Skip to product information
1 of 5

Other Websites

နိုင်းနိုင်းစနေ - သတ္တိရှိတဲ့ပထမခြေလှမ်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ဘဝ နဲ့ ‌ယောက်သွား
"ကျွန်မကိုယ်ကျွန်မ ကံမကောင်းသူ
ကံဆိုးသူလို့ ထင်ခဲ့မိတယ်..."

          ငယ်ငယ်တုန်းက အမေဝယ်ခဲ့တဲ့ “ယောက်သွား တွေ ကောင်း မကောင်း စစ်ဆေးရွေးချယ်ရတဲ့အလုပ်ကို ကျွန်မ အရမ်းနစ်သက်ခဲ့တယ်။ အပြင်ပန်းလှပြီး အထဲပုပ်တဲ့ ယောက်သွားတစ်ကောင်တလပါခဲ့ရင် လတ်ဆတ်တဲ့ ယောက်သွားနဲ့ချက်ထားတဲ့ ဟင်းရည်တွေ တစ်အိုးလုံး ညွှန်းလိုက်ရတတ်တယ်။ ဒါကြောင့် ယောက်သွားချိန် ကျွန်မ ဂရု တစိုက်နဲ့ အာရုံစိုက်ပြီး စိတ်ပါလက်ပါ ရွေးခဲ့တယ်။

          ယောက်သွားရွေးပုံက လက်တစ်ဖက်တစ်ချက်စီမှာ ယောက် သွားတစ်ကောင်စီကို ယူပြီး အချင်းချင်း ခေါက်ကြည့်တာ ဖြစ်တယ်။ ခေါက်အဆီ ကျစ်နေရင် ယောက်သွားလတ်ဆတ်ပြီး အသံပွနေရင် ၊ ကြောင်နေရင် ယောက်သွားခွံဘယ်လောက်ပဲ တင်းတင်းစေ့ထားပါ အထဲက ပုပ်နေတတ်တယ်

          ကလေးတွေက ကောင်းကြတာမို့ ယောက်သွားအဆိုး | အကောင်းကို အလွယ်တကူ ရွေးထုတ်နိုင်ကြတယ်။ ယောက်သွားရွေး နည်းကို အမသင်ပေးပြီးတဲ့နောက် ကျွန်မ ဘယ်တော့မှ “အပုပ်”တွေ မှားမခရွေးခဲ့မိဘူး။ လတ်ဆတ်တဲ့ ယောက်သွားဟင်းတွေ စားရတိုင်း အိမ် သားတွေက ကျွန်မကို        “ယောက်သွားရွေး ပညာရှင် "လို့ ချီးကျူးကြတယ်။

ယောက်သွားတိုင်းပုပ်နေတယ် ။

          တစ်နေ့မှာ ဈေးထဲက ယောက်သွားတွေ အမေ ဝယ်လာပြန် တယ်။ ကျွန်မက ကျွမ်းကျွမ်းကျင်ကျင်ပဲ ဇလုံတစ်လုံးယူပြီး ရွေးချယ် တဲ့အလုပ်ကို စလုပ်တယ်။ ရွေးနေရင်းမှာ `ယောက်သွားတွေအားလုံး ပုပ်နေတာကို သတိထားမိတယ်။

          ကျွန်မရဲ့ နားရွက်ကို ကျွန်မ မယုံတော့ဘူး၊ တစ်ကောင်ပြီး တစ်ကောင် ကျွန်မ ခေါက်ကြည့်တယ်။ တကယ်ပဲ တစ်ကောင်မှ အကောင်းမပါခဲ့ဘူး။ အဲဒီလို ခံစားချက်က ဘတ်စ်ကား မှာ ခါးပိုက်နှိုက်တစ်ယောက်မိတာနဲ့ တစ်ကားလုံးကို ခါးပိုက်နှိုက် ထင်သလိုပဲ ခံစား လို့ မကောင်းခဲ့ဘူး

          “အပုပ်” လို့ ကျွန်မ စီရင်ချက်ချထားတဲ့ ယောက်သွားဇလုံကို ယူပြီး အမေ့ကို ကျွန်မ သွားတိုင်ခဲ့တယ်။ အမေက တအံ့တဩနဲ့  " ဘယ်လိုဖြစ်တာပါလိမ့်။ အဲဒီယောက်သွားရောင်းသူက အမေ့ကို တစ်ခါမှ လိမ်မရောင်းခဲ့ဖူးဘူး” လို့ ဆိုတယ်  ။

 

          အမေက ယောက်သွားတွေကို ကောက်ယူပြီး စစ်ဆေးကြည့် တယ်။ လတ်စသတ်တော့ ကျွန်မ ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ သောက်သွားက ပုပ်နေလို့ သောက်သွားတိုင်းကို အပုပ်လို့ ကျွန်မ ထင် ခဲ့တာဖြစ်တယ်။

          ဒီလို လက်စသတ်တော့” ဆိုတဲ့ အတွေ့အကြုံက ကျွန်မရဲ့ နုနယ်တဲ့ စိတ်နှလုံးအိမ်ထဲမှာ ထင်းထင်းထင်ကျန်ရစ်စေခဲ့တယ်။ ဒီလို အတွေ့ အကြုံက ဘဝရဲ့ လှည့်စားပွဲအတိုင်း တစ်ပတ်လည်ပြီး နဂိုနေရာ ကို ပြန်ရောက်ဖို့ စောင့်နေခဲ့တယ်။

          မကောင်း သူနဲ့ပဲဆုံခဲ့ရတယ်။

          ဘွဲ့ရကျောင်းပြီးတာနဲ့ ကျွန်မ အလုပ်ဝင်ခဲ့တယ်။ ကျွန်မကြိုးစား ခဲ့တယ် ကိုယ့်ကိုယ် မျှော်လင့်ချက်တွေ ထားခဲ့သလို တောင်းဆိုမှုတွေ လည်း ရှိခဲ့တယ် ဒါပေမယ့် အချိန်အပိုင်းကြူးတစ်ခုမှာ ကျွန်မ ပတ်ဝန်း ကျင်က လူတွေကို ကျွန်မ ကြည့်မရဖြစ်ခဲ့တယ်။ လူတိုင်း မှာ ကျွန်မ သည်းမခံနိုင်တဲ့ အားနည်းချက်၊ ဆိုးကျိုးတွေ ရှိနေတယ်လို့ ကျွန်မ မြင်မိတယ်။ သူတို့ကို ကျွန်မ ပြောင်းလဲပစ်ချင်ခဲ့တယ်။ ပြောင်းလဲလို့ မရတဲ့အခါ သူတို့ကို ကျွန်မ ရှောင်ခဲ့တယ်။

          ကျွန်မကိုယ်ကျွန်မကံမကောင်းသူကံဆိုးသူလို့ ထင်ခဲ့မိတယ်။ ဘာကြောင့် “ဒီလိုမကောင်းတဲ့လူတွေနဲ့မှ ကျွန်မလာဆုံခဲ့ရသလဲဒီလို ကိုယ့်အပြစ်ကိုယ်ရှာလိုက်၊ ကျိန်ဆဲလိုက်နဲ့ ဝဲဂယက်ထဲမှ ကျွန်မ နစ်မြုပ်နေတုန်း “ယောက်သွားရွေးနည်းကို ကျွန်မ သတိ မိတယ်။ ကျွန်မကိုယ်တိုင်က “ယောက်သွားပုပ်ကြီး” ဖြစ်နေခဲ့ပြီလား။

          ကျွန်မက ကျွန်မရဲ့ အဆင့်မြင့်စံတွေနဲ့ ပတ်ဝန်းကျင်ကလူတွေ ကို သွားတိုင်းတာခဲ့မိတယ်။ လူတိုင်းကို ကျွန်မ သဘောမတွေ့ခဲ့ဘူး။ တကယ်တော့ ကျွန်မကို သဘောမတွေ့တာက ကျွန်မကိုယ်တိုင်ပဲ ဖြစ်နိတွယ်။ ကျွန်မက အကောင်းကြီး မဟုတ်သလို လူတွေကလည်း အည့်ကြီးတွေ မဟုတ်ခဲ့ကြဘူး။

          ကျွန်မစိတ်ကို သတ်ဖို့ ကျွန်မ မေ့နေခဲ့တယ်။ ကျွန်မရဲ့ နှင်” က ကျွန်မဟန်ဆောင်တာလောက် မကောင်းခဲ့သလို လူတွေကလည်း ကျွန်မ ထင်သလို မညံ့ခဲ့ကြဘူး။ ကျွန်မ ဝမ်းနည်းစိတ်မကောင်းဖြစ်ခဲ့ပါ တယ်။

          ဒီအတွက် ကျွန်မမှာ ရွေးဖို့လမ်းနှစ်ခု ရှိခဲ့တယ်။ တစ်ခုကလူတွ ရဲ့ အမြင်မှာ ညံ့တယ်လို့ မထင်ရအောင် ကိုယ့်ကိုယ် ပိုကောင်းအောင် ဟန်ထောင်နေဖို့နဲ့ နောက်တစ်ခုက တစ်ဘက်သားကို လေးစားတန်ဖိုးထား တတ်ဖို့ သင်ယူတာပဲဖြစ်တယ်။ ကျွန်မတို့က တစ်ဘက်လူရဲ့ အကောင်းကို မြင်တတ်မှ ကိုယ့်ရဲ့ကောင်းတာကို ကိုယ်သတိပြုမိတတ်၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်မှာ ဖြစ်တယ်။

          ဒီလိုလုပ်နိုင်ဖို့ ကျွန်မ အချိန်အများကြီး ပေးခဲ့ရတယ်။ စစရင်း မှာ အမြင်မတင်းဖို့ ကျွန်မကိုယ်ကျွန်မ အတင်းအမေ့ ကျင့်ခဲ့ရတယ် ကြည့်မရတဲ့အရာတွေကို အမြင်မတည့်အောင် ကျွန်မ ကြည့် ကြည့် ကြည့်ပေးခဲ့တယ်။ လုပ်ရခက်ခဲလို့ လက်လျှော့မယ်ကြံတိုင်း လတ်ဆတ် တဲ့ ယောက်သွားတွေ သွန်မိအောင်လုပ်ခဲ့တဲ့ ယောက်သွားပုပ်တစ်ကောင် ကို ကျွန်မ မြင်ယောင်မိတယ် ။

 

          နှစ်တွေ ကုန်လာတာနဲ့အမျှ ဒီလိုနည်းက ကျွန်မရဲ့ လူမှုဆက်ဆံ ရေးကို ပိုတိုးတက်ကောင်းမွန်လာစေခဲ့သလို ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း ဆရာမအလုပ်မှာလည်း မရှိမဖြစ် အသုံးဝင်ခဲ့တယ်။ စရိုက်စုံ အရောင်စုံတဲ့ ကျောင်းသားတွေကြားမှာ ကြောင်တဲ့အသံ၊ ပွတဲ့အသံတွေ ထဲကနေ ကျစ်ပြီးသာယာတဲ့အသံတွေ နားထောင်တတ်ပြီးမှ ဘယ်လို သံစဉ်၊ ဘယ်လိုတူရိယာကိုသုံးဖို့ ကျွန်မကို သင်ယူနိုင်စေခဲ့တယ်။

          ဒီလို အမကိုကူရင်း ရလာခဲ့တဲ့ အိမ်တွင်းသင်ခန်းစာတစ်ခုကို ကျွန်မဘဝမှာ ဒီလောက် အကျိုးသက်ရောက်စေခဲ့မယ်လို့ ကျွန်မ ထင် မထားခဲ့မိဘူး။ အခုလည်း ယောက်သွားခေါက်နည်းနဲ့ အများနှစ်သက်သူ အများကို လေးစားနှစ်သက်တတ်သူဖြစ်ဖို့ ကျွန်မ ကြိုးစားသင်ယူနေခဲ့ပါ တယ်။

 

20 Things I Want My Kids to know

"လူ့ဘဝမှာ ပိုင်ဆိုင်သမျှအရာအားလုံးလုယူနိုင်ပေမယ့်

ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် လူယူလို့မရတဲ့အရာ

တစ်ခုတော့ရှိတယ်"

          ဒီစာအုပ်ကို Dr.Htal Urdaa က သူ့ရဲ့ စာသင်နှစ် (၂၇)နှစ်နဲ့ သူ ရှင်သန်ခဲ့တဲ့ နှစ် (၅၀) အတွေ့အကြုံတွေကို ပေါင်းစုပြီး လူ့ဘဝ မှာ အရေးပါဆုံးအချက် (၂၀)အဖြစ် ရေးသားထားတာ ဖြစ်တယ်။ မျက် မှောက်ခေတ် ပညာရေးနယ်ပယ်မှာ ဘ၀ပညာရေးနဲ့ အကျင့်စရိုက်ဖွံ့ဖြိုး မှု၊ သွန်သင်မူတွေ နည်းလာတာကြောင့် ဒီစာအုပ်က လူငယ်လူရွယ် - ဓတွေအတွက် ဘအဓိပ္ပာယ်ကို သိနားလည်ဖို့၊ အရည်အချင်းတွေ ထုတ်ဖော်နိုင်ဖို့၊ မှန်ကန်တဲ့ စိတ်နေသဘောထားရှိဖို့နဲ့ ရွှေရောင်အနာဂတ်တွေ//

သတ္တိရှိသောပထမခြေလှမ်၊

ပိုင်ဆိုင်ဖို့ အထောက်အကူ ဖြစ်စေမယ်လို့ သူ မျှော်လင့်တယ်လို့ ဆို ထားပါတယ်။

          ဒီစာအုပ်အရေးရခြင်းရဲ့ အကြောင်းရင်းကို စာရေးဆရာက ခုလို ထုတ်နှုတ်ဖော်ပြထားပါတယ်။  

        (၁) လူငယ်တွေကို ကျွန်တော်ချစ်လို့ သူတို့ရဲ့ဘဝတွေကိုသိနားလည်ဖို့ မလွယ်ကူလို့

          (၂) ကျောင်းမှာ “ဘယ်လိုရှင်သန်ရမယ်” ဆိုတဲ့ “လူ့ဘဝအခြေခံလိုအပ်ချက်တွေ မသင်လို့

           (၃) လူငယ်တွေဟာ ကိုယ့်အရည်အချင်းတွေ ထုတ်ဖော်နိုင်ဖို့ ပြင်ပလောကရဲ့ အကူအညီလို    အပ်လို့

           (၄) အမှန်တရားဆိုတာ ဘယ်တော့မှ ရက်လွန်က်မရှိလို့ဖြစ်တယ်။ အုပ်ထိန်းသူ မိဘတွေနဲ့ မျှဝနိုင်ဖို့ သူရေးခဲ့တဲ့အချက်(၂၀) ကို ဖော်ပြလိုက်ပါတယ်။

(၁) အောင်မြင်ခြင်းဆိုတာရယူခြင်းမဟုတ်ဘူးလုပ်ဆောင်ခြင်းဖြစ်တယ်။

          အောင်မြင်ခြင်းဆိုတာ ကျွန်တော်တို့ လုပ်နိုင်သလောက် အကောင်းဆုံးလုပ်တာ ဖြစ်တယ်။ အောင်မြင်ခြင်းဆိုတာ လုပ်ဆောင် ခြင်းဖြစ်တယ်၊ ရယူခြင်းမဟုတ်ဘူး၊ အောင်နိုင်မှာ မဟုတ်ဘူး (Wyn) Davis)

(၂) လူ့ဘဝက ခက်ခဲပင်ပန်းတယ်

          လူ့ဘဝမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်ရှိတယ်။ အဲဒီ ပြဿနာတွေကို ကျွန်နော်တို့ ညည်းညူးမှာလား၊ ဖြေရှင်းမလား။ (M. Scott Pack)

(၃) လူ့ဘဝတာပျော်စရာတွေပြည့်နေတယ်

          ရင်ဖွင့်ပြီး ရယ်မောတယ်ဆိုတာ လူတွင် မွေးရာပါ အဆင့် အမြင့်ဆုံး အတက်ပညာဖြစ်တယ်၊ (Norman Cousins)

(၄) ရွေးချယ်ခြင်းကို မှီပြီးကျွန်တော်တို့ အသက်ရှင်တယ်။

          လူ့လောကထဲ လာမှာလားလို့ ဘုရားသခင်က ကျွန်တော်တို့ | ကို မမေးခဲ့ဘူး။ လူ့လောကထဲလာဖို့ ကျွန်တော်တို့မှာ ရွေးချယ်ပိုင်ခွင့် မရှိပေမယ့် ဘဝမှာ ဘယ်လိုရှင်သန်မယ်ဆိုတာကိုတော့ ကျွန်တော်တို့ geous (Ilenry Ward Beecner)

(၅) စိတ်သဘောထားဆိုတာဓရွေးချယ်ခြင်းတစ်မျိုးဖြစ်တယ်

          လူ့ဘဝမှာ ပိုင်ဆိုင်သမျှအရာအားလုံး ရယူနိုင်ပေမယ့် ဘယ် လို အခြေအနေမျိုးမှာဖြစ်ဖြစ် လုယူလို့မရတဲ့အရာ တစ်ခုတော့ရှိတယ်။ အဲဒါကတော့ ကိုယ်ရွေးချယ်တဲ့ စိတ်နေသဘောထားနဲ့ လွတ်လပ်မှုပဲ GocS. (Viktor Frankl)

 

(၆) အကျင့်စရိုက်တာ အောင်မြင်ခြင်းရဲ့ သော့ချက်ဖြစ်တယ်။

          အောင်မြင်သူနဲ့ ရှုံးနိမ့်သူကြားမှာ မတူညီတဲ့ အချက်တစ်ချက် ရှိတယ်။ အဲဒါကတော့ မတူညီတဲ့ အကျင့်စရိုက်ဖြစ်တယ်။ (0 Madino)

(၇) ကျေးဇူးတုံ့ပြန်ခြင်းဆိုတာ အရမ်းကောင်းတဲ့ အကျင့်ဖြစ်တယ်။

          ကိုယ့်မှာရှိတဲ့အရာတွေနဲ့ အပြစ်မဆိုပါနဲ့ ... ကိုယ့်မှာရှိတဲ့ sepeozofi co (H. Stanley Judd)

(၈)လူတဝကို ရိုသေလေးစားခြင်းအပေါ်မှာ အခြေခံထားပါ

          ဘယ်လိုအကြောင်းအရာ၊ အခြေအနေမှာပဲဖြစ်ဖြစ် တခြားလူ ကိုယ့်ကို ဘယ်လိုပြုမူဆက်ဆံစေချင်တယ်ဆိုရင် ကိုယ်လည်း ဒီလို Gyeohedal (Matthew Chapter 7 Lesson 12)

(၉) ရိုးသားခြင်းဆိုတာ အကောင်းဆုံးနည်းဗျူဟာ ဖြစ်တယ်

           အပြည်ပြည်ဆိုင်ရာ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ လူလူချင်း ဆက်ဆံရေး၊ အလုပ်သမား၊ ကုန်သည်ပွဲစား၊ ပညာရေး မိသားစုန် ဒု စရိုက် နှိမ်နင်းရာမှာပဲဖြစ်ဖြစ် ရိုးသားခြင်းက အကောင်းဆုံးနည်းဗျူဟာ ဖြစ်တယ်။ ရိုးသားခြင်းက လူအချင်းချင်း ဆက်ဆံရေးကို အထိရောက် ဆုံး၊ အကြာရှည်ဆုံး ထူထောင်ပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ် (Raysey Clark)

(၁၀) ကြဝိလာပြီဖြစ်တဲ့ အပြောအဆိုက အရာအားလုံးကို မဆပ်နိုင် တယ်။

          လောကကြီးမှာ ကောင်းမွန်ကို အားပေးစကားလောက် အင် အားကြီးတဲ့အရာ မရှိဘူး၊ အပြုံးလေးတစ်ပွင့်၊ ပျော်ရွှင်စတဲ့ စကားလေး တစ်ခွန်း မျှော်လင့်ချက်ပြည့်တဲ့ စကားတွေကို တစ်ဖက်သားကို ခွန် အားဖြစ်စေတယ်။ အခက်အခဲနဲ့ ရင်ဆိုင် ကြုံတွေ့တဲ့အခါ “မင်း လုပ်နိုင် တယ်” ဆိုတဲ့ စကားတစ်ဇွန်းကို ပြောပေးပါ။ (Richard M. Devos)

(၁၁) စစ်မှန်တဲ့ အရင်းခံက ရင်ထဲကလာတာဖြစ်တယ်

          သင်ဟာ မည်သူမည်ဖြစ်ဖြစ် အသက် ဘယ်လောက်ကြီးကြီး တကယ်လို့ အောင်မြင်ခြင်းကို တစ်သက်ပိုင်ဆိုင်ချင်တယ်ဆိုရင် ရည်မှန်း ချက်ပန်းတိုင်ကို တကယ့်ရင်ထဲမှာ အရင်းခံသင့်တယ် (Paul J. Meyer)

(၁၂)ရည်မှန်းချက်ဆိုတာ စိတ်ကူးအိပ်မက် အောက်ခြေမျဉ်ဖြစ်တယ်။

          ရည်မှန်းချက်ရှိသူတွေ အောင်မြင်တယ်ဆိုတာ သူတို့ဟာ ဘယ်ကဘယ်လို ရှေ့ဆက်လှမ်းရမယ်ဆိုတာကို သိလို့ဖြစ်တယ်။ (Ear] Nightingale)

(၁၃)ကြိုးကြိုးစားစားလုပ်ဆောင်ခြင်းတသာနဲ့မှ နှိုင်းလို့မရဘူး

          ဘဝအတွက် အကောင်းဆုံးဆုလဒ်က “ထိုက်တန်တဲ့အလုပ်ကို ကြီးကြိုးစားစား လုပ်ဆောင်နိုင်တဲ့ အခွင့်အရေးပဲဖြစ်တယ်” (Theodore Roosevelt)

(၁၄) ရယူခြင်းရှိသလို ဆုံးရှုံးခြင်းလည်း ရှိတယ်။

          ကိုယ် ဘာကိုလိုချင်သလဲ ဆုံးဖြတ်ပါ၊ ဘာနဲ့ ကိုယ် လဲလှယ် နိုင်မလဲ ဆုံးဖြတ်ပါ။ အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်း ချပါ။ ပြီးရင် စပြီး အလုပ်လုပ်ပါ။ (H, Lamar Hunt)

 (၁၅) အောင်မြင်သူတွေက အချိန်တွေကို ဖန်တီးတယ်

          အချိန်ဆိုတာ ဘဝဖြစ်တယ်။ ပြောင်းပြန်မစီးဘူး။ နောက် တစ်ကျော့ ပြန်မလာဘူး။ အချိန်ဖြုန်းနေတာဟာ ဘငဖြုန်းခနတာပဲ ဖြစ် တယ်။ အချိန်ကို ဖမ်းဆုပ်တာဟာ ဘဝကို ဖမ်းဆုပ်တာပဲ ဖြစ်တယ်။ ဘဝကို ပြည့်ပြည့် ဝဝ အသုံးချခဲ့ တာ ဖြစ်တယ်။ (Alan Lakein)

(၁၆) မိမိကိုယ်ကိုယ် လေးစားမှုဆိုတာ အောင်မြင်မှုတစ်မျိုးဖြစ်တယ်

          မိမိကိုယ်ကိုယ် လေးစားမှုဆိုတာ သင့်ရင်ထဲမှ အနက်ရှိုင်းဆုံး နေရာကလာတဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မူတစ်ခုဖြစ်တယ် (Denis Waitley)

(၁၇) စိတ်ဓာတ်တစ်ခု ကြီးပြင်းရှင်သန်ဖို့ အာဟာရနဲ့ လေ့ကျင့်မှုတွေ လိုတယ်။

          ခန္ဓာကိုယ်နဲ့ စိတ်ရဲ့ သည့်ဇာတဖြစ်မှုက ကျွန်တော်တို့နဲ့ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို အဆုံးအဖြတ်ပေးတယ်။ (D- Call Thoresen)

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)