နန်းညွန့်ဆွေ - မြန်မာဂီတပညာရှင်များ
ကုန်းဘောင်ခေတ်သည် မြန်မာစာပေဂီတသဘင်စသည့် အနုပညာများ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်ခဲ့သည့် ခေတ်ဖြစ်သည်။ တိုင်းတစ်ပါးမှ ရာမဇာတ်၊ အီနောင်ဇာတ်တို့ကို မြန်မာပြန်ဆိုခဲ့ရာ မြန်မာ့နည်းမြန်မာ့ဟန်နှင့် မြန်မာဆန်အောင် ပြုလုပ်ဖန်တီးထားသဖြင့် မြန်မာရာမ၊ မြန်မာအီနောင်ဖြစ်လာခဲ့သည်။
ရှေးအခေါ် ယိုးဒယား၊ ယခုအခေါ်ထိုင်းလင်းနိုင်ငံ၌ ကမ္ဘာလှည့်ခရီးသည်များကို ဧည့်ခံဖျော်ဖြေနေသည့် ရာမဇာတ်ကိုပင်ကြည့်ပါ။ ဇာတ်လမ်းပေါ်လွင်ရုံသာရှိ၍ သူ့ပျောင်း နဲ့ နှောင်းမှု၊ ဇာတ်ကောင်စရိုက်အရ မာန်ပါမှု၊ အနုပညာမြောက်မှုမှာ မြန်မာ ရာမကို မမီချေ။
အဆိုပါဇာတ်များကို တင်ဆက်ကပြသဖြင့် စာပေတိုးတက်လာသည်။ ဂီတ ပညာ တိုးတက်လာသည်။ ညောင်ရမ်းခေတ်ခေါ် ဒုတိယအင်းဝခေတ် ဝန်ကြီး ပဒေသ ရာဇာတို့ခေတ်ကထက် တိုးတက်လာသည်။ စာအဆန်း အသံဆန်းတွေ ပေါ်လာသည်။ ဝန်ကြီးပဒေသရာဇာတို့ခေတ်တွင် သံရိုးနယ်ထဲတွင်သာ သီဆိုတီးမှုတ်ခဲ့ရာမှ ကုန်းဘောင် ခေတ်တွင် သံဆန်းတွေပေါ်လာသည်။
အများသိကြသည့်အတိုင်း ကုန်းဘောင်ခေတ်တွင် အထင်ရှားဆုံးသော ပုဂ္ဂိုလ် ကြီးမှာ မြဝတီမင်းကြီးဦးစဖြစ်သည်။ အမျိုးသမီးထဲက အနောက်နန်းမမြကလေး ဖြစ်သည်။ သီချင်းရေးတတ်သူတွေလည်း ပေါ်ပေါက်လာသည်။ ဂီတစာဆိုများ ပေါ် ထွက်လာသည်။
ဤတွင် ရတု၊ တေးထပ်၊ လေးချိုး၊ ဒွေးချိုး၊ အိုင်ချင်း စသည့် ကဗျာရေးတတ် သူများကို ထည့်မတွက်ပါ။ တီးလုံးတီးကွက်စည်းချက် ဝါးချက်နှင့် သီချင်းဖွဲ့ ဆိုတတ်