Skip to product information
1 of 4

Other Websites

နန္ဒမိုးကြယ် - ငါးရာ့ငါးဆယ်နိပါတ်တော် စကားပြေဇာတ်ဝတ္ထုများ (အတွဲ ၄)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ဣလ္လိသဇာတ် .

          လူ၊ နတ်၊ ဗြဟ္မာတို့၏ ဆရာသခင် ဖြစ်တော်မူသော မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ စမ္ပယ်သီတင်းသုံး နေတော်မူစဉ် ရာဇဂြိုဟ်မြို့အနီး သက္ကာရ နိဂုံးအရပ်၌ ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးတစ်ဦး ရှိလေ ၏။ ထိုသူဌေးသည် မြက်ဖျားဖြင့်တို့၍ ကျလာသော ဆီတစ် ပေါက်မျှ တစ်ပါးသူကို ပေးမလှူဖူးခဲ့။ ၎င်း၏ ပစ္စည်းဥစ္စာ တို့ကိုလည်း သားမယားများမှာ မသုံးစွဲရ။ ပုဏ္ဏားတို့ကိုလည်း မံပေးလှူ။ ပမာအားဖြင့် ဒကရက္ခိုသ်မည်သော ဘီလူးစောင့်သည့် ရေကန်ကဲ့သို့ မသုံးဆောင်ဘဲ စေးနည်းသူ ဖြစ်လေ၏။

          တစ်နေ့သ၌ မစ္ဆရိယသူဌေးသည် မင်းထံခစားပြီးနောက် ပြန်အလာတွင် ဇနပုဒ်သားတစ်ယောက် မြိန်ရေရှက်ရေ စားနေသော အိုးကင်းကြော်မုန့်ကို မြင်လေရာ စားချင်စိတ် တဖွားဖွား ဖြစ်ပေါ်၍လာ၏။ သို့ဖြင့် အိမ်ဂေဟာသို့ ပြန်ရောက်သည်ရှိ သော် ...

          “အိုးကင်းကြော်မုန့် ငါစားလိုသည်ဟု ပြောလိုက် လျှင်လူအများဝိုင်း၍ စားကြပေလိမ့်မည်။ ထိုသို့ဖြစ်လျှင်ငါပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ ကုန်ခန်းသွားပေလိမ့်မည်”

          ဟူ၍ လွန်စွာမှ နှမြောတွန့်တိုလှသဖြင့် တစ်စုံတစ်ယောက် ကိုမျှ မပြောကြားဘဲ စားသောက်လိုသော ချင်ခြင်းအာသာကို ကြိတ်မှိတ်သည်းခံကာ နေလေ၏။

          တစ်နေ့ထက်တစ်နေ့ ဆန္ဒအာသာ ပြင်းပြလာသည့်အခါ အသားအရေတို့မှာ လျော့ပါးလျက် ပိန်ချုံးကာ အင်အားချို့တဲ့ ပြီး ကျန်းမာရေး ထိခိုက်လာလေ၏။ သို့ဖြစ်၍ အပြင်ကိုမျှ မထွက်တော့ဘဲ အခန်းတွင်းအောင်းကာ ခုတင်ပေါ်၌ လဲလျောင်း ၍ နေလေ၏။ သူဌေးကတော်က အကျိုးအကြောင်း သိရှိရန် နူးညံ့ညင်သာစွာ မေးသော်လည်း ဥစ္စာပစ္စည်းများ ကုန်ခန်း လျော့ပါးမည်စိုးသဖြင့် မပြောမဆိုဘဲ ဆိတ်ဆိတ်နေလေ၏။

          သူဌေးကတော်သည် အလျော့မပေးဘဲ အဖန်ဖန်တလဲလဲ မေးမြန်းသည်ရှိသော် . .

“ရှင်မ၊ ငါ့၌ ရောဂါဝေဒနာ အထူးအထွေမရှိပါ။ အိုးကင်းကြော်မုန့် စားလိုစိတ်ပြင်းပြ၍ ဤကဲ့သို့ ခံစား နေရခြင်း ဖြစ်၏။”

          ဟူ၍ ပြောလေ၏။ ထိုအခါ သူဌေးကတော်က ...

 

“အရှင်သူဌေး၊ ဖြစ်မှဖြစ်ရလေခြင်း ... အစက တည်းက ပြောဆိုပါလျှင် ဤကဲ့သို့ ခံစားရမည်မဟုတ်။ သင်သည် ဆင်းရဲ မွဲတေသူ မဟုတ်။ သင်သာစားမည်ဟု ဖွင့်ပြောပါက လောကကြီး တစ်ခုလုံး စားသောက်နိုင်သည် အထိ ကြော်ပေးနိုင်ပါ၏”

          ဟူ၍ ပြောလေ၏။ သူဌေးလည်း လောကကြီးတစ်ခုလုံးကို ကျွေးရန်မလိုဟုဆိုကာ တားမြစ်လေ၏။ သည့်နောက် တစ်မြို့ လုံး၊ တစ်လမ်းလုံး၊ အိမ်နီးချင်းအားလုံး၊ အိမ်သားများအားလုံး ကို ကျွေးရန် စကားဆိုလေသော် ကပ်စေးနည်း သူဌေးသည် သူ ဌေးကတော်ကိုမျှ မကျွေးလိုဘဲ သူတစ်ဦးတည်းသာ စားသောက်မည်ဟု ပြောသဖြင့် သူဌေးကကော်လည်း ခင်ပွန်း သည်တစ်ဦးအတွက် စီစဉ်ရလေတော့၏။ ဤကဲ့သို့ စီစဉ်ရာတွင် အခြားနေရာ၌ ကြော်ပါက လူသိမည်စိုးသည့်အတွက် ဘုံခုနစ် ဆင့်သို့ တက်ကာ တံခါးကိုလုံအောင်ပိတ်ပြီး ကြော်ဖို့ရန် တာဝန် ပေးလေ၏။

          သူဌေးကတော်လည်း ဆန်ကွဲ၊ အိုးကင်း၊ ခုံလောက် (မီးဖို ခနောက်)၊ နို့၊ ပျား၊ တင်လဲ၊ ထောပတ်တို့ကို အနည်းငယ်စီ ယူကာ သူဌေးကြီးနှင့်အတူ ဘုံခုနှစ်ဆင့်သို့ တက်၏။ တံခါးကို လုံအောင်ပိတ်၏။ အားလုံး သေချာကျနစွာ စီမံပြီးပြီဆိုမှ မုန့် အိုးကင်းကို ကြော်လေတော့၏။

          မြတ်စွာဘုရားရှင်သည် နံနက်မိုးလောက်၍ ကျိန်းစက်ရာမှ ထတော်မူသောအခါ လောကဓာတ်အားလုံး၌ ကျက်သင့်ကျွတ်ထိုက်သူတို့အား မဟာကရုဏာ သမာပတ် ဝင်စားလျက် ဉာဏ် .တော်ဖြင့် ကြည့်ရှုလိုက်လေ၏။ ထိုအခါ မစ္ဆရိယ သူဌေးလင် မယားတို့ သောတာပန် ဖြစ်မည့်အကြောင်းကို မြင်ရလေ၏။ ဤတွင် ရှင်မောဂ္ဂလာန်ကို ခေါ်တော်မူ၍

“ချစ်သား- ရှင်မောဂ္ဂလန်၊ ယနေ့ သက္ကာရနိဂုံးရှိ မစ္ဆရိယ သူဌေးသည် အိုးကင်းကြော်မုန့်ကို စားလိုသဖြင့် ဘုံခုနစ်ဆင့်သို့ တက်ကာ ကြော်နေ၏။ ၎င်းတို့ကံ ချစ်သားသည် သွားရောက်လျက် မာနကျိုးအောင် ဆုံးမှ ပါလော့။ ၎င်းတို့ထံမှ မုန့်၊ နို့၊ ပျား၊ ကင်လဲထောပတ် နှင့်တကွ ၎င်းတို့လင်မယားကိုပါ ကျောင်းတော်ရှိရာသို့ ယူဆောင်ခဲ့ရမည်။ သံဃာတော် ငါးရာနှင့်တကွ ငါဘုရား ရှင် စောင့်ဆိုင်းနေပါမည်”

          ဟူ၍ မိန့်ကြားတာဝန်ပေးလေ၏။ ဤတွင် ရှင်မောဂ္ဂလာန် . လည်း တန်ခိုးတော်ဖြင့် ကောင်းကင်ခရီးမှ ကြွမြန်းကာ ဘုံခုနစ်ဆင့်တွင် ရပ်တန့်တော်မူလိုက်လေ၏။ ရှင်မောဂ္ဂလာန်ကို မြင် လေသော် သူဌေးလည်း စိတ်နှလုံး တုန်လှုပ်တော်မူလေ၏။ သူဌေးလည်း...

“ငါကား လူသူလေးပါး မသိရလေအောင် မည်သူ မည်ဝါမျှ မုန့်လုပ်နေကြောင်း အနံ့မရအောင် ဘုံခုနစ်ဆင့် သို့တက်၍ ပုန်းလျှိုးလျက် မုန့်ကြော်နေပါသော်ငြား ဤ ရဟန်းကား ထူးထူးကဲကဲဆိုသလို လာ၍ ဆွမ်းရပ်နေ လေ၏။ ၎င်းထွက်ပြေးအောင် လုပ်မှ ဖြစ်တော့မည်”

          ဟူ၍ ကြံစည်လျက် ...

“အရှင်ဘုရား၊ အရှင်သည် ကောင်းကင်၌ ရပ်၍သော် လည်းကောင်း၊ စကြံသွား၍ သော်လည်းကောင်း၊ အခိုး လွှတ်၍သော်လည်းကောင်း၊ ထက်ဝယ်ဖွဲ့ခွေ၍ သော်လည်းကောင်း၊ တံခါးခုံ၌ ရပ်၍သော်လည်းကောင်း မည်သို့ပင် နေစေကာမူ ငါ၏မုန့်အိုးကင်းကြော်ကို ရလိမ့်မည် မဟုတ်”

          ဟူ၍ ပြောဆိုလျှောက်ထားလေ၏။ ရှင်မောဂ္ဂလာန်လည်း တန်ခိုးတော်အမျိုးမျိုးကို ပြ၏။ သို့ရာတွင် အခြေအနေတို့က ထူးခြား၍ မလာချေ။ နောက်ဆုံး၌ အခိုးအငွေ့များကို လွှတ် ထုတ်လေ၏။ သည့်အတွက် ပြာသာဒ်တစ်ခုလုံး အခိုးအငွေ့တို့ ဖုံးလွှမ်း၍သွားလေ၏။ သူဌေးလည်း မျက်စိအတွင်းသို့ အခိုးဝင် သဖြင့် မခံမရပ်နိုင်အောင် ဝေဒနာခံစားရလေ၏။ ထိုအခါ သူဌေးလည်း

“ဤရဟန်းကား ငါ၏မုန့်အိုးကင်းကြော်အား တပ် မက်လွန်းလှပါဘိ၏။ ငါ့ထံမှ မရလျှင် ပြန်လိမ့်မည့် အနေ အထား မရှိ။ မုန့်ငယ်ခပ်သေးသေးလေး တစ်ချပ်ကို လှူ လိုက်မှ ဖြစ်တော့မည်”

          ဟူ၍ ကြံစည်ကာ သူဌေးကတော်အား

“ရှင်မ၊ မုန့်ခပ်သေးသေးလေး တစ်ချပ်လောက် ကြော် လိုက်ပါ။ ခပ်သေးသေးလေးနော်- မကြီးစေနဲ့”

          ဟူ၍ ခိုင်းစေလေ၏။ သူဌေးကတော်လည်း လင်တော် မောင် ခိုင်းစေသည့်အတိုင်း မုန့်ညက်အနည်းငယ်ကို ထည့်၍ကြော်လေရာ ရှင်မောဂ္ဂလန်၏ တန်ခိုးကြောင့် အိုးကင်းပြည့်မျှ . မုန့်ချပ်ကြီး ဖြစ်လာ၏။ ထိုမုန့်ချပ်ကြီးကိုကြည့်လျက် သူဌေး ကြီးခမျာ နှမြောတသ ဖြစ်ရလေ၏။ သည့်အတွက် ၎င်းကိုယ် တိုင် မုန့်ညက်ကို ပါလေရုံထည့်၍ ကြော်ပြန်ရာ သာ၍ပင် ကြီးမားသော မုန့်ချပ်ကြီး ဖြစ်လာသည့်အတွက် မတတ်သာသည့် အဆုံး၌-

. “ရှင်မ၊ သည်မုန့်တစ်ချပ်ကို လှူလိုက်ပါ”

          ဟူ၍ ခိုင်းစေလေ၏၊ သူဌေးကတော်လည်း မုန့်တောင်းထဲမှ မုန့်တစ်ချပ်ကိုယူ၍ လောင်းလှူမည်ပြုရာ မုန့်တစ်ချပ်နှင့်အတူတောင်းအတွင်းမှ မုန့်ချပ်များ တွဲကပ်ပါလာ၏။ ဤတွင် သူဌေးလည်း ကပ်ပါသွားသော မုန့်ချပ်များကို ချွေးတဒီးဒီး ကျအောင် ဆွဲခွာလေ၏။ သို့ရာတွင် ဆွဲခွာ၍မရဘဲ စားချင်စိတ် များ ကုန်ခန်းလာကာ ..

“ရှင်မ၊ တစ်တောင်းလုံးသာ လောင်းလှူလိုက်ပေ တော့” . . ။

           ဟူ၍ ခိုင်းစေရာ၊ သူဌေးကတော်လည်း မုန့်တောင်းတစ် တောင်းလုံးကို လှူဒါန်းလိုက်လေ၏။ ဤတွင် ရှင်မောဂ္ဂလာန် လည်း သူဌေးလင်မယားအား ရတနာသုံးပါး၏ ဂုဏ်ကျေးဇူး နှင့် အလှူဒါန ပြုရခြင်း၏ အကျိုးကို နားဝင်အောင် ဟောကြားလေရာ သူဌေးလင်မယားမှာ ကြည်ညိုစိတ်များ ကိန်း အောင်းလာကြတော့၏။ ဤတွင် သူဌေးလည်း

          “အရှင်ရဟန်း၊ ဤပလ္လင်ထက်သို့ ကြွ၍ စိတ်တိုင်းကျ ဘုဉ်းပေးတော်မူပါ အရှင်ဘုရား”

          ဟူ၍ လျှောက်ထားလေ၏။

          ဤတွင် ရှင်မောဂ္ဂလာန်က

          “သူဌေးကြီး၊ မြတ်စွာဘုရားရှင်နှင့် ရဟန်းငါးရာတို့ သည် သင်၏မုန့်ဆွမ်းအား ဘုဉ်းပေးရန် စောင့်ဆိုင်းနေကြ ပါ၏။ သင်တို့ကိုယ်တိုင် ဒါနမြောက်အောင် မုန့်တို့ကို ယူဆောင်၍ ကျောင်းသို့လိုက်ပါ ကပ်သင့်ပါ၏” ဟူ၍ ပြောလေ၏။

          သူဌေးကြီးလည်း

          “အရှင်ရဟန်း၊ ဇေတဝန် ကျောင်းတော်သို့ ရောက်ရှိ ရန် လေးဆယ့်ငါးယူဇနာ ကွာဝေးလှသဖြင့် ဆွမ်းအမှီ လိုက်နိုင်မည် မဟုတ်ပါ” . "

          ဟူ၍ လျှောက်ထားလေသော်

          “သူဌေးကြီး၊ သင်တို့လိုက်လိုပါက အချိန်မီ ရောက်ရှိ နိုင်အောင် ငါ၏တန်ခိုးဖြင့် ဆောင်ကြဉ်းပါမည်”

          ဟူ၍ဆိုကာ ရှင်မောဂ္ဂလာန်လည်း ၎င်း၏တန်ခိုးတော်ဖြင့် သူဌေးကြီးတို့ လင်မယားအား ဇေတဝန်ကျောင်းတော်သို့ ဆောင် ကြဉ်းကာ ဘုရားရှင်၏ ရှေ့တော်မှောက်သို့ ပို့ဆောင်ခဲ့လေ၏။

          သူဌေးကြီးတို့ လင်မယားလည်း မြတ်စွာဘုရားရှင် အမှူး ပြုသော သံဃာတော် ငါးရာတို့အား ကိုယ်တိုင်မုန့်ဆွမ်းတို့ကို ကပ်လှူ၍ ရေစက်သွန်းချကြလေ၏။ ဘုရားရှင်နှင့်တကွ သံဃာတော်ငါးရာတို့လည်း မုန့်ဆွမ်းဘုဉ်းပေးပြီးသောအခါ သူဌေး လင်မယားတို့မှာလည်း အလိုရှိသမျှ မုန့်တို့ကို စားသောက်ကြ လေ၏။ မည်သို့ပင် စားသောက်စေကာမူ မုန့်တို့မှာ ကုန်သွား သည်မရှိပေ။ ဖုန်းတောင်းယာစကာတို့ကို စွန့်ကြဲပေးကမ်းသည့်

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)