Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

နီကိုရဲ - ကြက်ဖဝထ္ထုတိုများ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out

ကြက်ဖ 

          ကျွန်တော်တို့ ပြိုင်ပွဲအကြောင်းကို မရေးမီ ကျွန်တော်တို့ ရှစ်တန်း နှစ်တွင် ရရှိခဲ့ကြသော အတန်းပိုင်ဆရာ ဦးထွန်းဇော်အကြောင်းကို အရင် ရေးမှရမည် ဖြစ်သည်။

          ဆရာသည် တရုတ်နည်းနည်းစပ်သည်ဟု ကျွန်တော်ထင်သည်။ အသားဖြူဖြူ၊ အရပ် ၅ ပေ ၉ လက်မခန့်၊ ကိုယ်လုံးကျစ်ကျစ်လျစ်လျစ်တောင့်တင်း၍ ဖြောင့်စင်းသောနှာတံ၊ အတန်ငယ်ထူသော နှုတ်ခမ်းနှင့် မျက်ရစ်မပါဘဲ စူးရှသွယ်လျသည့် မျက်ဝန်းများကို ပိုင်ဆိုင်သည်။ ဆရာ့ တစ်ကိုယ်လုံးမှာ အထူးခြားဆုံးမှာ စူးရှသွယ်လျသော မျက်ဝန်းများပင် ဖြစ်သည်။ ဆရာသည် စကားနည်းသည်။ Text Book မကိုင်၊ မြေဖြူခဲ တစ်ချောင်းကို တိုက်ပုံအင်္ကျီထဲ ထည့်ထားသည်။ ဒတ်(စ်)တာ ရှာမတွေ့ လျှင် တခြားဆရာတွေလို မတ်တတ်ရပ်ခိုင်းတာတို့၊ ဆူတာပူတာတို့မလုပ်ဘဲ သူ့တိုက်ပုံအင်္ကျီလက်နှင့်ပင် ပွတ်ဖျက်ပစ်လေ့ရှိသည်။ ဒါကို ဆရာမတစ်ယောက်က “တပည့်တွေရှေ့မှ လုပ်တာဆိုတော့ တပည့်တွေကို နည်းကောင်းတွေ သင်ပေးနေတာပေါ့” ဟု ခနဲ့သည်ကို ဆရာက ..

          “အရေးမကြီးတာကို အပြစ်မရှာဖို့ရယ်၊ လေးဆယ့်ငါးမိနစ်ပဲ ရတဲ့ အချိန်ထဲမှာ Dusterကို အချိန်မပေးနိုင်တာကြောင့်ပါ၊ ဝတ္ထုဖတ်ပြီး ဆီး ထုပ် စားပြတာလောက်တော့ မဆိုးဘူးထင်တာလည်း ပါတာပေါ့၊ ကောင်းတော့ မကောင်းဘူးပေါ့လေ” ဟု ပြန်ဖြေခဲ့သည်ဟု ဆိုသည်။ ဆရာသည် စကားနည်းပြီး အနေအထိုင် ခွကျသည့်အပြင် မည်သည့်ဆရာနှင့်မျှလည်း မတည့်ဟု ကျန်ဆရာမများက ဆိုကြသည်။ ဆရာက ဒီနှစ်မှ ကျောင်းပြောင်းလာခြင်းဖြစ်ပြီး ရောက်ရောက်ချင်း ရှစ်တန်းတစ်ဆောင်လုံးမှာ အညံ့ဆုံးဖြစ်သော ကျွန်တော်တို့အတန်းကို အတန်းပိုင်အဖြစ် ရခြင်းဖြစ် သည်။

          ဆရာသည် စာသင်နေစဉ် စကားပြောတာတို့၊ အစာစားတာတို့ကို ဆူလေ့မရှိပါ။ ကျောင်းစိမ်းမဝတ်တာကိုလည်း ဆူလေ့မရှိပါ။ “ကျောင်းစိမ်း ဝတ်ထားရင် မင်းတို့ကို ကျောင်းသားမှန်းသိမယ်၊ တစ်ခုခုဖြစ်ရင် အကူ အညီပေးမယ်၊ နေရာပေးမယ်၊ ဦးစားပေးမယ်၊ ကိုယ့်အတွက် အတိအကျ အကျိုးပေးတဲ့ကိစ္စကြီးကို မလုပ်ချင်တာတော့ မင်းတို့သဘောပဲ” ဟုသာ ခပ်ဆတ်ဆတ်ပြောသည်။ ကျွန်တော်တို့အတန်းသည် ကျောင်းစိမ်းမဝတ် လျှင် အပေါ်တစ်မတ် အောက်တစ်မတ်ပေးရသော A ခန်းလောက်

ကျောင်းစိမ်းပျက်ကွက် မရှိခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆရာသည် ဆရာမတွေနှင့် မတည့်တာဟု ပြောသူက ပြောကြသည်။

          ဆရာက ကျွန်တော်တို့ကို သိပ်မရိုက်တတ်သော်လည်း ဆရာ၏သေးငယ်ကျဉ်းမြောင်းစူးရှလှသော မျက်ဝန်းဒဏ်ကို ကျွန်တော်တို့ မခံနိုင် ပါ။ ထို့ကြောင့် ဆရာ့ကို ကြောက်ကြပါသည်။ ဆရာကတော့ သူ့ကို ကြောက်ဖို့ တစ်ခါမျှမပြောဘူးပါ။

          အခု ကျွန်တော်တို့ဆရာက ကျောင်းတက်ပြီး သုံးလခန့်သာ ရှိ သေးသည်။ ကျွန်တော်တို့အတန်းကို သူ့သဘောနှင့် သူ စာမေးပွဲစစ်ချ လိုက်သည်။ ကျွန်တော်မှတ်မိသလောက် တစ်ယောက်မှ မအောင်ပါ။ သို့သော် ဆရာသည် စိတ်လည်းမဆိုး၊ ရိုက်လည်း မရိုက်ပါ။

          “ဒီလို အဖြေမှန်ကိုသိရတာ ဝမ်းသာတယ်ဟေ့၊ ငါက ဒါမျိုးမှ ကြိုက်တာ၊ ကဲ.... အင်္ဂလိပ်စာတစ်ဘာသာတည်းကို အမှတ်အများဆုံး ၁၂ မှတ်ရပြီးကျတဲ့ ပထမရကျောင်းသား ထစမ်းဟေ့”

           ကျွန်တော့်သူငယ်ချင်း ကျော်ဦးက စပ်ဖြဲဖြဲနဲ့ ထပါတယ်။ ဆရာက ကျေနပ်သလို ပြုံး၍ ခေါင်းညိတ်သည်။

           “ကဲ... ပြီးတော့ ဘာသာစုံကျတဲ့ထဲမှာ ဘဲဥက နှစ်လုံးရတဲ့ စန္ဒာ လင်းလက် ဆိုတာ ထစမ်းဟေ့ မြင်ဖူးထားချင်လို့”

           ကျွန်တော်တို့ အတန်းထဲမှာ ရုပ်အချောဆုံးဟု အားလုံးက သိထား သော စန္ဒာက ထရပ်သည်။ သူလည်း ရယ်လျက်ရှိ၏။

           “ကဲ ... စန္ဒာလင်းလက်၊ ကျော်ဦးဘေးမှာ သွားထိုင်၊ ကျော်ဦးက အတန်းထဲမှာ အတော်ဆုံးဆိုတော့ အညံ့ဆုံးဖြစ်တဲ့ စန္ဒာကို ဆရာလုပ်တော့၊ စန္ဒာ စာမရရင် စာမှားရင် စန္ဒာလင်းလက်ကို မရိုက်ဘူး၊ သူ့ဆရာ မင်းကိုရိုက်မယ် ကျော်ဦး၊ ငါပြောတာ နားလည်လား၊ ကဲ...မကြည်မာ ဒုတိယရတယ်၊ ထစမ်း” အဲဒီလိုနဲ့ ဆရာက အဆင့် (၁) နဲ့ (၅၉)၊ (၂) နဲ့ (၅၈) စသည်ဖြင့်တွဲပေးသည့်အတွက် ကျွန်တော်တို့အတန်းထဲမှာ ဆရာတပည့် စုံတွဲအစိတ် တိတိ ရှိပါသည်။ ဆရာများက တပည့်များကို အနားတွင်ထားကြရသည်။

          ဆရာ့စည်းကမ်းက ဆရာမှားလျှင် တစ်ချက်၊ တပည့်မှားလျှင် ငါးချက် ရိုက်လေ့ရှိသည်။ တပည့်မှားလျှင် ဆရာက ဝင်ဆို ဝင်တိုက်ပေးပြီး ဆည်ခွင့်မရှိ။ အရိုက်ခံရဖို့သာ ရှိသည်။ ဆရာမှားလျှင် တပည့်က ပင်ဖြေ ပေး၊ ဝင်ဆို၊ ဝင်တိုက်ပေးပြီး ကယ်၍ရသည်။ ထိုအခါတွင် တပည့်က ဆရာဖြစ်ပြီး ဆရာက တပည့် ပြန်ဖြစ်ပါသည်။ ထို့ကြောင့် ဆရာ့ကို မကြိုက်သော တပည့်များမှာ ဆရာစာမရတာနှင့် ကြုံသောအခွင့်အရေးကို လက်မလွှတ်ဘဲ ဆရာပြန်ဖြစ်ရေးကို မပြတ်ချောင်းနေကြတတ်သလို ဆရာမှ စာမရ၍ တပည့်ပြန်ဖြစ်နေသော တပည့်ကလည်း ဆရာပြန်ဖြစ် အောင် စာကျက်ရလေသည်။

          ထိုစနစ်ကြောင့် ကျွန်တော်တို့ ဘတ်ချေး (အီး) အခန်းမှာ ပထမ ခြောက်လပတ်တွင် ကျဝံ့သူမရှိ၊ စံချိန်ကို တင်နိုင်ခဲ့လေသည်။ ထိုခြောက် လပတ် စာမေးပွဲတွင်လည်း ဆရာက ထုံးစံအတိုင်း အဆင့်များကို ခေါက် ချိုးချိုးပြီး တွဲပေးခဲ့ပြီး ဆရာတပည့် စုံတွဲ (၂၅) တွဲနှင့် စာသင်စေပြန်ပါ သည်။ ထိုအထဲတွင် ကျွန်တော်၏ တပည့်လုပ်ရသူက ရင်ရင်အိဆိုသော ကောင်မလေးဖြစ်သည်။

          ထိုရင်ရင်အိမှာ ဝတုတ်မကလေးဖြစ်ပြီး ဉာဏ်ကလည်း ထိုင်းလေ သည်။ ရယ်လိုက်လျှင် ကလေးလေးနှင့် တော်တော်တူပြီး ငိုလျှင်တော့ ဘီလူးမပေါက်စနဲကလေးနှင့် တူ၏။ ထို့ကြောင့် ရင်ရင်အိသည် အမြဲတမ်း ဘီလူးမကလေး ဖြစ်သည်။

           မိန်းကလေးမို့ ကျက်စာများတွင် ကျက်အားကောင်းသောကြောင့် ကြောင်နှစ်ကောင်စာအုပ်တိုက်

မသိသာသော်လည်း တွက်သည့်ချက်သည့် နေရာတွင်မတော့ အတော်လေး ကို ဒုံးဝေးပါသည်။ သင်လေမှားလေ မသင်ဘဲထားတော့ ဘာမှမသိလေ ဆိုသည့်အထဲတွင် ရင်ရင်အိသည် ထိပ်ဆုံးမှ ရှိလေသည်။ ထို့ကြောင့် ကျွန်တော် ဒီအခါ ကျောင်းသားဆရာတွေထက် ပို၍ကြိုးစားရလေသည်။

          ဆရာလုပ်ပေးထားသော system က တပည့်မှားလျှင် ဆရာကို အားရပါးရတွယ်သော system ဖြစ်သဖြင့် ကိုယ့်ကိုယ်ကိုယ်ထက် သူ့ကို ပို၍ အားထုတ်ရပါသည်။ ထိုအခါတွင် စာတစ်ပုဒ်ကို ကိုယ့်အတွက် အရကျက် ဖို့အပြင် သူနားလည်အောင် ပြောဆိုသင်ပြရသည့်အတွက် ပုံမှန်စာကျက်ခြင်းထက် ငါးဆလောက် အားထုတ်ရလေသည်။ ကျွန်တော်က ဥပမာ ဥပမေယျမျိုးစုံဖြင့် သူ့ကို သင်ရသည့်အတွက် ထိုစာတစ်ပုဒ်မှာ ကျွန်တော့် အတွက်တော့ ဖွတ်ဖွတ်ညက်ညက်တင်မက ဒွတ်ဒွတ်ဒွက်ဒွက်ပါ ကြေလေသည်။

          “နင်ကလည်းဟာ လက္ခဏာတူတာတွေကို မြှောက်ရင် အပေါင်း ဟာ၊ မတူတာမြှောက်ရင် အနုတ်၊ ဒါလေးကို နင်သိထားရင် ဘယ်လို လုပ်မှားတော့မှာလဲ၊ ဒီမှာ + 3နဲ့ + 9 ကိုပေါင်းရင် ..” 

          + “12" 

          “ကဲ ... ဟုတ်နေပြီပဲဟာ၊ +7 နဲ့ +4ကို မြှောက်ရင် ..”

          “အင်း ... ဟို ..+1+21” 

          “OK... OK... -6 နဲ့ - 8 ကို ပေါင်းရင် ...”

          ရင်ရင်အိပုံစံက တွေဝေသွားသည်။ ကျွန်တော့်ကို တစ်ချက်ကြည့် သည်။

          ပြီးတော့ ဘာလုပ်ရမှန်းမသိ။

          ဟို (-)

          “ဘာ...” 

          “မဟုတ်ဘူး (+)” 

          ကျွန်တော် စိတ်ဓာတ်ကျသွားသည်။ ကျွန်တော်က (-) ကို ဘာ ဟု အော်လိုက်တော့မှ (+) ဖြစ်သွားခြင်းဖြစ်သည် မဟုတ်လား။ လက္ခဏာ နှစ်မျိုးတည်းရှိတာမို့ ဒါ ရမ်းသောအဖြေမှန်ဖြစ်ကြောင်း သိရသည်။

          “နင့်ကို ငါ ပြောထားတယ်ဟာ၊ လက္ခဏာတူရင် (+)၊ မတူရင် (-) ဆိုတာ၊ ဒီမှာ အနုတ် အနုတ်ချင်း တူနေတော့...”

          “အနုတ်”

          ကျွန်တော် လဲသေချင်စိတ်သာ ပေါက်သွား၏။ စာသင်လျှင် ဒေါသနှင့် သင်၍မရကြောင်း ကျွန်တော်သိသဖြင့် ဒီနေ့ ထူပူအူပြီး ရူးရူးကြောင်ကြောင် ရင်ရင်အိကို လမ်းကြောင်းပြောင်း၍ သင်ရသည်။ (+) နှင့် (-)ကိစ္စကို မသင်တော့။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာတော့ ထို (+) နှင့် (-)ကို သူသိအောင် ဘယ်လိုလုပ်ရမလဲဆိုသည့်စိတ်က ကြီးစိုးနေခဲ့သည်။

           ဆရာက ဘောမှာ တွက်ချက်ပေးရသည့်အခါ ကျွန်တော်ကမှန်ပြီး သူက ခဏလေးမှားတာနှင့် ကျွန်တော် ငါးချက် အတီးခံရတော့မည်။ နောက်ဆုံးမှာ (+)နှင့် အနုတ်အတွက် အကောင်းဆုံးဥပမာကို ရရှိသွား၏။ ကျွန်တော် အရမ်းပျော်သွားသည်။

          “ကဲ ... နင့်ကို ငါ ဥပမာတစ်ခုပေးမယ်၊ သူငယ်ချင်းကို (+) ဆရာတွေရော အိမ်က အဖေ အမေတွေရောက ခွင့်မပြုတဲ့ သမီးရည်းစား ဆိုရင် (-) ဟုတ်ပြီလား၊ ရည်းစားထားရင် အကုန်ဒုက္ခရောက်တာပဲပေါ့။ ဟုတ်လား” လခက