Skip to product information
1 of 5

Other Websites

နိုင်မြင့် - ဒိုက်ငြိလှေကလေးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မောဟတစ်ဆစ်ချိုး

၁။

 

          ဒီမနက် မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်ကတည်းက တောက်တိုမည်ရ တွေနဲ့ အလုပ်ရှုပ်နေတယ်။ ထမင်းကြမ်းကို ထန်းလျက်ခဲနဲ့ စားလိုက်ပြီး သူများအပ်ထားတဲ့ ထရံတွေကို ပြီးပြတ်အောင် ရက်လိုက်တယ်။ ထရံတွေ လည်း ရက်ပြီးရော ထမင်းအိုးတစ်အိုး တည်လိုက်တယ်။ ဟင်းကတော့ စားခါနီးမှပဲ ဘဲဥကြော်မယ်။ ထမင်းအိုးလည်းကျက်ရော နှီးဖြာစရာကလေးတွေ ရှိတာနဲ့ ခြံနောက်ဖေး ဝါးယားရုံ တစ်ရုံကနေ ခပ်ရင့်ရင့် ဝါးယားတစ်လုံးကို ခုတ်လိုက်တယ်။ ပြီးတော့ အကိုင်းအခက်တွေကို ခုတ်ထစ်လိုက်ပြီး နှီးဖြာဖို့ အတွက် ဝါးဆစ်ကလေးတွေ ပိုင်းလိုက်တယ်။

          ခြံထဲမှာလည်း နေက တော်တော်ထိုးနေတဲ့အတွက် အိမ်ပေါ်မှာ နှီးဖြာမှပဲ ဖြစ်တော့မယ်။ အဲဒါနဲ့ ခုတ်ထစ်ဖြတ်တောက်ပြီးသား ဝါးဆစ်ပိုင်း ကလေးတွေကို အိမ်ပေါ်တင်လိုက်ပြီး နှီးဖြာမယ်အလုပ်မှာ ဓားမောက် ကလေးက နည်းနည်းတုံးနေလို့ ဓားသွေးကျောက်ပေါ်မှာ ခဏလောက် သွေးလိုက်တယ်။ ဓားမောက်ကလေး ထက်လာတော့မှ ရေနွေးကြမ်းတစ်အိုးနဲ့ စိမ်ပြေနပြေ နှီးဖြာနေလိုက်တယ်။

          အဲဒီတုန်းမှာပဲ - 

         “ဦးကြီးသာစိန်... ဒါ့.. ဦးကြီးသာစိန်” 

          အိမ်ရှေ့က ခေါ်သံကြားတာနဲ့ ကြည့်လိုက်တော့ မောင်ကို ဖြစ်နေတယ်။ ကျုပ်လည်း နှီးဖြာနေတဲ့ မောက်ကလေးကို အနားမှာ ချထားလိုက် ပြီး “ဝင်ခဲ့လေကွာ””လို့ လှမ်းပြောလိုက်တယ်။

          မောင်ကိုကိုအကဲခတ်လိုက်တော့ ကျုပ်ကိုပြောစရာတစ်ခုခုရှိလို့ရောက်လာတဲ့ပုံပဲ။ သူ့နဖူးမှာလည်းချွေး

တွေက သီးလို့။ နေကလည်း ထန်းတစ် ဖျားတောင် ရောက်ပြီကိုး။ မောင်ကိုက ဘာတစ်ခွန်းမှမပြောရသေးခင်မှာပဲ ရေနွေးကြမ်းအိုးထဲက ရေနွေးကြမ်းတစ်ခွက်ကိုငဲ့ပြီး အားရပါးရသောက်လိုက်တယ်။ရေနွေးကြမ်းကအေးနေတော့ မှုတ်သောက်စရာတောင် မလိုဘူး။

          “ဘာကိစ္စလဲကွ”လို့ ကျုပ်က မေးလိုက်တော့ မောင်ကိုက နဖူးက ချွေးစေးတွေကို လက်ခုံနဲ့ သပ်လိုက်ရင်း

          “ဦးကြီးသာစိန်ကို ကျုပ် ပြောစရာတစ်ခုရှိလို့” 

          “ပြောလေကွာ”လို့ ကျုပ်က စကားလမ်းကြောင်း ဖွင့်ပေးလိုက်တယ်။ 

          “တောက်ထိန်နဲ့ ရွှေညိုတို့ အပြေးပြိုင်ကြမလို့တဲ့” 

          “ရွှေညိုဆိုတာ စံဖေရဲ့မြင်းကို ပြောတာ မဟုတ်လား”

           မောင်ကိုက ခေါင်းတစ်ချက် ညိတ်လိုက်ပြီး-

           “ဟုတ်တာပေါ့ ဦးကြီးရ”

          ကြားလိုက်ရတဲ့ သတင်းကြောင့် ကျုပ် အံ့အားသင့်သွားတယ်။ မြင်း နဲ့လူ အပြေးပြိုင်တယ်ဆိုတော့ မြင်းပဲ နိုင်မှာပေါ့။ နောက်ပြီး စံဖေရဲ့မြင်း ရွှေညိုဆိုတာကလည်း ကျုပ်တို့နယ်တစ်ဝိုက် နာမည်အကြီးဆုံးမြင်း။ သူ့ကိုပြိုင် နိုင်တဲ့မြင်းမျိုး အနီးအနားမှာ မရှိသေးဘူး။ ရွှေညိုကလည်း စံဖေရဲ့ တစ်လက် ကိုင်။ ကျုပ်ကြားဖူးတာ တစ်ခုကတော့ စံဖေရဲ့ အဘိုးလေးက မင်းတုန်းမင်း ကြီးလက်ထက်တုန်းက မြင်းမှုထမ်းဆိုပဲ။ ဒီတော့ စံဖေက မြင်းနဲ့ပတ်သက်တဲ့ ပညာကို ဘိုးဘေးဘီဘင်တွေဆီက ရထားပြီးသား။ ဒါပေမဲ့ ရွှေညိုနဲ့ ပြိုင်ပြေး မယ့်လူက တောက်ထိန်ဖြစ်နေတဲ့အတွက် ဒီကိစ္စမှာ ခိုင်လုံတဲ့အကြောင်း တစ်ခုခု ရှိရမယ်လို့ တွက်ဆလိုက်တယ်။ ဒါကြောင့်မို့လို့ -

          “တောက်ထိန်တစ်ယောက် ဘာတွေ ကြံစည်နေပြန်ပြီလဲကွ”လို့ ကျုပ်က မေးလိုက်တော့ မောင်ကိုက ရှေ့နောက်ဝဲယာကို ဝေ့ကြည့်လိုက်ပြီး အနီးအနားမှာ တစ်ယောက်မှ မရှိမှန်း သေချာတော့မှ လေသံတိုးတိုးနဲ့ ပြောတယ်။

           “ဦးကြီးသာစိန်ရ၊ ကျုပ်တို့အမျိုးတွေတော့ မုတ်ဆိတ်ပျားစွဲပြီ” 

          “ဘာဖြစ်လို့လဲကွ”လို့ ကျုပ် စိတ်ဝင်တစား မေးလိုက်တယ်။

          “ဟိုနေ့က တောက်ထိန်နဲ့ ကိုစံဖေတို့ စကားနိုင်လုကြတယ်။ နောက်ဆုံး ဘယ်လိုကနေ ဘယ်လို ရွှေညိုဘက်ကို စကားဦးလှည့်သွားလည်း မသိပါဘူးဗျာ။ တောက်ထိန်က ကျုပ်ကိုသာ အကျောပေး၊ ရွှေညိုကို နိုင်အောင် ပြေးမယ် ပြောတာနဲ့ ပြိုင်ပွဲလုပ်ဖို့ ဖြစ်မြောက်သွားတာ။ ကျုပ်တို့အမျိုးတွေ တောက်ထိန်ဘက်က မျက်စိမှိတ်ပြီး လောင်းရုံပဲ။ ကျိန်းသေနိုင်မှာ””လို့ပြောပြီး မောင်ကိုက ရေနွေးကြမ်း နောက်တစ်ခွက်ကို ငဲ့သောက်လိုက်တယ်။

           “ရွှေညိုချည်းပဲ ပြေးမှာလား” 

           “ရွှေညိုချည်းပဲတော့ ဘယ်ဟုတ်မှာလဲဗျ၊ ကိုစံဖေက စီးမှာပေါ့”

           “ဟ...ဒါဆို မြင်းက သေချာပေါက် နိုင်မှာပေါ့ကွ”

           “ဦးကြီးကလည်း ရိုးရိုးတန်းတန်းပြေးမယ်ဆိုရင်တော့ မြင်းက နိုင်မှာပေါ့။ ဒါပေမဲ့ မြင်းက လူကို အကျောပေးပြီးပြိုင်မှာ”

           “ပြိုင်မယ့်နေရာကရောကွာ”

           “မြင်းက တာပကနေ မန်ကျည်းကုန်းအထိ လှည်းလမ်းကြောင်း အတိုင်း ပြေးရမှာ။ တောက်ထိန်ကတော့ အလယ်ဇရပ်ကနေ မန်ကျည်းကုန်း အထိ ပြေးရမှာ။ မြင်းက လူကို ခရီးတစ်ဝက် အကျောပေးရတာပေါ့”

           တာပဆိုတာ ကျုပ်တို့ မန်ကျည်းကုန်းရွာကနေ နှစ်မိုင်ပျော့ပျော့ဝေး တယ်။အလယ်ဇရပ်ဆိုတာကတာပနဲ့ မန်ကျည်းကုန်း နှစ်ရွာကြားက ဇရပ် ပဲ။ လမ်းသွားလမ်းလာ ခရီးသည်တွေ ခဏတစ်ဖြုတ် အမောအပန်းဖြေကြတဲ့ ဇရပ်ပေါ့။ သူဌေးဦးမောင်ကြီး ဆောက်လုပ်လှူဒါန်းထားတာ။ ဇရပ်ပတ်ပတ် လည်မှာလည်း ကုက္ကိုပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း။

           တာပရွာက ဝက်သားသည်၊ တံခွန်တိုင်ရွာက သရက်သီးသည် တွေ၊ အထက်အညာကလာတဲ့ ဆီးယို၊ ပေါက်ပေါက်ဆုပ်၊ ရှင်မတောင် သနပ်ခါးသည်တွေဟာ မန်ကျည်းကုန်းကို ဈေးလာရောင်းရင် အလယ်ဇရပ်မှာ နားနားနေနေ ရေဝင်သောက်ကြတယ်။ အလယ်ဇရပ်မှာရှိတဲ့ ရေအိုးစင်ကို ဇရပ်နဲ့ အနီးဆုံး တဲရှင် ကိုစံချိန်က ရေဖြည့်ပေးတယ်။ 

           ကျုပ်လည်း သိချင်တဲ့ကိစ္စတစ်ခုကို မေးလိုက်တယ်။

          “ပန်းဝင်မယ့်နေရာက ဘယ်နားလဲကွ” 

           “ရွာစပ်က ထိမ်ပင်ကြီးအောက်”

            လို့ မောင်ကိုက ပြန်ဖြေတဲ့အခါ ကျုပ် မျက်လုံးပြူးသွားတယ်။

           “ဟ...သင်္ချိုင်းကုန်းနားက ထိမ်ပင်ကြီးပေါ့” 

           “ဟုတ်တယ် ဦးကြီးရေ” “ဒါနဲ့ ဘယ်အချိန်လဲ”

            “သန်ဘက်ခါ ညနေဘက်”” 

            မောင်ကိုရဲ့စကားကို ကျုပ် တဖြည်းဖြည်း စိတ်ဝင်စားလာတယ်။

            မောင်ထိန်က

           “တောက်ထိန်ကပြောတယ်ဗျ။ကျုပ်တို့အမျိုးတွေအကုန်လုံးသူ့ဘက်ကလောင်းသာလောင်း၊နိုင်စေရမယ်တဲ့။ ဒါကြောင့်မို့လို့ ကျုပ်လည်း ဦးကြီးသာစိန်ကို လာပြောတာ။ တောက်ထိန်ဘက်က လောင်းဖို့”

           “ဘယ်သူက ဒိုင်လဲကွ”

           “ကိုစံဖေပေါ့ ဗျ၊ သူ့ဆီမှာပဲ လောင်းကြေးထပ်ရမှာ။ ဦးကြီးသာစိန် စိတ်ကူးမလွဲနဲ့။ ကျုပ် ထပ်လာခဲ့ဦးမယ်”

           လို့ပြောပြီး မောင်ကို ထွက်သွားတယ်။ ကျုပ်လည်း စောစောက ချထားတဲ့ ဓားမောက်ကလေးကို ပြန်ကောက်ကိုင်လိုက်ပြီး နှီးဆက်ဖြာနေရင်း မောင်ကိုရဲ့ စကားကို တွေးနေမိတယ်။

 

၂။

          တောက်ထိန်ရော၊ မောင်ကိုရော နှစ်ယောက်စလုံးက ကျုပ်တူတွေ ချည်းပဲ။ သူတို့နှစ်ယောက်က ညီအစ်ကိုရင်းတွေတော့မဟုတ်ဘူး။ညီအစ်ကိုတစ်ဝမ်းကွဲတွေ။တောက်ထိန်ကကျုပ်အစ်မထွေးရီကမွေးတာ။ မောင်ကိုက ကျုပ်ညီမ လှရီကမွေးတာ။ တောက်ထိန်ကစနေသား။နေတက်၊ရေတက်မှာမွေးခဲ့တာ။ တောက်ထိန်ကကျုပ်တို့မန်ကျည်းကုန်းမှာနာမည်ကြီး။ကောင်းတဲ့ဘက်မှာတော့မဟုတ်ဘူး။မကောင်းတဲ့ဘက်မှာ။ အရက်သောက်၊ ထန်းရည်သောက်၊ ကြက််တိုက်၊နွားလောင်း၊ဖဲရိုက်နဲ့မကောင်းတဲ့ ဒုစရိုက်မှန်

သမျှတော်တော်များများလုပ်တဲ့ကောင်။ သူများမယားကြာမခိုတာကိုပဲဒီကောင့်ကျေးဇူးတင်ရမလို။ ထစ်ခ

နဲဆိုတာနဲ့ရန်ဖြစ်၊ရန်ဖြစ်တာနဲ့လက်ကပါပြီ။ကိုယ်ခံပညာနည်းနည်းတတ်ထားတာကိုကမြင်းကိုချိုတပ်ပေးလိုက်သလိုဖြစ်နေပြီ။ တောက်ထိန်ရဲ့အဖေကျုပ်ယောက်ဖစံအေးကသူ့ကိုခပ်ငယ်ငယ်ကတည်းကဗန်တိုကျော်လှိုင်ဆီ

မှာတပည့်ခံခိုင်းထားတာ။ ဗန်တိုကျော်လှိုင်ဆိုတာကျုပ်တို့ရွာနီးချုပ်စပ်မှာ နာမည်ကြီးဗန်တိုဆရာကြီး။ ဓားပြ

တွေကိုတောင် သူ့ရဲ့ဗန်တိုပညာနဲ့ အမိဖမ်းခဲ့ဖူးတယ်။ အခုတော့ ဆရာကြီးလည်း မရှိတော့ဘူး။ ကွယ်လွန်ပါပြီ။ တောက်ထိန်က ဗန်တိုကျော်လှိုင်ရဲ့ ပညာတွေ ကို အကုန်နီးနီး ရထားတယ်လို့ နာမည်ကြီးတယ်။

          တောက်ထိန်ရဲ့အကျင့်က အရက်ဝိုင်းမှာပဲဖြစ်ဖြစ်၊ ဖဲဝိုင်းမှာပဲဖြစ်ဖြစ် ကြက်ဝိုင်းမှာပဲဖြစ်ဖြစ်သူကလက်ဦး

အောင်ဆော်ထည့်လိုက်တာပဲ။ အင်္ကျီကိုအမြဲတမ်းအပြင်ထုတ်ဝတ်ပြီးခါးကြားမှာ တုတ်တိုတစ်ချောင်း အမြဲထိုး

ထားတယ်။ နောက်ပြီးတောက်ထိန်ကတုတ်ပြီး၊ ဓားပြီးတယ်ဆိုပြီးနာမည်ကြီးတယ်။ တောက်ထိန်ဆီမှာချိုးအမြူ

တေ ရထားတယ်လို့ ပြောသံကြားဖူးတယ်။ ဟုတ်၊ မဟုတ်တော့ ကျုပ်လည်း မပြောတတ်ဘူး။ တစ်ခါတုန်းက ရွာမြောက် ပိုင်းက သိန်းအောင်တို့ ညီအစ်ကိုက တောက်ထိန်ကို ချောင်းရိုက်ခဲ့ဖူးတယ်။တောက်ထိန် ဘာမှ ဖြစ်မသွားဘူး။ ဟိုကောင်တွေညီအစ်ကိုပဲ တော်တော်ခံ လိုက်ရတယ်။ အဲဒီကတည်းကစပြီး တောက်ထိန်ကို ရွာထဲကလူတွေ ဘယ်သူ ကမှ မစရဲတော့ဘူး။ ဒါပေမဲ့ ဒီကောင် အပြေးသန်တာကတော့ တကယ်။ ရွာထဲမှာ သူ့ကို ယှဉ်ပြေးနိုင်တဲ့ကောင် မရှိဘူး။ သက်လုံကလည်း ကောင်းမှ ကောင်း။

          တောက်ထိန်က လူပျိုပေါက်စကတည်းက စပြီး ဆိုးလာတာ။ ခြေ ငြိမ်အောင်ဆိုပြီး ရွာတောင်ပိုင်းက ကိုဖိုးထင်ရဲ့သမီးစိန်မေနဲ့ပေးစားလိုက်တယ်။ မိန်းမရသွားတာပဲအဖတ်တင်တယ်။ တောက်ထိန်ကပိုပြီးတော့

တောင် ဆိုးလာတယ်။ မိန်းမကိုလည်း ကောင်းကောင်းမွန်မွန် ရှာမကျွေးဘူး။ စိန်မေ လည်း လင်ဆိုးမယား တဖားဖားဆိုသလို အလုပ်ပေါင်းစုံကို လုပ်ရတယ်။ကောက်စိုက်၊ ပျိုးနုတ်၊ ရွာထဲမှာ မုန့်စိမ်းပေါင်း လှည့်ရောင်းနဲ့။ အလုပ်ကို စုံနေတာပဲ။ ဒီကောင်မကလေးကကျုပ်ကိုတော့ခင်ရှာပါတယ်။ဘယ်နေရာမှာပဲတွေ့တွေ့“ဦးကြီးသာစိန် ဘယ်သွားမလို့လဲ ဘယ်လဲ”ဆိုပြီး ကျုပ်ကိုဦးအောင်နှုတ်ဆက်တတ်တယ်။ကျုပ်ကလည်းကိုယ့်တူရဲ့မိန်းမဆိုတော့ အလိုက်အထိုက် ပြန်ပြောပါတယ်။

          ခေတ်ကြီးကလည်းဂျပန်အပြေးအင်္ဂလိပ်ပြန်အဝင်ဆိုတော့သူကြီးရဲ့သြဇာလျော့ရဲနေတဲ့အချိန်။တောက်ထိန် ဘယ်လောက်ပဲဆိုးဆိုး သူကြီးက ထိတ်တုံးမခတ်ရဲဘူး။ အလိုက်သင့်အလျားသင့် မျှောပြီးဆက်ဆံနေရတယ်။ နောက်ပြီး သူကြီးရဲ့ နှစ်လုံးပြူးသေနတ်ထဲမှာလည်း ကျည်ဆန် မရှိဘူး။

          တောက်ထိန်ကို ထိတာနဲ့ သူကြီးကို ပြန်ပြီးတော့ တစ်နည်းမဟုတ် တစ်နည်း ဒုက္ခပေးမယ့်ကောင်တွေ ရှိတယ်။

          တောက်ထိန်ကလည်းတပည့်လက်သားတွေမွေးထားတယ်။တောက်ထိန်ကကျုပ်တူအရင်းခေါက်ခေါက်

ဖြစ်ပေမယ့်သူ့ကိုဆုံးမဖို့စိတ်မကူးဘူး။ဒီကောင်ကကျုပ်စကားမပြောနဲ့ဆရာတော့်စကားတောင်နားထောင်တဲ့

ကောင်စားမျိုး မဟုတ်ဘူး။ ဒါကြောင့်မို့လို့ အသေဝနာစ ဗာလာနံ ဆိုတဲ့ ဘုရားဟော ပါဠိနဲ့အညီ ကျုပ်နေတာ။

          တစ်ခါတလေကျတော့လည်း ဒီကောင်က အမျိုးမှန်းတော့ အသိသား။ ပြီးခဲ့တဲ့နွေတုန်းက နေပူရှိန်ပြင်း

လွန်းလို့ တော်ရုံတန်ရုံ ရေခန်းလေ့ ခန်းထ မရှိတဲ့ ရွာထိပ် ရေကန်ကြီးတောင် ခန်းတယ်။

          သည်တော့ကာ နွံထဲမှာတိုးနေတဲ့ငါးတွေကို ဘယ်သူကမှ မဖမ်းရဘူးဆိုပြီး တောက်ထိန်ကကြုံးဝါးထား

တယ်။ သူတစ်ယောက်တည်းပဲဖမ်းမယ်ဆိုတဲ့သဘောနဲ့ကန်ပေါင်ပေါ်မှာဓားရှည်တစ်ချောင်းစိုက်ပြီးထိုင်နေတယ်။ ဖမ်းရဲတဲ့သူ ကန်ထဲဆင်းသာဖမ်း၊ ဖမ်းတာနဲ့ ဓားနဲ့ ခုတ်မယ် ဆိုတဲ့သဘော။

          ကန်ရေခန်းတဲ့အချိန်ဆိုရင် ငါးခူကြီးတွေ ရတတ်တယ်။ ဒါပေမဲ့ ဘယ်သူမှ ငါးဖမ်းဖို့ မပြောနဲ့ ကန်ပေါင်ပေါ် ဖြတ်ပြီးတော့တောင်မလျှောက်ရဲကြဘူး။ ဘေးလူတွေအသာထား။ ကျုပ်လိုဦးလေးတစ်ယောက်တောင်တောက်

ထိန်ထိုင်နေတဲ့ကန်ပေါင်ပေါ်ဖြတ်လျှောက်ဖို့စိတ်ကူးမရှိဘူး။ ဒါပေမဲ့ကျုပ်လည်း ကိစ္စတစ်ခုရှိလို့အဲဒီနားမလှမ်းမ

ကမ်းက ဖြတ်အသွားမှာ ကျုပ်ကို မြင်တော့ တောက်ထိန်က လှမ်းခေါ်တယ်။ 

          “ဦးကြီးသာစိန် လာပါဦးဗျ”

 

 

         

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)