နန္ဒာမိုးကြယ် - သိမှတ်ဖွယ်ရာ မြန်မာ့လှို့ဝှက်ချက် ၁၀၀
(၁) ကိုမောင်ကလေးကနေ ဘာကြောင့် စိန်ဗေဒါ ဖြစ်ခဲ့ရသလဲ
စိန်ဗေဒါ၏ အမည်ရင်းမှာ ကိုမောင်ကလေး ဖြစ်သည်။ သူသည် ဆိုင်းဆရာကြီး ဆရာဖေနှင့် နန်းတွင်း သူ ဒေါ်မမလေးတို့၏ သားဖြစ်ပြီး သီပေါမင်း ပါတော်မူခါနီး သုံးနှစ်အလို ၁၂၄၄ ခုနှစ်တွင် မန္တလေးမြို့၌ ဖွားမြင် ခဲ့သည်။
ဖခင်မှာ သီပေါမင်း၏ အထူးမြှောက်စားခြင်းခံရသော ဆိုင်းဆရာကြီး ဖြစ်သည်။ ၎င်းအား သိုင်းအလံ လေးချက်၊ (ဘွဲ့ဖြူ)စိန်ဆိုင်းဝိုင်း တစ်စုံနှင့် ဆိုင်းဝိုင်းအထက်တွင်တပ်ဆင်ရန် ဖန်ပဒိုင်းများကို ချီးမြှင့်ခဲ့သည်။ ထို့အပြင် နေမျိုးကျော်ခေါင်ဘွဲ့ ပေးအပ်၍ ပလိပ်မြို့အနီးရှိ ဆီဆုံရွာကို စားစေခဲ့၏။ မန္တလေးတွင် နေထိုင်ရန်လည်း မြေနေရာပေးခဲ့၏။
ကိုမောင်ကလေးသည် ဂီတဘက်၌ ပါရမီဓာတ်ခံရှိသူ ဖြစ်သဖြင့် ငယ်စဉ်ကလေး ကပင် ၁၂ လုံးဒိုး ခေါ် နရီကို တီးနိုင်စွမ်းရှိသည်။ သူသည် ဖခင်ထံ သာမက ဆရာပေ၊ ဦးကျော်ဇံ အစရှိသော ဆိုင်းဆရာကြီးများ ထံ၌ ဆိုင်းပညာကို သင်ကြားခဲ့၏။ ၁၆ နှစ်သားအရွယ်လောက်တွင် ဆိုင်းခေါင်းဆောင်ဖြစ်လာခဲ့သည်။
သူသည် မကြာခင်မှာပင် ရန်ကုန်သို့ ဆင်းလာကာ ဘုရားဒကာကြီး၊ ဇာတ်ဆရာ ဦးဘိုးစိန် ဖြစ်လာမည့် ကိုဘိုးစိန်နှင့် တွဲဖက်မိလေ၏။ သူဆိုင်းတီးလျှင် ကိုဘိုးစိန်က ဆိုင်းမင်းသားလုပ်၍ က, လေရာ ပရိတ်သတ်များ လွန်စွာ နှစ်ခြိုက်ကြလေသည်။ သူတို့နှစ်ဦးမှာ သက်တူရွယ်မျှဖြစ်ပြီး လွန်စွာမှ တွဲဖက်ညီလှသည်။ ၎င်းတို့နှစ်ဦး တွဲ၍ ကလေ့ရှိသည်မှာ (စူဠာသမ္ဘာဝ မဟာသမ္ဘာ၀)ဇာတ် ဖြစ်လေသည်။ ထိုဇာတ် က လေတိုင်း ကိုမောင်ကလေးက တ်သွားပေါ်လက်ကွက်စိပ်စိပ် တီးရင်း...
ဗေဒါ.. ဒါ.. နင့်ဘူးကို ဘယ်သူချဲ့တယ်။ ပြောတဲ့ ဗေဒါ... မိဒေါ အစရှိသော သီချင်းကို တီးရ သည်။ သူ့လက်သံကို ရန်ကုန်လူထု ပရိသတ်အပေါင်းက များစွာမှ နှစ်သက်ကြသည်။ ထိုကြောင့် သူ့နာမည်ကို ဒေါမောင်ကလေးဟူ၍ ဝိဂြိုဟ်ပြု ခေါ်ဝေါ်ကြကုန်၏။ ကိုမောင်ကလေး မန္တလေးသို့ ပြန်သွားသောအခါ ၎င်း၏ သတင်းမှာ ပို၍ပျံ့နှံ့သွားလေသည်။ မန္တလေးလူထုပရိသတ် အပေါင်းက စိန်ဆိုင်းအမှုထမ်းဖြစ်သော ဆရာဖေ၏ သား ဖြစ်နေသည်ကို အစွဲပြု၍ ဗေဒါ ရှေ့တွင် စိန် တစ်လုံးကို ထပ်မံဖြည့်စွက်ကာ ချီးကျူးမှည့်ခေါ် ကြလေ သည်။ ထိုမှအစပြု၍ စိန်ဗေဒါ ဖြစ်လာကာ ကိုမောင်ကလေးအမည် ကွယ်ပျောက်သွားလေ၏။
(၂) ကင်ဆာရောဂါရဲ့ ရှေ့ပြေးလက္ခဏာတွေဟာ ဘာတွေလဲ
ကင်ဆာဆိုသည်မှာ ခန္ဓာကိုယ်တွင်းရှိ လ်(Cells)ခေါ် အခြေခံဓာတ်ခန်းကလေးများ မူလသဘာဝမှ ဖောက်ပြန်ပျက်စီး၍ပွားချင်သလို ပွားများလာရာမှ ဖြစ်ပေါ်လာသောရောဂါဖြစ်သည်။ မျက်မှောက်ကာလအန္တရာယ် ကြီးမားဆုံးသော လူသတ်လက်နက်မှာ ကင်ဆာရောဂါပင် ဖြစ်ပါသည်။
ကင်ဆာဖြစ်ရခြင်း၏ အကြောင်းရင်းကို ခိုင်လုံသော ယူဆချက်များမှာ- ဓာတုဆေးဝါးများနှင့် အချိန် ကာလကြာမြင့်စွာ ထိတွေ့ခဲ့ခြင်း၊ ပြင်းထန်သော လှုပ်ရှားမှုများကို ကာလကြာမြင့်စွာ က်ပွန်းတတီး ရှိခဲ့ခြင်း၊ အပူချိန်နှင့် ကြာမြင့်စွာ ထိတွေ့ခဲ့ခြင်း၊ ပြင်းထန်သော လှုပ်ရှားမှုများကို ကာလကြာရှည်စွာ လုပ်ကိုင်ခဲ့ရခြင်း၊ နေရောင် အလွန်အကျွံမိခြင်း၊ ဓာတ်မှန် ကြိမ်ဖန်များစွာ အရိုက်ခံရခြင်း၊ ရောင်ခြည်ထွက်အနမြူ ရီယို အက်တမ်ဓာတ်များနှင့် ထိတွေ့ခြင်း၊ ဆေးရွက်ကြီးများ သုံးစွဲခြင်း စသည် စသည်တို့ကြောင့် ဖြစ်ပွားရသည်ဟု ယူဆကြပါသည်။
ကင်ဆာရောဂါ ဖြစ်ပွားလာလျှင် ခွဲစိတ်ကုသခြင်းဖြင့် လည်းကောင်း၊ အိတ်စရေး ဓာတ်ရောင်ခြည် ထိုး၍သော် လည်းကောင်း၊ ရေဒီယိုဓာတ် သွင်း၍လည်းကောင်း ကုသကြသည်။ ဤ၌ ကင်ဆာရောဂါ ဖြစ်တော့ မည့် ရှေ့ပြေးလက္ခဏာများ ရှိနေပါသည်။ ထိုလက္ခဏာများကို တင်ပြရလျှင်...
၁။ ပါးစပ်၊ လျှာ၊ နှုတ်ခမ်း အနီးပတ်ဝန်းကျင်တို့၌ အနာပေါက်လာခြင်း၊ ၎င်းအနာသည် မည်သည့်ဆေးနှင့်မျှ မပျောက်ဘဲ ရှိနေခြင်း။
၂။ ရင်ဘတ်၊ ရင်သားနှင့် အခြားနေရာများ၌ နာကျင်ခြင်းလုံးဝမရှိဘဲ ခပ်မာမာအသားပြင်တစ်ခု ပေါ်လာခြင်း။
၃။ ဒွါရကိုးပေါက်၏ တစ်နေရာမှ သွေးစသွေးနများ ထွက်လာခြင်း။
၄။ မဲ့၊ ကြွက်နို့ အနာများရှိလျှင် ၎င်းတို့သည် အရွယ်အကြီးအသေး ပြောင်းလဲလာခြင်း၊ သို့မဟုတ် အရောင်ပြောင်းလာခြင်း။
၅။ အစာမူ၍မရ ဖြစ်နေခြင်း။
၆။ အစာမကြေမှု တာရှည်ဖြစ်နေခြင်း။
၇။ ချောင်းမကြာခဏ ဆိုးခြင်း။
၈။ အသံများ ပြောင်းလဲလာခြင်း၊ ပြောင်းလဲမှု တာရှည်လာခြင်း။
၉။ ဝမ်းသွားချိန် ပြောင်းလဲလာခြင်း။
စသည်တို့ ဖြစ်ပေရာ သံသယ ဝင်လာပါက ကျွမ်းကျင်သော သမားတော်တို့နှင့် တွေ့ဆုံ၍ အေနာမရင့်မီ ကုသ သင့်ပါသည်။
(ဤ၌ ကင်ဆာဖြစ်၍ အသေအပျောက် အများဆုံးမှာ သားမြတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အူမကြီးကင်ဆာတို့ ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။)
(၃) ကမ္မဋ္ဌာန်းရှုစရာ အသုဘ ဘယ်နှစ်မျိုးရှိသလဲ
အသက်ကုန်ဆုံးသွားခဲ့ပြီဖြစ်သော အသုဘရုပ်အလောင်းကို ဝိပသနာတရား ရှုမည် (သို့မဟုတ်) အသုဘကမ္မဋ္ဌာန်း ရှုမည်ဆိုပါက အသုဘ(၁၀)မျိုးတို့ကို ရှုရင်း ပွားများလေ့ ရှိကြပါသည်။ အသုဘ(၁၀)မျိုး ဆိုသည်ကား...
၁။ ဥဒ္ဓမာတက အသုဘ
လေပြည့်နေသော အိတ်ကဲ့သို့ ဖူးဖူးရောင်နေသည့် ရုပ်အလောင်းကောင်
၂။ ဝိနီလက အသုဘ
အသားအရေ ညိုပုပ်နေသော ရုပ်အလောင်းကောင်
၃။ ဝိပုဂ္ဂက အသုဘ
ပြည်များယိုစီးကျနေသော စက်ဆုပ်ဖွယ် ရုပ်အလောင်းကောင်
၄။ စ္ဆိဒ္ဒက အသုဘ
ထက်ပိုင်းပြတ်နေသော ရုပ်အလောင်းကောင်
၅။ ဝိက္ခာယိတက အသုဘ
ခွေး၊ တောခွေးများ ကိုက်ခဲ စားသောက်ထားသော ရုပ်အလောင်းကောင်
၆။ ဝိက္ခိတ္တက အသုဘ
ကိုယ်ခန္ဓာအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်တောက်နေသော ရုပ်အလောင်းကောင်
၇။ ဟတဝိက္ခိတ္တကအသုဘ
ကျီးခြေသဏ္ဍာန် လက်နက်များဖြင့် ထိုးသတ်ထားသဖြင့် မရှမလှဖြစ်နေသော ရုပ်အလောင်းကောင်
၈။ လောဟိတက အသုဘ
ဒွါရပေါက်များမှ သွေးများ ယိုစီးကျနေသော ရုပ်အလောင်းကောင်
၉။ ပုဠုဝက အသုဘ
ပိုးလောက်များ တဖွားဖွားတက်နေသော ရုပ်အလောင်းကောင်
၁၀။ အဋ္ဌိက အသုဘ
အရိုးစုသာရှိသော ရုပ်အလောင်းကောင် စသည်တို့ဖြစ်သည်။
ရှေးပဝေဏီက ရဟန်းသံဃာများနှင့် တရားရှာမှီး ယောဂီသူတော်စင်ကြီးများသည် လူသေကောင်များ စွန့်ပစ်ရာ သုဿာန်သို့ သွားရောက်ကာ အသုဘဘာဝနာ ကမ္မဋ္ဌာန်း စီးဖြန်းလေ့ ရှိကြသည်။ ထိုစဉ်က လူသေကောင်များကို ရှုမှတ်နိုင်ကြစေရန် ထိုအတိုင်းပင် စွန့်ပစ်တတ်ကြကြောင်း ကျမ်းဂန်စာပေများ၌ ရှိခဲ့ပေသည်။
(၄) ကာရန်မဲ့ကဗျာကို ဆရာ့ဆရာကြီးတွေ ဘယ်လိုရှုမြင်ခဲ့ကြသလဲ
မြန်မာစာပေ ရေစီးကြောင်းကား အားကောင်းမောင်းသန်စွာ စီးဆင်းလျက်ရှိပေသည်။ ခေတ် တစ်ခေတ်နှင့် တစ်ခေတ် သိသိသာသာ ပြောင်းလဲလာခဲ့သည်။ အထူးသဖြင့် မြန်မာကဗျာ အရေးအဖွဲ့ပုံစံဖြစ်၏။ ရှေးယခင့်ယခင် ဂန္တဝင်ပုံစံမှ သွေဖီကာ ကာရန်မဲ့ကဗျာတွေ ရေးလာကြသည်။ ရေးသူကလည်း ရေး၍ အယ်ဒီတာတွေလည်း ထည့်ပေးနေကြသည်။ ဤတွင် ကာရန်မဲ့ကဗျာ အရေးအသားနှင့် ပတ်သက်၍ စာရေးဆရာကြီးများ၏ ရှုမြင်ပုံကို ကောက်နုတ်တင်ပြလိုပါသည်။
စာရေးဆရာကြီး ဦးရန်အောင်ဆိုလျှင် ကာရန်မဲ့ကဗျာများနှင့် ပတ်သော်၍ စိတ်အနှောင့်အယှက် ရှိပုံရသည်။ သည့်အတွက် အောက်ပါအတိုင်း တုံ့ပြန်ရေးသားခဲ့ပါသည်။
“ကဗျာ
မခက်ပါဘူး
စာကြောင်းလေးတွေကို
လေးငါးခြောက်ကြောင်းလောက်
အထက်အောင် စီရေးရင်
ကဗျာဖြစ်တယ်
အဲဒါ ကဗျာလို့ ခေါ်တယ် "
ဟူသတည်း။ ထိုနည်းတူ စာရေးဆရာကြီး ဦးသိန်းဖေမြင့်ကလည်း...
“ကျွန်တော် ကာရန်မဲ့ကဗျာကို အားမပေးဘူး။ မထောက်ခံဘူး။ မကြိုက်ဘူးလို့ပဲ ပြောပါတယ်။ ကျွန်တော် စဉ်းစားကြည့်တယ်။ ဘာဖြစ်လို့ ကာရန်မဲ့ချင်ကြတာလဲ။ ထူးချင်ဆန်းချင်လို့ပဲ။ ဒီပြင် ဘာမှမရှိဘူးလို့ အဖြေ ထွက်တယ်”
ဟူ၍ ပြောခဲ့ပါသည်။ ဆရာဇဝနဆိုလျှင်
“ကာရန်မဲ့ကဗျာကတော့ ဥရောပ အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ ခေတ်စားနေတာ အတော်ကြာပါပြီ။ ဒီအယူအဆ၊ ဒါမှမဟုတ် ဒီရောဂါဟာ မြန်မာစာပေနယ်ထဲ ကူးလာတာ မကြာသေးပါဘူး။ ကျွန်တော်တို့ ကတော့ ရှေးကျတယ်ပြောပြော၊ ခေတ်နောက်ကျတယ်ပဲဆိုဆို သမားရိုးကျ ရေးပုံရေးနည်းပဲ ကြိုက်တယ်”
ဟူ၍ ပွင့်လင်းစွာ ဆိုခဲ့ပါသည်။ ဆရာကြီး မင်းသုဝဏ်ကမူ...
“ကာရန်မဲ့ဆိုတာ ကဗျာမှာ မရှိဘူး။ ကာရန်လွတ်လပ်တာပဲရှိတယ်။ အသံပါတယ်။ ရစ်သမ်ပါတယ်။ ကာရန်နဲ့ ရစ်သမ်တစ်ခုခုမပါရင် ကဗျာမဟုတ်ဘူး။ ဖရီးဗာ (Free Verse)ကို ကာရန်မဲ့လို့ တလွဲဘာသာပြန်နေကြတယ်။ အမှန်က ကာရန်မဲ့တာမဟုတ်ဘူး။ ကာရန်ကို လွတ်လွတ်လပ်လပ် ယူနိုင်တာပဲ။ ဖရီး (Free)ကို "မှ" နဲ့ "လွတ်လပ်" အဓိပ္ပာယ်မှားပြီး ဒီမှာ ယူဆနေကြတာ။ ပြီးတော့ ကဗျာလိုင်စင်-ပွတ်တစ်ပ်လိုင်စင်ဆိုတာလည်း ရှိတာပါပဲဗျာ”
ဟူ၍ကောက်ချက်ပြုသွားခဲ့ပါသည်။
(၅) ကုန်းဘောင်ခေတ် စတော့မယ့်အချိန် ဘယ်တဘောင်တွေ ပေါ်ခဲ့သလဲ
ကုန်းဘောင်ခေတ်ကို စတင်တည်ထောင်ခဲ့သောမင်းဆက်အစမှာအလောင်းမင်းတရားကြီးဖြစ်၏။ ထိုစဉ်က ဦးအောင်ဇေယျအဖြစ် မုဆိုးဖို(ရွှေဘို)တွင် ရှိနေစဉ် တဘောင်တွေ ပေါ်ထွက်လာခဲ့သည်။ ထိုတဘောင်တို့ကား
၁။ စပယ်ထောင်ထောင်၊ ပန်းထောင်ထောင်မငြိမ်းအောင်စိုက်တဲ့ပန်း မိုးရွာမှလန်း၊
၂။ ဖိုသုံးဖိုးတစ်ဖိုမီးတောက် အရှိန်ထလတ္တံ့။
၃။ မမလေး ခိုးမယ်လို့
လူဆိုးတွေနဲ့ မောင်တိုင်ပင်
မန်းမြို့တော် ညောင်ပင်ကြီးမှာ
မြင်းကိုယ်စီပြင်
လထွက်ကလေးတဲ့ မြင်းကိုနှင်
လဝင်ရင် မန်းတောင်ရောက်အောင်
မြင်းငေါက်လို့ဝိုင်း၊
(ဤတဘောင်မှာ အင်းဝကို လုပ်ကြံတိုက်ခိုက်ခါနီး ပေါ်ထွက်လာခဲ့သော တဘောင်ဖြစ်၏)
၄။ ရွှေဘိုမြောက်က သောက်ရေကန်
မကြီးသောက်ဖို့ ပေါ်လာပြန်။
၅။ မုဆိုးဘို အလိုလိုနေရင်း
ဘုန်းတောက်မည့် မင်း။
၆။ အင်းကို ဟင်္သာဆင်းမည်
ဟင်္သာကို မုဆိုးလေးနှင့်ခွင်းမည်
မုဆိုးကို ထီးရိုးနှင့်ရိုက်မည်
ထီးရိုးကို မိုးကြိုးပစ်လိမ့်မည်။
၇ မွေးမေမေ သူ မသနားလို့
မေ့သားတဲ့ ထည့်လိုက်လေ၊ ယိုးဒယားပြေ(ပြည်)
သည်မိုးရယ် သည်လေနဲ့
သည်မြေကို မေမေထည့်တယ်
လွမ်းပေါင်ဘွဲ့လေး။
၈။ ဒုတ်တိုတဘောင် ကိုယ်စီဆောင်
အောက်ပြည်ရောက်အောင်
လိုက်မယ့် တို့ရွှေဘိုသား။
၉။ အင်းကန်ထဲက ရွှေဟင်္သာ
မုဆိုးလူစွာ ဖမ်းယူလို့လား။
(၆) ကထိန်မမြောက်တဲ့သင်္ကန်းနဲ့ ကထိန်မြောက်တဲ့သင်္ကန်းတွေက ဘာတွေလဲ
“သင်္ကန်းမှာကထိန်၊ ကျောင်းမှာသိမ်၊ ဆွမ်းမှာပိဏ္ဍပါတ်” ဟူ၍ ရှိလေရာ မြတ်စွာဘုရားရှင် မိန့်ကြားခဲ့သည့် အတိုင်း အမြတ်ဆုံးအလှူတို့တွင် ကထိန်သင်္ကန်း လှူခြင်းလည်း ပါဝင်၏။
ဦးစွာ ကထိန်မမြောက်သော သင်္ကန်းများမှာ...
၁။ နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၂။ ဤသင်္ကန်း (ဗိုလ်မ၊ ကြာငါးခိုင်၊ ဇောတိက၊ သမ္မတစသည်)တို့ဖြင့် ကထိန်ခင်းရမည်ဟူ၍ ဘုန်းကြီးကပြော၍ ကထိန်ခင်းလျှင်
၃။ ငါ့၌ရှိသောသင်္ကန်းကို ဝတ္ထုငွေနှင့်လဲလှယ်၍ ကထိန်ခင်းပါဟုဆိုလျှင်
၄။ ခေတ္တငှားရမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ သိုမှီးသိမ်းဆည်းထားသည့် သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ၆။ ကထိန်ခင်းသည့် နေ့မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင် မဖြတ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၈။ ကျောင်း၌ ယခင်က ကပ်ထားသည့် သင်္ကန်းများ၊ ကပ္ပဗိန္ဒုထိုးပြီးသား သင်္ကန်းများနှင့် ကထိန်ခင်းလျှင် ကထိန်မမြောက်ပါ။
ကထိန်မြောက်သော သင်္ကန်းများမှာ
၁။ သင်္ကန်းအသစ်နှင့် ကထိန်ခင်းလျှင်
၂။ နိမိတ်မပြဘဲ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၃။ အလိုလိုဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၄။ မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၅။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်း၌ မသိုမှီးသိမ်းဆည်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ၆။ ကထိန်ခင်းမည့်နေ့ မရောက်မီ ကျောင်းကို ကြိုတင်မပို့ထားသော သင်္ကန်း၊ ကထိန်းခင်းမည့် နေ့ရက် ရောက်မှကျောင်းကိုပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင်
၇။ ကထိန်ခင်းသည့်နေ့မှာပင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း(သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ် ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။
(၇) ကုန်းဘောင်ခေတ်တုန်းက အမှန်တရားကို အသက်နဲ့လဲဝံ့တဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ဘယ်သူလဲ
ကုန်းဘောင်ဆော်တုန်းက အမှန်တရားနှင့်ပတ်သက်လာလျှင် အသက်နှင့်လဲဝံ့သော ပုဂ္ဂိုလ်တစ်ဦးရှိ၏။ သူသည် မင်းလိုလိုက် မင်းကြိုက်ခစားသူများ အကြားမှ မှန်မည်ထင်ရာ ယုံကြည်ရာကို ရဲဝံ့စွာ ပြောဆိုခြင်း ကြောင့် ရာထူးမှ မကြာဏအချခံရပြီး အိမ်နိမ့်စံဘဝဖြင့် ကွယ်လွန်သွားသော ဝန်ကြီးလည်း ဖြစ်ခဲ့သည်။
သူကား ယောအတွင်းဝန် ဦးဘိုးလှိုင်ဖြစ်ပါသည်။ မင်းတုန်းမင်းနှင့် မြောက်ဆောင်တော် မိဖုရားတို့၏ မွေးစားသားအဖြစ် ချီးမြှောက်ခြင်းခံရ၏။ သို့ရာတွင် ဟုတ်တိုင်းမှန်ရာကို ယူဆပြောဆိုသည်ကြောင့် ရာထူးမှ မကြာခဏ ချခြင်းခံရသည်။ အသက်(၂၃)နှစ်အရွယ်က မင်းတုန်းမင်းကြီးနှင့် အယူအဆမတူ၍ တစ်ကြိမ်၊ ကနောင်မင်းသား လုပ်ကြံခံရအပြီး ဗျစ်ရည်သည် ဆေးခါးကြီးနှင့်တူကြောင်း၊ အနည်းငယ်သောက်က အပြစ်မရှိကြောင်း ပြောဆိုသဖြင့် ဒုတိယတစ်ကြိမ် ရာထူးချခံရသည်။ တတိယအကြိမ် ရာထူးချခံရပုံက သူမို့သာ လုပ်ရဲသည်ဟု ဆိုရမည်။ အဖြစ်က ဤသို့တည်း...
တစ်ခါသော် မင်းတရားကြီး၏ သဘောလွဲမှားနေမှုကို အကြောင်းပြု၍ ဘုရင်မင်းမြတ်သည် အစ်မ နှမ၊ သမီးကညာ အပ်နှင်းခြင်း၊ တံစိုးလက်ဆောင် ဆက်သခြင်းကို အကြောင်းပြုလျက် အတတ်ပညာ မရှိသူများကို ဝန်ကြီး၊ အမတ် စသည်ဖြင့် ခန့်အပ်ခဲ့သော် တိုင်းပြည်ပျက်တတ်ကြောင်း ဘုရင်မင်းတရားကြီးအားမထောက် မညှာ ဝေဖန်ထောက်ပြ လျှောက်ထားလိုက်သည်။ ဤတွင် မင်းတုန်းမင်းတရားကြီး စိတ်တော်ဆိုး၍ ဦးဘိုးလှိုင်အား သူ၏ဖခင် ယင်းတော်ဝန်ကြီးအား ကွပ်မျက်ခဲ့သော လှံကိုပြသလျက် ထိုးမည်ပြုရာ ရင်ကိုကော့လျက် “ထိုးတော်မူပါဘုရား”ဟု လျှောက်တင်ခဲ့သည်။ မင်းတုန်းမင်းက မထိုးဘဲ လှံကိုင်၍ အတွင်းတော် ဝင်သွားသောကြောင့်သာ အသက်ချမ်းသာရာ ရလေသည်။ အခြားဝန်ကြီးများက အတွင်းဝန် ဦးဘိုးလှိုင်အား ဤမျှ တင်းတင်းမာမာ ဘုရင်ကို ပြန်မလျှောက်သင့်ကြောင်း ဝိုင်း၍ ပြောကြသည်တွင် ဦးဘိုးလှိုင်က ပြန်ပြော ကြားသောကားမှာ တန်ဖိုးရှိလှပေသည်။ ဦးဘိုးလှိုင်က..
"ကျွန်ုပ်အား လှံဖြင့်ထိုး၍ သေရခြင်းကား မြတ်ပါ၏။ နေရာတိုင်း မင်းအလိုလိုက်၍ ဆောင်ရွက်ပေးနေရပါမူ မကောင်းမှုဖြစ်ပွားလာပါက နိုင်ငံတော် ပျက်စီးခြင်း ရောက်လေသည်ဟု နာမည်ဆိုးဖြင့် ကျန်ရစ်ခဲ့သော် သေရကျိုး မနပ်” ဟူ၍ပင် ဖြစ်လေသည်။ ဤသို့ဖြင့် မင်းလိုလိုက် မင်းကြိုက်မခစားသောကြောင့် တတိယ အကြိမ် ရာထူးမှ ကျလေသည်။
(၈) ကျွန်ပညာရေးစနစ်ကို ဘာကြောင့် သပိတ်မှောက်ကြသလဲ
မျက်နှာဖြူအစိုးရ၏ ၁၉၂၀ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ထောက်ခြင်းအားဖြင့် ဗြိတိသျှ အစိုးရသည် မြန်မာတို့အား မည်မျှ ဖိနှိပ်ချိုးနှိမ် ထားကြောင်းကို ကောင်းစွာသိနိုင်သည်။ စင်စစ်အားဖြင့် ဗြိတိသျှ အစိုးရတို့ပေးသော ပညာရေးကား မြန်မာကျောင်းသူ ကျောင်းသားလူငယ်များအား မျက်စိဖွင့် ပေးသော၊ ဗဟုသုတကြွယ်ဝစေသော ပညာရေးအစစ်အမှန်ကို ပေးသည်မဟုတ်။ နောက်တစ်ခေတ်တွင် မြန်မာနိုင်ငံကောင်းစားစေရန်အတွက် ဦးဆောင်ခေါင်းရွက် ပြုလုပ်နိုင်မည့် ပညာတတ်လူငယ်များကို မွေးထုတ်ပေးရန် မရည်ရွယ်။ ဗြိတိသျှအုပ်ချုပ်ရေးယန္တရား လည်ပတ်နေစဉ်အတွင်း တိုင်းသူပြည်သားများကို အုပ်ချုပ်ရာ၌ ခိုင်းစေ ကောင်းရုံလောက်သာ သင်ကြားပေးသော ကျန်ပညာသာ ဖြစ်ချေသည်။
ပညာရေးအစစ်အမှန်ကို လိုလားနေကြသော မြန်မာလူငယ် ကျောင်းသူ ကျောင်းသားတို့သည် ထိုကဲ့သို့ တစ်ဖက်သတ်ရေးဆွဲပြဋ္ဌာန်းသောတက္ကသိုလ်အက်ဥပဒေကို လုံးဝ မကျေနပ်ကြဘဲ ဆန္ဒပြကန့်ကွက်ကြလေသည်။ ထိုအပ်ပဒေအရ ဖွင့်လှစ်မည့် ရန်ကုန်တက္ကသိုလ် အခမ်းအနားကို ဒီဇင်ဘာလ (၁)ရက်နေ့တွင် ဖွင့်လှစ်မည်ဟု တက္ကသိုလ်အဓိပတိ ဆာရယ်ဂျီနယ်ဂရက်ဒေါက်က သတ်မှတ် ကြေညာ လိုက်လေသည်။ မြန်မာ ကျောင်းသူကျောင်းသားများနှင့် သတင်းစာများ၏ အော်ဟစ်ကန့်ကွက် ရေးသား ခြင်းများကြောင့် ရန်ကုန်တက္ကသိုလ်သစ် အခမ်းအနားဖွင့်ပွဲကို ၁၉၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်၊ အင်္ဂါနေ့သို့ ပြောင်းရွှေ့ရသည်။ သို့ရာတွင် အချိန်နှောင်းခဲ့လေပြီ။
ရန်ကုန်တက္ကသိုလ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသူ ကျောင်းသားပေါင်း ၄၀၀ ကျော်တို့သည်