Skip to product information
1 of 12

Other Websites

နိုင်ရဲကျော် - နိုင်ငံတကာဂီတယန္တရား

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

Copyright - ဆိုတာဘာလဲ

 

          မူပိုင်ခွင့်လို့ မြန်မာလိုအားလုံးနားလည်ထားကြတဲ့ copyrightဆိုတာ ကိုယ်ဖန်တီးလိုက်တဲ့လက်ရာတစ်ခုကို ကိုယ် ကိုယ်တိုင်တင်းပြည့်ကျပ်ပြည့် ပိုင်ဆိုင်ခွင့်ရှိစေဖို့ (တခြားသူများမှ အခမဲ့ပုံတူကူးချ၊ ခိုးယူခြင်းမရှိစေဖို) ဥပဒေနဲ့သတ်မှတ်ပြဌါန်း ပေးထားတဲ့ ပိုင်ဆိုင်ခွင့်တစ်မျိုးပဲဖြစ်ပါတယ်။ 

          ကျန်တဲ့နည်းပညာတွေနဲ့ပတ်သက်တဲ့မူပိုင်ခွင့်ကိုတော့patentrightလို့ခေါ်ပြီး အနုပညာနဲ့ပတ်သက်တဲ့မူပိုင်ခွင့်တွေကိုသာcopyrightလို့သုံးစွဲပါတယ်။ ၁၇၉၈ခုနှစ်ကတည်းက အမေရိကန်မှာထုတ်ပြန်ခဲ့တဲ့ US Copyright Act ကတော့ ကမ္ဘာပေါ်မှာ အစောဆုံးမူပိုင်ခွင့်ဆိုင်ရာဥပဒေဖြစ်မယ် ထင်ပါ တယ်။ ဥပဒေအသုံးအနှုန်းအရပြောမယ်ဆိုရင် ကျွန်တော်တို့ ဖန်တီးလိုက်သမျှဂီတဟာ “ဉာဏဆိုင်ရာပိုင်ဆိုင်မှု (Intellectualproperty)”တွေထဲမှာပါဝင်ပါတယ်။ လူတစ်ယောက်ဟာသီချင်းတစ်ပုဒ်ကိုရေးလိုက်ပြီဆိုရင်သူဟာသူ့သချင်းအတွက်ရုံးမှာသွားပြီးမှတ်ပုံတင်မထားလဲသီချင်းရေးသူဟာသီချင်းအတွက်မူပိုင်ခွင့်ကိုအလိုအလျောက်ပိုင်ဆိုင်ပြီးသားဖြစ်တယ်လို့ ဥပဒေကအဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဒီနေ့ခေတ်မှာတော့ မူပိုင်ခွင့်ဥပဒေ (copyright Act) ဆိုတာနိုင်ငံတိုင်းလိုလိုမှာ ပြ ငွန်းထားကြပြီး သတ်မှတ်ချက်တွေကတော့ နိုင်ငံအလိုက် အနည်း ငယ်စီကွဲပြားမှုတွေရှိပါတယ်။ ဒါပေမယ့် ဘယ်နိုင်ငံမှာမဆို တူညီတဲ့ အချက်ကတော့ ကိုယ်ဖန်တီးလိုက်တဲ့ဂီတကို တစ်ခြားသူတွေက နေ တရားမဝင်ကူးယူခြင်း၊ ပုံတူကူးချခြင်း၊ အများပြည်သူရှေ့မှောက် ဖျော်ဖြေခြင်းစတဲ့ အချက်တွေကို copyright ဆိုတဲ့ဥပဒေကနေ ကာကွယ်ပေးထားတာပဲဖြစ်ပါတယ်

           ကိန်းဂဏန်းအချက်အလက်တွေ အနည်းငယ်ကွဲပြားနိုင်ပေမယ့် မူပိုင်ခွင့်ဥပဒေဆိုင်ရာအဓိပ္ပါယ်ဖွင့်ဆိုချက်တွေးသတ်မှတ်ချက်တွေနဲ့ပတ်သက်ရင်နိုင်ငံတကာရဲ့စံနှုန်းတွေဟာအတူတူပဲ လို့ဆိုနိုင်ပါတယ်။ သီချင်းရေးသူတစ်ယောက်ဟာ သူ့သီချင်းကိုရေးပြီးတဲ့ အချိန်ဟာမူပိုင်ခွင့်စရတဲ့အချိန်လို့ သတ်မှတ်ပါတယ်။ မူပိုင်ခွင့်အတွက်ရုံးမှာသွားပြီးလျှောက်လွှာဝယ်၊ မှတ်ပုံတင်ထားစရာတောင်မလိုပါဘူး။ ဒါပေမယ့် မူပိုင်ခွင့်မှတ်ပုံတင်ထားခြင်းသာလျှင်ဒီသီချင်းဟာကိုယ့်သီချင်းအမှန်တကယ်ဖြစ်ကြောင်း ခိုင်လုံတဲ့“သက်သေ”ဖြစ်တာမို့ သီချင်းရေးသူအားလုံးနီးပါးကတော့မူပိုင်ခွင့်ကိုတရားဝင်လျှောက်ကြပါတယ်။ ကိုယ့်သီချင်းကို တခြားသူအသုံးပြုခွင့်ပေးပြီးဖြစ်စေ၊မပေးရသေးဘူးဖြစ်စေ တရားဝင်မူပိုင်ခွင့် တင်ထားခြင်းကတော့အခိုင်လုံဆုံးသက်သေပဲဖြစ်ပါတယ်။နိုင်ငံတကာမှာတော့ သီချင်းရေးသူအများစုဟာ မူပိုင်ခွင့်အတွက် ကိုယ်တိုင်ရုံးသွားပြီး လျှောက်လွှာဝယ်တာမျိုးထက် publishing companyလို့ခေါ်တဲ့ ကြားခံဝန်ဆောင်မှူးအဖွဲ့တွေလက်ထဲကိုပဲသီချင်းကိုအပ်လိုက်လေ့ရှိပြီး ဒီpublisher တွေကပဲလိုအပ်တဲ့ copyright ကိစ္စတွေကိုအစအဆုံးတာဝန်ယူလုပ်ပေးကြတဲ့စနစ်နဲ့အသားကျနေတာအတော်ကြာပါပြီ။

          မူပိုင်ခွင့်သက်တမ်းဟာ ဘယ်လောက်အထိရှိနိုင်ပါသလဲ။ အမေရိကန်နိုင်ငံရဲ့ မူပိုင်ခွင့်ဥပဒေမှာဆိုရင်မူပိုင်ခွင့်ဟာဂီတကိုဖန်တီးသူရဲ့တစ်သက်တာအပြင်သေဆုံးပြီးနောက်ထပ်နှစ်၇၀အထိကိုသူကပဲပိုင်ဆိုင်ခွင့်ရှိပါတယ်။အဆိုပါ တေးရေးဆရာသေဆုံးသွားတဲ့ နောက်မှာတော့ သူ့ရဲ့မူပိုင်ခွင့်ကို သူ့ရဲ့မိသားစုကဆက်လက်ပိုင်ဆိုင်ခွင့်ရပါတယ်။ အမေရိကရဲ့ဥပဒေအရဆိုရင် အကယ်၍တေးရေးတစ်ယောက်ဟာ၂၀၁၀ခုနှစ်လောက်မှာ ကွယ်လွန်သွားတယ်ဆိုရင်သူရေးခဲ့တဲ့သီချင်းတွေအားလုံးအတွက် မူပိုင်ခွင့်ကို၂၀၈၀ခုနှစ်အထိသူ့မိသားစုက ဆက်လက်ပိုင်ဆိုင်ခွင့် ရမှာဖြစ်ပါတယ်။ အမေရိကလိုနေရာမျိုးမှာက သီချင်းတစ်ပုဒ်လောက်ပဲတကယ်ပေါက်သွားခဲ့ရုံနဲ့တင် တစ်သက်စာအတွက် လုံလောက်တာထက်ပိုတဲ့ငွေကြေးမျိုးကို ရနိုင်တာမို့သီချင်းတွေရဲ့copyrightကို ကိုင်ထားသူအတွက် ရမယ့် အကျိုးအမြတ်ဟာ ကြီးမားလှပါတယ်။

 

Copyright အမျိုးအစား 

          

          ၁၉၇၆ အမေရိကန်မူပိုင်ခွင့် ဥပဒေအရ အမျိုးအစား အလိုက်သတ်မှတ်ပေးထားတဲ့ မူပိုင်ခွင့်၆မျိုးရှိပါတယ်။ ထည့်သွင်း စဉ်းစားသင့်တဲ့အချက်ထဲမှာပါတယ်လို့ ယူဆမိတဲ့အတွက် နမူနာ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ သီချင်းအားအသံသွင်းခြင်းနှင့် ကော်ပီကူးယူခြင်း

         

           သီချင်းအားကော်ပီကူးယူခြင်း(သို့)အသံသွင်းခြင်းအား သီချင်းရေးသူမှ လုပ်ပိုင်ခွင့်ရှိသည်။ သီဆိုအသံသွင်းခြင်းအား ပြုလုပ်သူသည် အသံသွင်းထားသည်ဖန်တီးမှုအား ကော်ပီကူးယူခွင့်ရှိသည်။

 

၂။ ဖြန်ချီရေးမူပိုင်ခွင့်

 

          သီချင်းရေးသူသည် သူ၏သီချင်းခွေ(သို့)သီချင်းအား ဖြန်ဖြူးပိုင်ခွင့်ရှိစေရမည်။ အသံသွင်းခြင်းအားပြုလုပ်ပေးသူသည် အသံသွင်းထားသည်ဖန်တီးမှုကိုသာ ဖြန့်ချိခွင့်ရှိသည်။

 

၃။ ဆင့်ပွားဖန်တီးခြင်းဆိုင်ရာမူပိုင်ခွင့်

 

          သီချင်းတစ်ပုဒ်အား ဆင့်ပွားဖန်တီးခြင်း(ဥပမာစာသားပြောင်းထည့်ခြင်းပြင်ဆင်ခြင်း၊ အသစ်ထပ်မံအသံသွင်းခြင်း)စသည်အားသီချင်းရေးသူသာလျှင် လုပ်ပိုင်ခွင့်ရှိသည်။ သီချင်းရေးသူသ ည််မိမိသီချင်း(song)တွင်သာမက အသံသွင်းပြီးသား ဖန်တီးမှု (sound recording)အပေါ်မှာပါ ဆင့်ပွားဖန်တီးနိုင်ခွင့်ရှိသည်။

 

၄။ အများပြည်သူရှေ့မှောက်တွင်ဖျော်ဖြေခြင်း

 

          Public performance right ဟုခေါ်သည့် အများပြည်သူရှေ့မှောက်ဖျော်ဖြေခွင့်ဟူသည်မှာ သီချင်းနှင့်သာသက်ဆိုင်ပြီး အသံသွင်းတီးခတ်မှု(soundrecordingအသံသွင်းပြီးသားသီချင်းကိုဆိုလိုသည်)နှင့်မသက်ဆိုင်သော အများပြည်သူရှေ့တွင်ဖျော်ဖြေခြင်းဆိုသည်မှာတစ်ဦးတစ်ယောက်ချင်းဖြစ်စေ၊တီးဝိုင်းဖြင့်ဖြစ်စေသီချင်းအားတီးခတ်သီဆိုဖျော်ဖြေခြင်း၊အသံသွင်းထားသည်သီချင်းအားအသံချဲ့စက်ဖြင့်ဖွင့်ခြင်း၊ရေဒီယိုမှလွှင့်ထုတ်ခြင်းတို့ပါဝင်သည်။ သီချင်းရေးသူသည် မိမိသီချင်းအား အများ ပြည်သူရှေ့မှောက်တွင် သီဆိုဖျော်ဖြေခွင့်ရှိပြီး တစ်ခြားသူမှ မိမိ သီချင်းအားသီဆိုဖျော်ဖြေပါက royalty ဟုခေါ်သည့် အကျိုးခံစား ခွင့်အား ကောက်ခံရယူပိုင်ခွင့်ရှိသည်။

 

           A Song 

           “သီချင်း”တစ်ပုဒ်ဆိုတာ melody ‌ကောဒ့်များနဲ့အတူ 

            တွဲပါရှိတဲ့စာသားများလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်

 

မှတ်ချက်။

         အများပြည်သူရှေ့ ဖျော်ဖြေခွင့်အတွက်“သီချင်းကိုသာ မှတ်ပုံတင်နိုင်ပြီး“အသံသွင်းပြီးသားသီချင်း” (sound recording)ကိုမူ မှတ်ပုံတင်ထား၍မရပေ။ သို့ဖြစ်ရာတီးဝိုင်းအဖွဲ့ သည် ကိုယ်တိုင်ဖျော်ဖြေမှသာအခကြေးငွေရပြီး တခြားသူများ၏ဖျော်ဖြေတီးခတ်မှု၊ ရေဒီယိုတွင်ထုတ်လွှင့်မှုများနှင့်ပတ်သက်၍ royaltyအားထပ်မံရရှိစရာမရှိပေ။

 

 Digital Audio ဖြင့်ဖျော်ဖြေထုတ်လွှင့်ခြင်း

        

           ဒီအချက်ကတော့ အင်တာနက်မှာတင်တာရယ်၊ အင် တာနက်ကလွှင့်တဲ့ Satellite Radio လိုင်းတွေနဲ့ပဲ သက်ဆိုင်ပါတယ်။”သီချင်းတွေနဲ့မသက်ဆိုင်တော့ပဲ“တီးလုံးတွေနဲ့ပဲသက်ဆိုင်ပါတယ်။ ဒီနေရာတွေမှာ ထုတ်လွှင့်မှုတွေအတွက်“သီချင်း”အတွက်royaltyထပ်မံရရှိမှာမဟုတ်တော့ပဲ“တီးလုံး(soundrecording)”တွေပဲအခကြေးငွေရရှိနိုင်မှာ ဖြစ်ပါတယ်။

 

၆။ အများပြည်သူရှေ့မှောက် ခင်းကျင်းပြသခြင်း

 

          ဒီမူပိုင်ခွင့်ကတော့သီချင်း”နဲပဲ သက်ဆိုင်ပါတယ်။ ဂီတကို နုတ်စ်အဖြစ်နဲ့စာရွက်(သို့)စာအုပ်အဖြစ် ပြန်လည်ထုတ်ဝေခြင်း၊ စာသားများအား စာအုပ်အဖြစ်ပြန်လည်ထုတ်ဝေခြင်း (သို့)အင်တာ

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)