Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - နှလုံးသားနှင့်ကန်တဲ့ဘောလုံး(၃)

Regular price 1,800 MMK
Regular price Sale price 1,800 MMK
Sale Sold out

         မန်ယူ-အာဆင်နယ်ပွဲအစ လူစာရင်းကိုကြည့်ပြီး အာဆင်နယ်က အရန်လူတွေပဲ ထည့်ကစားဖို့ စာရင်းကို တွေ့လိုက်ရတာနဲ့ အာစင်ဝင်းဂါး လူလည်လုပ်ပြီဆိုတာကို နီရှောင်ပွားတို့ (၃) ဦး သိလိုက်ရသည်။

          အာစင်ဝင်းဂါးက သေချာနေတာကို အပိုင်ရရှိဖို့သာ ကြိုးစားတော့ မည်ဆိုတာ သိသာထင်ရှားလွန်းနေသည်။ ဒီနှစ် သူ့အတွက် ပရီးမီးယားလိဂ် ဗိုလ်စွဲရေးပစ်မှတ်ကို အဓိကထားကြောင်း အရန်ကစားသမားတွေနှင့် ပြသွားခဲ့သည်။ မန်ယူကတော့ လူသူလေးပါး အစုံအညီနှင့် အပီအပြင် ထွက်လာခဲ့၏။

          ပွဲမကောင်းတော့မှန်း လူစာရင်းထွက်လာကတည်းက သိသာသော် လည်း မြန်မာနိုင်ငံမှာတော့ မန်ယူအသင်းက လာအိုအသင်းနဲ့ ကန်လည်း ကြည့်မှာပဲဆိုတဲ့လူတွေ ရှိတဲ့အတွက် မန်ယူပွဲကိုသာ ပြသည်။

           ဒီတော့ နီရှောင်ပွားတို့လည်း မန်ယူပဲပေါ့။

           ဒါတောင် မန်ယူမှာ ရော်နယ်ဒိုကလေး မပါလို့ မကျေနပ်တဲ့လူက မကျေနပ်ဖြစ်ကြသေး၏။ အာဆယ်နယ်ကတော့ ဝှိုက်တီနဲ့ ထရာအိုရေး တို့ကို တွဲစေပြီး တိုက်စစ်ကို ဘန်တနားနဲ့ ဒါဆေးလ်ဗားတို့အတွဲကို ထား၏။ အလယ်တန်းမှာ ဖာဘရီဂက်စ်နဲ့ ဆေးလ်ဗားတို့အတွဲကို ထား သည်။ 

          စ,ကစားကြတော့ အာဆင်နယ်သည် လူပေးမရောက်... ဆွဲ.. ခေါက်... မလွတ်... စနစ်နှင့် မန်ယူကို ရင်ဆိုင်ခဲ့လေသည်။

         “ဝင်းဂါးကြီးက FA ပွဲကို လုံးဝအရှုံးတွက်ထားလိုက်ပြီကွ၊ အာဆင်နယ် အလယ်တန်းက ဘောလုံးကန်တာနဲ့ မတူဘူး၊ ဘောလုံး လေ့ကျင့်နေသလို ဖြစ်နေတယ်”

          “မန်ယူက သေသေချာချာ ကစားလိမ့်မယ်ကွ၊ ဖာဂူဆန်ကြီးက သူ့လူတွေကို စိတ်ဓာတ်ရေးရာအရ အနိုင်ရချင်နေလိမ့်မယ်။ အာစင်ဝင်းဂါး ကတော့ ငြင်ငြင်သာသာ အရှုံးပေးဖို့ သူ့လူတွေကို သူ မှာထားလိမ့်မယ်”

          ပွဲစကတည်းက တိုက်စစ်ကို ဖိကစားခဲ့သော မန်ယူသည် (၁၆) မိနစ်တွင် ထောင့်ကန်ဘောကနေ အန်ဒါဆန် ခေါင်းတိုက်ချက်ကတည်းက ဂိုးဝင်ရမှာဖြစ်သော်လည်း ဂိုးလာဘ်ရှိတဲ့ ရွန်နီနဲ့ တွေ့မှပဲ ဂိုးစရသွားခဲ့ သည်။ “ဒိုး” ဟူသော အော်သံကြီးကို ကျေနပ်အားရလောက်အောင် ကြား ရပြီးနောက် ဝေဖန်သံတွေ ချီးကျူးသံတွေနှင့် ဆူညံကျန်ရစ်ခဲ့သည်။ နီရှောင်ပွားတို့ (၃) ယောက်လည်း ထိထိရောက်ရောက် ဝေဖန်သူကို မတွေ့ရသဖြင့် စိတ်ပျက်နေကြရ၏။ 

          (၁) ဂိုးပေးလိုက်ရသဖြင့် အာဆင်နယ်က ထုံးစံအတိုင်း ခပ်သွက်သွက်နဲ့ ပြန်ဖိကစားပေမယ့် အလယ်တန်းမှာ ပျက်ချင်ပျက်၊ မပျက်ရင် အလယ်တန်းကအထွက်မှာ ပျက်တာကြောင့် မန်ယူဂိုးသမား၊ ဗန်ဒါဆား မြန်မာနိုင်ငံထုတ် ဂျာနယ်တွေကို စာလုံးပေါင်းပြီး ဖတ်လို့ရသလို ဖြစ်နေ သည်။ အလယ်တည်မရသဖြင့် ဘောလုံးက မန်ယူနှင့် သမီးရည်းစားလို ဖြစ်၍နေသည်။

          “ဒုတိယ (၁) ဂိုး မန်ယူက သွင်းပြီးရင် ပွဲပြန်ကောင်းလာလိမ့်မယ်၊ အာဆင်နယ်ဟာ (၂)ဂိုးပေးပြီး (၁) ဂိုးပြန်ရရေးဆိုတဲ့မူနဲ့ ကစားလိမ့်မယ်။ မန်ယူကလည်း မကြာခင် (၁) ဂိုးထပ်သွင်းလိမ့်မယ်၊ ဒါမှ ပွဲကကြည့်လို့ ကောင်းမှာ”

          အားတက်သရောလည်းရှိ၊ ကြည်လင်ပြတ်သားတဲ့ အသံလည်းရှိပြီး အနိုင်အရှုံးထက်ပွဲကြည့်ကောင်းရေးကို ဦးတည်ပြီး ပြောနေတဲ့အသံကြောင့် နီရှောင်ပွားတို့ လှမ်းကြည့်တော့ ဆွယ်တာအင်္ကျီ နီညိုရောင်ကလေး ဝတ် ထားပြီး ရည်မွန်သားနားတဲ့ အသက် (၃၀) အရွယ် လူငယ်တစ်ယောက်ကို တွေ့ရ၏။ ဒီတစ်ခါတော့ ဝေဖန်သံတင်မဟုတ်၊ ဥပဓိရုပ်နှင့် အသက် အရွယ်ကိုပါ နီရှောင်ပွားတို့ လေ့လာကြသည်။ အချင်းချင်း လက်ကုတ် နေစဉ်မှာပင် “ဒိုး” ဟူသော အသံကို ကြားရပြန်သည်။

          ထင်မှတ်မထားသည့် ဂိုးဖြစ်သောကြောင့် တော်တော်များများ မကြည့်လိုက်ကြရ။ သတိမထားမိလိုက်ကြသဖြင့် Replay ကျမှ ပြန်ကြည့် ကြရသည်။ ဘယ်တောင်ပံမှ ဆွဲလာသော နာနီကို အာဆင်နယ်နောက်ခံ လူက တာဝန်ကျေဝင်ကပ်သည်။ နာနီကလည်း တစ်ချက်ဖိန့်ပြီး တာဝန် ကျေကန်တင်ပေးသည်ကို အကွက်လှသွားတာ မြင်လိုက်သည့် ဖလက်ရာ ခေါင်းတိုက်သွားသဖြင့် ဒုတိယဂိုး ရရှိသွားခြင်းဖြစ်သည်။

         “အာဆင်နယ် ပြန်ချေမယ့်ဂိုးကိုတော့ ကြည့်ရမယ်၊ အာစင်ဝင်းဂါးရဲ့ လူသစ်တွေက အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု သိပ်မရှိသေးတော့ အလယ်တန်း ကလူ သွင်းတာပဲ ဖြစ်ဖို့များတယ်”

          ထိုလူ့စကားကြောင့် အနီးနားက ပွဲကြည့်သူ တော်တော်များများက ပြိုင်ပွဲကို တော်တော်လေး စိတ်ဝင်စားလာကြတာကို တွေ့ရသည်။ ထိုလူ ၏စကားကိုလည်း အရေးထားကြတာတွေ့ရ၏။

          “ဘယ်လိုလဲရှောင်၊ ပွဲကမကောင်းပေမယ့် သူ့မှတ်ချက်ကလေး တွေက ကောင်းတယ်နော်”

          “သူက ဘောလုံးဝေဖန်ရေးသမား မဟုတ်ဘူးကွ၊ သူက ဒီပွဲမှာ Presenter (အစီအစဉ်တင်ဆက်သူ) အဖြစ် လုပ်နေတာကွ၊ သူက ပွဲကို ကြည့်လို့ကောင်းအောင် လုပ်ပေးနေတာ”

          “အေး ငါကတော့ သဘောကျတယ် မောင်နီလေးရဲ့၊ ဒီလိုလူလည်း လိုတာပဲလေ”

          “မှန်တာပေါ့ ပွားကိုကိုရယ်”

          “လူငယ်ချင်း ယှဉ်မယ်ဆိုရင်တော့ မန်ယူလူငယ်က အာဆင်နယ် လူငယ်ထက် သာတာအမှန်ပဲ။ အာစင်ဝင်းဂါးက သူ့လူငယ်တွေကို စကားနဲ့မဆုံးမဘဲ သူ့အတွက် မလိုတော့တဲ့ ဘောလုံးပွဲတစ်ပွဲနဲ့ ဆုံးမ သွားတာ၊ ဒီလိုပွဲမျိုးသာ သူ့လူသစ်တွေအတွက် စီစဉ်ပေးရမယ်ဆို မန်ယူ ကိုခေါ်ကန်ဖို့ လွယ်မလား” 

          “ဟုတ်တယ်နော်၊ ဘောလုံးလောကမှာ ဒီလိုအသုံးချတတ်မှုမျိုးဟာ လိုအပ်တယ်၊ အဲဒါကို မြင်တတ်တဲ့ ခင်ဗျားကိုလည်း လေးစားတယ်ဗျာ”

           “ဒါက ကျွန်တော်က သူတို့လူမျိုးတွေရဲ့ အကျင့်ကို သိနေလို့မှန်းကြည့်တာပါ။ သူတို့လူမျိုးဟာ ကံတရားကိုယုံတဲ့ လူမျိုးမဟုတ်ဘူး။ သူတို့အတွေးထဲမှာ ကံတရားမရှိဘူး။ ထည့်ကိုမတွေးတတ်ဘူး။ ရှုံးပြီဆိုရင် ဘယ်တော့မှ ကံမကောင်းလို့ ရှုံးတာမဟုတ်ဘူး။ ရှုံးသင့်လို့ကိုရှုံးတာ၊ ကံဆိုတာကို ယုံတာက ကျွန်တော်တို့ အာရှတိုက်ဘက်ပဲ ရှိတာကိုး”

          “ကောင်းတယ်ဗျာ၊ ခင်ဗျားတွေးကွက်က”

          “ပြီးတော့ သူတို့လူမျိုးဟာ အလွယ်တကူ အရှုံးပေးတတ်တဲ့လူမျိုး မဟုတ်ဘူး။ ကြည့်ပါလား။ စစ်ရှုံးလို့ ဆုတ်ခွာတယ်ဆိုတာတောင်မှအောင်မြင်စွာ ဆုတ်ခွာတယ်ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ အဲဒါတွေကို ထည့်တွက်လိုက်ရင် ဒီပွဲမျိုးက သိသာပါတယ်”

          “ဒါဆို မန်ယူကရော..”

           “မန်ယူကတော့ သိသိသာသာ အနိုင်ရအောင်ယူတာပါ၊ စပါးကို ရှုံးခဲ့တဲ့အတွက် ဖာဂူဆန်မှာ စိတ်ဓာတ်ရေးရာအရ အနိုင်ယူဖို့လိုနေတယ်။ ပြီးတော့ အာဆင်နယ်ဆိုတာက ပရီးမီးယားလိဂ်မှာ ခါးသီးပြိုင်ဘက် မဟုတ်လား။ ဒီတော့ သူ့လူတွေအတွက် အနိုင်ကို စိတ်ဓာတ်မြှင့်တင်ရေး အစာအတွက်လို့ ဖာဂူဆန်က သဘောထားလိမ့်မယ်”

           အပေးအယူ တည့်တည့်နှင့် စကားကောင်းနေချိန်မှာပင် မန်ယူက တတိယတစ်လုံးကို နာနီက လူကျွံဘောလို့ထင်ရသည့် (ဘောလုံးနဲ့အတူ ယှဉ်ထွက်တာလို့ Replay မှာ အသေအချာမြင်ရတဲ့) ဂိုးကို ဘယ်ခြေနဲ့လေးမန်းရဲ့ညာဘက်အဝေးထောင့်ကိုကန်သွင်းသွားခဲ့သည်။ကန်သွင်းချက်၊ညာခြေနဲ့ဖမ်းကန်ချက်ပါပိရိသေသပ်သည့်အတွက် လှပတဲ့ ဦး တစ်ဂိုး ဖြစ်ခဲ့သည်။

          ပထမပိုင်းမပြီးခင် ရှောင်က ပရိသတ်ထဲက လူတစ်ယောက်သူတို့ သဘောကျထားသည့် Ghost အကြောင်း စုံစမ်းရသည်။

          “ဟာ... သူ ဘောလုံးပွဲကြည့်တာက တစ်မျိုးဗျ၊ ဘောလုံးပွဲတွေ အကြောင်းကို သူပြောတာက သိပ်စနစ်ကျတယ်။ အတူတူကြည့်ပြီးသား ပွဲကိုပဲ သူ ပြန်ပြောပြရင် သိပ်နားထောင်လို့ကောင်းတယ်။

           သူ ပြောပြတော့မှ လှတဲ့အကွက်လေးတွေ သတိထားစရာတွေကို ပြန်သတိရတတ်တယ်”

          “သူက ဒီလိုပဲ နေ့တိုင်းလာကြည့်တာလား”

          “တစ်ခါတလေတော့ မလာဘူးဗျ၊ အိမ်မှာပဲ ကြည့်တယ်ထင်တယ်။ သူ့အိမ်မှာ စလောင်းကိုယ်ပိုင်ရှိတာဗျ၊ သူက ဘယ်တော့မှ အိမ်မှာမကြည့် ဘူး။ ဒီမှာပဲ လာကြည့်တာ၊ သူ့အိမ်မှာကြည့်ရတာ ပျင်းတယ်တဲ့”

          “ဪ... ဒါဆို ဒီလူ့ အိမ်က ချမ်းသာတာပေါ့နော်”

          “အာ... ချမ်းသာတာပေါ့၊ ဒီရပ်ကွက်မှာ နာမည်ကြီးတွေပဲ။ ပြီးတော့ ဒီလူက ပညာတတ်ဗျ၊ အင်္ဂလိပ်စာအုပ်တွေဘာတွေ ဖတ်နိုင်တယ်။ အာဆင်နယ်တို့၊ လီဗာပူးလ်တို့၊ ချယ်လ်ဆီးတို့၊ ဘလက်ဘန်းတို့ အဲဒီ အသင်းတွေအကြောင်းကို သူက သမိုင်းကြောင်းနဲ့ သိတာ၊ ဒါပေမဲ့....”