Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

Naing Win Swe - Send to Ma Thein Shin

Regular price 8,000 MMK
Regular price Sale price 8,000 MMK
Sale Sold out

          ၁၉၆၄...

          နှင်းထုကြီး ပိတ်ဆို့မှောင်ပိန်းနေသော နံနက်များ၌ ရထားကြီးသည် ဘူတာရုံရှေ့မှ ထွက်ခွာရန် ကြောက်ရွံ့ တုန်လှုပ်နေသည်။ မထွက်ခွာ၍လည်း မဖြစ်။ သူသည် မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး တညည်းညည်း တညုညု ဖြင့် ထွက်ခွာရတော့သည်။ ရှေ့နား ကွက်ကွက်ကလေးသာမြင်ရသည့် မီးမောင်းကိုဖွင့်လိုက်သည်။ ဖြတ်သန်းမှုအရှိန်ရလာလျှင် သူ့သွေးများသည် လည်း ဆူပွက်လာကာ သူသည် တစ်စတစ်စ အကြောက်ပြယ်လာနေသည်။တောင်တွင်းကြီးဘူတာရုံ ပလက်ဖောင်းမီးရောင်များကို လွန်လာခဲ့လျှင် သူသည် သူ့ကိုယ်သူ အားပေးသည့် ဥဩသံရှည်တစ်ချက်ကို ညှစ်ထုတ် အော်ဟစ်လိုက်သည်။

          ချက်ချင်း သူ့ဥဩသံကို ပတ်ဝန်းကျင်မှလာသော သြဘာကောင်းချီး သံများဟု ကယောင်ကတမ်းဖြင့်တွေးကာ သူသည် အမှားမှားအယွင်းယွင်း အားတက်လာသည်။ ပို၍ မှောင်ပိန်းနေသော အမှောင်ထုကြီးအတွင်းသို့ သွေးရူးသွေးတန်းဖြင့် ခွဲဖြတ်ဝင်ရောက်နေသည်။

ကျွန်တော်သည် ဤရထားကြီး၏ စက်ကိရိယာအစိတ်အပိုင်း တစ်ခု လိုပင် တွဲတစ်တွဲ၏ ထောင့်ဘက် အမှောင်ရိပ်ထဲမှ လိုက်ပါနေရသည်။ ကျွန်တော်သည် ပီပီပြင်ပြင်မမြင်ရသည့် တောင်တွင်းကြီးမြို့ကို အမှတ်မထင် ကြည့်လာခဲ့သည်။

          ဘူတာရုံမှ မီးရောင်များသည် နောက်သို့ဆုတ်ပြေးကာ သေးငယ်နေ ရပခဲ့သည်။ မြို့ဘက်မှ လမ်းဓာတ်မီးတိုင်အရောင်များသည် ရထားကြီးပေါ် သို့ ဖျတ်ခနဲ လာထိနေကြလျက်၊ မြို့ကြီးမှာ ငြိမ်သက်နေလျက်၊ ရခိုင်ဘုရား ပျက်ကြီး၏ ထုထည်သည် အမှောင်ရိပ်ထဲမှ အမှောင်မည်းကြီးတစ်ခုအဖြစ် ဖြင့် အမြင်မှာ ဖြတ်သန်းနေခဲ့လျက်၊ ရထားကြီးသည် ကွေ့အရှည်ကြီး၌ ဖြည်းဖြည်းရွေ့ ရွေ့ ကွေ့လိုက်၏။ သဖန်းကုန်းရွာကလေးဘက်မှ ရေနံဆီ မီးခွက် မီးရောင်မှိန်မှိန်များသည် တဖျတ်ဖျတ်လာရောက်ရိုက်ခတ်နေပြန် သည်။ အမှောင်ထုကြီးအတွင်း၌ အလင်းရောင်ငယ်များသည် ပြောပဖွယ်မရှိ။

          ဤအလင်းအမှောင်၊ အမှောင်အလင်းတို့သည် ရထားကြီးပေါ်၌သာ ဖြတ်သန်းနေသည်မဟုတ်၊ ရထားကြီးပေါ်တွင် ပါလာသမျှ သက်ရှိသက်မဲ့ အပေါင်းအပေါ်၌သာ ကျရောက်နေသည်မဟုတ်၊ ကျွန်တော့်ခန္ဓာကိုယ်ပေါ် ၌သာ ကျရောက်နေသည်မဟုတ်၊ ကျွန်တော့်နှလုံးသားပေါ်တွင်လည်း ကျ ရောက်နေကြ၏။

          ရထားကြီးကား ဘာမျှ ခံစားရမည်မဟုတ်။ သူသည် စက်ကိရိယာ ဖြစ်၏ ။ အေးခြင်းပူခြင်းကို မသိ၊ အမှောင်နှင့်အလင်းကို မသိ၊ ဦးနှောက်မရှိ၊ အသက်မရှိ၊ ခံစားမှုမရှိ၊ နှလုံးသားမရှိ၊ ရည်ရွယ်ချက်မရှိ။

          ကျွန်တော်လည်း စက်ကိရိယာတစ်ခုပေပဲလားဟု ကျွန်တော်သည် အသံမထွက်သော မေးခွန်းကို မေးနေမိပြန်သည်။ ကျွန်တော့်နှလုံးသားများ မှာ ခံစားမှုမှန်သမျှ ဆိတ်သုဉ်းကွယ်ပျောက်စပြုနေပြီဖြစ်သော စက်ကိရိယာ ပေပဲလား။ ကျွန်တော့်ဦးနှောက်မှာ အမှောင်များအတွင်း၌ မရုန်းဝံ့၊ မကန်ဝံ့၊ မလှုပ်ရှားဝံ့ ငြိမ်သက်နေရသော ဦးနှောက်များပေပဲလား။

          ဤရထားကြီးပေါ်၌ ကျောက်ပန်းတောင်းမှ မှောင်ခိုထန်းလျက်များ တင်ရန် လိုက်ပါလာခဲ့သော ကျွန်တော် ငြင်းဆန်မရအောင် မျက်နှာနာနေသော မှောင်ခိုသမားများ ပါလာနေသည်။ သူတို့ကို ကျွန်တော် မဖမ်းဆီး ရက်တော့သည့် အကြောင်းရင်းကို ရှာဖွေနေမိပြန်သည်။ သူတို့ပါလာသဖြင့် ကျွန်တော်သည် အလုပ်ပြုတ်သွားနိုင်သည်။ လွတ်မြောက်ရက်မရှိ အကျဉ်း ကျသွားနိုင်သည်ကိုလည်း မတွေးမိ၍ မဟုတ်။

          ကျွန်တော့်စိတ်ကား ရထားကြီး ခုတ်မောင်းနေသည်ဟု မထင်တော့ ပေ။ မှောင်ခိုသူများ၊ ထန်းလျက် တောင်းခွံများ၊ ဆီ၊ ဆား၊ ကြက်သွန်၊ လက်ဖက်ခြောက်၊ ငရုပ်သီး၊ နနွင်းမှုန့် စသည့် တားမြစ်ကုန်များ၊ ဂါတ်ဗိုလ်၊ စက်ခေါင်းမောင်း၊ အညှီနံ့များ၊ မုဆိုးများ၊ သားရိုင်းသမင်များ၊ ရွံရှာဖွယ်ရာ များ၊ ကျောင်းသားများ၊ ရဟန်းသံဃာများ၊ လူသားများ၊ ပျက်စီးမှုများ၊ အနံ့ဆိုးများစသည့် သက်ရှိသက်မဲ့အပေါင်းသည် အထွေးထွေး အရှုပ်ရှုပ်ဖြစ်ကာ ဘယ်ဆီသို့ သွားနေမှန်းမသိသည့် ရေစီးကြောင်းကြီးတစ်ခုအတွင်း = ၌ ပရမ်းပတာ မျောပါနေသည်ဟု ထင်နေပြန်သည်။

          အမှောင်ထုကြီးကို အဆုံးအစမရှိ နက်ရှိုင်းလှသည့် ပင်လယ်ပြင်ကြီး ဟူ၍လည်း တွေးနေပြန်သည်။

          အတန်ကြာလျှင် နှင်းများ ပိတ်သည်းနေသည့် အမှောင်ထဲ၌ အရုဏ် ရောင်ခြည်များသည် လှပစွာ ပျို့အန်လာနေကြပြန်သည်။ ဆဒ္ဒုံချောင်းသို့ရောက်တော့မည်၊ ဆီမှတက်ရောက်လာကြမည့် ကိုရွှေယောက်နှင့် သား ကြီး သုံးယောက်၊ ကိုရွှေယောက်အဖွဲ့သားများကို စိတ်၌ မြင်တွေးနေမိပြန်သည်။

           ဆဒ္ဒုံချောင်းဘူတာရှေ့သို့ရောက်လျှင် ရထားသည် အမှောင်ထုထဲ၌ ငြိမ်သက်စွာ ထိုးဆိုက်ရပ်လိုက်သည်။ ကျွန်တော်သည် ရထားအရှိန်သတ် လိုက်ကတည်းက ရထားပေါ်မှ ဖျတ်ခနဲ ခုန်ဆင်းလိုက်သည်။

           ပလက်ဖောင်းပျက်တစ်နေရာ၌ ရပ်လိုက်ပြီး “ဒီမှာ လက်မှတ်လာယူ ကြ... ဒီမှာ.. ဒီမှာ” ဟု ကျွန်တော်သည် နေ့စဉ်အော်ဟစ်နေကျအတိုင်း အော်ဟစ်နေရသည်။

           ဤဘူတာမဲ့၊ ရုံပိုင်မဲ့၊ ကန်ထရိုက်မဲ့ ဘူတာတွင် ခရီးသည်များသည် ပလက်ဖောင်းပျက်အတိုင်း ကျွန်တော်ရှိရာသို့ စိတ်မှန်းဖြင့် အလဲလဲ အကွဲကွဲ ပြေးလာနေကြသည်။ “ကုန်တင်စရာရှိတယ် ဆရာ” ဟု ခရီးသည်တစ်ဦး သည် အဝေးကတည်းက လှမ်းပြီးအော်လာသည်။ ဂါတ်ဗိုလ်ကိုအောင်

ကျော်သည် မှန်အိမ်ဆွဲပြီး ကောင်းဘွိုင်ဟန်ဖြင့် ကျွန်တော်ရှိရာသို့ လျှောက် လာသည်။ သူသည် မှန်အိမ်မီးဖြင့် ကျွန်တော် အလုပ်လုပ်နေသည်ကို ထိုးပြ ပေးနေ၏။

          “ရင်မောင် သုတ်သုတ်လုပ်ဟေ့” ဟု သူသည် လောဆော်နေ၏။

          ကျွန်တော်သည် လက်မှတ်ရောင်း၊ တန်ဆာလုပ် အလုပ်များကို အပြေးအလွှား အမြန်ဆုံးလုပ်ဆောင်နေရင်း ကိုရွှေယောက်၏ အဖွဲ့ ကိုလည်း လှမ်းကြည့်နေပြန်သည်။ ကိုရွှေယောက်နှင့် သူ့လူများသည် လက်မှတ်မယူ ဘဲနှင့် ရထားတွဲများပေါ်သို့ ပြေးလွှားတက်ရောက်နေကြ၏။ ကိုရွှေယောက် သည် သူ့သားသုံးယောက်ကို ရထားပေါ်တက်ခိုင်းပြီး သူကိုယ်တိုင်မှာမူ ပလက်ဖောင်းအစွန်း မှောင်ရိပ်၌ရပ်ကာကျွန်တော့်ကို လှမ်းကြည့်နေသည်။ သူ့ခြေထောက်၌ ဖိနပ်မပါ၊ သူ့လည်ပင်းတွင် ပုဆိုးစုတ်တစ်ထည် ရစ်ပတ် ထားသည်။ သူ၏ ပြဇာတ်မင်းသားဟန် ဆံပင်ရှည်များသည် ဆီမလိမ်း မပြီးသင်သဖြင့် သူ့မျက်နှာပေါ်တွင် အရပ်ရှစ်မျက်နှာ၌ ဖရိုဖရဲ ဝဲကျနေသည်။

           အလုပ်ပြီးလျှင် ဂါတ်ဗိုလ်သည် ဝီစီကိုစစ်မိန့်ပေးသံလို အားကုန် မှုတ်လိုက်ပြီး မီးစိမ်းယမ်းပြလေသည်။ ရထားကြီး ထွက်ခွာလာမှ ကျွန်တော် သည် လူစီးတွဲတစ်တွဲပေါ်သို့ တွယ်တက်လိုက်၏။ ကျွန်တော့်နောက်မှ ကျွန်တော့်ကို အမိဖမ်းရန် ကိုရွှေယောက်သည်လည်း ဖျတ်ခနဲ ခုန်တက်လာ သည်။

           ကျွန်တော်နှင့် ကိုရွှေယောက်သည် ယှဉ်ရပ်နေမိကြ၏။ ရထားအရှိန် ရလာစဉ်တွင် ကိုရွှေယောက်သည် သူ့လက်အတွင်း၌ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လာသော ကျပ်တန် အနွမ်းအကြေများနှင့် အကြွေစေ့ကလေးများကို ကျွန်တော့်လက်အတွင်းသို့ လှမ်းထည့်ပေးနေသည်။ သူ့လက်များမှာ ချမ်း အေးနေသောကြောင့်တစ်ကြောင်း၊ ကြောက်ရွံ့တုန်လှုပ်နေသောကြောင့် တစ်ကြောင်း တုန်ယင်နေသည်။

           “ကျွန်တော်တို့ ရှစ်ယောက် ဆရာ...” 

           “တစ်အုပ်စုလုံးလား” 

           “ကိုဖိုးကျော် သူ့မိန်းမဆုံးလို့ နေရစ်ခဲ့တယ်”

           ကျွန်တော်သည် သူပေးသည့်ငွေများကို ဘောင်းဘီအိတ်ထဲသို့ မထည့်သေးမီ အမှောင်ရိပ်ထဲ၌ သူ့မျက်နှာကို ရှာကြည့်နေမိပြန်သည်။ သူပေး သည့်ငွေမှာ တစ်ဆယ့်သုံးလေးကျပ်မျှ ရှိမည်။ သူတို့ရှစ်ယောက်အတွက်ကျောက်ပန်းတောင်းအထိ လက်မှတ်မဲ့ဖြင့် စီးခွင့်ပြုရန်ပေးသည့်ငွေ၊ သူတို့ သည် လက်မှတ်ခ အတိအကျဖြင့် လက်မှတ်ဝယ်ယူစီးနိုင်သည်အထိ သူတို့ မှောင်ခိုထန်းလျက်များအပေါ်မှ မြတ်စွန်းကြသည်မဟုတ်။ သူတို့ရသည့် အမြတ်ထဲမှ ကျွန်တော်၊ ဂါတ်ဗိုလ်၊ မီးရထားရဲများ၊ ရှာဖွေရေးများကို ပေးရ သည်။ ကျွန်တော်သည် သူ့မိန်းမ နေမကောင်းဖြစ်နေသည်ကို သတိရနေ ပြန်သည်။

          “ခင်ဗျားမိန်းမ သက်သာပလား” 

          ဟု မေးနေမိသည်။ 

          “ဒီလိုပဲ ဆရာ...” 

          “ဆေးမထိုးဘူးလား” 

          “အင်း.....” 

          “ဘာအင်းတာလဲ”

         “မြို့ကိုသွားထိုးဖို့ကလည်း ပိုက်ဆံမရှိဘူး၊ ကျွန်တော်တို့ဆီမှာ ဆေး ကို လာလာကုနေတဲ့ လူကလည်း ဆေးတွေပြတ်နေလို့တဲ့”

         “ကျန်းမာရေးမှူးလား”

         “မဟုတ်ပါဘူး.. မြင်းလှည်းသမားပါ၊ အားကိုးရပါတယ် ဆရာ၊ က သူက ဆေးထိုးသိပ်ကောင်းတာ။ ပိုက်ဆံလည်း သိပ်မယူဘူး။ ဆရာဝန်တွေ ဘာတွေလို ကြီးကြီးကျယ်ကျယ်လုပ်တဲ့လူလည်း မဟုတ်ဘူး”

          ကျွန်တော်သည် ငြိမ်သက်နေမိပြန်၏။ ကိုရွှေယောက်ကား ကလေး တစ်ကျိတ်ကျော် ကျွေးမွေးနေရသူ။ သူ့မယားကား အစဉ်အမြဲ မမာမကျန်း ဖြစ်နေသူ။ အရွယ်မရောက်သေးသော သားကလေးသုံးယောက်ကိုပါ မှောင်ခို လုပ်ခိုင်းနေရသူ။ ကျွန်တော်၊ ဂါတ်ဗိုလ်၊ မီးရထားရဲများနှင့် ရှာဖွေရေးများကို ရှာဖွေကျွေးမွေးနေရသူ။

           သူသည် တစ်ခုခုကို နက်နက်ရှိုင်းရှိုင်း သွားလာနေခဲ့ပုံဖြင့် “ဒီလိုပေါ့ ဆရာ...” ဟု အရင်းမရှိ အဖျားမရှိ စကားပြောနေပြန်သည်။

          ကျွန်တော်သည် ငွေတစ်ဝက်မျှကို အိတ်ထဲထည့်လိုက်ပြီး တစ်ဝက်ကို ကား သူ့မိန်းမဆေးကုရန်အတွက် ပြန်ပေးနေမိပြန်သည်။ သူသည် ပြန်ယူရန် ငြင်းဆန်နေသည်။ သူ့ငွေများ အကုန်မယူသဖြင့် သူ့ကို ကျွန်တော်က ဒုက္ခပေးတော့မည်ဟု ကြောက်ရွံ့ နေပြန်သည်။ ကျွန်တော်သည် သူ့ကို ပြန်ယူရန် တိုက်တွန်းနေရင်း စိတ်မောနေမိသည်။

          နောက်ဆုံး၌ ကျွန်တော်ပြန်ပေးသည့်ငွေများကို လှမ်းယူသောအခါ တွင် သူ့လက်များ တဆတ်ဆတ်တုန်နေသည်ကို သတိထားမိလာသည်။ သူ့မျက်လုံးအိမ်၌ လှိုက်လှဲသော မျက်ရည်များ ပြည့်လာနေသည်ကို ကျွန် တော်သည် မမြင်ရဘဲနှင့် သိနေခဲ့သည်။

          “ဒီပြင်လူတွေဆိုရင် ဘယ်လောက်ပေးပေး ကျေနပ်ကြတာမဟုတ် ဘူး။ တချို့ မိန်းကလေးတွေဆိုရင် ငွေတင်မကျေနပ်လို့ ဟိုဟာပါပေးရတာ။ ငွေနည်းတယ်ဆိုပြီး ထပ်ထပ်တောင်းကြတာ၊ မြခင်လေးဆို ကြည့်ပါလား၊ အသက်ဆယ့်သုံးနှစ် မပြည့်သေးဘူး၊ ဆံထောက်ကလေးတောင် မထားရဲ ထားရဲထားနေတုန်း ဟိုဟာပါပေးရလို့ ဗိုက်ကလေးပူလာတာ” ဟု သူက စိတ်ထဲမှ ပြောနေသည်ကိုလည်း ကျွန်တော့်စိတ်အာရုံ၌ လာ၍ကြားနေရပြန် သည်။ ။

           “အေးဗျာ... ဒီလိုပဲပေါ့ ဗျာ၊ ကြည့်တော့လုပ်ကြဗျာ” ဟု ကျွန်တော် သည် မှာကြားနေမိ၏။

           “စိတ်ချပါဆရာ၊ ဆရာ့ကို မထိခိုက်ပါဘူး၊ ဘယ်တော့မှ ကျွန်တော် တို့ သားအဖတွေ ထန်းလျက်ကို မမိပါဘူး”

          “ခင်ဗျားတို့ကို စိတ်ချပါတယ်။ ခင်ဗျားတို့ ကျွန်တော့်ကို ဘယ်တော့မှ ဒုက္ခမပေးဘူးဆိုတာ ယုံတာပေါ့ ဗျာ၊ ဒါပေမဲ့ ရှာဖွေရေးတွေဘာတွေမိရင် ကျွန်တော့်မှာ တာဝန်ရှိတာပဲ”

          “ဟုတ်ပါတယ်ဆရာ..” 

          “အလုပ်ပြုတ်နိုင်တယ်၊ ထောင်ကျနိုင်တယ်”

           သူ ဆက်ပြောသည်ကို ရထားခုတ်မောင်းနေသံ ဆူညံနေသဖြင့် ကျွန် တော် မကြားရတော့ပေ။ သူ့ထန်းလျက်များကို မည်သည့်အခါ၌ မည်သူ များက ဖမ်းဖမ်း မိမည်မဟုတ်။ သူ၏ လျှို့ဝှက်ချက်ကို ကျွန်တော်လည်း မသိ။ အမှန်တွင် ကျောက်ပန်းတောင်း-တောင်တွင်းကြီး ခုတ်မောင်းနေရာ၌ ရထားနှစ်စင်း လဲလှယ်ခုတ်မောင်းနေရာ ရထားတစ်စင်း၏ အိမ်သာ တစ်ခုတွင် အပေါ်အမိုး၌ အပေါက်တစ်ခုပါရှိသည်။ ထိုအပေါက်အတွင်းမှ သူတို့ ပစ္စည်းများကို လျှို့ဝှက် တင်ဆောင်နေခဲ့ကြ၏။

          ကျွန်တော်သည် ဤရထားပေါ်၌ မှောင်ခိုသမား နှစ်ဆယ်ထက် မနည်းပါနေခဲ့ပြီကို တွေးမိကာ စိတ်နှလုံး၌ လေးလံလာနေပြန်သည်။ ပင်းချောင်းအောင်နိုင်မြင့်၊ သားများကိုသန်း၊ မြို့သစ်ကိုသန်း၊ ကျောက်ပန်း

တောင်းစိုးမြင့်၊ မည်သူတွေက ဖမ်းဆီးဖမ်းဆီး ကျွန်တော့်၌ တာဝန်ကင်းမည် မဟုတ်။ ။

          ကျွန်တော်ကား တီဘီစီ (ရထားလိုက် ဘူတာစာရေး) ဖြစ်၍ ရထား တစ်စင်းလုံး လက်မှတ်စစ်၊ တန်ဆာမဲ့ ပစ္စည်းဖမ်း၊ မှောင်ခိုပစ္စည်းဖမ်း စသည့် တာဝန်များကို ထမ်းဆောင်နေရသူ။ အကယ်၍ တစ်စုံတစ်ဦးက ရန်ငြိုးဖြင့် ဖမ်းဆီးစစ်ဆေးလျှင် ရှောင်ရှားကွက်မရှိသူ။ မှောင်ခိုသူများနှင့်လည်း တစ် သွေးတည်း တစ်သားတည်း ရင်းနှီးချစ်ခင်ကြသဖြင့် မျက်စိမှိတ်နေရသူ။

          ကျွန်တော်သည် နီပြာတံခဲတံကို ကိုင်ကြည့်နေရင်း ဤရထားပေါ်၌ ကျွန်တော်ကား ဖမ်းဆီးနိုင်သော အာဏာပြည့်စုံသူ ဘုရင်ကလေးတစ်ဆူ ဖြစ်နေသည်ကို တွေးနေမိ၏။ ဤ နီပြာတံကလေးဖြင့် ခြယ်လှယ်ချင်သလို ရနေနိုင်သော အခွင့်ထူးရရှိနေပုံမှာ ဝမ်းသာအားရစရာလားဟု တွေးနေမိပြန် သည်။

           ဤသို့ဖြစ်နေရပုံမှာ ကမောက်ကမ ဖြစ်နေခြင်းပေလား။ အရုဏ်သည့် ပို၍လင်းလာ၏။ အမှောင်နှင့်အလင်းများ ရောထွေးလာနေပြန်သည်။ မြို့ လုလင်သို့ရောက်လျှင် အလင်းရောင် ပျော့ပျော့အတွင်း၌ နှင်းစက်များ ကျ နေသည်ကို မသဲမကွဲ မြင်လာရသည်။ ဘူတာကွေ့၌ ရထားဆိုက်ရပ်ချိန် တွင် အလင်းနှင့်အမှောင်ကြား၌ အရာဝတ္ထုများသည် မသဲမကွဲရောထွေးနေ ကြလေသည်။

           မြို့လုလင်ဘူတာစာရေး သိန်းလွင်ကြီးသည် နံနက်စောစော၌ အရက် မူးနေလျက်ဖြင့် ဂါတ်တွဲသို့ ခပ်ယိုင်ယိုင် လျှောက်လာတတ်၏။ သူ့ကိုယ် ပေါ်မှ ယူနီဖောင်းဝတ်စုံမှာ ညစ်ထေးနေသည်။ သူ၏ ထန်းလက်တဲဘူတာရုံ ရှေ့တွင် ခရီးသည်များသည် အလုအယက် တိုးဝှေ့နေကြ၏။ ဟိုဘက်၌