စိတ်ကူးချိုချိုစာပေ
နီကိုရဲ - နှလုံးသားထဲ ကြွက်ဝင်နေသည်
Couldn't load pickup availability
လူတစ်ယောက်၏ ဘဝတွင် မိမိဝိညာဉ်က မည်သူ တစ်ဦးတစ်ယောက်မှ မကြားရအောင် ကျယ်လောင်စွာ မေးသော မေးခွန်းသုံးခု ရှိသည်။
ထိုမေးခွန်း (၃) ခုမှာ…
မိမိပတ်ဝန်းကျင် အခြေအနေက မေးသော မေးခွန်း။ မိမိအသက်အရွယ် အခြေအနေက မေးသော မေးခွန်းနှင့် မိမိ ခံစားချက်အခြေအနေက မေးသော မေးခွန်းတို့ ဖြစ်သည်။
ထိုမေးခွန်း (၃) ခု၏ အဖြေကို သင့်တော် အောင် ဖြေဆိုခြင်းသည် ဘဝကို ရင်ဆိုင်ခြင်းသာ ဖြစ်သည်ဟု ထင်သည်။
သင်အသက် (၃၀) ကျော်လာပြီး အိမ်ထောင်မရှိ သော လူမျိုးတွင် ထိုမေးခွန်း (၃) ခုသည် ထင်မှတ် မထားဘဲ ဆုံမှတ်တစ်ခုတွင် ရုတ်တရက် ပေါင်း ဆုံကာ မေးခွန်းတစ်ခုတည်း ဖြစ်သွားသည့်အခါ ထိုမေးခွန်းသည် ဖြေဆိုရ အလွန်ခက်ခဲသောကြီးကျယ်ခမ်းနားသည့် မေးခွန်းတစ်ခု ဖြစ်သွား တတ်ပါသည်။
ထိုမေးခွန်းတစ်ခုကို ကြုံတွေ့ရသည့်အခါ. . .
ချောက်ချားတုန်လှုပ်ဖို့ကောင်းသည်။ ဘယ်လို ပြန်ဖြေရှင်းရမှန်း မသိတော့ဘဲ တိတ်တဆိတ် နာကျင်ရတတ်သည်။
တချို့ အမေးခံရသူများက ထိုအဖြေကို ကြုံသလို ဖြေမိ၍ ဒုက္ခရောက်သွားကြရသည်။
တချို့က အမေးကို တခြား၊ အဖြေကတစ်မျိုး ဖြစ်ကာ အခြေအနေ ဆိုးသွားတတ်ကြသည်။
တချို့က ထိုအဖြေကို တခြားတစ်ယောက်ထံမှ ခိုးချမိသဖြင့် အဖြေမှားမှန်းမသိ၊ မှန်မှန်းမသိနှင့် ဇဝေဇဝါ ခံစားသွားရသည်။
ထိုအဖြေအတွက် မေးခွန်းမှာ “အိမ်ထောင်မပြု သေးဘူးလား” ဟူ၍ ဖြစ်ပြီး ထိုမေးခွန်းကို အမေးခံရသူတိုင်း ပြုံးလေ့ရှိပါသည်။
သို့သော် ထိုအရာမှာ အပြီးစစ်စစ်တော့ မဟုတ်...။
အော်ရယ်၍လည်း မရ၊ ဟစ်၍ဟစ်၍ ငိုလည်း မရသဖြင့် ရယ်ခြင်းနှင့် ဟစ်ငိုခြင်းနှစ်ခုက ဖိညှပ် ထားသော နှုတ်ခမ်း၏ အတွန့်အကွေးတစ်ခုသာ ဖြစ်ပါသည်။
အခု အသက် (၃၃) နှစ်ရှိပြီဖြစ်သော ကျွန်တော် လည်း ထိုမေးခွန်းနှင့် ကြုံနေသည်။
ကျွန်တော် ပြုံးပါသည်။
ထိုအပြုံးကို မကြိုက်သဖြင့် ကျွန်တော် အခုလို ဖြေသည်။
ကျွန်တော့်အဖြေကို ပြည့်စုံစေရန် ကြွက် တစ်ကောင်နှင့် မိန်းကလေးတစ်ယောက်က ကူညီ ခဲ့ပါသည်။
ကြွက်တစ်ကောင်သည် လူတစ်ယောက်ဘဝ တွင် ဘာမှ အရေးမကြီးသော သတ္တဝါတစ်ကောင်သာ ဖြစ်သည်။
ကျားဆရာ ကြောင်၊ ကြောင်ဆရာ ကြွက် ဆိုသော်လည်း ကြွက်သည် ကျား မဟုတ်သည့် အတွက် လူတစ်ယောက်အတွက် ကြောက်စရာ သတ္တဝါတစ်ကောင် မဟုတ်။
Albut Camue (အဲဘတ်ကမြူး) ဆိုသည့် ပြင်သစ် စာရေးဆရာတစ်ယောက်ကတော့ plague ဆိုသည့် ဝတ္ထုထဲတွင် ကြွက်များ ဒုက္ခပေးသဖြင့် တစ်မြို့လုံး လူတွေ သောင်းချီ ဒုက္ခရောက်ရသော ပလိပ်ရောဂါ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ရေးခဲ့ဖူး၏။
သို့သော် ပလိပ်ရောဂါကို သိပ္ပံပညာက အနိုင် ယူလိုက်ပြီ ဖြစ်သည့်အတွက် ကြွက်ဆိုသည် မှာ... လူကို ဒုက္ခမပေးနိုင်တော့သော သတ္တဝါဖြစ်သွားသည်။
သို့သော်...
လူတစ်ယောက် နှလုံးသားထဲကို ကြွက် တစ်ကောင် ဝင်နေခဲ့သည်။ ထို့အတွက် ထိုလူ သည် ရူးမတတ် ခံစားခဲ့ရ၏။
နောက်ဆုံးအကြိမ်ထိ ဒုက္ခပေးခဲ့သော ကြွက် တစ်ကောင်၊ လူတစ်ယောက်... အချစ်အ ကြောင်းကို... အသိပေးခြင်းသာ ဖြစ်ပါသည်။
တွေ့ရာကို ကိုက်တတ်သော ကြွက်တစ်ကောင်၊ နှလုံးသားထဲ ဝင်သွားသောအခါ...။






