Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - သုံးနှစ်သုံးမိုး

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

(၁)

          အမှောင်ပျိုးစပြုနေပြီ။ အချို့အိမ်များတွင် မီးထွန်းထားကြပြီ ဖြစ် သည်။ လမ်းထိပ်ကင်းတဲလေး၏နောက်ဘက်တွင် လ ဖျော့ကလေးပင် ထွက်နေပြီ။ လက်ပတစ်သည် ခြံဝင်းဝရှိ ခုံတန်းရှည်ကလေးပေါ်တွင် ထိုင်ပြီး ပီတာနှင့်ပေါလ် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်နေသော ညနေပိုင်း ဝတ်ပြုပွဲ အပြီးကို စောင့်ဆိုင်းလျက်ရှိသည်။ ယူလီယာသည် ဝတ်ပြုပွဲမှ အပြန်တွင် သူတို့အိမ်ရှေ့မှ ဖြတ်ပြီး ပြန်ရမည်ဟု သူတွက်ထားသည်။ ထိုအခါတွင် သူသည် သူမနှင့် စကားပြောခွင့် ရရှိပေမည်။ အဆင်ပြေလျှင် တစ်ညချမ်းလုံး သူမနှင့်အတူ နေနိုင်မည် ဖြစ်သည်။

          ဤနေရာတွင် သူ ထိုင်နေခဲ့သည်မှာ တစ်နာရီခွဲ ရှိသွားပြီဖြစ်သည်။ ဤအတွင်းတွင် သူသည် မော်စကိုမြို့တော်မှ သူ၏နေအိမ်၊ မော်စကိုမြို့တော် မှ သူ၏မိတ်ဆွေများ၊ အစေခံကြီး ပီတာနှင့် သူ၏ စာရေးစားပွဲတို့ကို မြင်

ယောင်လျက်ရှိသည်။ သူသည် ငြိမ်သက်ပြီး မည်းမှောင်နေသော သစ်ပင်များ ကို စိတ်ရှုပ်ထွေးစွာဖြင့် မောနေမိသည်။ သူသည် ဆူကိုနိကီရှိ နွေရာသီအပန်းဖြေရိပ်သာတွင် မနေဘဲ နံနက်တိုင်းနှင့် ညနေတိုင်းပင် ခရာသံတည် ညံ၊ ဖုန်လုံးကြီးများ တထောင်းထောင်းနှင့် နွားအုပ်ကြီးများ ဖြတ်မောင်းသွား တတ်သော တောမြို့နယ် အိမ်ကလေးတစ်အိမ်တွင် ရောက်ရှိနေရသည်မှာ သူ့အဖို့ ထူးဆန်းနေပါသည်။

          မကြာသေးသောကာလက သူကိုယ်တိုင် ပါဝင်ခဲ့ရသော ရှည်လျား ထွေပြားသော မော်စကို စကားဝိုင်းများကိုလည်း သူ အမှတ်ရနေသည်။ ယင်းစကားဝိုင်းများတွင် အချစ်မရှိဘဲနှင့် အသက်ရှင်နေထိုင်နိုင်သည့် အကြောင်းကို ပြောဆိုကြသည်။ ကိလေသာ အချစ်ဟူသည်မှာ စိတ်ရူးပေါက် ခြင်းသာ ဖြစ်သည်။ နိဂုံးချုပ်လိုက်သောအခါ မည်သည့်အချစ်ဟူသည် မရှိပါ။ ဆန့်ကျင်ဘက်လိင်တို့၏ ကိုယ်ခန္ဓာသာယာမှုမျှသာ ဖြစ်သည်။ သည် အချက်များကို စဉ်းစားမိသောအခါ ယခုအချိန်တွင် အချစ်ဟူသည် အဘယ် နည်းဟု သူ့ကို မေးလာလျှင် သူ ဘာမျှဖြေတတ်မည် မဟုတ်ပါ။

          ညနေပိုင်း ဝတ်ပြုပွဲ ပြီးသွားပြီ ဖြစ်သည်။ လူအုပ်ကြီး ပေါ်ထွက်လာ သည်။ လက်ပတစ် အားစိုက်ပြီး မှုန်ရီဝိုးဝါးသဏ္ဌာန်များကို ကြည့်သည်။ ဂိုဏ်းချုပ်ကြီးပင် သူ၏မြင်းရထားကြီးဖြင့် ထွက်ခွာသွားပြီ ဖြစ်သည်။ ခေါင်းလောင်းသံများလည်း ရပ်သွားကြပြီ။ ခေါင်းလောင်းစင်တွင် ထွန်းထားသော မီးစိမ်း၊ မီးနီများသည်လည်း တစ်ပွင့်ပြီးတစ်ပွင့် ငြိမ်းကုန်ကြပြီဖြစ်သည်။ လူအုပ်ကြီးမှာမူ ဘုရားရှိခိုးကျောင်းအတွင်းမှ အေးအေးလူလူပင် ထွက်လာနေ ကြသည်။ အချို့မှာ ပြတင်းပေါက်များအောက်တွင် ရပ်ပြီး စကားပြောနေကြ သည်။

          သို့သော် နောက်ဆုံးတွင်မူ သူ ကျက်မှတ်မိနေသော စကားသံတစ်ခု ကို လက်ပတစ် ကြားရသည်။ သို့သော် သူ့မှာ ရင်တထိတ်ထိတ် ဖြစ်သွားရ သည်။ အကြောင်းမှာ ယူလီယာတစ်ယောက်တည်း မဟုတ်ပါ၊ အဖော် အမျိုးသမီးနှစ်ယောက် ပါနေသည်။ သူ စိတ်ပျက်ရတော့သည်။

          “အဲဒါ ဆိုးတာပဲ၊ အဲဒါ ဆိုးတာပဲ” 

          သူ ရွတ်ဆိုလိုက်သည်။

          သို့သော် လမ်းဆုံသို့ ရောက်ရှိသောအခါ ယူလီယာသည် လမ်းသွယ် ကလေးတစ်ခုအတွင်းသို့ မချိုးမီ ရပ်တန့်လိုက်ပြီး အမျိုးသမီးနှစ်ယောက်နှင့်လမ်းခွဲလိုက်သည်။ ထို့နောက် လက်ပတစ်ရှိရာဘက်သို့ ကြည့်လိုက်သည်။

          “ကိုယ် အခုပဲ မင်းတို့အိမ် သွားမလို့ပဲ၊ မင်းတို့ဖေဖေနှင့် စကားပြောရ အောင်၊ သူ အိမ်မှာ ရှိသလား” 

          “ရှိဖို့ များပါတယ်၊ ကလပ်ကိုသွားဖို့ အချိန်စောပါသေးတယ်”

           လမ်းသွယ်ကလေး တစ်လျှောက်လုံးလိုလိုမှာပင် ခြံဝင်းကျယ်များ သွယ်တန်းလျက်ရှိသည်။ ခြံစည်းရိုးများတွင် သံပရာပင်များ ပေါက်နေကြ သည်။ လရောင်တွင် ယင်းသံပရာပင်များက အရိပ်ထိုးနေကြသဖြင့် လမ်း တစ်ဖက်ရှိ ခြံစည်းရိုးများနှင့် ခြံတံခါးများအားလုံး အမှောင်ထဲတွင် ရောက်ရှိ နေကြတော့သည်။ အမျိုးသမီးအချို့၏ တီးတိုးသံများ၊ ခပ်အုပ်အုပ်ကလေး ရယ်သံများနှင့် တိုးညင်းသော ဗျပ်စောင်းသံတို့ကို ကြားနေရသည်။ သံပရာနံ့ နှင့် မြက်ခြောက်နံ့များ သင်းနေသည်။

           အမှောင်ထဲမှ တီးတိုးသံများနှင့် သံပရာရနံ့များက လက်ပတစ်ကို လွှမ်းခြုံ လာကြသည်။ သူက ရုတ်ခြည်းဆိုသလိုပင် သူ၏အဖော်ကို အားရ ပါးရ ပိုက်ဖက်လိုစိတ် ဖြစ်လာသည်။ သူမ၏မျက်နှာ၊ သူမ၏လက်မောင်း နှင့် သူမ၏ တံတောင်များကို အနမ်းများစွာဖြင့် ဖုံးလွှမ်းပစ်လိုက်ချင်သည်။ သူမ၏ခြေရင်းတွင် ဒူးထောက်လိုက်ကာ သူမကို ချစ်နေမိသည်မှာ အဘယ် မျှကြာပြီ ဖြစ်ကြောင်းကို မျှဉ်းမျှဉ်းရှိုက်ရှိုက်ကလေး ပြောလိုက်ချင်သည်။

            သူမထံမှ ဘုရားဝတ်ကျောင်း ပန်းပေါင်းရနံ့ပျံ့ပျံ့ကလေး သင်းလာ သောအခါ သူကိုယ်တိုင်လည်း တစ်ချိန်က ဘုရားသခင်တွင် ယုံကြည်ခြင်း ကြီးစွာဖြင့် ညနေတိုင်း ဝတ်ပြုပွဲသို့ သွားခဲ့သည့်အဖြစ်များကို သတိရပြီး သန့်ရှင်းစင်ကြယ်သော ချစ်ခြင်းမေတ္တာနှင့် ကဗျာတစ်ပုဒ်လို သာယာလှပ

သော ချစ်ခြင်းမေတ္တာတို့ကို တမ်းတမိပါတော့သည်။ သို့သော် သည်မိန်းက လေးက သူ့ကို မချစ်ချေသောကြောင့် ထိုစဉ်က သူ မျှော်မှန်းတမ်းတခဲ့သော ပျော်ရွှင်မှုတို့ကို ယခုအခါ ထာဝရလက်လွှတ် ဆုံးရှုံးရမည်ကဲ့သို့ ရှိနေသည်။

            သူမက သူမ၏အစ်မ နီနာဖီဒိုရော့ဗနာ၏ ကျန်းမာရေးကို စိတ်ဝင်စား စွာဖြင့် ပြောဆိုပါသည်။ သူမ၏အစ်မသည် လွန်ခဲ့သော နှစ်လလောက်တုန်း က ကင်ဆာရောဂါအတွက် ခွဲစိတ်ကုသခဲ့ရသည်။ ယခုအခါတွင် သူတို့ အားလုံးကပင် ရောဂါအခြေအနေ ပြန်လည်ဆိုးဝါးလာမည်ကို မျှော်လင့်နေ

ကြတော့သည်။

          “ကနေ့မနက်ပဲ ကျွန်မ သူ့ကိုသွားကြည့်ခဲ့သေးတယ်၊ ဒီတစ်ပတ် အတွင်းမှာ သူဟာကျမသွားပေမဲ့ အသားအရေတွေ ဖျော့လာတယ်လို့ ကျွန်မ ထင်တယ်”

           ယူလီယာဆာဂျီယက်ဗနာက ပြောလိုက်သည်။

           “ဟုတ်တယ်၊ ဟုတ်တယ်၊ ရောဂါပြန်ဖြစ်လာတဲ့ သဘောတော့ မရှိ ဘူး၊ ဒါပေမဲ့ သူဟာ တစ်နေ့ထက်တစ်နေ့ အားနည်းလာပုံရတယ်၊ ဘယ်လို ဖြစ်သလဲဆိုတာ ကိုယ် စဉ်းစားလို့မရဘူး”

            လက်ပတစ်က ပြန်ပြောလိုက်သည်။ 

            ယူလီယာ ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် 

            “အို... ဘုရားသခင်၊ သူဟာ တစ်ချိန်တုန်းက တကယ့်ကို ကျန်းမာရေး ကောင်းပြီး တကယ့်ကိုဝပြီး သူ့ပါးကလေးတွေဟာ တကယ့်ကို နီရဲနေတာပဲ၊ ဒီကလူတွေအားလုံးက သူ့ကို မော်စကိုမြို့တော်သူကြီးလို့ ခေါ်ကြတယ်။ ဒါပေမဲ့ သူဟာ ဘုရားရှိခိုးကျောင်း သွားတဲ့နေ့တွေမှာ ကျေးတောသူတစ်

ယောက်လိုပဲ ရိုးရိုးယဉ်ယဉ်ကလေးပဲ ဝတ်လေ့ရှိတယ်။ အဲဒီလိုဝတ်တာကပဲ သူနဲ့ သိပ်လိုက်တာပဲ”

             ဒေါက်တာဆာဂျီဗိုရီဆစ် အိမ်မှာ ရှိနေသည်။ တုတ်တုတ်ခိုင်ခိုင်၊ နီနီရဲရဲ။ ဒူးဆစ်အောက် ရောက်သော ကုတ်အင်္ကျီကြီးကို ဝတ်ထားသဖြင့် ခြေထောက်တိုသည်ဟု ထင်ရသည်။ စာကြည့်ခန်းထဲတွင် ခေါက်တုံ့ခေါက် ပြန် လျှောက်နေသည်။ လက်နှစ်ဖက်ကို အင်္ကျီအိတ်များအတွင်းသို့ ထည့် ထားပြီး သီချင်းတအေးအေးနှင့် ဖြစ်သည်။

            “ရူ.........ရူ.......ရူ.........ရူ”

             သူ၏ နှုတ်ခမ်းမွေး ဖြူဖြူများကလည်း ကစဉ့်ကလျား။ သူ၏ဆံပင် များကလည်း ယခုမှ အိပ်ရာကထလာသူတစ်ဦးပမာ မပြီးမခွဲ။ ထို့အပြင် သူ၏စာကြည့်ခန်းမှာလည်း သူ၏ကိုယ်ခန္ဓာနှင့် အလားတူပင် ဖရိုဖရဲ ပရမ်း ပတာ။ ဆိုဖာပေါ်က ခေါင်းအုံးပုံ၊ အခန်းထောင့်က စက္ကူပုံ၊ စားပွဲအောက်က ခွေးဝဲစား တစ်ကောင်။

             “မစ္စတာ လက်ပတစ်က ဖေဖေနှင့် တွေ့ချင်လို့တဲ့”

 သမီးဖြစ်သူက စာကြည့်ခန်းအတွင်းသို့ ဝင်သွားရင်း ဖခင်ကို ပြော လိုက်သည်။ ။

          “ရူ..ရူ...ရူ.ရူ”

          သူက တေးသွားကို ပိုမိုကျယ်လောင်စွာ ညည်းလိုက်ပြီးနောက် ဧည့် ခန်းဆီသို့ လျှောက်သွားသည်။ လက်ပတစ်နှင့် လက်ဆွဲနှုတ်ဆက်ရင်း

          “ဘာသတင်းထူးသလဲ”

           ဧည့်ခန်းထဲတွင် မှောင်နေသည်။ လက်ပတစ်သည် ကုလားထိုင်တွင် မထိုင်ဘဲ ဦးထုပ်ကို လက်ထဲတွင် ကိုင်ထားရင်းဖြင့်ပင် အနှောင့်အယှက် ပေးမိသည်ကို တောင်းပန်လျက် ရှိသည်။ သူ၏အစ်မ ညအခါတွင် အိပ် ပျော်စေရန် ဘာလုပ်ရမည်နည်းဟု မေးသည်။ သူ အဘယ်ကြောင့် ဤမျှပိန် သွားရသနည်းဟု မေးသည်။ မနက်ပိုင်းက အိမ်ကို ဒေါက်တာလာတုန်းက လည်း ဤမေးခွန်းများကို မေးခဲ့ပြီးပြီကို သတိရသဖြင့် မေးခွန်းအသစ်တစ်ခု ထပ်ပြီး မေးလိုက်သည်။

          “မော်စကိုက အထူးကုဆရာဝန်တစ်ယောက်ကို ခေါ်ရရင် ကောင်း မလား၊ ဒေါက်တာ ဘယ်လိုသဘောရသလဲ”

          ဒေါက်တာ သက်ပြင်းချလိုက်သည်။ ပခုံးနှစ်ဖက် တွန့်လိုက်သည်။ မပြောတတ်ဘူးဆိုသည့်သဘောမျိုးဖြင့် လက်ရိပ်လက်ခြည် ပြလိုက်သည်။

           သူ့အနေနှင့် အစော်ကားခံရခြင်းပင် ဖြစ်သည်။ သူက အထအန ကောက်တတ်သော၊ စိတ်ထိခိုက်လွယ်သော ဆရာဝန်တစ်ဦး ဖြစ်သည်။ သူ့ကို လူတွေက ယုံကြည်မှုမရှိဘူး၊ မယုံကြည်ဘူး၊ မလေးစားကြဘူးဟု အမြဲတမ်း မှတ်ယူနေတတ်သူ ဖြစ်သည်။ လူတွေက သူ့ကို အမြတ်ထုတ်နေ ကြသည်။ လုပ်ဖော်ကိုင်ဖက်များက သူ့ကို မနာလိုဝန်တိုနေကြသည်။ ယင်းကြောင့်လည်း သူ့ကိုယ်သူ မမြဲတမ်း အပြစ်တင်ရှုတ်ချလျက် ရှိသည်။ သူက သူများတွေ အသုံးချတာကိုခံနေသော ငတုံးတစ်ယောက်သာ ဖြစ်သည်။

           ယူလီယာဆာဂျီယက်ဗနာက မှန်မီးအိမ်ကို ထွန်းလိုက်သည်။ သူမ သည် ဝတ်ပြုပွဲတော် တက်ရောက်ခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေပြီ ဖြစ်သည်။ သူမ၏မျက်နှာ ဖြူရော်နွမ်းရိနေသည်။ သူမ၏လှုပ်ရှားမှုများ လျော့ရဲပန်းလျ နေကြသည်။ သူမက အနားယူလိုနေပြီ ဖြစ်သည်။ ဆိုဖာတစ်ခုပေါ်တွင်

သူမထိုင်ချလိုက်သည်။ လက်နှစ်ဖက်ကို ဒူးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် မိေရာ ငေးနေတော့သည်။ 

          သူသည် အရုပ်ဆိုးအကျည်းတန်တစ်ဦး ဖြစ်ကြောင်း လက်ပတစ်သိရှိ သည်။ သူက အရပ်ပုသည်။ ကိုယ်လုံးသေးသည်။ ပါးနှစ်ဖက် နီရဲနေ သည်။ ဆံပင်ပါးသည်။ သူက ရိုးလွန်းသဖြင့် ရိုင်းသလိုပင် ရှိနေသည်။ အမျိုးသမီးလောကတွင် သူက အချိုးအစားမကျပါ။ အပိုစကားတွေ များနေ သည်။ အမူအရာတွေ ထူးခြားနေသည်။ သည်အတွက် ယခုအခါ သူ့ကိုယ် သူ မုန်းတီးနေမိသည်။ သူနှင့် နေရသည့်အတွက် ယူလီယာ မငြီးငွေ့ စေချင် ပါ။ သူတစ်ခုခု ပြောဖို့လိုသည်။ သို့သော် ဘာပြောရမည်နည်း။ အစ်မ နေမကောင်းသည့် အကြောင်းကိုပဲ ပြောရမည်လား။

          နောက်ဆုံးတွင် ပြောနေကျဖြစ်သော ဆေးဝါးများအကြောင်းကိုပင် သူ ပြောသည်။ ထို့နောက် ကျန်းမာရေးအကြောင်း အမွှမ်းတင်သည်။ ထို့ နောက် မော်စကိုမြို့တွင် ညအိပ်တည်းခိုဆောင် တစ်ခုဆောက်ရန် ကြံစည်နေ သည်မှာ ကြာပြီဖြစ်ကြောင်း ပြောသည်။ ယခုအခါ ခန့်မှန်းခြေ ကုန်ကျမည့် ငွေကိုပင် တွက်ချက်ပြီးပြီဟု ဆိုသည်။ သူ၏အစီအစဉ်အရဆိုလျှင် အလုပ် သမားတစ်ယောက်သည် ငါးကိုပက်၊ ခြောက်ကိုပက်မျှ ကုန်ကျရုံမျှဖြင့် တစ်ညတာ အိပ်စရာနေရာ ရရှိမည်။ ပေါင်မုန့်နှင့် အသီးအရွက် စွပ်ပြုတ်ပူပူ လည်း ရရှိနိုင်မည်ဖြစ်သည်။ ခြောက်သွေ့သော အိပ်ရာတစ်ခုနှင့် စောင်တစ် ထည် ရရှိမည် ဖြစ်သည်။ စိုရွှဲနေသော ဖိနပ်များနှင့် အဝတ်အစားများကို ခြောက်သွေ့အောင် လှန်းနိုင်ရန် နေရာတစ်နေရာလည်း ရရှိမည်ဖြစ်သည်။

           ယူလီယာသည် ထုံးစံအတိုင်းပင် သူ၏မျက်မှောက်တွင် တိတ်ဆိတ် လျက်ရှိသည်။ သူက အချစ်စိတ်ဖုံးလွှမ်းနေသူ တစ်ဦးအနေဖြင့် သူမ၏ အတွေးများနှင့် သူမ၏အကြံအစည်များကို မှန်းဆလျက်ရှိသည်။ အကယ်၍ သူမသည် ညနေ ဝတ်ပြုပွဲမှ အိမ်ကို အဝတ်အစားလဲလှယ်ရန်နှင့် လက်ဖက် ရည်သောက်ရန် ပြန်မလာခဲ့လျှင် သူမကို တစ်နေရာရာမှာ ဖိတ်ကြားထား သောကြောင့်ပင် ဖြစ်ပေမည်။

“ဒါပေမဲ့ အဲဒီညအိပ် တည်းခိုဆောင်ဆောက်ဖို့ ကျွန်တော် အလော တကြီး မလုပ်ဘူး၊ လောလောဆယ်အတွင်းမှာ မလုပ်သေးဘူး၊ ဘာဖြစ်လို့