Skip to product information
1 of 3

Other Websites

နန္ဒာသိန်းဇံ - ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ချစ်နှောင်အိမ်

 

လွန်ခဲ့သောနေ့က စကားဝိုင်း၊

အဲသည်စကားဝိုင်းမှာ တောရောက်၊ တောင်ရောက်စကား တွေ ပြောကြရင်းမှ အိမ်ထောင်ရေးအကြောင်းကို ပြောဖြစ်နေကြသည်။

အောင်မြင်သော၊ ပျော်ရွှင်ချမ်းမြေ့ခြင်းရှိသော အိမ်ထောင် ရေးအကြောင်း။

ပြောလိုက်ကြသည်မှာ အများကြီး၊ အမျိုးစုံ...

စကားဝိုင်းထဲတွင် တစ်ယောက်သောသူ၏ စကားများကို တော့ မှတ်မိနေပါသည်။ သူက ပြောပါသည်။

 

 

           “အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဆိုတာ မျက်စိကန်းနေ တဲ့ မယားနဲ့ နားပင်းနေတဲ့ လင်ယောက်ျား ကြားက အိမ်ထောင်ရေးမျိုး ဖြစ်ပါလိမ့်မယ် ....လို့ ပုဂ္ဂိုလ်တစ်ဦးက ပြောဘူးတယ်။ သူပြောတာ ဟုတ်ချင်ဟုတ်မယ်။

 

ယောက်ျားဆိုတာ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ အိမ် ထောင်ရေးကို ငြီးငွေ့သွားတတ်တယ်။ ရိုးသွားတတ်တယ်။ မယားကို အရင်ကလို အရူးအမူးချစ်တာတွေလည်း မရှိတော့ဘူး။ မယားဖြစ်သူ ကကော၊ သူလဲ သူ့ယောက်ျားလို ဖြစ်ချင်ဖြစ်မှာပေါ့၊ ဓာတုဗေဒ သဘောအရပြောရရင် လင်က မယားကို၊ မယားကလင်ကိုငြီးငွေ့ သွားတာ၊ ရိုးသွားတာတွေ ဖြစ်နိုင်ပါတယ်။

 

လူ့ရဲ့ဦးနှောက်မှာ အိုက်ဆိုဖိုဇင်း (Isodoxine) လို့ခေါ်တဲ့ ဓာတ်ထွက်နေရင် အဲဒီလူမှာ ချစ်တဲ့စိတ်တွေဖြစ်နေတယ်။ မိမိနဲ့အတူနေနေသူအပေါ်မှာ ချစ်စိတ်တွေဟာ အချိန်ကာလအားဖြင့် ၂နှစ်

ကျော်၊ ၃နှစ်လောက်ဖြစ်တည်နေတယ်လို့ သိရတယ်။ အဲဒီ အိုက်ဆိုပိုဇင်း ဓာတ်မထွက်တော့တဲ့အချိန်မှာ မိမိနဲ့အတူ နေနေသူအပေါ်မှာ ချစ်တဲ့ စိတ်တွေ ပျယ်လွင့်သွားရောတဲ့။

 

ဒီတော့ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဟာ ဓာတုဗေဒ ရှုထောင့်ကနေပြောရင် ၂နှစ်ကျော်၊ ၃ နှစ်လောက်ပဲ ခံတဲ့သဘောရှိနေ တယ်။ တစ်ချို့မှာတော့ လပိုင်းလောက်ပဲ ခံချင်ခံမှာပေါ့။ သက်ဆုံးတိုင် ရိုးမြေကျချစ်ပါ့မယ်။ ငှက်ဖြစ်ရင်တောင် တစ်ကိုင်းတည်းနားချင်တယ် ဆိုတဲ့ သစ္စာမေတ္တာတွေ အဲဒီအချိန်မှာ ပြန်မဆိုချင်တဲ့ သီချင်းဟောင်း လိုဖြစ်နေမှာ။

 

မိမိနဲ့အတူနေနေသူအပေါ်မှာ အချစ်တွေကုန်သွားပေမယ့် တစ်ခြားချစ်ချင်စရာသူတွေအပေါ်မှာတော့ ချစ်ချင်တဲ့စိတ်က ဖြစ်ပြန် ရောတဲ့။ ဒါကတော့ ပုထုဇဉ်တို့ရဲ့ ဖြစ်အင်လို့ ဆိုကောင်းပါတယ်။ ဓာတုဖြစ်စဉ်ကတော့ ဘယ်လိုဆက်ဖြစ်ဦးမလဲ မသိဘူး။ ပုထုဇဉ်ဖြစ်တဲ့

ယောက်ျားဟာ ဟိုလိုလိုသည်လိုလိုနဲ့ ဖောက်ပြန်မှုတွေ ဖြစ်တတ်တယ်။ ဒီလိုဖြစ်တာတွေကို မယားဖြစ်သူ မမြင်ရင်ကောင်းတယ်၊ ကန်းနေရင်ပြောရင်းပြောနေမည့်ချစ်ခြင်းမေတ္တာ 

ကောင်းတယ်၊ ကိုယ့်ယောက်ျား ဖောက်ပြန်ချင်တာ၊ ဖောက်ပြန်နေတာ မမြင်ရ မသိရရင် မယားဖြစ်သူမှာ စိတ်ညစ်သက်သာတာပေါ့။

 

လင်ယောက်ျားဖြစ်သူဟာလဲ နားပင်းနေရင် သူ့အတွက်ကောင်း တယ်၊ အိမ်ထောင်ကျပြီးပြီဆိုရင် လင်နဲ့မယားဟာ သိပ်ကို ရင်းနှီး သွားတယ်။ မိမိကလိုက်လျောမှုလွန်ရင်၊ သိပ်ကိုချစ်ပြရင် မိမိကိုမယား က အရိုအသေအလေးအစား လျော့လာတယ်။ မိမိဘက်က တစ်စုံတစ်ရာ ချို့ယွင်းမှုရှိရင် ပိုဆိုးသေးတယ်။ မယားဟာ မိမိတိုမလေးစားတော့ဘူး။ အရိုအသေအလေးအစား ကင်းမဲ့လာတဲ့အခါ မယားဖြစ်သူက မိမိကို တဖြစ်တောက်တောက်နဲ့ မကျေနပ်တာတွေကို ပြောတယ်၊ မြည်တွန်

တောက်တည်းတယ်၊ ဒါတွေကို မကြားရဘဲ နားပင်းနေတာပဲကောင်း တယ်၊ မနက်ရောက်ပြီဆိုရင် ရေနွေးအိုးနဲ့ ကျုပ်မိန်းမက ပြိုင်တူဆူတော့ တာပါပဲ ဆိုတာလိုလေ မနက်လဲဆူ၊ ညရောက်တော့လဲ တစ်ကျည်ကျည်နဲ့ နားမချမ်းသာစရာတွေ ပြောနေတတ်တယ်။ ဒါတွေကို မကြားရရင် ကောင်းတယ်။ ဒါ့ကြောင့် ကျွန်တော်က...။

 

“အောင်မြင်ပျော်ရွှင်တဲ့အိမ်ထောင်ရေးဆိုတာ မျက်စိကန်းနေတဲ့ မယားနဲ့ နားပင်းနေတဲ့ လင်ယောက်ျား ကြားက အိမ်ထောင်ရေးမျိုး ဖြစ်ပါလိမ့်မယ်... ဆိုတဲ့စကားကို သဘောကျနေတာ”

သူ့စကားအဆုံးတွင် “ခင်ဗျားကကော... နားပင်းနေသူဖြစ် ချင်လို့လား'ဟု မေးလိုက်တော့ မလိုလုပ်ပြီးမှ အချိန်မီပါးစပ်ကို ပိတ်လိုက် မိပါသည်။ အဘယ့်ကြောင့်ဆိုသော် သူ့အရွယ်နှင့် သူ့ဂုဏ်သိက္ခာကို ထောက်ထားရမည်ဟူသော အသိ ဝင်လာသောကြောင့်ပါတည်း။

 

           အိမ်လှောင်ရေး

          'ပြောခဲ့ပါရောဗျာ၊ အိမ်ထောင်ကျပြီးမကြာခင် ယောက်ျားဟာ အိမ်ထောင်ရေးကို ငြီးငွေ့သွားတယ်၊ ရိုးသွားတယ်၊ အိမ်မှာလဲမနေချင်တော့ဘူး၊ အိမ်သူအမျိုးသမီးအနေနဲ့ ဘယ်လိုခံစားရမလဲ၊ စိတ်ညစ်ရှာ မှာပေါ့ဗျာ။

အမျိုးသမီးဟာ သူ့အမျိုးသားနဲ့ပတ်သက်ပြီး စိတ်ညစ်ရခြင်း နှစ်မျိုးရှိတယ်ဆိုပဲ။ တစ်မျိုးကတော့ အိမ်ထောင်မကျခင် သူ့ကိုလာပြီး လူပျိုလှည့်စဉ်တုန်းက သူ့အမျိုးသားကို ပြန်ပါတော့၊ ညဉ့်နက်ပြီးပြောပေမဲ့ အမျိုးသားက မပြန်ဘူး။ “မခွဲနိုင်ပါဘူး” တဖွဖွပြောပြီး မပြန်ဘဲ ပေနေ တယ်။အမျိုးသမီးက “လူကြီးမိဘမောင်ညီမတွေ မျက်နှာထောက်ပြီး... ရှင်ပြန်ပါတော့၊ ကျွန်မ အရှက်ရလိမ့်မယ်၊ ပြောတော့လဲ မပြန်ဘူးတဲ့၊

ပေကပ်နေတယ်။ သန်းခေါင်ချိန်ရောက်တော့မှပ် ပြန်တော့တယ်။ ဒါကြောင့် ပထမ စိတ်ညစ်ခြင်းမျိုးက အမျိုးသမီးခမျာ သန်းကောင်ချိန် ထိ သူ့အမျိုးသားမပြန်လို့ စိတ်ညစ်ရတာတဲ့။ နောက်စိတ်ညစ်ရတာက တော့ အဲဒီအမျိုးသားနဲ့ အိမ်ထောင်ကျပြီးတော့မှတဲ့၊ အိမ်ထောင်ကျပြီးဘာကြောင့် စိတ်ညစ်ရတာလဲဆိုတော့ သန်းထောင်ချိန်တိုင်သည်အထိ သူ့ယောက်ျားအမျိုးသား အိမ်ကို ပြန်မလာလို့ လာနိုးလာနိုးနဲ့ စိတ်မချ နိုင်ခြင်းပေါင်းစုံနဲ့ ဒုက္ခကြီးစွာ စောင့်စောင့်နေရလို့ စိတ်ညစ်တာတဲ့ဗျာ။

အိမ်ထောင်ကျပြီးရင် ရိုးသွား၊ ငြီးငွေ့သွားတော့ ယောက်ျားက အိမ်ကိုမပြန်ချင်ဖြစ်၊ အပြင်မှာ အပေါင်းအသင်းတွေ၊ တခြားအာရုံတွေနဲ့ ပျော်မွေ့မှုရှာ၊ အိမ်ကအမျိုးသမီးကတော့ စိတ်မချမ်းသာ။

ဒါ့ကြောင့် ပြောတာဖြစ်မှာပဲ၊ အိမ်သူအမျိုးသမီး စိတ်မချမ်း မသာဖြစ်ရတာဟာ လှောင်အိမ်ဆောက်ရမည့်အစား အသိုက်အမြုံ ဆောက်နေလို့တဲ့။

အမျိုးသမီးငယ်တွေဟာ အိမ်ထောင်ကျပြီးရင် အယုအယ အကြင်နာတွေ၊ မေတ္တာသစ္စာတွေနဲ့ တည်ဆောက်ထားတဲ့ “ချစ်စံအိမ်” မှာ ကိုယ့်ယောက်ျားနဲ့ ပျော်ရွှင်ချမ်းမြေ့စွာတူတူနေမယ်... လို့ စိတ်ကူး ယဉ်တယ်။ အဲဒီစိတ်ကူးယဉ်မှုကို အကောင်အထည်ဖော်တယ်။ ဒါဟာ အသိုက်အမြုံဆောက်နေတာတဲ့၊ အဲဒီလို အသိုက်အမြုံ Nast တည်ဆောက်နေရင်တော့ ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်ဖူးတဲ့။

ဒီတော့ အသိုက်အမြုံဆောက်မည့်အစား ကိုယ့်ယောက်ျားကို ထားဖို့ လှောင်အိမ် Cage ဆောက်ရမယ်တဲ့။ အဲဒီလှောင်အိမ်မှာ အကောင်းဆုံးတိုင်တွေ တန်းတွေက သားသမီးဆိုတာတွေပဲတဲ့၊ အကာ အရံအခင်းအကျင်းတွေကတော့ ဇနီးမယားရဲ့ ခရာတာတာအညုအထေ့၊အလည်အဝယ်အပြောအဆို၊ အစီအမံစသည်တွေတဲ့၊ အချိန်တန်ရင် ကိုယ့်ယောက်ျားကို အဲဒီ ချစ်လှောင်အိမ်ထဲကို မယားဖြစ်သူက သွင်းတတ် ရမယ်။ တစ်ဦးသောသူကတော့ “ချစ်လှောင်အိမ်” အစား “ချစ်လှောင်ခြံ" လို့ပြောရင် ပိုကောင်းမယ်လို့ အကြံပေးဖူးတယ်။ ဇနီးမယားသမီးသား တို့ရဲ့ စားရေးဝတ်ရေး စသည့်အရေးတွေအတွက်တစ်နေကုန် ရုန်းကန် ရှာဖွေပြီး ပြန်လာတဲ့ ကိုယ့်ယောက်ျားကို ဇနီးမယားက အဲလှောင်ခြံ ထဲကို သွင်းတတ်ရမယ်ပေါ့ဗျာ။

 

ဒါဆိုရင် မိန်းမအတွက် စိတ်ချမ်းသာမယ်တဲ့။

ဒါပေမယ့်ဗျာ၊ ကျွန်တော့်နားထဲမှာတော့ အဲဒီလှောင်ခြံဆီက စိတ်ပျက်တယ်ဆိုတဲ့၊ စိတ်ညစ်တယ်ဆိုတဲ့ အသံတွေကြားနေသလိုပဲ။ တစ်ဆက်တည်းမှာပဲ ပုဂ္ဂိုလ်တစ်ဦးပြောတဲ့ စကားတစ်ခုကို ကြားယောင် လာတယ်၊ သူက အိမ်ထောင်ရေးဆိုတာ အမှန်တိုင်းပြောရရင် မကောင်း ဆိုးဝါးတစ်ခုပါပဲ။ ဒါပေမယ့် မရှိမဖြစ်လိုအပ်တဲ့ မကောင်းဆိုး၀ါးဖြစ်တယ်။ Marriage to tell the truth, is an evil, but a necessary evil တဲ့ဗျ။ အိမ်ရာတည်ထောင်ပြီးမနေဘူးဆိုရင် လူ့လောက လူမှုဆက်ဆံရေးတွေဟာ သိပ်ကိုရမ်းကားကုန်လေမလားပဲ။ ယဉ်ကျေးမှု တွေဟာလည်း ကျဆင်းသွားနိုင်တယ်၊ ကာမဂုဏ်ဆိုင်ရာ ဖောက်ပြန်မှုတွေ၊ လူမှုရေးစည်းကမ်းချိုးဖောက်မှုတွေလဲ ဖြစ်နိုင်တာပဲ။

ဒီတော့ဗျာ။ “အိမ်ထောင်ရေးဆိုတာ မရှိမဖြစ်လိုအပ်တဲ့ မကောင်းဆိုးဝါးဖြစ်တယ်" ဆိုတဲ့ အထက်ပါပုဂ္ဂိုလ်ရဲ့ အဆိုအမိန့်ကို လောလောဆယ်မှာတော့ သဘောတူလက်ခံလိုက်ပါတယ်။

အထက်ပါပုဂ္ဂိုလ်ပြောတဲ့စကားကို နားထောင်ရင်း နွားကြီးကြီး တစ်ကောင် ခြံထဲဝင်သွားပုံကို ကျွန်တော်က မြင်ယောင်နေပါတယ်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)