နတ်နွယ် - သိင်္ဂီတစ်ဝက်ရွှေတစ်ဝက်
အခန်းတစ်
ဖော်ကော်ဖရင့်ရှင် လေယာဉ်ပျံပေါ်မှ ပထမဆုံးဆင်းသက်လာသော ခရီးသည်သည် လက်ယာဘက်လက်ကို ရင်ဘတ်တွင် ဖိလျက် လူအုပ် ကြီးရှေ့မှ ယိမ်းယိမ်းသုတ်သုတ်လျှောက်လာလျက် ရှိသည်။ သူ့မျက်နှာ မှာ ဖြူရော်သွေးဆုတ်နေသည်။ သူ့မျက်လုံးများ လှုပ်ရှားလျက်ရှိသည်။ ရုတ်ခြည်းဆိုသလို လက်ဆောင်မွန်ဆိုင်အတွင်းသို့ သူဝင်ရောက်သွား သည်။
အရောင်အသွေးစုံသော ပို့စကတ်များကို နံရံကပ်ဗီရိုတွင် အစီအရီ နေရာချထားလျက်ရှိသော အမျိုးသမီးငယ်သည် ဆိုင်တွင်းသို့မုန်တိုင်းနှင့် လွင့်ပါလာသည့်နှယ် ရောက်ရှိလာသူကို ရုတ်တရက် သတိမပြုမိဘဲ ရှိ သည်။ ဆိုင်အဝင်ဝ စားပွဲပေါ်တွင် ကလေးကစားစရာ အရုပ်များ ခင်း ကျင်းထားသည်။
သို့သော် အမျိုးသမီးငယ်သည် ဆိုင်တွင်းသို့ လူတစ်ယောက်ရောက် နေမှန်း သတိပြုမိသည်နှင့် တစ်ပြိုင်နက် ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ အလုပ်စားပွဲအနီးတွင် ရပ်နေသူကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း မှာပင် ထိုသူသည် ဘေးအန္တရာယ်တစ်ခု ကျရောက်နေကြောင်း၊ ဝေဒနာ တစ်ခုကို ခံစားနေရကြောင်း၊ သူမ ရုတ်ခြည်းသိရှိလိုက်ပါသည်။ သူ၏ကွေးကောက်ထားသော ညာလက်သည် အောက်သို့ လျှောကျနေ - ကြောင်းကို ဂရုပြုမိပါသည်။ သို့သော် စားပွဲစွန်းတွင် ရှိသော ဝက်ဝံရုပ် ၂ စုဘူးပေါက်ကလေးအတွင်းသို့ ထိုသူ၏ လက်တစ်ဖက်က တစ်စုံတစ်ခုထည့်နေကြောင်းကိုကား အမျိုးသမီးအနေနှင့် လုံးဝသိမြင်လိုက်ခြင်း မရှိ ပါချေ။ ထိုသူသည် သေးငယ်သော စက္ကူခေါက်ကလေးတစ်ခုကို ဝက်ဝံ ရုပ်၏ ခေါင်းတွင်ရှိသော တစ်လက်မခန့် ရှည်လျားသော အပေါက်ဖော ကလေးအတွင်းသို့ လျန်မြန်စွာ ထိုးသွင်းလိုက်သည်။ ထို့နောက် စက္ကူ ခေါက်အတွင်းသို့ ကျသွားသော အကြွေတစ်စေ့ဖြင့် အပေါ်မှ ဖဲချလိုက် သည်။
ထိုအချိန်တွင် သူ၏ မျက်လုံးများသည် အမျိုးသမီးထံသို့ ရောက်ရှိ လျက် ရှိသည်။ လှုပ်ရှားနေသော သူ့လက်များကို အလျဉ်းငဲ့ကြည့်ခြင်း မရှိချေ။
အမျိုးသမီးငယ်သည် အရုပ်စားပွဲဆီသို့ လျှောက်လာပြီး
“ဘာအလိုရှိပါသလဲရှင်”
ကြည်လင်ချိုသာသော အသံဖြင့် မေးလိုက်သည်။ သူမ၏ မျက်လုံး များသည် ထိုသူ၏မျက်နှာကို စူးစိုက်စွာ အကဲခတ်လျက် ရှိသည်။
"တယ်လီဖုန်းဆက်ချင်လို့ပါ တယ်လီဖုန်း ဘယ်မှာရှိသလဲ”
" ဪ တယ်လီဖုန်းရုံတွေ ဟိုဘက်မှာ ရှိပါတယ်ရှင် အစ်ကိုကြီး အဲဒီဘက်က လာတာပဲ မဟုတ်လား၊ အစ်ကိုကြီး မမြင်ခဲ့ဘူးလား တယ်လီဖုန်းတွေ မအားလို့လား”
သူမ၏စကားကို ဆုံးအောင် နားမထောင်တော့ဘဲ ထိုသူ ချာခန် လှည့်ထွက်သွားသည်။ သို့သော် ပေါ့ပါးသွက်လက်စွာကား မဟုတ်၊ အတော်ကြီး အားစိုက်ပြီးမှ သူ့ကိုယ်လုံးကြီးကို လှည့်လိုက်ရဟန် ရှိသည်။ မြင်ရသည်ကိုက လေးလံပင်ပန်းလှသည်။
ယင်းအခိုက်မှာပင် ဆိုင်တွင်းသို့ အမျိုးသမီးတစ်ယောက် ဝင်လာ သည်။ မျက်နှာသွယ်သွယ် အရပ်ရှည်ရှည်ဖြစ်သည်။ လက်တစ်ဖက်တွင် ကလေးတစ်ယောက်၏လက်ကို ဆွဲထားသည်။ သူ့ကို မြင်သောအခါအမျိုးသမီးသည် အပေါက်ဝတွင် ရပ်နေလိုက်သည်။ သူမ၏ မျက်နှာကို ကြည့်ရသည်မှာ ထိုသူကို တစ်စုံတစ်ခု ပြောချင်ဟန်ရှိသည်။
“လမ်းလွတ်အောင် ရှောင်ပေးပါလားအစ်မငယ်”
ထိုသူက ယင်းသို့ပြောပြီး ခြေလှမ်းကျဲကြီးဖြင့် လျှောက်ထွက်သွား သည်။ သူစကားပြောပုံက နာကျင်နေကြောင်းလည်း ပြသည်။ စိတ်မရှည် ဟန်ကိုလည်း ပြသည်း အပေါက်ဝတွင် ရပ်နေသော အရပ်မြင့်မြင့် အမျိုး သမီးသည် သူမ၏ဘေးမှ ကလေးငယ်ကို တစ်ချက်ကြည့်လိုက်သည်။ မင်းအခိုက်တွင် ဆိုင်တွင်းလူသည် သူတို့နှစ်ယောက်ကို ဖြတ်ကျော်ပြီး ဆိုင်ပြင်သို့ ထွက်သွားသည်။ လက်ဝဲလက်ယာယိမ်းယိုင်သည်၊ ခေါင်းပိုက် နက်ကျနေသည်။ ညာဘက်လက် တွဲလောင်းခိုနေသည်။ နီရဲသော သွေး ခက်များ သမံတလင်းပေါ်သို့ ကျလာသည်။
ဆိုင်ရှင်အမျိုးသမီးကလေး မျက်လုံးပြူးသွားသည်။ သူမ၏ အမည် မှာ လုံလုံချို့ ဖြစ်သည်။ သူမတွင် စာနာသော နှလုံးသားရှိသည်။ ဘေး အန္တရာယ် ကျရောက်နေသော လူတစ်ယောက်ကို သည်အတိုင်း ကြည့် မနေသင့်ဟု ခံယူသည်။ ယင်းကြောင့်
“ဘာဖြစ်လို့လဲ မသိဘူး။ သူ့မှာ ဒဏ်ရာရလာတယ်”
ဆိုင်တွင် ရပ်နေသော အမျိုးသမီးကို လှမ်းပြောလိုတ်သည်။ ထိုအခါ ထိုအမျိုးသမီး၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်သွားသည့် အမူ အရာ ဖြစ်ပေါ်သည်းသို့သော် ထိုအမျိုးသမီးသည် ချက်ချင်းပင် ထ ဆည်လိုက်ပြီး သူ့ဘေးမှ ကလေးအား လေသံတိုးတိုးဖြင့် ပြောလိုက် သည်။
“မောင်ပုညရေ ဟိုမှာကြည့်စမ်း၊ မျက်နှာဖုံးကလေးကွ "လှလိုက်တာ "
တစ်ဖက်တွင် ရှိသော အရုပ်စင်ကို လက်ညိုးထိုးပြသည်။ ပြီးတော့ မှ လဲ့လဲ့မြို့ဘက်သို့ လှစ်ခနဲ ကြည့်ရင်း
“ဟုတယ်၊ သူ့ကို ကြည့်ရတာ တစ်မျိုးပဲ ညီမလေး သူ့အတွက် တစ်ခုခုလုပ်ပေးရလိမ့်မယ် ထင်တယ်”
လဲ့လဲ့ချို့သည် ထိုခဏမှာပင် ကောင်တာများ၏ အနောက်ဘက် ထွက်လာသည်။ အပေါက်ဝမှ အမျိုးသမီးကို ဖြတ်ကျော်ပြီး တယ်လီ ဖုန်းရုံများ ရှိရာသို့ ခပ်သွက်သွက်ကလေး လျှောက်သွားသည်။ နီရဲသော သွေးစက်ကလေးများကို ခြေရာခံပြီး လိုက်သည်။ သူမအနေနှင့် လူမှု ရေးတာဝန်ရှိသည်။ ဒုက္ခရောက်နေသူအတွက် တစ်ခုခုတော့ လုပ်ဆောင် ပေးရမည်။ ဒဏ်ရာအနာတရ ရရှိနေသူတစ်ဦးကို တစ်နည်းနည်းနှင့် အကူအညီပေးရပေမည်။ လေဆိပ်ဆေးပေးခန်းသို့ အကြောင်းကြားရန် လဲ့လဲ့ချို ဆုံးဖြတ်လိုက်သည်။
သို့သော် ပထမဆုံး ထိုသူ မည်သည့်နေရာတွင် မည်သည့်အခြေ အနေမျိုးတွင် ရှိနေသည်ကို သိသင့်သည်ဟု သူမ တွက်ဆလိုက်သည်း တယ်လီဖုန်းများ ရှိရာသို့ ရောက်အောင် လိုက်သွားရန် ဆုံးဖြတ်လိုက်သည်။ ရှေ့တွင် ကလေးတစ်သိုက် ပိတ်ဆို့နေသဖြင့် အနည်းငယ် ကြန့် • ကြာသွားသည်။ ကလေးတွေမှာ ၇-နှစ်၊ ၈နှစ်အရွယ် အရွယ်တူကလေးတွေ ဖြစ်သည်။ ယောက်ျားလေးတွေလည်း ပါသည်။ မိန်းကလေးတွေ လည်း ပါသည်။ ညီအစ်ကိုမောင်နှမအရင်းတွေလည်း ပါမည်။ဝမ်းကွဲတွေ လည်း ပါနိုင်သည်။ သူငယ်ချင်းတွေလည်း ဖြစ်နိုင်သည်။ ကလေး တစ်ယောက် နောက်ပြန်ဆုတ်လိုက်ရာ သူမကို ဝင်တိုးမိသည်။ ထိုအခါ အသားဖြူဖြူ ဆံပင်ကောင်းကောင်း အမျိုးသမီး စဝ်ယောက်က တောင်း ပန်စကား ဆိုသည်။ လဲ့လဲ့ချိုကား ကိစ္စမရှိကြောင်း ပြောပြီး ထိုနေရာမှ ခပ်သုတ်သုတ် ထွက်ခဲ့သည်။
သွေးစက်နီနီကလေးများသည် တယ်လီဖုန်းရုံတစ်ခုရှေ့တွင် ရပ် သွားသည်။ အထဲတွင် သူ့ကို တွေ့သည်။ မှန်သွားကလေးကို ဖြတ်ပြီး နာကျင်နေသော သူ့မျက်နှာကို မြင်ရသည်။ သူသည် တယ်လီဖုန်းကို ကိုင်ပြီး စောင့်နေသည်။ ကစ်ဖက်မှ သူနှင့်ပြောမည့်လူကို အဆင်သင့် မတွေ့သည့် ပုံစံမျိုး ဖြစ်သည်။ ယင်းသို့မဟုတ်ပါက သူသည် တယ်လီဖုန်း ကို ကိုင်ပြီး သတိလစ်နေခြင်းလည်း ဖြစ်နိုင်သည်။ သူ့ကိုယ်လုံးကြီးသည် တယ်လီဖုန်းရုံ ထောင့်ခွန်အနီးတွင် လေးလံစွာ မှီထားသည်။ သူမဘာလုပ်ရမည်နည်း။ တယ်လီဖုန်းရုံထဲသို့ ပြေးဝင်သွားပြီး သူ့ကို ဆွဲခေါ် မည်လား။ သို့သော် ထိုအကြံကို လုံလုံချို ချက်ချင်းပင် စွန့်လွှတ်လိုက် သည်။ တစ်နေရာသို့ အပြေးအလွှားကလေးသွားသည်။ ခပ်လှမ်းလှမ်း တွင် ရဲသားတစ်ယောက်ကို မြင်လိုက်၍ ဖြစ်သည်။
လုံလုံသည် ရဲသားရှိရာသို့ လျှောက်သွားစဉ်မှာပင် ထိုသူနှင့် တပ်လျက် တယ်လီဖုန်းရုံထဲတွင် ကချင်လုံချည်ကွက်ကြီးနှင့် လူကြီး တစ်ယောက် ရှိနေသည်ကို သတိပြုလိုက်မိသည်။ ထိုလူကြီးသည် တယ် လီဖုန်းပြောလျက် ရှိသော်လည်း သူ့မျက်လုံးများသည် တဖက်ခန်းမှ သွေး စက်တွေနှင့် လူထံသို့ ရောက်နေသည်။ လုံလုံက သူမ၏ ခြေလှမ်းများ ကို ပို၍ မြန်စေ သွက်လေတော့သည် မာမာအကြား ကုန်သင့်ရှိနေကျော်မျိုးနွယ်သည်ပန်းဆိုးတန်း အလုပ်တိုက်အပေါ်ထပ် ဧည့်ခန်း ၌ကြိမ်ကုလားထိုင်တွင် ပြတင်းပေါက်ကို မျက်နှာပြုလျက် ခပ်မှီမှီ လျော့လော့ကလေး ထိုင်နေသည်။ သူ့လက်တစ်ဖက်ကို ကုလားထိုင် လက် တန်းပေါ်တွင် တင်ထားသည်။ ထဘီနုနုစိမ်း၊ အကွီနုနုစိမ်းနှင့် အမျိုး သမီးသည် သူနှင့် မျက်နှာချင်းဆိုင် ကုလားထိုင်တွင် ပြတင်းပေါက်ကိုကျောပေးလျက် ထိုင်နေသည်။ ခြေထောက်နှစ်ချောင်းကို ချိတ်ဆင့် ထားသဖြင့် ကြီးမားသော ပေါင်လုံးများ ထင်းထင်းလင်းလင်း ရှိနေသည်။
သူတို့နှစ်ယောက်အကြားရှိ စားပွဲပေါ်တွင် လိမ္မော်ရည်ဖန်ခွက်များ ရှိသည်။ ကျော်မျိုးနွယ်၏ ဖန်ခွက်မှာ ကုန်သလောက် ရှိနေပြီး အမျိုး သမီး၏ ဖန်ခွက်မှာ တစ်ဝက်ကျော်ကျော်ကြီး ကျန်ရှိနေသေးသည်။
“သောက်ပါဦး၊ လိမ္မော်ရည်ထဲမှာ အရက်ထည့်မထားပါဘူး” လို သူက နှုတ်ခမ်းစေ့စေ့ပြုံးရင်း ပြောလိုက်သည်။
" “အို အို အဲဒီလိုကြောင့် မဟုတ်ပါဘူး၊ သူ့ကို မယုံလို့ မဟုတ်ပါဘူး”
အမျိုးသမီးက မျက်ခုံးနှစ်ဖက်ကို ပင့်တင်လိုက်ပြီး ပြောသည် လိမ္မော်ရည်ခွက်ကို ယူပြီး ပါးလွှာသော နှုတ်ခမ်းစုံတွင် လိုက်သည်။//
ရွှန်းသော မျက်လုံးများဖြင့် သူ့ကို ကြည့်ရင်း တစ်ကျိုက်သောက်သည်။
အမျိုးသမီးက သူ့ကို ကြောက်လန့်ဟန် မရှိပါချေ။ အသွင်အပြင် တည်ငြိမ်သည်။ သူ့ကိုယ်သူ ထိန်းသိမ်းနိုင်သည်ဟု ယုံကြည်စိတ်ချထား ဟန် ရှိသည်။ အမျိုးသမီး၏ အသက်ကို ၂၀ကျော် ၂၅ဟု သူခန့်မှန်းသည်။
“သူ့အိမ်သားတွေလည်း မမြင်ပါဘူး ။
အမျိုးသမီးက ထိတ်လန့်ကြောက်ရွံ့ ဟန် မရှိသော်လည်း အနည်း ငယ် ဂရုပြုသည့်အနေဖြင့် အခန်း၏အနေအထားကို ကြည့်ကာ စူးစမ်း လိုက်သည်။
“အိမ်သားတွေမှ မရှိပဲ” “တစ်ယောက်တည်း နေတာလား”
“ကောင်လေးတစ်ယောက် အဖော်ရှိတယ် - အောက် ထပ်မှာ အလုပ်တိုက်ရှိတယ် ။
အမျိုးသမီးက ခေါင်းညိတ်သည်။
“အဖေက ဘောက်ထော်ခြံမှာနေတယ်။ အစ်ကိုတစ်ယောက်က တရားသူကြီး၊ ပြည်ထောင်စုရိပ်သာမှာ နေတယ်အစ်ကိုလေးက ဆရာ ဝန်၊ မြောက်ဥက္ကလာပဆေးရုံမှာ လုပ်တယ်။ အဲဒီမှာပဲ နေတယ်။ အစ်ကို နှစ်ယောက်လုံး အိမ်ထောင်ရှိတယ်။ ကျွန်တော်က ထမင်းချိုင့် မှာစား တယ်။ ဒါပဲ... ကျွန်တော့်အကြောင်း နောက်ထပ် ဘာသိချင်သေးသလဲ”
“ကျေးဇူးတင်ပါတယ် သူ့အကြောင်း ဘယ်သူက မေးလို့လဲ” “အိမ်သားတွေလည်း မမြင်ဘူးဆိုလို့ ပြောရတာပါ” “မမြင်လို့မမြင်တာ မပြောရတော့ဘူးလား” အမျိုးသမီးက နွဲ့နွဲ့ ကလေး ဆိုသည်။
“ကျွန်တော်ကလည်း သူများအကြောင်းမေးဖို့ ဝါသနာမရှိပါဘူး၊ ဒါပေမယ့် အမိမှာ နာမည်တစ်ခု ရှိနိုင်မရှိနိုင် ကျွန်တော် စဉ်းစားနေ မိတယ်”
အမျိုးသမီးက ခပ်အုပ်အုပ်ကလေး ရယ်လိုက်ပြီး...//
“ကျွန်မမှာ နာမည်ရှိပါတယ် မာလာရီတဲ့ပါ”
မာလာရီ မာလာရီးသူများ စိတ်ထဲတွင် ရွတ်ဆိုကြည့်လိုက်သည်။ သူက ဤအမျိုးသမီးအကြောင်းကို ဘာမျှ မသိရှိချေ၊ ဤအမျိုးသမီးကို ယခင်ကလည်း မြင်ဖူးခဲ့ခြင်း မရှိချေ။ စောစောကမှ မိမိကားနှင့် တိုက်မိမည် သဖြင့် အကြောင်းဆုံရခြင်း ဖြစ်သည်။
မိမိကားကို ပလက်ဖောင်းဘေးတွင် အရပ်လိုက်မှာပင် ဤအမျိုး သမီးသည်လမ်းကို အလျင်စလို ဖြတ်ကူးသည်နှင့် သွားရောက် ကြိုက် သည်။ အမျိုးသမီးက ကားကို တိမ်းရှောင်လိုက်ရင်း လဲကျသွားသည်။
သူ ကမန်းကတန်း ကားပေါ်မှ ဆင်းကြည့်သည်။ မည်သည့်နေရာတွင်မှ - တိုက်မိခြင်းမရှိသော်လည်း အမျိုးသမီးသည် အခန့်မသင့်သဖြင့် လ်အကျ တွင် အနည်းငယ် နာသွားဟန်ရှိသည်။ အင်္ကျီနှင့် လုံချည်တွင် ဖုန်မှာ
သွားသည်းခေါင်းကို ထုံးဖွဲ့ထားသော ဆံပင်အနည်းငယ် ပုံပျက် သွားသည်။
ထုံးစံအတိုင်း လူ သုံးလေးယောက် ဝိုင်းလာသည်။ သို့ဖြင့် သူက အမျိုးသမီးကို သူ့အခန်းသို့ ခေါ်ခဲ့ခြင်း ဖြစ်သည်။ အမျိုးသမီးသည် ဧည့်ခန်းမှန်ရှေ့မှာပင် ဖုန်များကို ခေါ်သည်။ လုံချည်ကို ပြင်တတ်သည်။ ဆံပင်ကို အနည်းငယ်ပြင်သည်က်နှာကို မိတ်ကပ်ဖို့သည်။ သူက ရေခဲသေတ္တာထဲမှ လိမ္မော်ရည်ထုတ်ပြီး ဧည့်ဝတ်ပြုသည်။ ဒါပဲ..
“ ဘယ့်နှယ်နေသေးသလဲ၊ နာသေးသလား” “မနာတော့ပါဘူး” အမျိုးသမီးက လက်တစ်ဖက်ဖြင့် ဒူးကိုပွတ်သပ်ပြီး ဖြေသည်။
န်းခနဲဆိုတော့ ကျွန်တော် မျက်လုံးပြာသွားတယ်၊ တိုက်များ တိုက်မိသွားပလားလို့
“မတိုက်မီပါဘူး၊ လန့်ပြီးလဲသွားတော့ ရှက်တာပေါ့ ။ “ ဒါကြောင့် ကျွန်တော် မာလာကို ကျွန်တော့်အခန်းကို ခေါ်လောက် “ကျေးဇူးတင်ပါတယ်”
ပေါ့"
w.burmeseci///
“ကျွန်တော်က တောင်းပန်ရမှာပါ” “ဒါနဲ့ သူ့နာမည်က “ကျွန်တော်'တဲ့လားရှင့်" “အို...ဟုတ်သားပဲ သူများမှာမည်တော့ မေးပြီး ကျွန်တော့်နာမည် တော့ မပြောမိဘူး။ ကျွန်တော့်နာမည် ကျော်မျိုးနွယ်ပါ”
“မာလာဘယ်မှာနေသလဲ” “လိုက်ပို့ပေးမလို့လား” “ပို့ပါတယ်” “နေပါစေရှင်...မာလာတို့နေတာက ဝေးပါတယ်” “ဘယ်မှာမို့လ်” ။ “သမိုင်း၊ ကြို့ကုန်း” ရုံးမှာ လုပ်သလား” အမျိုးသမီး ပြုံးနေသည်။ သို့သော် မည်သည့်အဖြေမျှမပေးချေ။ ကျော်မျိုးနွယ်က တစ်စုံတစ်ခု ပြောမည်ပြစဉ် တယ်လီဖုန်းသံ ပေါ် ထွက်လာသည်။ တယ်လီဖုန်းက သူ၏ အိပ်ခန်းထဲတွင် ဖြစ်သည်။ သူ ထိုင်ရာမှ ခပ်ဆိုင်းဆိုင်းထပြီး အတွင်းဘက်သို့ ဝင်သွားသည်။ “ကျော်မျိုးနွယ်လား၊ ငါပါ သက်နိုင်ပါ”
တယ်လီဖုန်းကို ကောက်ယူနားထောင်လိုက်သည်နှင့် တစ်ပြိုင်နက် သက်နိုင်၏ စူးရှအက်ကွဲသော အသံကို ဆူညံရှုပ်ထွေးစွာ ကြားလိုက်ရ သည်။ ပထမတွင် ဘာမှန်းပင် မသိပါ။ နောက်မှ သက်နိုင်၏ အသံကို မှတ်မိရသည်။ စကားလုံးများကို အဓိပ္ပာယ် ပေါက်မိသည်။
“ဟေ့ကောင်.. ဖြည်းဖြည်းနဲ့ တိုးတိုးပြောပါကွ၊ မင်းနောက်မှာ ကျားလိုက်လာလို့လား...မင်းတယ်လီဖုန်းမှာ အသံချဲ့စက် တပ်ထား
“ တိုးတိုးပြောနေတာပါကွ၊ ဖုန်းခွက်ကို ကပ်ပြီး အသံကို အုပ်ပြီး ပြောလို့ မင်းနားထဲမှာ ဆူနေတာပါ”
သက်နိုင်၏ အသံမှာ စူးရှနေဆဲပင် ဖြစ်သည်။ စကားပြောလည်း
သလား"//
မြန်လှသည်။ စကားပြောရင်း မောနေသည်။
“ဟေ့ကောင် သက်နိုင် မင်းဘာဖြစ်နေတာလဲ”
“ငါပြောတာ နားထောင်ပါ။ ဘာမှ မမေးပါနဲ့၊ ငါအခု မင်းအဖေကိစ္စ တစ်ခုနဲ့ နယ်က ပြောနေတယ်” ။
“ငါ့အဖေကိစ္စဆိုရင် ငါ့အဖေကို ပြောပေါ့ ဘာလို့ ငါ့ကို ပြောနေ သလဲ”
“နားထောင်စမ်းပါ မင်းအဖေဆီကို ဖုန်းဆက်လို့ မဖြစ်ဘူး၊ ဘောက် တော်က မင်းတို့အိမ်မှာ အတွင်းသူလျှို တစ်ယောက်ရှိနေတယ်” ။ “သူလျှိုဟုတ်လား”
“ဟုတ်တယ် .. သူလျှို၊ ငါ အခု မြစ်ကြီးနားက ပြန်လာတယ်၊ ငါ့ကို သူတို့က ခပ်ကြမ်းကြမ်းကလေး ဧည့်၀တ်ပြုလိုက်တယ်” “သူတို့ဆိုတာ ဘယ်သူလဲ”
လူဆိုးတွေပေါ့ကွာ အခုလည်း လူဆိုးတစ်ယောက် ငါစကား တာကို ဟိုဘက်ရုံကနေပြီး ချောင်းပြီးနားထောင်နေတယ်”
“မင်း အခု ဘယ်က ပြောနေတာလဲ”
“မင်္ဂလာဒုံက၊ လေဆိပ်က ငါ့ကိုယ်က သွေးတွေ ကျနေတာ၊ ငါပြော တာကို သဘောပေါက်အောင် နားထောင်ပါ”
“မင်းမှာ ဒဏ်ရာရရင် ဆရာဝန်ဆီ...”
“ဟုတ်တယ်၊ ငါ ဒေါက်တာထင်ကျော်ဆီ သွားမယ်၊ အဲဒီကနေ ဖုန်းဆက်မယ်။ မင်း ထင်ကျော်ကို မှတ်မိသလား၊ သူ့တယ်လီဖုန်းကို " မင်းမှတ်မိသလား ၊
“သက်နိုင် .. မင်း အဲဒီက စောင့်နေ ငါအခု လာခဲ့မယ်”
“ငါပေးတဲ့ သတင်းကို မင်းအဖေကို မင်းကိုယ်တိုင် ပေးပါ။ ဘယ် သူ့ကိုမှ မယုံပါနဲ့၊ ငါ အခု"
အသံပြက်သွားသည်။ သို့သော် လူတစ်ယောက် လဲကျသံမျိုး ကြားလိုက်ရသည်။ တယ်လီဖုန်းစကားပြောခွက်နှင့် တစ်စုံတစ်ခုနှင့် ထိခိုက်မိသံ ကြားလိုက်ရသည်။//
- “သက်နိုင်း သက်နိုင်” | ကျော်မျိုးနွယ် စိုးရိမ်စွာခေါ်သည်။ တစ်ဖက်မှ ရုတ်တရက် သံ စိမ်းတစ်ခု ထွက်ပေါ်လာသည်။ “ဟယ်လို၊ ဟယ်လို၊ ဘယ်သူလဲ၊ ဘယ်ကလဲ"
ကျော်မျိုးနွယ်က ဘာမျှ ပြန်မဖြေဘဲ တယ်လီဖုန်းကို ချလိုက်သည်။ ထို့နောက် အခန်းထဲမှ လျင်မြန်စွာ ထွက်ခဲ့သည်။ အခန်းဝတွင် ရပ်ပြီး နံရံတွင် ချိတ်ထားသော ဓာတ်ပုံများကို ကြည့်နေသည့် မာလာရီနှင့် တိုက်မိမည် ရှိသည်။ အမျိုးသမီးက လှုပ်ရှားနေသော သူ့မျက်နှာကို အကဲခတ်ရင်း “ကိုကျော်မျိုးနွယ် ..ဘာဖြစ်လို့လဲ”
ကျွန်တော်သူငယ်ချင်း တစ်ယောက်ပဲ၊ ဘာဖြစ်မှန်း မသိဘူး” “ဟင်..."
“ကျွန်တော် အခု မင်္ဂလာဒုံကို သွားရမယ်၊ မာလာလိုက်မလား၊ အသားမှာတော့ မပို့နိုင်ဘူး၊ အပြန်ကျရင် ကြို့ကုန်းကို လိုက်ပို့ပေးမယ်... " ဒါမှမဟုတ် ...”
' “ဟလာလိုက်ခဲ့မယ်လေး မာလာကူညီနိုင်တာရှိရင်လည်း ကူညီရ တာပေါ့”
သူတို့နှစ်ယောက် လှေကားမှ ပြေးဆင်းခဲ့ကြသည်။ အပြင်ဘက် တွင် နေရောက်ကွယ်ပျောက်စပြုနေပြီ။ • သတိထားမောင်းပါ...ကိုကျော်မျိုးနွယ်”
ကားကို သူမြန်မြန် ကြမ်းကြမ်းကြီးမောင်းနေသဖြင့် အမျိုးသမီးက သတိပေးသည်။
“မင်္ဂလာဒုံကို မြန်မြန်ရောက်မှဖြစ်မယ်” ,
“ကိုကျော်မျိုးနွယ် စိတ်တွေ သိပ်ပြီး လှုပ်ရှားနေရင် မာယမောင်းရ မလား"
“ကိစ္စမရှိပါဘူး” " သို့သော် သူ့စိတ်များသည် သူ့ကိုယ်တွင် မရှိပါ။ သက်နိုင်ထံသို့//
ရောက်နေသည်။ သက်နိုင်နှင့် သူ့ဖခင် ဘာတွေ လုပ်နေကြသနည်း။ ဘောက်ထော်ခြံတွင် ဘယ်က သူလျှိုတွေ ရောက်နေသနည်း၊ သက်နိုင် ဘာဖြစ်သနည်း။ လူဆိုးတွေဆိုသည်မှာ မည်သူတွေနည်း။ • သူ့ဘေးတွင် အမျိုးသမီးတစ်ယောက် ဘာမဆိုင်ညာမဆိုင်နှင့် ပါ လာသည်ကိုလည်း သူမေ့လျော့လျက်ရှိသည်။
မာလာရီသည် ငြိမ်သက်တိတ်ဆိတ်လျက်။//
ချက်ချင်းဆိုသလိုပင် ထိုနေရာသို့ လူတွေ ဝိုင်းအုံလာကြသည်။ အဓိက ခပ်လှမ်းလှမ်းမှ ကြည့်သည်။ အချို့က အနီးသို့ ကပ်ကြသည် တစ်ယောက်နှင့်တစ်ယောက် မေကြသည်။ ပြောကြသည်။ ထင်မြင်ချက် ပေးကြသည်။
လုံလူမျိုးက လူအုပ်ကြီး၏ နောက်စည်းမှာပင် ရပ်လိုက်သည်။ သူမ ၏ အကြောင်းကြားချက်အရ ထိုနေရာသို့ ရောက်ရှိလာသော ရဲသားမှာမူ လူအုပ်ကြီးကို တိုးဝှေ့ပြီး ဝင်သွားသည်။
တယ်လီဖုန်းရုံတံခါး ပွင့်နေပြီး လဲကျနေသော ကိုယ်ခန္ဓာကြီးသည် အပြင်ဘက်ကြမ်းပြင်ပေါ်သို့ ထွက်အန်ကျနေသည်း သူ့မျက်နှာတွင် ခံစား လှုပ်ရှားခြင်းလုံးဝမရှိချေ။ ပကတိ သတိလစ်နေသည်။ ဘေးချင်းကပ် တယ်လီဖုန်းရုံအတွင်းမှ ထွက်လာသော ကချင်လုံချည်နှင့် လူဝကြီးသည် လဲကျနေသူ၏ အနီးတွင် ကုန်းကွကွလုပ်ပြီး လဲကျနေသူ၏ အရိုအိတ် များကို မွှေနှောက်စမ်းလျက် ရှိသည် ။
“လမ်းနည်းနည်းဖယ်ကြပါ နှောက်ကို ဆုတ်ကြပါး ဟိုမိတ်ဆွေကြီး သူ့ကို မထိပါနဲ့ မကိုင်ပါနဲ့ သူနာတင်ကားလာနေပါပြီ”
ရဲသားက လူအုပ်ကြီးကို ပြောဆိုရင်း လူကြီးကို ပြောလိုက်သည်။ လူကြီးသည် ခါးကိုဆန့်လိုက်ပြီး///
“ဘယ်သူဘယ်ဝါဆိုတာ သိရအောင် မှတ်ပုံတင် ရှာကြည့်တာပါ။ မှအိမ်ကို အကြောင်းကြားနိုင်မှာ မဟုတ်လား”
“ဟုတ်ပါတယ် နောင်ကြီး၊ ဒီကိစ္စကို ကျွန်တော်တို့ ရဲအဖွဲ့က ဆောင် ရွက်ပါမယ်၊က် အားလုံးပဲ ကျေးဇူးပြုပြီး နောက်ကို ဆုတ်ကြပါ။ ကိုယ့် ကိစ္စကိုယ် ဆောင်ရွက်ကြပါ”
ရဲသားက ခပ်ကျယ်ကျယ် ထပ်ပြီး ပြောလိုက်သည်။ စက်ဝန်း သဏ္ဌာန် ဝိုင်းနေသော လူအုပ်ကြီး နောက်သို့ အနည်းငယ် ဆုတ်သွား သည်။ အချို့လည်း ထိုနေရာမှ ထွက်ခွာသွားကြသည်။ အခုမှ အပြေး အလွှား ရောက်လာပြီး စပ်စုနေသူများလည်း ရှိသည်။ ယင်းအခိုက်မှာ မ ထိုနေရာသို့ ရဲအရာရှိတစ်ဦး ထပ်မံ ရောက်ရှိလာသည်။
လုံလုံချို့လည်း လူအုပ်ကြီးနှင့်အတူ နောက်ဘက်သို့ ရွှေ့ သွားသည်။ သူမအနေနှင့် လူမှုရေးတာဝန်တစ်ရပ်ကို မိမိတတ်နိုင်သမျှ ဆောင်ရွက် ပြီးချေပြီး ယခုအခါ တာဝန်အရပ်ရပ်ကို ရဲဘက်မှ လွဲပြောင်းယူလိုက်ပြီ ဖြစ်သဖြင့် သူမတွင် ဘာတစ်ခုမျှ လုပ်ဆောင်ရန် မရှိတော့ချေ။ ကိုယ့် နေရာကိုယ် ပြန်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ရန်သာ ရှိတော့သည်။
လဲ့လဲ့ချို ထိုနေရာမှ ထွက်ခွာရန် ခြေလှမ်းမြင်လိုက်စဉ်တွင် ရဲအရာ ၏အသံ ထွက်ပေါ်လာသည်။ ၊
“အခုကိစ္စမှာ သိလိုက်မြင်လိုက်တဲ့ လူတွေ ကျွန်တော် နည်းနည်း ပါး မေးချင်ပါတယ်။ ကိုယ်သိသမျှကို မှန်မှန်ကန်ကန် တိတိကျကျ ပြောပြခြင်းဖြင့် ကူညီကြပါခင်ဗျာ”
ရဲအရာရှိသည် လဲကျနေသူကို ခေတ္တမျှ စစ်ဆေးကြည့်ရှုပြီးနောက် ရဲသားကလေးကို အနည်းငယ် မေးစမ်းတိုင်ပင်ပြီးနောက် လူအုပ်ကြီးကို ပြောလိုက်ခြင်း ဖြစ်သည်။ သူ့မျက်လုံးများသည် လဲ့လဲ့ချိုထံသို့ ရောက် နေသည်း ရဲအရာရှိ မေးမြန်းလိုသူမှာလည်း သူမလည်း ပါဝင်ကြောင်း ထင်ရှားနေသည်။
သို့ဖြင့် လုံလုံရှိသည် နေရာမှာပင် ရပ်နေလိုက်သည်။ ယင်းသို့ ရှိစဉ် နောက်ဘက်မှ ခေါ်သံတစ်ခု ကြားရသည်။ ။//
“ညီမလေး ညီမလေး”
ပထမတွင် သူမကို ခေါ်သည်ဟု လုံလုံချို့ မထင်မိ နောက်မှ ထိုသို့သော အသံမျိုးကို ကြားဖူးသည်ထင်ပြီး လှည့်ကြည့်လိုက်သည်။ စောစောက လက်ဆောင်မွန်ဆိုင်ဝတွင် ရပ်လာသော အရပ်ရှည်ရှည် မျက်နှာသွယ်သွယ် အမျိုးသမီးကို တွေ့ရသည်။
“.. ဘယ်လိုဖြစ်သွားသလဲ ညီမလေး” ထိုအမျိုးသမီးက သိချင်ဇောဖြင့် မေးသည်။
“ကျွန်မလည်း သေသေချာချာတော့ မသိဘူး၊ သတိလစ်သွား တယ်လို့ ထင်တာပဲ။ သူ ဟို.. ဟို သေတော့မသေဘူးလို့ ထင်တာပဲ”
ညီမလေး တာဝန်ကျေပါတယ်” ။
လဲလုံချို တုံ့ပြန်ရန် စကားရှာမတွေ့သဖြင့် သည်အတိုင်း ရပ်နေ သည်။ စောစောက ဤအမျိုးသမီးနှင့် ပါလာသော သူငယ်ကို သူမနှင့် တိုးခဲ့သော ကလေးအုပ်ထဲတွင် ထိုင်နေသည်ကို မြင်ရသည်းအသားဖြူဖြူ ဆံပင်ကောင်းကောင်းနှင့် အမျိုးသမီးဘေးတွင် ကပ်ပြီး ထိုင်နေသည်။
မိမိအနီးသို့ လူတစ်ယောက် ကပ်လာမှန်းသိသဖြင့် လုံလုံချို မာ့ ကြည့်လိုက်သည်။ ကချင်လုံချည်ကွက်ကြီးနှင့် လူဝ၀ကြီးဖြစ်နေသည်။ လူဝဝကြီးဟု ဆိုရသော်လည်း ပုပုဖိုင့်ဖိုင့်ဘုတ်သိုင်းကြီးမျိုး မဟုတ်ပါ။ လူလုံးလူထည် ကြီးသလောက် အရပ်အမောင်းလည်း ကောင်းသည်။
မယ် ညီမလေး၊ ကျွန်တော့်မိတ်ဆွေ ဘယ်လိုများ ဖြစ်သွားရ တာလဲ၊ သူညီမလေးတို့ဆိုင်ထဲမှာ ညီမလေးကို စကားပြောသေးတယ် မဟုတ်လား”
“စကားပြောတယ်တော့ မဟုတ်ပါဘူး၊ တယ်လီဖုန်းဘယ်မှာ ရှိသလဲလို့ မေးတာပါ၊ သူ့ကို ကြည့်ရတာ အကဲမလှလို့ ကျွန်မက သက်
လုံလုံချို ထိုနေရာမှာတင် စကားစ ဖြတ်ထားလိုက်သည်။ ကချင် လုံချည်ကွက်နှင့် လူကြီးက မျက်နှာသွယ်သွယ်အမျိုးသမီးဘက်သို့ လှည့်//
“အဲဒီအချိန်တုန်းက ညီမလည်း ဆိုင်ထဲမှာ ရှိနေတယ်မဟုတ်လား၊ ညီမကိုကော သူဘာပြောသေးသလဲ”
သူက တရားရုံးတွင် အမှုစစ်ဆေးနေသကဲ့သို့ မေးမြန်းသည်။ မျက် နှာသွယ်သွယ်နှင့် အမျိုးသမီး ရှုသိုးသိုးဖြစ်သွားသည်။ ထို့နောက် တိုကို တောင်း ပြောလိုက်သည်။ “ဘာမှမပြောဘူး” သူတို့အနီးသို့ ရဲအရာရှိရောက်လာသည်။ ၀၀တုတ်တုတ် လူကြီးကို “နောင်ကြီးကို တစ်ခွန်းနှစ်ခွန်းလောက် မေးပါရစေ” လုံလူမျိုး ဘက် လှည့်လျက် ပြီးတော့ ညီမလေးကိုရောပေါ့”
“ဟုတ်ကဲ့ ကျွန်မအခု ဆိုင်ခဏပြန်လို့ ရမလား၊ ကျွန်မလက်ဆောင် မွန်ဆိုင်ကပါ
“ကျွန်တော်သိပါတယ်ပြန်ပါပြီးတော့ ကျွန်တော် လာခဲ့မယ်”
ရဲအရာရှိသည် လူဝဝတုတ်တုတ်ကြီးကို လူရှင်းရာဘက်သို့ ခေါ် သွားသည်။
“အဲဒီလူကြီးက လူလိမ်ကြီး၊ သူမိတ်ဆွေဆိုတာ မဟုတ်ဘူး၊ အလ ကား လူလိမ်ကြီး”
မျက်နှာသွယ်သွယ်နှင့် အမျိုးသမီးက လုံလုံချို၏ နားနားသို့ ကပ်၊ ပြီး ခါးသီးစွာ ပြောလိုက်သည်။ လဲ့လဲ့ချိုက ခေါင်းညိတ်ပြီး
“ဟုတ်တယ်၊ လူတွေက တစ်မျိုးတစ်မျိုးပဲ”
လုံလုံချို ထိုနေရာမှ ထွက်ခွာခဲ့သည်။ ရုန်းရုန်းစုစု နိုင်သော ကလေး အုပ်ကို ဖြတ်ရပြန်သည်။ ယခုတစ်ကြိမ်တွင် ကလေးတွေ ပို၍ ဆူညံ လှုပ်ရှားနေသည်။ လုံလုံချိုက သတိထား၍ ကြည့်လိုက်သောအခါ ကလေးတွေသည် လူတစ်ယောက်ကို ဝိုင်းဝန်းဖက်ကွယ်နေကြသည်။ ထိုသူ၏ အသွင်အပြင်ကလည်း ထင်ရှားပေါ်လွင်လှသည်။ ဆံပင်အရှည် စပို့ရှပ်နီရဲရဲ ခေါင်းလောင်းဘောင်းဘီအနက်၊ ဂစ်တာတစ်လက်ကို လည်ပင်းတွင် သိုင်းထားသည်။ သူ့မျက်လုံးများ ရီဝေမှိုင်းသည်။
“ဖေဖေကြီး ဖေဖေကြီးရေ။ ဒေါ်လေးမျိုးတို့ကို တွေ့