Skip to product information
1 of 4

Other Websites

နန္ဒာမိုးကြယ် - ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်သော ဘုရားရှင်လက်ထက်က ပြိတ္တာများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စကားဦး

          အပယ်လေးဘုံရှိသည်ဟု ဆိုကြသည်။

          ထိုလေးဘုံအနက် ငရဲဘုံဆိုသည်ကား သီးခြားဖြစ်၏။ သူ့ ဘုံနှင့်သူဖြစ်၏။ သို့သော်ငြား ပြိတ္တာတို့မှာမူ သူ့ဘုံနှင့်သူ သီးခြား မရှိ။ လူ့ဘုံ၌ လူတို့နှင့် တစ်စပ်တည်း နေထိုင်နေကြ ရသူများဖြစ်၏။ ဗုဒ္ဓဘုရားရှင်လက်ထက်က ပြိတ္တာတို့သည် ဟိမဝန္တာတောင်၏ နံပါးဝယ် ဝိဥ္ဌဝီအမည်ရှိ တောအုပ်ကြီး ၌ အများအပြား နေထိုင်ကြကြောင်း သိရှိရပါသည်။

          ကမ္မဇိဒ္ဓိကြီးမားသော ပြိတ္တာတစ္ဆေတို့သည် နေထိုင်စရာ ဗိမာန်ရှိကြ၏။ ကမ္မဇိဒ္ဓိ မရှိသော၊ နည်းပါးသော ပြိတ္တာတစ္ဆေ တို့မှာမူ သစ်ပင်၊ တောချုံ၊ ပိတ်ပေါင်းတို့၌လည်းကောင်း လျှိုရိုး ရေမြောင်းရိုးတို့၌လည်းကောင်း၊ ဟောင်းမြင်းသော လိုဏ်ဂူအိုကြီး ၌လည်းကောင်း၊ သုသာန် သင်္ချိုင်းတို့၌လည်းကောင်း၊ ကျောင်းအိုကျောင်းပျက်၊ ဇရပ်အို ဇရပ်ပျက်တို့၌လည်းကောင်း၊ တောင် စောင်း ချောက်ကမ်းပါးတို့၌လည်းကောင်း မိမိတို့ပြုသည့် အကုသိုလ်ကံအားလျော်စွာ နေထိုင်ခဲ့ကြပ၏” ။

 

          ပြိတ္တာတို့၏ အစားအစာမှာလည်း မိမိတို့ပြုလုပ်သော အကုသိုလ်ကံအားလျော်စွာ မသတီဖွယ်၊ ရွံရှာဖွယ်များ ဖြစ်ကြ ၏။ ပမာအားဖြင့် လူတို့ စွန့်ပစ်ထားသော စားကြွင်းစားကျန် များ၊ ထမင်းလုံး၊ ဟင်းလုံး၊ မုန့်ကြွင်း၊ မုန့်ကျန်များ၊ စွန့်ပစ် ထားသော ငါး၊ အမဲသား၊ ရွံစရာအကောင်ပုပ်များ၊ သွေးပုပ် ပြည်ပုပ်များ၊ ကိုယ်ဝန်ဆောင်တို့မီးဖွားရာမှ စွန့်ပစ်သော အညစ် အကြေးများ၊ ကျင်ကြီးကျင်ငယ်များ စသည်တို့ကို စားသောက် ကြရ၏။ ထိုပြိတ္တာတို့ထက် အကုသိုလ်ကြီးမားသော ပြိတ္တာများ မှာမူ အဆိုပါ ပြိတ္တာတို့လောက်ပင် စားသောက်ခွင့်မရရှာဘဲ အစာငတ်၊ ရေငတ်ဖြစ်ကြရသည်။ သာမကအားဖြင့် နှစ်ပေါင်း များစွာ ဘာမျှ မစားမသောက်ရသဖြင့် အမြဲတမ်း ဆာလောင် နေသော ပြိတ္တာများ၊ နှစ်ပေါင်း (၅၅) နှစ်ကာလပတ်လုံး ရေ တစ်ပေါက်မျှပင် မသောက်ရရှာသော ပြိတ္တာများလည်းရှိကြ သည်။ ထိုထိုသော ပြိတ္တာများအကြောင်းကို ဤစာအုပ်တွင် ဖတ်ရှုရပါလိမ့်မည်။

          ပြိတ္တာတို့၏ ရုပ်အဆင်းအသွင်ကား မမြင်ဝံ့မစရာ၊ မကြည့် ဝံ့စရာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေ၏။ ၎င်းတို့သည် အမြဲတမ်းဆာလောင်မွတ်သိပ်နေသည့်အတွက် အစားအသောက် တို့ စားသောက်ခွင့်မရသည့်အတွက် အသားအသွေးတို့ ခန်း ခြောက်ကြကုန်၏။ အရေ၊ အကြော၊ အရိုးမျှသာ ရှိကြကုန်၏။

          အချို့သော ပြိတ္တာတို့မှာမူ ကမ္မဇိဒ္ဓိကြီးမားသဖြင့် အမျိုးမျိုး ဖန်ဆင်းပြနိုင်သော အာနိသင်ရှိကြသည်။ သို့ဖြစ်၍ အိမ်သဏ္ဌာန်တို့ကို ဖန်ဆင်းပြနိုင်ခြင်း၊ အထူးထူးအဆန်းဆန်း ဖန်ဆင်းပြ နိုင်ခြင်းတို့ရှိကြရာ လူတို့က နာနာဘာဝဟူ၍ သတ်မှတ်ကြ ကုန်၏။ ထိုအဖြစ်ကိုလည်း ဤစာအုပ်တွင် ဖတ်ရှုရမည်ဖြစ်၏။ ပြိတ္တာတို့သည် လူ့လောကနှင့် တစ်ဆက်တည်း နေထိုင်သူများ ဖြစ်ကြကြောင်းဆိုခဲ့ရာ အိမ်ထောင်သားမွေးကိစ္စများကို လူတို့ ကဲ့သို့ပင် ပြုလုပ်ကြကြောင်း သိရှိရပါသည်။ ။ မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသေနတို့၏ အမေးအဖြေ၌သေကုန်သော ပြိတ္တာတစ္ဆေတို့သည် ပိုးကောင်အသွင်ဖြင့် လည်းကောင်း၊ ပေါက်ဖတ်အသွင်ဖြင့်လည်းကောင်း၊ ဥပုန်း အသွင်ဖြင့်လည်းကောင်း၊ ပိုးနှံကောင်အသွင်ဖြင့်လည်းကောင်း၊ ကင်းခြေများအသွင်ဖြင့်လည်းကောင်း၊ ငှက်အသွင်ဖြင့်လည်းကောင်း၊ သမင်အသွင်ဖြင့်လည်းကောင်း၊ သားရဲတိရစ္ဆာန်ပိုးမွှား စသော အကောင်အမျိုးမျိုးတို့၏ အသွင်သဏ္ဌာန်အဖြစ်ဖြင့် တွေ့မြင်ရကြောင်း ဖြေကြားထားသည်ကို တွေ့ ရပါသည်။

          ပြိတ္တာအမျိုးအစား များပြားစွာရှိကြရာ သူစိလောမပြိတ္တာမျိုး၊ ခရုလောမပြိတ္တာမျိုး၊ ဒီဃာနခ ပြိတ္တာမျိုး၊ ဧကပါဒပြိတ္တာမျိုး၊ အနေကပါဒပြိတ္တာမျိုး၊ ဧကဟတ္တပြိတ္တာမျိုး၊ အနေကဟတ္တပြိတ္တာ မျိုး၊ ဧကနေတ္တပြိတ္တာမျိုး၊ အနေကနေတ္တပြိတ္တာမျိုး... စသည်ဖြင့် များပြားစွာ ရှိကြသည်။

          ပြိတ္တာတို့အဖို့ ကောင်းမွန်ရာဘဝသို့ ကူးပြောင်းရောက်ရှိ ရန် အခွင့်အလမ်းများစွာ ရှိပါသည်။

          " မိမိတို့ လှူဒါန်းသောပေတဒါန၏ အဖိုးဘာဂကိုရည်ညွှန်း ထားသော မိမိ၏ မိဘသားချင်း ဆွေမျိုးဉာတကာ ပြိတ္တာများသာဓုမခေါ်နိုင်၍ မရရှိသည့်တိုင်အောင် အဆိုပါ ဆွေမျိုးဟောင်း ပြိတ္တာများအနေဖြင့် ရရှိနိုင်ကြသည်။ အကယ်၍ မည်သည့် ပြိတ္တာမှ မရရှိသည့်တိုင်အောင် ကာယကံရှင်ဖြစ်သော အလှူရှင် အနေဖြင့် ကျိန်းသေဒိဋ္ဌရရှိနိုင်ကြပေသည်။

          ပြိတ္တာဘဝသို့ ရောက်ရှိကြခြင်းမှာ လူ့ပြည် လူ့ဘဝဖြစ်စဉ် အခါက

          ငြူစူမှု ဝန်တိုမှုများပြားခြင်း၊ မိမိကိုယ်တိုင်လည်းပေးကမ်း မှု လှူဒါန်းမှု မရှိခြင်း၊ အခြားသူ၏ လှူဒါန်းမှု ပေးကမ်းမှု တို့ကို မနာလိုဝန်တိုခြင်း၊ ပိတ်ပင်တားမြစ်ခြင်း၊ ကံသုံးပါးကို ကျူးလွန်ခြင်း ....အစရှိသော အကုသိုလ်အမှုများကြောင့် ပြိတ္တာ ဘဝသို့ ကျရောက်ခြင်းဖြစ်ပေသည်။ ။

          သို့ဖြစ်၍ မြင့်မြတ်သော ဤလူ့ဘဝကို ရရှိစဉ်ကာလ၌ နိမ့်ကျသော၊ ဆင်းရဲဒုက္ခတို့ ပြွမ်းတီးသော၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဘဝများဆီသို့ ဆင်းမသွားရလေအောင် သတိသံဝေဂ ယူဖွယ်အဖြစ် ဤစာအုပ်ကို ပြုစုရေးသားခြင်း ဖြစ်ပါသည်။

          ဤစာအုပ်ကို ဖတ်ရှု၍ သံဝေဂတရားများ ပွားများရရှိမည် ဆိုပါက ဤစာအုပ်ကို ပြုစုရေးသားရကျိုး နပ်ပြီဟု ဆိုချင်ပါ သတည်း။

နန္ဒာမိုးကြယ်

(၂၂-၅-၂၀၁၂)

 

မစင်စားတဲ့ ပြိတ္တာမ

          “ ဝိဥ္စျဋီဝီ ”... ဟူ၍ အမည်ရှိသည့် တောအုပ်။

          သည်တောအုပ်ရှိရာသို့ အရှင်မောဂ္ဂလာန်သည် ဈာန်တန်ခိုး ဖြင့် တောင်စဉ်ခရီးလှည့်လည်တော်မူရာက ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။

          တောအုပ်ကြီးအတွင်းမှာတော့ မီးရှူးမီးပန်းများ ပစ်လွှတ်ဘိ သည့်အလား... ရောင်စဉ်တွေ ဖွေးဖွေးလှုပ်ကာ ဖွားခနဲ ဖွားခနဲ ဆိုသလို အထက်သို့ တက်တက်လာကြချေ၏။ သည်သို့ သည်နှင့် အမြင်အာရုံဆန်းပြားလှသည့်အတွက် ရှင်မောဂ္ဂလာန် လည်း ထိုအနီးအနားသို့ သွားရောက်ကာ ခေတ္တရပ်တန့်လျက် ကြည့်ရှုနေမိလေတော့၏။

          “ အို...တော်တော်လေး ဒုက္ခကြီးတဲ့ ပြိတ္တာမိသားစု ပါပဲလား ”

          သည်လို မှတ်ချက်ပြုစုရလောက်အောင်ပင် လေးဦးသော ပြိတ္တာမိသားစု၏ဒုက္ခဝဋ်ကြွေးကား ကြီးမားလှပါဘိ။ ထိုပြိတ္တာမိသားစုသည် အရှင်မောဂ္ဂလာန်ကို မြင်တွေ့လိုက်ရသည့်အခါ ထိတ်လန့် တုန်လှုပ်သွားကြပါချေ၏။ သည့်နောက် မူလခံစားနေရသည့် ဝဋ်ဒုက္ခအတိုင်းပင် ဆင်းရဲပင်ပန်းစွာ ခံစားနေပြန် ပါတော့၏။ ဤသို့ဤနှယ် စိတ်သက်သာဖွယ် အလျဉ်းမရှိသည့် မြင်ကွင်းကို ကြည့်ရင်း ရှင်မောဂ္ဂလာန် မေးပါလေတော့၏။

          “အို... ပြိတ္တာအပေါင်းတို့။ သင်တို့ရဲ့ အဖြစ်ဟာ " အင်မတန်မှ ဆိုးရွားလှပါကလား။ သင်တို့ လေးဦးရှိတဲ့အနက် တစ်ဦးက ကိုယ့်ခေါင်းပေါ်ကို ကိုယ်ကိုယ်တိုင် ၂မီးတွေ ကြဲချနေတယ်။ ဟို... တစ်ဦးကလည်း ကိုယ့် ဦးခေါင်းကိုကိုယ် သံတင်းပုတ်နဲ့ ထုနှက်နေတယ်။ အဲ... နောက်တစ်ဦးကျပြန်တော့ ကိုယ့်ကျောကုန်းသားကို ကိုယ့် လက်သည်းနဲ့ ထိုးခြစ်ကော်ထုတ်ပြီး အသားတွေကို ခွာစား နေတယ်။ နောက်ဆုံးတစ်ဦးကျပြန်တော့ ရွံရှာဖွယ် အင်မတန်ကောင်းတဲ့မစင်တွေကို မြိန်ရေရှက်ရေ စားနေပါ ကလား...

          အို... ပြိတ္တာတို့၊ သင်တို့ ခုလိုမျိုး ဖြစ်ပျက် ခံစား နေကြရတာတွေဟာ ဘယ်မကောင်းမှု အကုသိုလ်ကံတွေ ကျူးလွန်မိခဲ့လို့ပါလိမ့်”

          ရှင်မောဂ္ဂလာန်၏ အမေးစကားဆုံးလေတော့ ပြိတ္တာ မိသားစုလည်း သူဖြေနိုး၊ ငါနိုးဖြင့် တစ်ယောက်မျက်နှာကို တစ်ယောက် ကြည့်နေမိကြလေ၏။

          နောက်ဆုံးမှာတော့ ပြိတ္တာမကြီးက ... တစ်ဦးချင်းကို ညွန်ပြလျက်

          “အရှင်ဘုရား ... သူဟာ လူ့ဘဝတုန်းက တပည့် တော်မရဲ့ ခင်ပွန်းလင်ဖြစ်ပါတယ်ဘုရား။ သူကတော့ လူ့ဘဝတုန်းက တပည့်တော်မရဲ့ သားဖြစ်ပြီး၊ သူကတော့ တပည့်တော်မရဲ့ ချွေးမ ဖြစ်ပါတယ်ဘုရား။

          အရှင်ဘုရား တပည့်တော်မရဲ့ မိသားစုဟာ လူ့ဘဝတုန်းဆီက တစ်ဦးစီ တစ်ဦးစီ မကောင်းမှုတွေကို လုပ်ဆောင်ခဲ့ ပြောကြားခဲ့တဲ့အတွက် လူ့ဘဝကနေ ဇီဝိန် ချုပ်ခဲ့တဲ့အခါမှာတော့ တပည့်တော်မတို့” မိသားစုလေးဦး စလုံး ဟောဒီတောအုပ်ကြီးထဲမှာ ပြိတ္တာတွေ ဖြစ်လာကြတာ ပါဘုရား” ။

          ကြားရချက်က မသက်သာလှသလို၊ မြင်တွေ့နေရသည့် လူ့ဘဝ အတိတ်ကာလတုန်းဆီက မည်သို့သောဒုစရိုက်များ ကျူးလွန်ခဲ့ကြပါသနည်း။ "

          သာဝတ္ထိမြို့အနီးရှိ ရွာငယ်ကလေးတစ်ရွာ။

          သည်ရွာငယ်ကလေးမှာတော့ မိသားစုတစ်စုရှိသည်။ အိမ်ရှင် ဇနီးမောင်နှံနှင့် သားချွေးမ လေးဦးသာ ဖြစ်ကြ၏။ သည်မိသားစုလေးဦး၌ တစ်ဦးချင်းစီမှာပင် အကျင့်စရိုက်တွေက တစ်မျိုး တစ်ဖုံ ... ။

          အိမ်ထောင်ဦးစီး လင်ယောက်ျားဖြစ်သူက ကောက်ကျစ် စဉ်းလဲမှုဖြင့် စီးပွားရှာဖွေသော စပါးကုန်သည်ဖြစ်၏။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)