နိုင်းနိုင်းစနေ - နေကြာပန်းလေးတစ်ပွင့်လိုပြုံးပါ
နေကြာပန်းလေးတစ်ပွင့်လို ပြုံးပါ
နင့်ကို ပထမဆုံးအကြိမ်တွေ့တော့ နင် သေးငယ်လိုက်တာလို့ ငါထင်မိတယ်။ တစ်ယောက်တည်း အထီးကျန်ကျန် ချုံပုတ်မြက်ရို င်းတွေ ကြားမှာ နင်ရပ်နေခဲ့တယ်။
'နင့်ကို ဂရုစိုက်မယ့်သူ မရှိဘူးလား' လို့ န င့်ရှေ့မှာ ငါထိုင်ချပြီး မျက်လုံးလေး မှတ်တုတ် မှတ်တုတ်နဲ့ မေးတယ်။
နင် ဘာမှ ပြန်မပြောဘူး... အသံမထွက်ဘဲ ခေါင်းငုံ့ထားတယ်။
နင့်ရဲ့ အလျှော့မပေးတဲ့ ရင်ခုန်သံကို ငါကြားမိလိုက်သလိုပဲ။
'အချိန်က နင့်ကို ဖျောက်ဖျက်သွားနိုင်တ ယ်...သိလား' လို့ ငါပြောလည်း နင့်ဘက်က အသံမထွက်ခဲ့ဘူး။ ခါးကို နင် မတ်မတ်ရပ် ထားတယ်။
သက်ပြင်းတစ်ချက်ချပြီး နေရာကနေ ငါ ထွက်လာခဲ့တယ်။ နင့်ကို ငါ နောက်ထပ်တစ် ခေါက် တွေ့ရမယ်လို့ တော့ မထင်ခဲ့ဘူး။
ဒါပေမဲ့ ငါမှားသွားတယ်... လအနည်းငယ် အကြာမှာ ဒုတိယ အကြိမ် နင့်ကို ငါတွေ့ ပြန် တယ်။ မားမားမတ်မတ်ဖြစ်နေတဲ့ နင့်ကိုတွေ့တော့ ငါအံ့သြသွားတယ်။ နင့်အနား ငါလျှော က်သွားတယ်။ နှင့်အရပ်က ငါ့လောက် နီးနီး စ်နေခဲ့ပြီ။
'နင် သန်မာလာလိုက်တာ' လို့ ငါပြောတ ယ်။
နေရောင်ခြည်ကို နင်ကြည့်တယ်။ ငါ့ကိုစကားပြန်မပြောဘဲ နင်ပြုံးတယ်။
နှင့်မျက်နှာပေါ်မှာ ရှင်သန်ခြင်းရဲ့ ဝင့်ကြွား မှုတွေ ထင်ဟပ်နေတယ်။
' ဒါဟာ ငါတွေ့ဖူးသမျှ အပြုံးတွေထဲမှာ အ တောက်ပဆုံးပဲ' လို့ ငါပြောတယ်။
နင် ပိုတောက်တောက်ပပပြူးတယ်။ အဲဒီ အပြုံးထဲမှာ မော်ကြွား ဘဝင်မြင့်ဟန် မပါဘူး။ ရိုးရိုးရှင်းရှင်းလေးပဲ။
'နင် အသက်ရှင်ခဲ့တာပဲနော်... ကြည့်စမ်း ကျန်းမာလိုက်တဲ့ ရုပ်ခန္ဓာနဲ့ ၊ လို့ နှင့်ကိုကြည့်ပြီး ငါပြောဖြစ်တယ်။ | နင် ပြုမြဲပြုံးနေတယ်။ အချိန်ရဲ့ မတူညီတဲ့ တန်ဖိုးတွေ ငါ့ကို နင် သက်သေပြနေသလိုပဲ။
'အချိန်က နှင့်ကို မွေးဖွားတယ်။ အချိန်က နင့်ကို ဖန်တီးတယ်။ အချိန်ကပဲ နင့်ကိုဖျက်ဆီးလိမ့်မယ်' လို့ ငါ တည်တည်ငြိမ်ငြိမ်ပြော တယ်။
နင် နောင်တမရစွာ ပြုံးနေမြဲပဲ။
နင် တစ်ချိန်လုံးကြည့်နေတဲ့ နေရာကို ငါ မော့ကြည့်လိုက်တယ်။ အဲဒီနေရာက နေရောင် ခြည်ဖြာထွက်ရာ နေရာပေါ့။ အချိန်ရဲ့ မျက်မြ င် သက်သေ နေမင်းပဲဖြစ်တယ်။
'ဘယ်သူကမှ အချိန်နောက် အမီမလိုက်နိုင်ဘူး'
အဲဒီစကားကို ငါချန်ရစ်ပြီး ညနေဆည်း ဆာအချိန်လောက်မှာ နင့်ဆီကနေ ငါထွက် လာခဲ့တယ်။
နေရောင်ခြည်နောက် နင် ဇွဲမလျှော့စတမ်း လိုက်နေတုန်းပဲ။ နင့်ရင်ထဲက ယုံကြည်ချက် ကို ငါနားမလည်နိုင်တာလည်း ဖြစ်ခဲ့မှာ ပေါ့။
နင်က ငါ့ကို အမြဲအံ့ဩမှုတွေ ပေးတယ်။ နောက်ဆုံးတစ်ကြိမ် နင့်ကိုတွေ့တော့ နင်ဟာ ငါတွေးထင်တာထက် ပိုအိုစာနေခဲ့တယ်။
'ကြည့်ဦးလေ...အချိန်ကို နင်ဘာမှ မတတ် နိုင်ခဲ့ဘူး မဟုတ် လား' လို့ အကူအညီမဲ့စွာ ငါပြောတယ်။
နှင့်ခါးတွေ အရင်လို မထောင်မတ်တော့ ဘူး။ တစ်ကိုယ်လုံးလည်း အကောင်းပကတိမ ဟုတ်တော့ဘူး။
နင့်ကို ငါ ဆိတ်ဆိတ်ငြိမ်ငြိမ် ကြည့်နေမိတ ယ်။
ခေါင်းကို နင်ခက်ခက်ခဲခဲ ထောင်မတ်ထား တယ်။ အသံမထွက်ဘဲ နေမင်းကြီးကို အဲဒီနေ ရောင်ခြည်ကို မော့ကြည့်နေတုန်းပဲ။ နင့်မျက် ဝန်း အိမ်မှာ တော့ မျက်ရည်တွေ ပြည့်နေခဲ့တယ်။
အဲဒီအချိန်မှာ ပဲ... အဲဒီတစ်ခဏမှာ ပဲ... ငါ တုန်လှုပ်မိတယ်...နင် ပြုံးနေပါလား...။
စိတ်ကျေနပ်မှုအပြည့်၊ စွဲမက်ဖွယ်အကြည့် နဲ့ နင်ထွက်ခွာသွား တဲ့ အချိန်ကို ငါမေ့မရနိုင် ခဲ့ဘူး။
သိပ်မကြာတဲ့ အချိန်မှာ နင် ရှင်သန်ခဲ့တဲ့ နေရာဆီ ငါရောက်လာခဲ့ပြန်တယ်။
နင် ရှင်သန်ခဲ့တဲ့ နေရာကို ငါတွေ့တော့ ငါ အံ့သြမှင်တက်သွားမိတယ်။ နင်ရှိ ခဲ့တဲ့ နေရာ မှာ နေကြာပန်းတွေတစ်ခင်းလုံး ဖူးပွင့်နေလို က်တာ။ နေရောင် အောက်မှာ ရွှေရောင်တလ က်လက်နဲ့ သူတို့ လန်းဆန်းဝေဖြာနေလိုက်တာ။ ဟိုးအရင်တုန်းက နင့်အတိုင်းပဲ သူတို့ ပြုံးနေလိုက်တာ။
နင်မှန်ပါတယ်... ဘဝရဲ့ အတောမသတ်ခြ င်းက အချိန်အတွက် အကောင်းဆုံးဖြေရှင်းချက်ပေါ့။ အချိန်ကို ပြောင်းလဲနိုင်သည် ဖြစ်စေ၊ မပြောင်းလဲနိုင်သည် ဖြစ်စေ ရှင်သန်နေချိန်မှ အချိန်ကို တစ်စက္ကန့်၊ တစ်မိနစ် ဖမ်းဆုပ်ပြီး ဘဝအတွက်၊ တောက်ပမှုအတွက် အချိန်နဲ့ အ မျှ အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေ လုပ်ဆောင်နေဖို့ ပါပဲ။
နှစ်ပေါင်းများ စွာကြာလို့ ငါအောင်မြင်ထင် ရှားသွားတဲ့ အခါ နင့်ကို ငါ ကျေးဇူးတင် သတိ ရနေမှာ ပါ။
သစ်ငုတ်တိုမှာ လည်း နွေဦးရာသီရှိတယ်
သစ်ရွက်အ တွင်းပိုင်းမှာ ပူးပူးကပ်ကပ် | ပုန်းခိုနေတဲ့ ပန်းဖြူဖြူလေး သုံးပွင့်ကို ရုတ်တ ရက် ကျွန်မမြင်လိုက်မိတယ်။
အဲဒီပန်းလေးတွေက 'ထိခိုက်နာကျင်ခဲ့လ ည်း ၊ နွေဦးထွက်သွား ပြီဆိုပေမယ့်လည်း ... မျှော်လင့်ချက်ရှိနေသရွေ့ ဝမ်းမနည်းပါနဲ့ ' လို့ လူတွေကို ပြောနေသယောင်ပါပဲ။
အဲဒီစာပိုဒ်လေးကို ကျွန်မ ချရေးတဲ့ အချိန် က အင်္ဂလန် Bournemouth နေအိမ်မှာ ကျွန်မ ထိုင်နေတဲ့ အချိန်အခါဖြစ်တယ်။ ထိုင်နေ တဲ့နေရာကနေ ခေါင်းမော့ကြည့်ရင် ပြတင်းပေါ က်အပြင်ဘက်က သစ်ပင် တချို့ကို တွေ့မြင်နို င်တယ်။ အဲဒီသစ်ပင်တွေထဲမှာ Beech ပင်က ကျွန်မ အကြိုက်ဆုံးအပင်ဖြစ်တယ်။ ငယ်ငယ် တုန်းက အဲဒီသစ်ပင်ရဲ့ သစ်ကိုင်းဟာ ကျွန်မ အတွက် အကောင်းဆုံး ထိုင်ခုံနောက်မှီဖြစ်တ ယ်။ သစ်ကိုင်းကိုမှီပြီး 'တာဇံ' စာအုပ်ကို ကျွန် မဖတ်ခဲ့တယ်။ ကျွန်မလည်း တစ်နေ့နေ့တစ်ချိ န် ချိန်မှာ တောအုပ်ထဲနေထိုင်မယ်လို့ စိတ်ကူး ယဉ်ခဲ့ဖူးတယ်။
သစ်ပင်ကကျွန်မရဲ့ အကောင်းဆုံးအဖော်ဖြစ်ခဲ့တယ်။ မကြာခဏ ဆိုသလို သစ်ပင်ထက်မှာ ကျွန်မ နာရီတော်တော်ကြာ နေခဲ့ဖူးတယ်။ ကျွန်မ မှာ ကြိုးရှည် တစ်ချောင်းရှိတယ်။ ကြိုးတစ်စကို သစ်ကိုင်းမှာ ချည်ပြီး ကျန်ကြိုး တစ်စမှာ ခြင်း လေးတစ်လုံးချည်ထားတယ်။ သစ်ပင်ပေါ်မတက်ခင် ခြင်းထဲ မှာ စာအုပ်တစ်အုပ် ဒါမှ မဟု တ် မစားရက်ဘဲ ထားထားတဲ့ ကိတ်မုန့်တစ်ချ ပ် ဒါမှ မဟုတ် အိမ်စာလုပ်ရမယ့်စာအုပ်ကို ထ ည့်ထားတယ်။ သစ်ပင်ပေါ် ရောက်ရင် အဲဒီကြိုးကို ကျွန်မဆွဲတင်ပါတယ်။
အဲဒီသစ်ပင်ကို အရမ်းခန့်တယ်လို့ ကျွန်မ ထင်ခဲ့တယ်။ နေ့တိုင်း သူ့နာမည် 'Beech' ကို ကျွန်မ ခေါ်နေတတ်ခဲ့တယ်။ ကျွန်မရဲ့ လျှို့ဝှက် ချက်တွေ အဲဒီသစ်ပင်ကို ပြောပြတတ်ခဲ့တယ်။ ကျွန်မရဲ့ ဖောင်းဖောင်းမို့မို့ လက်ကလေးနှစ်ဖ က်နဲ့ ဒါမှ မဟုတ် ကျွန်မရဲ့ ပါးပြင်နဲ့ သူ့ရဲ့ ကြ မ်းတမ်း မာကြောတဲ့ သစ်ခေါက်ကို အမြဲပွတ် နေတတ်ခဲ့တယ်။ နွေညနေခင်းမှာ သစ်ကိုင်းကြားထဲလေညင်းတွေ ဖြတ်သန်းသွားတဲ့ အခါ သူ့ရဲ့ တီးတိုး ရေရွတ် သံတွေကို ကျွန်မကြားလိုက်မိသလိုပါပဲ။ သစ် ရွက်လေးတွေက ယိမ်းနွဲ့သီဆိုကခုန်လို့ ... ဒါဟာ ကျွန်မအတွက် သူ ဂရုတစိုက်စီစဉ်ထား တဲ့ ဖျော်ဖြေမှုဖြစ်တယ်။ လေပြင်းတိုက်တဲ့ အ ခါ သူ့လက်မောင်းကို ကျွန်မ တင်းတင်းဖက် ထားပြီး သူနဲ့ အတူ လေထဲမှာ လှုပ်ယမ်းခဲ့ကြ တယ်။
တကယ်လို့ ကျွန်မတို့ ရဲ့ သာမန်မျက်လုံးနဲ့ ပဲ မြေကြီးအောက်က အရာတွေကို တွေ့မြင်နို င်ရင် ဒါဟာ ဘယ်လောက်နှစ်လို့ ဖွယ်ကောင်း လိမ့်မလဲ...။ သစ်ပင်ကြီးတစ်ပင်အောက်မှာ ကျွန်မ လူးလာခေါက်ပြန် မိတဲ့ အခါတိုင်း အဲဒီ သစ်ပင်ရဲ့ သစ်ဆစ်၊ သစ်ဖုတွေမှာ နှစ်ကာလ ရဲ့ သမိုင်း ကြောင်းတွေ ဘယ်လောက်တောင် သိုဝှက်ထားမလဲ၊ လေထဲဆန့်ထုတ်ထား တဲ့ သစ်ကိုင်းတွေဟာ မိုးဒဏ်၊ လေဒဏ် ဘယ်လောက်တောင် သင့်ခဲ့ပြီလဲ၊ ပြီးတော့ ရေတွ က်လို့ မကုန်နိုင်တဲ့ သစ်ရွက်တွေမှာ ဆိုညည်း လို့ မကုန်နိုင်တဲ့ သီချင်းတွေ ဘယ်လောက်များရှိနေမလဲလို့ ကျွန်မတအံ့တသြဖြစ်မိတယ်။ ကျ န်မတို့ တွေ့ မြင်နေရတဲ့ မြေကြီးပေါ်က အပိုင်း အစဟာ သစ်ပင်ရဲ့ တစ်ပိုင်းတစ်စသာဖြစ်တ ယ်။ ဟိုနက်နက်မြေကြီးအောက်မှာ သူ့ရဲ့ အ တွေနဲ့ မျှော်လင့် တောင့်တမှုတွေကို မြှုပ်နှံသို ဝှက်ထားတယ်။ သစ်ပင်နဲ့ ထိတွေ့ ဆက်ဆံတာ ကြာခဲ့ပြီမို့လားမသိ... သစ်ပင်ရဲ့ ပြောစ ကားကို ကျွန်မဖတ်ရှုနိုင်သလိုပါပဲ။ လူတွေနဲ့ ကင်းကွာလို့ မရနိုင်တဲ့ သူတို့ ရဲ့ လောကတစ်ခု ကို ကျွန်မနားလည် သဘောပေါက်နေသလိုပါပဲ ။
'Survivor Tree (သက်ရှင်ကျန်ရစ်နေတဲ့ သ စ်ပင်)' လို့ အမည် ပေးထားတဲ့ သစ်ပင်က ၉/၁ ၁ အကြမ်းဖက်မှုမှာ ရှင်သန်ကျန်ရစ်နေခဲ့တဲ့ allery Pear အပင်ကြီးပေါ့။ အဲဒီသစ်ပင်ဟာ ၂ ဝ ရာစု ၇ဝ ပြည့်နှစ်ကစ နယူးယော့ခ် World Trade Center အမှတ်(၅)အဆောက်အအုံအနီးမှာ စိုက်ပျိုးခဲ့တာဖြစ်တယ်။ နှင်းတွေနဲ့ ဖုံးလွှမ်းထားတဲ့ အေးစက်စက်လောက ကြီးထဲ နွေဦးရာသီရောက် လာပြီဆိုတဲ့ အကြောင်းကို သူ့ရဲ့ အဖြူရောင် ပန်းပွင့်လေးတွေနဲ့ လူတွေ ကို နှစ်စဉ်နှစ်တိုင်း သတင်းပါးနေခဲ့တယ်။ အကြမ်းဖက်မှုမှာ ခံလိုက်ရတဲ့ အဲဒီအဆောက် အအုံထဲက အရာဝတ္ထု တော်တော်များများ လို ပဲ သူလည်း ပဲပြိုကျခဲ့တဲ့ တိုက်ညီနောင်ကြား မှာ အမြှုပ်ခံနေခဲ့ရတယ်။
အချိန်တစ်လအကြာမှာ မှ အဆောက်အအုံ ပျက်တွေကို ရှင်းလင်း တဲ့ ဝန်ထမ်းတစ်ဦးက သူ့ကိုတွေ့သွားတာဖြစ်တယ်။ အဲဒီတုန်းက သူ့ ရဲ့ အကိုင်းအခက်တွေ 'အစိတ်စိတ်ပိုင်းဖြတ်ခံ ခဲ့ရပြီ။ ပြို ကျလာတဲ့ အင်္ဂတေ တစ်ချပ်ကြောင့် သူ့ခေါင်းမရှိတော့ဘဲ ငုတ်တိုဖြစ်ခဲ့ပြီ။ ကျန်နေ တဲ့ အခက် အလက် တွေကလည်း မီးကျွမ်းနေ ခဲ့ပြီ။ သစ်မြစ်ကလည်း အပြင်းအထန် ထိခိုက်ခံ ထားရတယ်။ လူတွေက သူ့ကို နယူးယော့ခ် ပန်းဥယျာဉ်ထဲ သယ်ဆောင်ပြီး ပြုစုပျိုးထောင် ထားလိုက်တယ်။
ဥယျာဉ်အုပ်ချုပ်ရေးမှူးက
ကျွန်မကိုပြောပြတယ်... ပထမဆုံး အကြိမ် ဒီ သစ်ပင်ငုတ်တိုကို သူတွေ့တုန်းက ဘယ်လိုန ည်းနဲ့ မှ ဒီသစ်ပင်ကို ပြန်လည်ရှင်သန်ဖို့ လုပ် နိုင်မှာ မဟုတ်ဘူး လို့ သူထင်ထားခဲ့တယ်။ မီး ကျွမ်းထားတဲ့ အပိုင်းကိုဖြတ်ထုတ်ထားတဲ့ သ စ်ငုတ်တိုဟာ သူ့ကိုပြန်လည်ပျိုးယူထားတဲ့ မြေကြီးထဲမှာ အမြစ်ပေါက်လာလိမ့်မယ်လို့ သူ ထင်မထားခဲ့မိဘူး။
ဆန်းကြယ်တဲ့ ဘဝ ကံတရားရဲ့ အစီရင်ကို ခံထားရတဲ့ 'Survivor Tree (သက်ရှင်ကျန်ရစ်နေတဲ့ သစ်ပင်)'ဟာ ၂၀၁၀ ပြည့်နှစ် နွေဦးရာ သီမှာ လောင်ကျွမ်းတဲ့ မီးထဲ ပါသွားခဲ့ရပြန်တယ်။ တစ်နာရီ မိုင် ၁၆ဝ နှုန်းနဲ့ တိုက်ခတ်တဲ့ မု န်တိုင်းတစ်ခုဟာ 'Survivor Tree' ရှိရာ အရပ် ဆမာ တိုက်ခတ်သွားပြီဆိုတဲ့ အကြောင်း ဥယျာဉ်အုပ်ချုပ်ရေးမှူး သတင်းရလိုက် တယ်။ ကလေးသုံးယောက်နဲ့ "Survivor Tree' ဆီ အုပ် ချုပ်ရေးမှူးရောက် သွားချိန်မှာ သူ့ရဲ့ အမြစ်တ ချို့က မြေပြင်ပေါ်ရောက်နေခဲ့ပြီဖြစ်တယ်။ က လေးတွေအပါအဝင် တခြားလာရောက်ကူညီ သူတချို့နဲ့ 'Survivor Tree' ကို ခွဲစိတ်ကုသမှု နောက်ထပ်တစ်ကြိမ် သူတို့ ပြုလုပ်ခဲ့ကြတယ် ။
စစချင်းမှာ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် သူတို့ မလုပ်ရဲကြဘူး။ သစ်ကိုင်းတချို့ကို မပြီး သစ်ပင်ကို မြေကြီးပေါ်မှာ ထောင်မတ်နိုင်တဲ့ အနေအထားနဲ့ အပင်ရင်းမှာ မြေဩဇာနဲ့ အ ရာတချို့ ဖုံးအုပ်ရုံပဲ သူတို့ လုပ်ခဲ့တယ်။ ရေ တောင် တိုက်ရိုက်မလောင်းရဲဘဲ နေ့တိုင်း ရေ