Skip to product information
1 of 2

Other Websites

နန္ဒာသိန်းဇံ - မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားခြင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

           နိဒါန်း

           တစ်ခါတုန်းက......

ငှက်ကလေးတစ်ကောင်ဟာ အစာရှာဖို့ ပျံသန်း လာတယ်။ ဒီလိုပျံသန်းလာရင်း အတောင်တွေကညောင်းလာတော့ “လေမရှိရင် သိပ်ကောင်းမှာပဲ။ ခုတော့ လေရှိနေလို့ ငါ့မှာ ပျံလိုက်ရတာ အတောင် တွေကို ညောင်းနေတာပဲ” လို့ ညည်းညူလိုက်မိတယ်...။ ဒီလို ညည်းညူလိုက်တာကို လေက ကြားသွားတယ်။ ဒီတော့ လေက ငှက်ကလေးကို “ငှက်ကလေးရယ်။ စဉ်းစားပါဦးကွယ်။လေရှိနေလို့သာ သင်ဟာ လိုရာကို အစာရှာသွားနိုင်တယ်။ အချိန်မီ အိပ်တန်းကို ရောက်အောင်လဲ ပျံနိုင်ပြီး အိပ်စက် နားနေနိုင်တာ မဟုတ်လား” လို့ ပြောတယ်...။

ဒီတော့မှ ငှက်ကလေးဟာ သဘောပေါက်သွားပြီး “အသင် လေကို ကျွန်ုပ်ကျေးဇူးတင်လှပါတယ်။ ဘယ်တော့ သင့်ရဲ့ ကျေးဇူးကို မမေ့ပါဘူး” လို့ ပြောပြီး ဆက်လက် ပျံသန်းသွားတယ်....။

ပုံပြင်ကလေးကတော့ ဒါပါပဲ 

ဒီပုံပြင်ကလေးကို အမှီပြုပြီးပြောလိုတာကတော့ ဒီလိုပါ။

 

လူဟာ တစ်ယောက်တည်း နေလို့ရတာမဟုတ်ပါဘူး။ လူအများနဲ့ ဆက်ဆံ ပေါင်းသင်းနေရသူ ဖြစ်ပါတယ်။ ဒီလို ပေါင်းသင်း ဆက်ဆံတဲ့အခါမှာ လူတော် လူကောင်း၊ မိတ်ကောင်းဆွေကောင်း၊ အပေါင်းအဖော်ကောင်းတွေနဲ့ တွေ့ကြုံ ရတယ်ဆိုရင် သိပ်ကို ဝမ်းသာ ကြည်နူးစရာကောင်းမှာပဲ။

မိတ်ကောင်းဆွေကောင်းဆိုတာ... မိမိကို အင်မတန် ပေးနိုင်ခက်တဲ့ အရာကို ပေးတတ်တယ်။ အင်မတန် ပြုနိုင်ခက်တဲ့ အမှုမျိုး၊ အကူအညီမျိုးကို လုပ်ဆောင်ပေး တတ်တယ်။ မိမိက သတိလွတ်လို့ပဲဖြစ်ဖြစ်၊ တခြား အခြေအနေ တစ်ရပ်ရပ်ကြောင့်ပဲ ဖြစ်ဖြစ် မကောင်းသဖြင့် ပြောဆိုမိတဲ့စကား၊ ပြုမိတဲ့ အပြုအမူမျိုး ရှိလာရင်လဲ သည်းခံတက်တယ်။

 

မိမိက ဝှက်ထားစေချင်တဲ့၊ မပေါက်ကြားစေလို တဲ့စကားကိုပြောတဲ့အခါမှာလဲ အဲဒီစကားကို မပေါက်ကြားအောင် လုံခြုံအောင် လျှို့ဝှက်ပေးတတ်တယ်။ ဘေးရန် အန္တရာယ်ကြွေနဲ့ ကြုံတွေ့လာတဲ့ အခါမှာလဲ မိမိကို စွန့်ပစ်ကျောခိုင်း မသွားဘူး၊ ထားချန်မပစ်ခဲ့ဘူး၊ အကြောင်း မသင့်လို့ မိမိမှာ ပစ္စည်းဥစ္စာ ဆင်းရဲသွားတဲ့ အခါမျိုး၊ အဆင့်အတန်း လျှောဆင်း နိမ့်ကျသွားတဲ့ အခါမျိုးမှာလဲ မိမိကို မထီမဲ့မြင် မပြုဘူး။ အထင်သေးတဲ့ အပြောမျိုးနဲ့မပြောတတ်ဘူး။ အထင်သေးတဲ့ အကြည့် မျိုးနဲ့ မကြည့်တတ်ဘူး။

 

မိမိချမ်းသာရင်၊ အောင်မြင်ရင်၊ကျော်ကြားရင်လဲ မနာလို မရှုဆိတ်မဖြစ်ဘူး။ မိမိနဲ့ထပ်တူပဲ ဝမ်းသာနေတတ် သေးတယ်။ မိမိရဲ့အောင်မြင်မှု၊ ကျော်ကြားမှုကို ဝမ်းမြောက် ဂုဏ်ယူစွာနဲ့ အခြား သူတွေကိုတောင် တစ်ဆင့်ပြောပြနေတတ် သေးတယ်တဲ့။ မိမိရဲ့ ဂုဏ်သတင်းကို ညှိုးမှိန်စေတဲ့ မဟုတ် မတရား စကားမျိုးကို တစ်ပါးသူကပြောလာရင်လဲ “ဒီလို မဟုတ်ပါဘူး။ ဒီလိုမပြောသင့်ပါဘူး" စသည်ဖြင့် ဟန့်တားတတ်တယ်။

 

တစ်ဦးနဲ့ တစ်ဦး ၀ေးနေတုန်းမှာ အစားကောင်းစား ရရင် မိမိကို ကျွေးချင် မွေးချင်စိတ်တွေနဲ့ အမှတ်များ ရနေတတ်သေးတယ်...တဲ့။

ပြီးတော့ မိတ်ကောင်းဆွေကောင်းဆိုတာ သဒ္ဓါတရားနဲ့ ပြည့်စုံတယ်။ စင်ကြယ်တဲ့ သီလရှိတယ် အကြားအမြင် ဗဟုသုတများတယ်။ ဝန်တိုခြင်းမရှိဘူး။ ပညာနဲ့လဲ ပြည့်စုံတယ်...တဲ့။

ဒီလို စိတ်ထားမျိုးရှိတဲ့ မိတ်ဆွေတွေနဲ့ ဘ၀ခရီးမှာ တွေ့ရကြုံရ ဆုံရရင်တော့ သိပ်ကို ငြိမ်းအေးလွင်တဲ့ ဘဝ ခရီး ဖြစ်မှာပါပဲ။ လူဖြစ်ရကျိုး နပ်တယ်လို့တောင် ဆိုရမှာပါပဲ။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)