Skip to product information
1 of 6

Other Websites

နတ်နွယ် - မိမိနှင့်စာပေလှိုင်းဂယက်များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

မိုးဝေကို ခုတ်ထစ်ကိုက်ဖဲ့နေကြခြင်း

          တစ်လောက ဖြစ်သည်။ သိပ်မကြာသေးဟု ဆိုရသော်လည်း သုံးလေးလတော့ ရှိပြီ။ စာပေဂျာနယ် ဒုတီယအချီ မထွက်မီကဖြစ်သည်။ အောင် ရတနာလမ်းရှိ နွယ်နီမဂ္ဂဇင်းတိုက်သို့ ကဗျာဆရာ အောင်ဝေး ရောက်လာ သည်။ သူရောက်လာသည်မှာ ကဗျာပေးရအောင်တော့ မဟုတ်ပါ။ နွယ်နီက ယခုအထိတော့ ကဗျာမထည့်ပါ။ သို့သော် သူလာသည်က ကဗျာနှင့် တော့ ပတ်သက်နေသည်။ မိုးဝေကဗျာကိစ္စ ဖြစ်သည်။

          သူက--

          “စာပေဂျာနယ် ပြန်ထွက်တော့မယ်”

           “ကြားတယ်”

          “ဆရာသွေးက စာမူတောင်းခိုင်းလိုက်တယ်"

          သူက မောင်သွေးသစ်စာကိုပေးသည်။ စာမှာ တိုတိုပင် ဖြစ်သည်။ သူ ဒူးနာနေ၍ မလာနိုင်ပါ။ စာပေဂျာနယ် ပြန်ထုတ်မည်။ စာမူပေးပါ။ မိုးဝေကဗျာအကြောင်း ရေးပါ။

          မိမိက စာပြန်မရေးပါ။ ကိုအောင်ဝေးကို နှုတ်ဖြင့်ပဲ ပြောလိုက် သည်။ စာမူပေးပါမည်။ လောလောဆယ်တော့ မပေးနိုင်သေးပါ။ ပြီးတော့ မိုးဝေကဗျာအကြောင်း မရေးချင်ပါ။ အခြားစာမူ ပေးမည်။

          သည်တော့ ကိုအောင်ဝေးက...

          “ မိုးဝေကဗျာအကြောင်း ဆရာရေးစေချင်တယ်။ ကျွန်တော်တို့ တိုင်ပင်ကြတယ်။ မိုးဝေကဗျာအကြောင်း ဆရာရေးရင် ကောင်းမယ်။ အခု လူတော်တော်များများက မိုးဝေကဗျာအကြောင်း ပြောနေကြတယ်။ အမျိုးမျိုး ပြောနေကြတယ်”

          “ ကျွန်တော် မရေးချင်ပါဘူး၊ ကျွန်တော် ကာယကံရှင်တစ်ဦး ဖြစ်နေတယ်၊ ကျွန်တော် ဘာမှဝင်မပြောတာ ကောင်းပါတယ်။ သူတို့ ပြောချင်ရာ ပြောကြပါစေ"

          သည့်အရင်တစ်လောကလည်း ကဗျာဆရာတစ်ဦးနှင့် တွေ့သည်။ သူက ယခုတစ်လော မိုးဝေကဗျာ အကြောင်းကို ပြောသည်။ မိမိကို ရေးရန် ပြောသည်။ မိမိက မရေးလိုဟု ပြောသောအခါ သူရေးချင်သည် ဟုပြောသည်။ သည်တုန်းက မိမိလက်ထဲမှာ စံပယ်ဖြူ ရှိသည်။ သို့သော် မိမိက စံပယ်ဖြူမှာလည်း မိုးဝေကဗျာ ဓာတ်ပြားကို မဖွင့်ပါ။ အပ်ကြောင်း တွေထပ်မည်ကို မလိုလားပါ။ ။

          သို့သော် မိုးဝေကဗျာအကြောင်း ပြောနေကြသည်ကတော့ အမှန်ပင် ဖြစ်သည်။ အချို့က မိုးဝေကဗျာရှိသည်ဟု ဆိုကြသည်။ အချို့က မိုးဝေ ကဗျာဆိုတာ မရှိဟု ငြင်းကြသည်။ မိုးဝေကဗျာ ရှိသည်ဟုဆိုဆို၊ မရှိ ဘူးဟု ပြောပြော သည်အကြောင်း ပြောနေကြသည်တော့ အမှန်ပင်။

          ယခုနောက်ပိုင်း အင်တာဗျူးများနှင့် တွေ့ဆုံမေးမြန်းခြင်း ခံရသူ များသည် အသက် ၄၀ ကျော်၊ ၅၀ အတွင်း လူလတ်ပိုင်းများ ဖြစ်သည်။ သူတို့သည် လွန်ခဲ့သော အနှစ် ၂၀ ကျော်ကကမူ လူငယ်ဖွား ဖြစ်ကြသည်။ သူတို့ ဖြတ်သန်းရသည့်ခေတ်တွင် သွေးသောက်၊ ရှုမဝ၊ ငွေတာရီ၊ မိုးဝေ ဟူသော မဂ္ဂဇင်းများ ရှိသည်။ သူတို့အထဲမှ တချို့သည် (အများစုလည်း ဖြစ်နိုင်သည်) မိုးဝေ စာမျက်နှာများပေါ်တွင် ဖြတ်သန်းခဲ့ကြသူများ ဖြစ်သည်။

          သူတို့၏ အပြောစကားများတွင် မိုးဝေအကြောင်း တစ်နည်းမဟုတ် တစ်နည်း ပါရှိပါသည်။ မေးမြန်းသူကလည်း မိုးဝေကဗျာကို ထည့်သွင်း ပြီး မေးတတ်ပါသည်။ သည်မှာ အချို့က မိုးဝေကဗျာဘက်က အခိုင် အမာရပ်တည်ပြီး ပြောသွားကြသည်။ အချို့က မိုးဝေကို မထိခလုတ် ထိခလုတ် ပြောသွားကြသည်။ အချို့သော အဖြေစကားများတွင် ရိုးသား ပွင့်လင်းမှုများ တွေ့ရပြီး အချို့သော အဖြေစကားများတွင် တပါး ဖုံးကွယ်မှုများ တွေ့ရသည်။ ။

          တစ်ခါတစ်ခါတော့လည်း အံ့ဩရသည်။ အမြစ်အကြောင်းကို ထည့်မပြော၊ ပင်စည်အကြောင်းကိုလည်း ထည့်မပြောဘဲ အကိုင်းအခက် တွေ ဝေစည်သည့်အကြောင်း ပြောနေကြသည်။

          သူတို့သည် မိုးဝေဟူသော မဂ္ဂဇင်း သို့မဟုတ်၊ မိုးဝေမဂ္ဂဇင်းတွင် ပါသော စာများ သို့မဟုဏ်၊ မိုးဝေမဂ္ဂဇင်းတွင်ပါသော ကဗျာများကို ပိုင်းခြားစိတ်ဖြာ နေကြခြင်းမဟုတ်ဘဲ ခုတ်ထစ်ကိုက်ဖုံးနေကြဟန် ရှိသည်။

          မိုးဝေမဂ္ဂဇင်းနှင့် အများဆုံး ပတ်သက်ခဲ့သော မိမိက ဘာပြော ရမည်နည်း။

မိုးဇာတ်လမ်း လက်တန်းလှန်ရလျှင်

          ကောင်းပြီး ကြည့်ကြရအောင်။ ၊ မြန်မာမဂ္ဂဇင်းသမိုင်းတွင် မိုးဟူသော မဂ္ဂဇင်းတစ်စောင် ရှိခဲ့ သည်။ ကာလအတန်ကြာအောင် ရှိခဲ့သည်။ ၁၉၆၀ ခုနှစ်ဖွား နှောင်းပိုင်း မှသည် ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းအထိ ထွက်ခဲ့သည်။ ယခု ခေတ္တမျှ ရပ်နားနေသည်ဟု ဆိုရမည်။

          သည်ကာလများအတွင်း မိုးဝေမဂ္ဂဇင်း အမှတ် ၁၀၀ ပြည့်နှင့် အမှတ် ၂၀၀ ပြည့်တို့ကို ထုတ်ဝေခဲ့သည်။

          မဂ္ဂဇင်းမျက်နှာဖုံးတွင် “စာပေမဂ္ဂဇင်း”ဟု တံဆိပ်ခတ်နှိပ်ပြီး စာပေမဂ္ဂဇင်းအမည်ကို ခံယူခဲ့သည်။ သို့ သော် မျက်နှာဖုံးတွင် တံဆိပ် တပ်ရုံနှင့် စာပေမဂ္ဂဇင်းဟု မဆိုနိုင်ပါ။ အတွင်းတွင်ပါရှိသော စာများကို ကြည့်ရပါမည်။ စာပေမဂ္ဂဇင်းတွင် မည်သည့်သွင်ပြင် လက္ခဏာများ ပါရှိပါသနည်း။

          မိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ အပြောင်းအလဲများ ရှိခဲ့ပါသည်။ အဘယ်ကြောင့်နည်း၊ ဘယ်နှကြိမ် ရှိခဲ့သနည်း။

          မိုးဝေမဂ္ဂဇင်းကို ငွေကြေးစိုက်ထုတ်ပြီး တာဝန်ခံလုပ်ကိုင်သူများ အပြောင်းအလဲ ရှိခဲ့သည်။ ဘယ်နှကြိမ် ရှိပါသနည်း။ အကြမ်းဖျင်း ပြောရလျှင် အတော်ကလေးများပါသည်။ အဘယ်ကြောင့်နည်း။

          မိုးဝေမဂ္ဂဇင်းကို တာဝန်ခံရိုက်နှိပ်သော ပုံနှိပ်တိုက်နှင့် မိုးဝေမဂ္ဂဇင်း တိုက်တည်နေရာ အကြိမ်ကြိမ် ပြောင်းလဲခဲ့ပါသည်။ အဘယ်ကြောင့်နည်း။

          အယ်ဒီတာ အပြောင်းအလဲ၊ ထုတ်ဝေသူ အပြောင်းအလဲ၊ ပုံနှိပ် တိုက် အပြောင်းအလဲ၊ တည်နေရာအပြောင်းအလဲများ ဖြစ်ပေါ်ရာတွင် မည်သည့်အတွင်းရေးများ ရှိခဲ့ပါသနည်း။

          ထားတော့။ ။ မိမိနှင့် မိုးဝေမဂ္ဂဇင်း မည်သို့ ပတ်သက်သနည်း။ မီမီမှာ ဘာတွေပြောစရာ ရှိသနည်း။ မိမိ ဘာတွေ ပြောပြီးပြီနည်း။ ဘာတွေ ချန်ထားသနည်း။ တစ်ခုရှိသည်။ အမှန်ဖြစ်သည်။ မိုးဝေမဂ္ဂဇင်းသည် စုံထောက်မဂ္ဂဇင်းကို အမည်ပြောင်းလဲထုတ် သော မဂ္ဂဇင်း ဖြစ်သည်။

          စာရေးဆရာ မိုးဝေသည် စုံထောက်မဂ္ဂဇင်းကို တည်ထောင်သူ တစ်ဦး ဖြစ်သည်။ ထုတ်ဝေသူ ဦးဆန်နီ (ခေတ်ပြင်စာပေ)နှင့် တိုင်ပင် တွဲဖက် တည်ထောင်ဖဲ့ခြင်း ဖြစ်သည်။

          မိုးဝေသည် စုံထောက်မဂ္ဂဇင်း၏ အယ်ဒီတာချုပ် ဖြစ်ခဲ့သည်။ တာဝန်ခံ အယ်ဒီတာများမှာမူ အပြောင်းအလဲ ရှိခဲ့သည်။ မိမိသည် နောက်ဆုံးတာဝန်ခံ အယ်ဒီတာ ဖြစ်သည်။

          မိုးဝေ ကွယ်လွန်သောအခါ တာဝန်ခံ အယ်ဒီတာဖြစ်သော မိမိ သည် မိုးဝေ၏ မိသားစု၊ မိုးဝေ၏ မိတ်ဆွေများနှင့် တိုင်ပင်ပြီး စုံထောက် မဂ္ဂဇင်းကို မိုးဝေမဂ္ဂဇင်းအမည်သို့ ပြောင်းလဲခဲ့သည်။

          မိမိသည် မိုးဝေမဂ္ဂဇင်း တည်ထောင်သူလော။

          စာရေးဆရာ မိုးဝေ ကွယ်လွန်သွားသောအခါ မိမိသည် စုံထောက် မဂ္ဂဇင်း၏ အယ်ဒီတာချုပ် တာဝန်ကို ယူခဲ့ရသည်။ မိုးဝေမဂ္ဂဇင်းအဖြစ်သို့ ပြောင်းသောအခါတွင်လည်း မိမိသည် ပထမဆုံး အယ်ဒီတာချုပ် ဖြစ်ခဲ့ရသည်။

          အယ်ဒီတာချုပ်၏ တာဝန်သည် ဘာတွေနည်း။

          မိုးဝေမဂ္ဂဇင်းနှင့် ပတ်သက်ပြီး မိမိ ဘာတွေလုပ်ခဲ့သနည်း။ မည်သူတွေက မည့်သည့်အခန်းက ပါဝင်ခဲ့ကြသနည်း။

          မိမိ အဘယ်ကြောင့် မိုးဝေကို ပထမအကြိမ် စွန့်လွှတ်ခဲ့သနည်း။ အဘယ်ကြောင့် ဒုတိယအကြိမ် ပြန်လုပ်ရသနည်း၊ အဘယ်ကြောင့် ဒုတိယအကြိမ် စွန့်လွှတ်ရပြန်သနည်း။

          မိမိလက်ထက်တွင် မည်သူတွေ တာဝန်ခံ အယ်ဒီတာ ဖြစ်ခဲ့ သနည်း။ မိမိလက်ထက်တွင် ကဗျာတွေကို မည်သူတွေက တာဝန်ခံ ရွေးချယ်ခဲ့သနည်း။

          အဘယ်ကြောင့် မိုးဝေကဗျာဟု ပြောကြသနည်း။ အဘယ်ကြောင့် မိုးဝေကဗျာဆိုသည်ကို အငြင်းပွားကြသနည်း။

          သေသေချာချာ စဉ်းစားကြည့်လိုက်တော့ မိုးဝေမဂ္ဂဇင်းအကြောင်း၊ ကဗျာအကြောင်း၊ မိမိ ဘာမျှ ဟုတ်တိပတ်တိ မပြောဖူးသေးပါ။

          မိမိမှာ မိုးဝေမဂ္ဂဇင်းအကြောင်း၊ မိုးဝေကဗျာအကြောင်း ရေးသား ရန် စိတ်ကူးရှိခဲ့ပါသည်။

          မိမိနှင့် မိုးဝေမဂ္ဂဇင်း

          မိမိ၏ဘဝကို မိုးဝေမဂ္ဂဇင်းတွင် ပင်ပန်းကြီးစွာနှင့် ခါးသီးစွာ မြှုပ်နှံခဲ့ရပါသည်။

          မိမိမှာ အတွေ့အကြုံများစွာ ရရှိခဲ့သည်။ မိမိမှာ ပြောစရာတွေ ရင်နှင့်အပြည့် ဖြစ်ခဲ့ရပါသည်။

          သို့သော် မိမိ မပြောဖြစ်ခဲ့ပါ။

          မရေးဖြစ်ခဲ့ပါ။ ငဲ့ကွက်စရာတွေ၊ ထိမ်ချန်စရာတွေ ရှိနေသောကြောင့် ဖြစ်ပါသည်။

          ငဲ့ကွက် ထိမ်းချိန်ပြီးသော အကြောင်းအရာတစ်ခုသည် အမှန် တရား မဖြစ်နိုင်ပါ။

          သို့သော် မိမိတို့သည် အမှန်တရားကို လိုလားသည်ဆိုလျှင်တော့ မိုးဝေမဂ္ဂဇင်းအကြောင်း ရေးရာတွင် လက်တန်းကိုလှန်ပြီး ရေးရပါမည်။

          မိမိ တကယ်တော့မည်လား။

          ရေခံမြေခံ

          မိုးဝေမဂ္ဂဇင်းသည် စုံထောက်မဂ္ဂဇင်းကို အမည်ပြောင်းလဲ ထုတ်ဝေသော မဂ္ဂဇင်းဖြစ်ကြောင်း ပြောခဲ့ပြီ။

          သို့ဖြစ်ရာ မိုးဝေမဂ္ဂဇင်းအကြောင်း ဆက်မပြောမီတွင် မြစ်ဖျားခံ ရာ စုံထောက်မဂ္ဂဇင်းနှင့် စုံထောက်မဂ္ဂဇင်း၏ ရေခံမြေခံအကြောင်း အနည်းငယ် ပြောဆိုရပါမည်။

          စုံထောက်မဂ္ဂဇင်းကို ခေတ်ပြင်စာပေမှ ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ခေတီပြင်စာပေဟူသည် အဘယ်နည်း။ ။

          ခေတ်ပြင်စာပေ ထုတ်ဝေသူမှာ ဦးဆန်နီ ဖြစ်သည်။ ဦးဆန်နီကို စုံထောက်ကြီး ဦးဆန်နီဟုလည်း သိကြသည်။ ခေတ်ပြင်စာပေတိုက် တည်ရာမှာ ယခု ဘိုကလေးဈေးလမ်း အမှတ် (၂၉)ဖြစ်သည်။ ဟိုတုန်းက ဘရွတ်ကင်းလမ်း ဖြစ်သည်။

          ခေတ်ပြင်စာပေဟူသော အမည်ကို စာရေးဆရာ ရဲခေါင် (မင်းလတ် ရဲခေါင်)က ပေးခဲ့ခြင်း ဖြစ်သည်။ “ခေတ်ကိုပြင်မည်”ဟူသော အဓိပ္ပာယ် ဖြစ်သည်။ ရဲခေါင်သည် ထိုစဉ်က ခေတ်ပြင်စာပေတိုက်မှာပင် နေသည်။ ခေတ်ပြင်စာပေမှ ဂျစ်ကားကို သူကိုယ်တိုင် မောင်းနှင်သည်။

 

          ခေတ်ပြင်စာပေ၏ အဓိက စာရေးဆရာနှစ်ဦးမှာ ရဲခေါင်နှင့် မိုး ဖြစ်သည်။ သန်းဆွေ၊ မင်းရှင်နှင့် ဘုန်းကြွယ်တို့မှာလည်း လူရင်း များ ဖြစ်ကြသည်။

          ခေတ်ပြင်စာပေသည် ရဲခေါင်နှင့် မိုးဝေ ဝတ္ထုများကြောင့် စာဖတ် သူများ အသိအမှတ်ပြုရသော စာပေတိုက်တစ်တိုက် ဖြစ်သည်။ ခေတ်ပြင် မှ ဂီတနက်သန်ကိုစောညိန်း၏ ဝတ္ထုတစ်ပုဒ်လည်း ထွက်သည်။ ထို့အပြင် ဂျူးလိယက်ဖူးချစ်၏ “ကြိုးစင်ပေါ်မှ မှတ့်များ" စာအုပ်သည်လည်း ထိုခေတ်အခါက တိုးတက်သောလူငယ်များ လက်စွဲပြုရသော စာအုပ် ဖြစ်သည်။ ယင်းစာအုပ်တွင် ဘာသာပြန်သူ၏ အမည် ဖော်ပြထား သော်လည်း ရဲခေါင်ပြန်ဆိုကြောင်း အတွင်းလူများ သိရှိကြသည်။

          ခေတ်ပြင်စာပေမှ “သစ်ဆန်းဇာစောင်” ထုတ်ဝေခဲ့သည်။ ထို ခေတ်က လူငယ်စာရေးဆရာများ၏ ဆန်းသစ်သောအတွေးနှင့် အရေး များကို တွေ့ရှိရသည်။ သစ်ဆန်း၏ တာဝန်ခံအယ်ဒီတာမှာ ရဲခေါင် ဖြစ်သည်။

          ထို့နောက် ခေတ်ပြင်စာပေသည် မိုးဝေ၏ စိတ်ကူးဖြစ်သော "စုံထောက်ဝတ္ထုမဂ္ဂဇင်း”ကို ထုတ်ဝေခဲ့သည်။ ၁၉၅၁ ခု မတ်လတွင် စတင် ထုတ်ဝေသည်။

          ' မဂ္ဂဇင်းအမည်မှာ နောက်ပိုင်းတွင် လူအများ သိရှိသလို စုံထောက် မဂ္ဂဇင်း မဟုတ်ပါ။ စုံထောက်ဝတ္ထု မဂ္ဂဇင်း ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ စုံထောက်ဝတ္ထုများကိုသာ စုစည်းထုတ်ဝေသော မဂ္ဂဇင်းဟု ဖြစ်သည်။ `အင်္ဂလိပ်လို The Detective Stories Magazine ဟု ဖော်ပြထားပါ သည်။ ၁၉၈၀ လွန်နှစ်များတွင် ခေတ်စားခဲ့သော ဝတ္ထုမဂ္ဂဇင်းများ၏ ရှေ့ပြေး ဖြစ်ပါသည်။

          စုံထောက်ဝတ္ထုမဂ္ဂဇင်း ထွက်ကား စုံထောက်၊ ဇွန့်စားခန်း၊ သည်းထိတ်ဖို၊ စိတ္တဗေဒ၊ အလှည့်စသည့် ဝတ္ထုများသာ ထည့်ပါသည်။

          ဆောင်းပါးပင် မထည့်ပါ။ နောက်မှ စုံထောက်နှင့်ပတ်သက်သော ဆောင်းပါးများ၊ မှုခင်းဆောင်းပါးကို ထည့်သွင်းပါသည်။ သို့သော် မဂ္ဂဇင်းတစ်ခုလုံး၏ အသွင်သဏ္ဌာန်သည် စုံထောက်နှင့် လျှို့ဝှက်သည်းဖို သာ ဖြစ်သည်။

          စုံထောက်ဝတ္ထု မဂ္ဂဇင်းတွင် ထိုခေတ်က နာမည်ကြီး စုံထောက် ဝတ္ထုရေးဆရာများ ဖြစ်ကြသော ဇေဥဒေါင်း၊ ဒဂုန်ရွှေများ၊ မဟာဆွေ၊ ဇီရာ၊ မိုးဝေစသူများ အားလုံးလောက်ပင် ပါဝင်ရေးသားကြသည်။ တင့်ဆန်း၏ ကပ္ပိယ စုံထောက်ဝတ္ထုများ၊ ဂျာနယ်ကျော် တင့်ဆွေ၏ သိပ္ပံဝတ္ထုများ၊ နန္ဒ၏ စိတ္တဗေဒနှင့် သမိုင်းနောက်ခံ ဝတ္ထုများမှာလည်း အထူး လူကြိုက်များသည်။

          ခင်မောင်သန်း (မိတ္ထီလာ) တက္ကသိုလ်တင်မြင့်၊ စစ်ကိုင်း အေးလွင်။ မောင်သက်နောင်နှင့် မိမိတို့မှာ ရေးအားကောင်းသော ကလောင်သစ်များ ဖြစ်ကြသည်။

          သို့ဖြင့် စုံထောက်ဝတ္ထုမဂ္ဂဇင်းသည် အောင်မြင်ပြီး၊ မြန်မာနိုင်ငံ တွင် တစ်ခုတည်းသော ငုံထောက်မဂ္ဂဇင်း ဖြစ်ခဲ့သည်။

          မိမိက ၁၉၅၁၊ နိုဝင်ဘာလထုတ် စုံထောက်မဂ္ဂဇင်း အမှတ် ၉ တွင် စတင်ရေးသားခဲ့ပြီး ၁၉၅၃ ခုနှစ်တွင် ရန်ကုန်သို့ ရောက်ရှိသောအခါ အယ်ဒီတာအဖွဲ့ဝင် ဖြစ်ခဲ့ရသည်။

          ထိုအချိန်မှာပင် စုံထောက်ဝတ္ထုမဂ္ဂဇင်း၏ အသွင်သဏ္ဌာန်နှင့် အခန်းကဏ္ဍတို့သည်လည်း ပြောင်းလဲစ ပြုတော့သည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)