုလ်ရှုဆိုသည့် ငတိက Alaman နောက်ထပ်နှစ်လုံး ထပ်ရောင်း ည်ကို သူ မဝယ်ခဲ့ ဈေးကွက်စီးပွားရေးစနစ်အရ သူ့ကို သားကောင်လို - သဘောထားသည်ဟု သူထင်သည်။

          “လိုရမယ်ရ ယူသွားလိုက်ပေါ့ဗျ”

          “ရပါတယ်။ မလိုတော့ပါဘူး၊ OK သွားပါပြီ"

          “ကိုလွန်းရာ ယူသွားစမ်းပါ။ ဘယ်လောက်မှလဲ ပေးရတာမဟုတ် ဘဲနဲ့၊ ဆေးဆိုတာ သုံးခွက် ”

          “ဟေ့ ဟေ့ ဗိုလ်ရှု ဘော်ပြီ၊ ခင်ဗျားပြောထားတဲ့ စကားကို မှတ်မိတယ်နော်၊ ဝေဒနာနဲ့ ဆေးနဲ့တွေ့ရင် တစ်ခွက်တည်းနဲ့ ပျောက်တာ ချည်းပဲ၊ ဒါပေမဲ့ ကျုပ်တို့ကတော့ သုံးခွက် အမြဲတမ်း ရောင်းတာပဲ။ဒါလည်း ဆေးဆိုတာ ရောင်းရတော့မှာပေါ့၊ ဘယ်သူမှ ဝေဒနာမဖြစ်ရင် ဆေးဝယ်ချင်ကြတာ မဟုတ်ဘူး။ ဒါကြောင့် ကြုံတုန်းလေး ကျွန်တော် တို့က နှစ်ခွက်စာလောက် ဖမ်းထည့်ထားလိုက်တာ ဆိုတာလေ”

          ဗိုလ်ရှု မျက်နှာပျက်သွား၏။ ပြီးတော့ ပျာပျာသလဲပြောသ ည်။

           “ဟာ ... အဲဒါ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။  နေထက်လင်း

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)