စိတ်ကူးချိုချိုစာပေ
နီကိုရဲ - နှလုံးသားနှင့်ကန်တဲ့ဘောလုံး(၂)
Couldn't load pickup availability
ဉာဏ်လုံးကန်ခြင်း (တစ်)
သူ့ဇနီးကို သူကြည့်လို့မရတာတော့ အမှန်ပါပဲ...။
ဒါပေမဲ့ ဖြစ်တဲ့ပြဿနာမှာ သူ့ဘက်က မှားနေတာကြောင့် ဝူးဝူး ဝါးဝါးလုပ်ခွင့်မရှိဘဲ ကြည့်မရတဲ့အဆင့်နဲ့တင် ရပ်ထားရတာပါ။ ကျေနပ် ထားရတာပါ။
သူနဲ့ သူ့ဇနီး လေဒီချပ်ပြားဖြစ်တဲ့ကိစ္စကတော့ အိမ်ထောင်သည် တွေရဲ့ ထုံးစံအတိုင်း ပိုက်ဆံကိစ္စပါပဲ။ သူကလည်း ဗီဒီယိုရောင်းလိုက် ရတဲ့ ဝတ္ထုကိစ္စကို တစ်ပုံလောက် အသာဖျောက်ထားပြီး ကျန်ပိုက်ဆံ ကိုပဲ ကောက်ရတဲ့ ပုံစံမျိုးနဲ့ သူ့ဇနီး လေဒီချပ်ပြားကို အကုန်ပေးလိုက် တာလေ။ အကုန်ပေးတာဆိုပေမယ့် အိမ်စားစရိက်ပါ ပါနေလို့ အလွန်ဆုံး ပိုလှ တစ်သောင်းကျော်ကျော်ပါပဲ။
ရနံ့ရော အရိပ်ရောဖျောက်ထားတဲ့ သူ့ရဲ့ ငွေတစ်လုံးကိုတော့ လေဒီချပ်ပြား ဘယ်လိုမှ မသိနိုင် မရှာနိုင်တဲ့နေရာမှာ ဖွက်ထားလိုက်တယ်။ လေဒီချပ်ပြား ဘယ်လိုမှမသိနိုင်တဲ့ နေရာဆိုလို့ မတော်မတဲ့နေရာတွေ လျှောက်တွေးမနေပါနဲ့။ သူပိုက်ဆံဖွက်တဲ့နေရာက အရမ်းလုံခြုံပါတယ်။ သူ့ဇနီးရဲ့ ပြီးခဲ့တဲ့တစ်ပတ်ကမှ ချုပ်ပြီးသွားတဲ့ပါတိတ်ဝမ်းဆက်အင်္ကျီခေါက်ကြားထဲမှာထည့်ထားတာပါ။ တစ်သောင်းရှစ်ထောင်လောက် အကုန်အကျခံပြီး ချုပ်ထားတဲ့ ပါတိတ်ဝမ်းဆက်ကြီးကို ဘယ်သူက အိမ်နေရင်း ချဝတ်မှာလဲ။ ပွဲနေ ပွဲထိုင်ကျမှပဲ ထုတ်ဝတ်မှာ မဟုတ်ဘူးလား။ ပွဲနေပွဲထိုင်ရှိရင်လည်း အိမ် ဦးနတ်ဖြစ်တဲ့ သူသိမှာပဲမို့လို့ လေဒီချပ်ပြား ပွဲလမ်းသွားဖို့ ရေချိုးတဲ့ အချိန်မှာ ထုတ်ယူထားလိုက်ရုံပါပဲ။ လေဒီချပ်ပြားက မသင်္ကာလို့ ရှာလည်း သူ့ပစ္စည်းတွေထဲမှာ ဘယ်ရှာပါ့မလဲ။ သူ့ယောက်ျားပစ္စည်းတွေ အိတ် တွေထဲပဲ ရှာမှာပေါ့။ မပိုင်ဘူးလား......။
လူနှစ်ယောက်ကပ်ထားတဲ့ကြားထဲက ကာကာက ဘောလုံးကို အသာကလေးလှည့်ထွက်သွားနိုင်သလို.. သူ့မိန်းမနဲ့ ယောက္ခမကြားထဲက နေပြီး ရေတစ်ပုံလောက်ကို အသာလေး လှည့်ထုတ်သွားနိုင်တဲ့အစွမ်း သူ့မှာ ရှိပါတယ်။ မိန်းမနဲ့ ယောက္ခမကြား ဗွေဗျာမများရအောင် ပိပိရိရိ ငွေဖွက်နည်း သူ့ဆီမှာ ၁၅ နည်းရှိပါတယ်။ သင်ချင်ရင် Forever ကနေတစ်ဆင့် ဆက်သွယ်ပေါ့။ နောက်ထပ် ၁ဝ နည်းလောက်ထပ်ရရင်တော့ လုံးချင်းတစ်အုပ်ထုတ်ဖို့အထိ အစီအစဉ်ရှိပါတယ်။ အခုရှိထားတဲ့ နည်း ၁၅ နည်းထဲမှာ အခုရေးပြတဲ့အင်္ကျီအသစ်ထဲထည့်တဲ့နည်း မပါပါ ဘူး။ အဲဒီနည်းက စိတ်မချရလို့ပါ။
ကြည့်လေ... ညနေ ဘောလုံးပွဲကြည့်ပြီး ပြန်လာတော့ လေဒီ
အကြောင်းမရှိဘဲ ပြောတဲ့ စကားဆိုတာ တစ်ဖက်က လိုက်မပြောရင် သွားတာပဲလေ...။ သူဘာဆက်ပြောရမယ်မှန်း မသိတော့ဘူး ဖြစ်သွား တယ်။ လေဒီချပ်ပြားကတော့ ခံစစ်နဲ့ ကစားတော့မယ့် ပုံစံမျိုးပါပဲ။
“ဒီနေ့ သမားတော်ကား...”
ဘယ်သူ့ကိုပြောမှန်းမသိတဲ့ စကားနဲ့ အိမ်ရှေ့ကတီဗွီဆီကို ထွက် သွားတယ်။ သူ့ဇနီးပုံစံက တိုက်စစ် လုံးဝမဖွင့်ပေမယ့် ခံစစ်ကိုတော့ ရှောင်တဲ့နည်းနဲ့ ကစားထားတယ်။ အသာကလေးနေလိုက်ရင် သူကလည်း အသာကလေး ယူသွားမယ်ပေါ့လေ...။ ဒီလိုတော့ ဘယ်ရမလဲ..
“မင်းအင်္ကျီထဲက ပိုက်ဆံ တွေ့တယ်မဟုတ်လား...”
“တွေ့ သားပဲ..”
ဗြောင်ခုခံတဲ့ တိုက်စစ်ပါ။ ပါးစပ်က လေသံခပ်တင်းတင်းကို သမားတော်ဇာတ်လမ်းတွဲကြည့်ရင်း အရေးမကြီးသလို ပြောတယ်။ သူ့ မျက်နှာပေးက ဝီဂန်နဲ့ကစားတဲ့နေ့မှာ ချဲလ်ဆီးကနည်းပြ မော်ရင်ဟိုထားတဲ့ မျက်နှာမျိုး။ ကြည့်လို့ကို မရတာ...။
“ဒါဆို ပြန်ပေးဦးကွ ...လုပ်စရာရှိလို့ ငါထားထားတာ..”
“ဘာဖြစ်လို့ ပြန်ပေးရမှာလဲ၊ လုပ်စရာရှိလို့ သိမ်းထားတာဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ...”
“ပိုက်ဆံက ဟိုဘက်မှာ လို မလို မသိသေးလို့ပေါ့ကွ..”
“ဘယ်ဘက်မှာလဲ... ဘာလုပ်တာမို့လို့လဲ.. ဟယ်... ကြည့်စမ်း... ဒီကောင် တကယ်ယုတ်မာတာ အမြဲတမ်း သမားတော်ကို ပြဿနာတက်အောင် လုပ်တယ်၊ စကားကို အကုန်မပြောဘဲ ဖွက်ထားတယ်၊ တော်တော် ယုတ်မာတဲ့လူ.. တီဗွီက သမားတော်ကားကြည့်ရင်း သူ့ကို ပါးပါးကလေးခတ် သွားသေးတယ်။ ကြည့်လို့မရတော့ပေမယ့် သည်းခံရပါတယ်။
“ဘောလုံးပွဲပါကွာ..”
“ဘောလုံးပွဲ... ဘောလုံးပွဲ... ဘာလုပ်တာလဲ...”
“လောင်းတာ..”
“ဪ... ရှုံးလာပြီလား၊ မိန်းမကိုကျတော့ ဈေးဖိုးနဲ့ ညှိပေးပြီး တော့၊ သူကျတော့ ဘောလုံးပွဲကို သိန်းချီလောင်းလို့ ... ဟင်း ... တော် တော်ဟုတ်တယ်၊ အခု ရှုံးပြီလား မပေးဘူး...”
“မရှုံးပါဘူးကွ...”
“နိုင်ရင်လည်း ကိုယ့်ငွေနဲ့ ကိုယ်နေပေါ့... ဒါကို ကလေးပဲ သိမ်း ထားမှာ...”
“မရှုံးလည်း မရှုံး... နိုင်လည်း မနိုင်သေးဘူးဟေ့၊ လောင်းကို မလောင်းရသေးတာ၊ လောင်းလို့ရှုံးရင် သိက္ခာမကျအောင် ချက်ချင်းပေးဖို့ အတွက် အဆင်သင့်ထားထားတာ
“မဟုတ်ပါဘူး... ဖွက်တာပါ...”
“ဟ... ဖွက်ရင် ငါ့ဘာသာ ဖွက်လို့ရတဲ့နေရာတွေ အများကြီး... မင်းအင်္ကျီထဲ လာထည့်ထားပါ့မလားကွ၊ မင်းပဲ စဉ်းစားကြည့်ပါဦး...”
ဒီစကားကြောင့် လေဒီချပ်ပြား ခဏတော့ ငြိမ်သွားတယ်။ ဒီစကား ကတော့ အခြေအနေအရ ထွင်လိုက်ရတာပါ။ ဘောလုံးပွဲလောင်းတယ် ဆိုတာလည်း ဒီလိုပါပဲ။
“တစ်ပွဲကို ဘယ်လောက်ကြေး လောင်းတာလဲ...”
“တစ်သောင်း နှစ်သောင်းပေါ့ .... အပျင်းပြေပါ...”
“ဒါဆိုရင် သုံးသောင်းလောက် ယူထားလေ... ကျန်တာ ကလေးပဲ သိမ်းထားမယ်...”
သူ တစ်ချက်တော့ စဉ်းစားရတယ်။
လက်ချည်းသက်သက်ထက်စာရင် ဒီလောက်ရတော့ မဆိုးဘူးပေါ့။ ကျန်တာကိုလည်း ပြန်ယူရမှာပဲ။
“လေးသောင်းတော့ ပေးကွာ...”
“မရဘူး သုံးသောင်းပဲ..”
“ရပါတယ်လေ...”
သူ ဘာမှဆက်မပြောဘဲ ကျေနပ်လိုက်တယ်။ ကျန်တဲ့ပိုက်ဆံကို ဘယ်လိုနည်းနဲ့ ပြန်ယူရင် ရမလဲလို့ စဉ်းစားတော့ နည်းတွေ့သွားတယ်။ ဟုတ်တယ်။ ဘောလုံးပွဲနဲ့ပဲ ပြန်ယူရမယ်။ ဘယ်လိုနည်းနဲ့လဲဆိုတာ သိ ချင်ရင် ဉာဏ်လုံးကန်ခြင်း (နှစ်) ကို ဖတ်ပေါ့ ။


