Skip to product information
1 of 4

Other Websites

နန္ဒမိုးကြယ် - ငါးရာ့ငါးဆယ်နိပါတ်တော် စကားပြေဇာတ်ဝတ္ထုများ (အတွဲ ၃)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
အာသိသဝဂ်
( ၅၁ )

မဟာသီလဝဇာတ်

          လူ၊ နတ်၊ ဗြဟ္မာတို့၏ ဆရာအရှင်ဖြစ်တော်မူသော ဂေါတမ ဘုရားရှင်သည် သာဝတ္ထိပြည်မွန် ဇေတဝန်မည်သော ကျောင်းတော်၌ သီတင်းသုံးနေသော ကာလဖြစ်၏။

          ထိုကာလ၌ လုံ့လဝီရိယ ယုတ်လျော့သော ရဟန်းတစ်ပါး ရှိလေ၏။ သီတင်းသုံးဖော် ရဟန်းတို့သည် တစ်နေ့သောအခါ အဆိုပါ ရဟန်းအား ဘုရားရှင်ထံသို့ ခေါ်ဆောင်ကာ အကျိုး အကြောင်း တင်ပြလျှောက်ထားတော်မူ၏။ ထိုအခါ မြတ်စွာ ဘုရားရှင်က

          “ချစ်သားရဟန်း၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက် စေတတ်သော ငါဘုရားရှင်၏ သာသနာတော်၌ ရဟန်းပြု ပါလျက် အဘယ်ကြောင့် လုံ့လဝီရိယ ယုတ်လျော့ရပါ ဘိသနည်း။ ရှေးပညာရှိတို့ဆိုလျှင် လုံ့လဝီရိယ ရှိသည့် အတွက် လက်လွတ်ဆုံးရှုံးခဲ့ပြီးသော မင်းစည်းစိမ်ကိုပင် ပြန်လည်၍ ရခဲ့ဖူးပေပြီ”

          ဟု မိန့်တော်မူကာ အတိတ်ဇာတ်ကို ဆောင်ပါလေသတည်း။ . ။

          လွန်လေပြီးသော ကာလသမယ......။

          ဗာရာဏသီပြည်၌ မဟာသီလဝမင်းသည် တိုင်းပြည်ကို အုပ်ချုပ် စိုးစံလေ၏။ ထိုမင်းကား အကျင့်သီလရှိ၏။ ဥပုသ် သီတင်း ဆောက်တည်၏။ တိုင်းသူပြည်သားတို့အပေါ် ကျော သားရင်သား မခွဲခြားဘဲ အုပ်ချုပ်၏။ မြို့တံခါးလေးမျက်နှာ၊ မြို့လယ်၊ နန်းတော်တံခါး ဤခြောက်ဌာနဝယ် အလှူမဏ္ဍာပ် ခြောက်ဆောင် ဆောက်လုပ်၍ အယုတ်, အလတ်, အမြတ်မရွေး လှူဒါန်း ပေးကမ်းလေ့ရှိလေ၏။

          ထိုအချိန်၌ အမတ်တစ်ယောက်သည် နန်းတွင်း၌ ခွင့်လွှတ် နိုင်ဖွယ်မရှိသော အမှားတစ်ခုကို ကျူးလွန်ခဲ့မိ၏။ ထိုအဖြစ်ကို မဟာသီလဝမင်း သိတော်မူလျှင်

          “ဟယ်... အမတ်မိုက်သင်သည် ခွင့်လွှတ်နိုင်ဖွယ် မရှိသောအမှားကို ကျူးလွန်ခဲ့၏။ သည့်အတွက် ငါ၏နိုင်ငံ ၌ မနေနှင့်။ သင်၏သားမယားတို့ကို ခေါ်ဆောင်၍ ငါ၏ ။ နိုင်ငံမှ အမြန်ဆုံး ထွက်ခွာသွားလော့” -

          ဟူ၍ နှင်ထုတ်လေ၏။ ထိုအခါ အမတ်မိုက်လည်း ကော သလတိုင်းသို့ မိသားစုနှင့် ထွက်ခွာကာ ကောသလမင်းကြီးထံ ဝင်ရောက်ခစား၏။ မင်းလိုလိုက် မင်းကြိုက်ဆောင်တတ်သဖြင့် မကြာမီမှာပင် ကောသလမင်းကြီး၏ လူယုံတော်အဖြစ်သို့ ရောက်ခဲ့လေတော့၏။

          တစ်နေ့သ၌ အငြိုးအတေးကြီးလှစွာသော အမတ်မိုက်သည် မဟာသီလဝမင်းနှင့် ဗာရာဏသီပြည်ကြီး ပျက်စီးရလေအောင် ကြံစည်နေရာမှ အကြံရလာသည့်အတွက် ကောသလမင်းကြီး အား

          “အရှင်မင်းကြီး၊ ဗာရာဏသီပြည်ကား ပျားကောင် မရှိသော ပျားလဘို့နှင့် တူပါပေ၏။ ဗာရာဏသီပြည်ကို စိုးစံသော မဟာသီလဝမင်းသည် လွန်စွာနူးညံ့သူဖြစ်၏။ သည့်အတွက် စစ်သည်ဗိုလ်ပါ အနည်းငယ်မျှလောက်နှင့် ပင် သွားရောက်သိမ်းပိုက်ပါက အလွယ်တကူ ရနိုင်ပါလိမ့် မည်” ။

          ဟူ၍ တင်ပြလျှောက်ထားလေ၏။ ထိုအခါ ကောလသမင်း ကြီးလည်း

          “အို...အမတ်၊ သင်၏ မူလနေရာဖြစ်သော ဗာရာ ဏသီဆိုသည်မှာ လွန်စွာမှ ကျယ်ဝန်း၍ စစ်သည်ဗိုလ်ပါ များလှစွာ၏။ သင်သည် အဘယ့်ကြောင့် ဖြစ်နိုင်ခြေ မရှိသောစကားကို ဆိုပါဘိသနည်း။ သင်သည် သူလျှို မဟုတ်လော”

          ဟူ၍ မေးလေလျှင် အမတ်မိုက်လည်း ပြူးပြူးပျော့ပျော့ ဖြစ်ကာ

          “လိမ်ညာမုသားဆိုခြင်း မဟုတ်ရပါမင်းကြီး၊အကျွန်ုပ် တင်ပြလျှောက်ထားသည့် စကားကို ယုံကြည်တော်မမူပါ လျှင် ဗာရာဏသီ၏ အစွန်အဖျား ပစ္စန္တရာဇ် အရပ်များသို့ ဖျက်ဆီးရန် လူအချို့ စေလွှတ်တော်မူပါ။ ဗာရာဏသီတပ် များ ဖမ်းဆီးသွားပါက မဟာသီလဝမင်း၏ ရှေ့ တော် မှောက်သို့ရောက်လျှင် ထိုမင်းကြီးသည် ဥစ္စာပစ္စည်းတို့ကို ပေးသနား၍ ပြန်လွှတ်ပေးပါလိမ့်ဦးမည်” ။ ဟူ၍ လျှောက်တင်လေ၏။ ဤကဲ့သို့ ကြိမ်ဖန်များစွာ လျှောက်သည်ရှိသော် ကောသလမင်းကြီးလည်း စစ်သည်အချို့ အား ဗာရာဏသီ၏ ပစ္စန္တရာဇ်အရပ်များသို့ပို့ကာ ဖျက်ဆီးစေ၏။ ဤတွင် ပဉ္စ ရာဇ်ရှိ ဗာရာဏသီတပ်သည်လည်းကောင်း ဖျက် ဆီးသူတို့အား လက်ရဖမ်းဆီးလျက် မဟာသီလဝမင်းထံမှောက် သို့ ပို့ဆောင်ခဲ့၏။ မင်းကြီးလည်း ဖမ်းဆီးမိလာသူတို့အား နှိပ်စက်ကလူပြုခြင်း လုံးဝမရှိဘဲ နူးညံ့သိမ်မွေ့စွာဖြင့် ဆုံးမစကား များ ပြောကြား၏။ ဥစ္စာပစ္စည်းများကို ပေးကမ်း၏။ ထို့နောက် ဘေးမသီ ရန်မခစေဘဲ ဠာနေရင်းသို့ ပြန်ပို့ပေးလေ၏။

          ကောသလမင်းလည်း နောက်ထပ်သုံးကြိမ်သုံးခါဆိုသလို ယခင်အခါကအတိုင်း ဗာရာဏသီအစွန်အဖျား ပစ္စန္တရာဇ်အရပ် များကို ဖျက်ဆီးစေ၏။ ထိုအခါ အဖမ်းခံရပြီး နူးညံ့သိမ်မွေ့သော မဟာသီလဝမင်း၏ ဆုံးမမှုကို ခံယူရင်း လက်ဆောင်ပစ္စည်းဥစ္စာများကို ပိုက်ကာ ဘေးမသီရန်မခ ပြန်ပြန်လာကြသည်ကို တွေ့ရလေသောအခါ အမတ်မိုက်၏လျှောက်ထားချက်ကို အကြွင်းမဲ့ လက်ခံယုံကြည်သွားလေတော့၏။ ထို့ကြောင့်ပင်ကောသလမင်းလည်း စစ်သည်ဗိုလ်ပါတို့ကို စုရုံး၍ ဗာရာဏသီ ပြည်ကြီးအား သိမ်းပိုက်ရန်အတွက် ၎င်းကိုယ်တိုင် ဦးဆောင် ချီတက်လာတော့၏။

          ထိုအဖြစ်ကို ဗာရာဏသီတိုင်းသူပြည်သားများ သိကြလေ သောအခါ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားကြလေ၏။ ဤတွင် မဟာသီလဝမင်းအပေါ် သစ္စာရိုသေစောင့်သိကြသော လွန်စွာမှ ရဲစွမ်းသတ္တိပြည့်စုံကြပြီး ဇမ္ဗူဒိပ်ကျွန်းတစ်ကျွန်းလုံးကိုပင်လျှင်” သိမ်းယူနိုင်လောက်အောင် အရည်အသွေး ပြည့်စုံကြသည့် သူရဲ ကောင်း အမတ်တစ်ထောင်တို့က မဟာသီလဝမင်းအား

          “မင်းကြီး ရန်သူကောသလမင်းသည် တပ်ဦးမှ ချီလျက် ဗာရာဏသီအား ရန်စကျူးကျော် သိမ်းပိုက်ရန် လာနေပါပြီ။ ရန်သူကောသလ နယ်စပ်သို့ မရောက်မီ အကျွန်ုပ်တို့ သွားရောက်ဖမ်းဆီးကာ မင်းကြီးအား ဆက်သတော်မူပါရစေ” - - ဟူ၍ ဝိုင်းဝန်းလျှောက်တင်ကြလေ၏။ ထိုအခါ လွန်စွာမှ စိတ်ထားနူးညံ့သိမ်မွေ့သော မဟာသီလဝမင်းက

          “အမောင်တို့၊ ငါ့အတွက်ကြောင့် သင်တို့ ဆင်းရဲ ပင်ပန်းကြမည်ကို မလိုလားပါ။ ငါ၏တိုင်းပြည်ကို အလို ရှိ၍ လာကြခြင်းဖြစ်ပေရာ သူတို့ဆန္ဒအတိုင်း ယူကြပါစေ . သင်တို့ မသွားကြပါနှင့်”

          ဟူ၍ ပိတ်ပင်တားမြစ်တော်မူခဲ့၏။ ကောသလမင်းလည်း စစ်ချီရာ လမ်းခရီးတစ်လျှောက် မည်သည့်အတားအဆီးမျှ၊ ခုခံ ခြင်းမျှ ကြုံတွေ့ခြင်း မရှိလေရကား များစွာမှ အံ့အားသင့်လျက် ရှိရ၏။ သို့နှင့် အစဉ်အတိုင်း ချီလာခဲ့ရာ ဗာရာဏသီမြို့တံခါး ပေါက်သို့ ရောက်ရှိခဲ့လေ၏။ ဤတွင်- . :

          “တိုင်းပြည်ကို ပေးမည်လော။ သို့မဟုတ် စစ်တိုက် မည်လော”

          ဟူ၍ မဟာသီလဝမင်းထံ သတင်းစကား ပေးပို့လိုက်လေ ၏။ မဟာသီလဝမင်းလည်း သတင်းစကားကို ကြားရလေသော်

          “စစ်မတိုက်လိုပါ။ တိုင်းပြည်ကို ယူပါလော့”

          ဟူ၍ တုံ့ပြန်လိုက်လေ၏။ ဤတွင် ကောသလမင်းလည်း ဗာရာဏသီ တစ်ပြည်လုံးကို သိမ်းပိုက်ကာ မင်းပြု၏။ ထို့နောက် လုံးဝအပြစ်ကင်းစင်သော မဟာသီလဝမင်းအားလည်းကောင်း၊ အမတ်တစ်ထောင်အားလည်းကောင်း၊ အတူတကွ ဖမ်းဆီးနှောင် တည်းကာ သုသာန်သချိုင်းသို့ ခေါ်ဆောင်ခဲ့၏။ ထို့နောက် လည်ပင်းပမာဏရှိ တွင်းတို့ကို တူးစေပြီး မဟာသီလဝမင်းကြီး ကို အလယ်၌ ထားကာ အမတ်တို့ကို ဝန်းရံစေ၏။ ပြီးလေသော် လည်ပင်းအစပ်ထိရောက်အောင် မြေကို တင်းကြပ်စွာ ဖို့စေ၏။ ဤတွင် မဟာသီလဝမင်းကြီးလည်း အမတ်တစ်ထောင်တို့အား

          “အမောင်တို့၊ ရန်သူကောသလမင်းအပေါ်၌ အမျက် မထွက်ကြနှင့်။ မေတ္တာ ပွားများကြပါကုန်လော့”

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)