Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - တစ်ကွေ့တော့တွေ့ကြဦးမည်

Regular price 7,500 MMK
Regular price Sale price 7,500 MMK
Sale Sold out
အပိုင်း - တစ်
အခန်း (၁)
(က)

          သန်းခေါင်ယံအချိန် နီးကပ်လာသည်နှင့်အမျှ။

          မြစ်ကြီးနားတစ်မြို့လုံး၊ ရာမပူရ တစ်ရပ်ကွက်လုံး၊ ကျွန်းပင်သာ လမ်းတစ် လျှောက်လုံး၊ လမ်းသုံးခွညောင်ပင်တစ်ဝိုက်လုံးသည် သိပ်သည်းမှောင်မည်းလျက်၊ တိတ် ဆိတ်ခြောက်ကပ်လျက် လူသွားလူလာ ပြတ်လပ်လျက်ရှိလာတော့၏။

          လျှို့ဝှက်သော အကြံအစည်တစ်ခုကိုပြုလုပ်ရန် မဆုတ်မနစ် ကျစ်ကျစ်လျစ်လျစ် အားထုတ်နေသူ လေးဦးသာလျှင် တပေါင်းလကွယ်နေ့ညကို အသုံးပြုလျှက်ရှိကြလေတော့၏။

          တည်ရှိဆဲတရားဥပဒေကို ချိုးဖောက်ကြရုံမျှမက အမြစ်မှနေ၍ လှန်ပြန်တူးဆွ ပစ်ကြရန် ကြီးမားသောအကြံအစည်တစ်ခုပင် ဖြစ်ချေသည်တကား။

          ယင်းသို့သောလုပ်ငန်းတစ်ခုတွင် ရှစ်နှစ်သားအရွယ် လူငယ်ကလေးတစ်ဦးသည် အပေါင်းပါတစ်ဦးအဖြစ် အံ့သြဖွယ်ရာ ပါဝင်နေရခြင်းသည် တကယ်တော့ သူ့အဖို့ အမျိုး သားလွတ်မြောက်ရေးတိုက်ပွဲ မှော်အသွင်းခံရခြင်းပင်တည်း။

(ခ)

          အတောင်တစ်ထောင်ကျယ်ဝန်းသော ဧရာဝတီမြစ်သည် ဝင်းဝါနီမြန်းသော ရွှေမှုန်စများ၊ စိမ်းစိုဖြူဝန်းသော ကျောက်တုံးကျောက်ခဲများကို ကျော်လွှားဖြတ်သန်းလျက်မဟာသမုဒ္ဒရာသို့ ဦးတည်စီးဆင်းလျက်ရှိလေ၏။

          အမှောင်ပကတိမှာပင် မြစ်ရေပြင်သည် ကြည်လင်အေးမြလျက်ရှိ၏။ သို့ရာတွင် နေရာအတိအကျ မညွှန်းပြနိုင်သော အရပ်ဒေသတစ်ခုမှ ရုတ်တရက်ပေါ်ပေါက်လာသော တပေါင်းလေရူးတစ်ခု၏တိုးဝှေ့မှုကို ခံရသောအခါတွင် အေးမြတစ်ခွင်ရေအပြင်သည် မလွဲ မရှောင်သာ ဂယက်လှိုင်းများ ထကြွရလေတော့၏။

          ချောင်းငယ်မြောင်းငယ် အသွယ်သွယ်တို့ ပေါင်းစပ်လုံးစည်းခြင်းဖြင့် ဖြစ်ပေါ်လာ သော အတောင်တစ်ထောင် ကျယ်ပြောသည့်ရေပြင်သည် အနီးအနား ကချင်တောင်တန်း သား၊ ပတ်ဝန်းကျင်မြေပြန့်ရှမ်းလူမျိုးများအတွက် ဧရာမမြစ်ကြီးတစ်သွယ်ပင် ဖြစ်ချေ တော့၏။ ယင်းကြောင့်ပင် ထိုဒေသမြစ်ရေပြင်တစ်ကြော၏ အနောက်ဘက်ကမ်းတွင် ပေါက်ဖွားပေါ်ထွန်းလာသော မြို့ငယ်ကလေးတစ်ခုကိုလည်း ချောင်းငယ်မြောင်းငယ်များ ကိုသာ မြင်ဖူးကြသူများက မြစ်ကြီးတစ်ခု၏ အနီးအနားတွင်တည်ရှိသော မြစ်ကြီးနားမြို့ ရယ်ဟု ဝိသေသပြု ခေါ်ဆိုကြခြင်းပင် ဖြစ်တော့၏။

          သို့ရာတွင် မြန်မာဘုရင်များလက်ထက်ကမူ မြစ်ကြီးနားသည် အချက်အချာ မြို့ တစ်မြို့ မဟုတ်မူဘဲ၊ မိုးကောင်း၊ မိုးညှင်းတို့သာလျှင် မြောက်ပိုင်းမြို့တော်များ ဖြစ်ခဲ့ကြ၏။ မြစ်ကြီးနားမြို့နှင့် မျက်စောင်းထိုးတွင်တည်ရှိသော လူသူလေးရာကျော်သာရှိသော ဝိုင်း မော်ရွာကလေးမှ မြို့ရိုးများ အခိုင်အမာတည်ဆောက်၍ မြန်မာဘုရင်တပ်များကို ခုခံခဲ့သဖြင့် ရာဇဝင်တွင် ထင်ရှားပေသေးသည်။ ။

          မြန်မာနိုင်ငံကို အင်္ဂလိပ်များက ကျွန်သဘောက်ပြုလုပ်ပြီးသည့်ကျမှပင် မြစ် ကြီးနားသည် မြောက်ပိုင်းမြို့တော် ဖြစ်လာရတော့သည်။ အင်္ဂလိပ်များအနေဖြင့် မြစ်ကြီး နားကို ခရိုင်ရုံးစိုက်ရာ မြို့အဖြစ်ရွေးချယ်ခြင်းသည် ၎င်း၏ ပထဝီဝင်အနေအထား ကောင်း မွန်မှု၊ ရာသီဥတုမျှတ သင့်တင့်မှုတို့ကြောင့်၊ မူရင်းမြို့တော်များဖြစ်ကြသော မိုးကောင်း၊ မိုးညှင်းသည် ၎င်းတို့အား နှစ်ကာလကြာမြင့်သည့်တိုင်အောင် ခုခံတိုက်ခိုက်ခဲ့ကြသော ကြောင့်လည်းကောင်း ဖြစ်တန်ရာပေသည်။

          တဖြည်းဖြည်းနှင့် မြစ်ကြီးနားမြို့သည် မြန်မာပြည်တွင် လှပသောမြို့ငယ်များစွာ အနက် တစ်ခုအပါအဝင် ဖြစ်လာပေတော့သည်။ မြို့ကွက်အနေအထားကျန၍ ကတ္တရာ လမ်းသည် ညီညာဖြောင့်ဖြူးလှပေ၏။ မြို့ပေါ်နှင့်အနီးပတ်ဝန်းကျင်တွင် နေထိုင်ကြသူများ မှာလည်း ၎င်းတို့၏အသက်မွေးမှုလုပ်ငန်းကို ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်စားသောက်ကြ သူများဖြစ်သဖြင့် မြစ်ကြီးနားသည် လှပစိုပြည်ရုံသာမက ငြိမ်းချမ်းသာယာခြင်းလည်း ရှိလေသည်။

 သို့ဖြင့် ဗြိတိသျှနယ်ချဲ့တို့သည် မြန်မာပြည်မြောက်ပိုင်းကို အဓွန့်ရှည်စွာ စိုးမိုး သွေးစုပ်နိုင်ရန်အတွက် မြစ်ကြီးနားကို ကိုလိုနီကတုတ်ကျင်းတစ်ခုအဖြစ် အားရနှစ်ထောင်း စွာ ရွေးချယ်လိုက်သည်ရှိပြီး ငြိမ်ဝပ်ပိပြားရေးအတွက် စစ်ရဲတပ်သား နှစ်ထောင်ကျော် ကိုလည်း လက်နက်ခဲယမ်းမီးကျောက် အတောင့်အတင်းဖြင့် တပ်စွဲထားလိုက်တော့၏။

          သို့ ရာတွင် အမျိုးသားလွတ်မြောက်ရေးတပ်သားများ ကြီးမားထည်ဝါသော ကြေးစားစစ်တပ်များကို မည်သည့်အခါကများ ကြောက်ရွံ့ခဲ့ရိုးထုံးစံရှိ၍နည်း။

ယခုမှပင် ရာမပူရရပ်ကွက်တွင် မြန်မာအမျိုးသား လေးဦးသည် လျှို့ဝှက်သော လုပ်ငန်းတစ်ခုအတွက် တင်ကြိုသတ်မှတ်ထားသော သန်းခေါင်ယံအချိန်ကို စိတ်အားထက် သန်စွာဖြင့် စောင့်ဆိုင်းနေကြပြီ မဟုတ်လား။

(ဂ)

          ရာမပူရသည် မြစ်ကြီးနားမြို့၏ အနောက်ဖျားနယ်နိမိတ်ရပ်ကွက် တစ်ခုဖြစ်သည်။

          မြန်မာအနည်းငယ်မှတစ်ပါး နိပေါလူမျိုး(ဂေါ်ရခါး) အမြောက်အမြား အခြေစိုက် နေထိုင်ရာဒေသတစ်ခုဖြစ်သည့်အလျောက် ဝှမ်ပူ(ရာမပူရ)ဟု ခေါ်တွင်နေခြင်းဖြစ်ပေသည်။

          ဂေါ်ရခါးများသည် စစ်တိုက်သည့်နေရာတွင် ရဲရင့်ကြမ်းတမ်းသလောက် သစ်ပင် သီးနှံစိုက်ပျိုးစားသည့်နေရာတွင်မူ ငြိမ်းချမ်းအေးဆေးလှပေသည်။ မိမိ၏အသက်မွေး ဝမ်းကျောင်းလုပ်ငန်းဖွံ့ဖြိုးရန်သာ အားစိုက်ထုတ်ပြီး အခြားသူများ၏အရေးအခင်းတွင် စိတ် ဝင်စားခြင်း၊ စွက်ဖက်ခြင်း၊ အနှောင့်အယှက်ပြုခြင်း လုံးဝမရှိပေ။

          ယင်းကြောင့် ဂေါ်ရခါးများ၏ ကြံခင်း၊ ယာခင်းများအကြားတွင် ခြံဝင်းကျယ်ကြီး တစ်ခုဖြင့် သစ်ပင် ဝါးပင်များ စိုက်ပျိုးကာနေထိုင်လျက်ရှိသော မြန်မာအိမ်ထောင်စု အခိုင် အမာ တည်ဆောက်လျက်ရှိတော့၏။

ယခုအထိမူ သူတို့၏လုပ်ငန်းသည် အစစအရာရာတွင် အဆင်ပြေ၍ အဘက်ဘက် တွင် ချောမောအောင်မြင်လျက်ရှိပေသည်။

           ယနေ့ညတွင်လည်း သူတို့သည် လျှို့ဝှက်လုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုကို အကောင်အထည်ဖော်ရန်အတွက် မှောင်မိုက်ခြင်း၊ တိတ်ဆိတ်ခြင်း၊ ပြတ်လပ်ခြင်းတို့ကို အခွင့်ကောင်းယူလျက်ရှိတော့သည်။

(ဃ)

           မြစ်ကြီးနားမြို့မနှင့်အနောက်ဖျားဒေသ ရာမပူရကို ကျယ်ဝန်းရှည်လျားသောမီးရထားဝင်းကြီးဖြင့် ပိုင်းခြား၍ထားရာ တစ်ဌာနမှတစ်ဌာနသို့ ကူးလူးလိုလျှင် ရထားသံ လမ်းနှင့်တွဲပျက်များကို ကျော်လွှားကွေ့ရှောင်သွားရသည့်ခရီးကား အနီးကလေးပင်ဖြစ်၏။

          သို့ရာတွင် ယာဉ်လမ်းခရီးကား တစ်ကွေ့တစ်ဝိုက်ကြီးဖြစ်၏။ မြို့ခလယ်နှင့် ရွယ်တူဆတူနီးပါးသော ရထားဝင်းကို တောင်ဘက်စွန်း ဝက်ကုန်းမှ ကွေး၍လည်းကောင်း၊ မြောက်ဘက်စွန်း မြို့သစ်မှဝိုက်၍လည်းကောင်း တရှည်တမျောကြီး သွားရသည်။

          မြောက်အစွန်းမှပင် ကွေ့၍လာသည်ဖြစ်စေ၊ တောင်အစွန်းမှပင် ဝိုက်၍လာသည် ဖြစ်စေ၊ ရာမပူရရပ်ကွက်ကြီးကို ထွင်းဖောက်၍သွားသော ရေကြည်လမ်းသို့ ရောက်စေရန် ကျွန်းပင်သာ လမ်းမကြီးအတိုင်းလာရမည်ဖြစ်၏။ ကျွန်းပင်သာလမ်းသည် ရာမပူရ၏ထိပ် စီးမျဉ်းကြောင်းဖြစ်ပြီး        ရေကြည်လမ်းသည် ရာမပူရ၏ထက်ခြမ်းခွဲမျဉ်း ဖြစ်ပေသည်။

          ရေကြည်လမ်းနှင့်ကျွန်းပင်သာ လမ်းဆုံရာ လမ်းသုံးခွအလယ်တည့်တည့်တွင် ကျွန်းပင်ကြီးတစ်ပင်ရှိလေသဖြင့် သဘာဝလမ်းဆုံအဝိုင်းကြီးတစ်ခုပင် ဖြစ်တော့၏။

          ကျွန်းပင်သာလမ်း၏ တောင်ဘက်ထိပ် ဝက်ကုန်းလမ်းနှင့်ဆုံရာ လမ်းသုံးခွတွင် လည်း ညောင်ပင်အိုကြီးတစ်ပင် ရှိလေသည်။ သို့ရာတွင် ကျွန်းပင်အိုကဲ့သို့ လမ်းမပေါ်တွင် မဟုတ်မူဘဲ ကျွန်းပင်သာလမ်း၏ အနောက်ဘက် ဝက်ကုန်းလမ်း၏ မြောက်ဘက်ထောင့် စွန်းတွင် ဖြစ်လေသည်။

လမ်းနှစ်ခုတွေ့ဆုံသော်လည်း လမ်းလေးခွဆုံမဖြစ်ဘဲ လမ်းသုံးခွဆုံဖြစ်နေရခြင်း မှာ လမ်းတစ်ခုသည် ရှေ့သို့ဆက်လက်၍ မသွားတော့ဘဲ ပိတ်ဆို့ခြင်းခံနေရသောကြောင့် ဖြစ်၏။ ရေကြည်လမ်းသည်    ကျွန်းပင်သာလမ်းနှင့် တွေ့ဆုံသောအခါတွင် သက်တမ်းကုန် လေ၏။ ရှေ့တွင် မြန်မာအိမ်ထောင်စုတစ်စု၏ လယ်ကွက်ကြီးကပိတ်ဆို့လျက်ရှိ၏။ ထို့ အတူ ကျွန်းပင်သာလမ်းသည်လည်း တောင်ဘက်သို့ သွားလေသည်ရှိသော် ဝက်ကုန်း လမ်းနှင့် တွေ့ဆုံသည့်အခိုက်တွင် ကိုယ်ပိုင်ရပ်တည်မှုကုန်ဆုံးပြီး ခရီးဆက်လိုသူတစ်ဦး သည် ဝက်ကုန်းလမ်းအတိုင်း အရှေ့သို့သွားလျှင် မြို့ထဲသို့ လည်းကောင်း၊ အနောက်သို့ သွားလျှင် ရာမပူရအနောက်ပိုင်းနှင့် လပြည့်လကွယ်နေ့များတွင် စုန်းမီးတောက်သည်ဟု ဆိုသော ရှမ်းရွာကလေးတစ်ရွာသို့ ပေါက်ရောက်မည်ဖြစ်၏။

          ကျွန်းပင်သာလမ်း၏ တောင်ဘက်ထိပ်တွင်ကား တိဘက်ဘုန်းတော်ကြီးကျောင်း တစ်ခုက ပိတ်ဆို့လျက်ရှိလေသည်။ အလွယ်တကူအားဖြင့် ကျွန်းပင်သာ တိဘက်ဘုန်း

တော်ကြီးကျောင်းဟု ခေါ်ကြသည်။ မြစ်ကြီးနားတွင် တိဘက်ဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိသည့်အနက် ယင်းနှစ်ကျောင်းစလုံးသည်ပင်လျှင် ရာမပူရရပ်ကွက်အတွင်း၌ တည်ရှိ လေသည်။ ကျန်တစ်ကျောင်းမှာ ရာမပူရအနောက်ပိုင်း ကြက်ပေါင်ခြံထိပ်တွင် ရှိလေသည်။

 မဟာယနဗုဒ္ဓဘာသာဝင် တိဘက်ကျောင်းများအတွင်း၌ အလံတိုင်များအပြည့် အနှက်စိုက်ထူထားသော ပိတ်ဖြူတံခွန်ကုက္ကာတို့အပေါ်တွင် ရေးထားသော မည်းနက်သည့် ယင်းတို့ဘာသာစာလုံးများသည် အန္တရာယ်ကင်း ပရိတ်တော်များဟု ဆိုသော်လည်း မြင်ရ သူများကိုကား ခြောက်လှန့်လျက်ရှိလေသည်။ ယင်းအပြင် သူတို့သည် မြန်မာပြည်တွင် မြင်တွေ့ရသော ဟိနာယန ဗုဒ္ဓဘာသာကျောင်းများကဲ့သို့ အရပ်နှင့်ဆက်စပ်ကူးလူးခြင်းမရှိ၊ သူတို့ဘာသာကျောင်းဝင်းအတွင်း၌သာ ပိတ်လှောင်၍ ဂါထာမန္တရားများကို ကျယ်လောင် ခက်ထန်စွာ ရွတ်ဖတ်ခြင်း၊ လူခြေတိတ်ချိန်တွင် ဘုန်းကြီးများက နှဲမှုတ်စည်တီး၍ အံနီခေါ် မယ်သီလရှင်များက လင်းကွင်းတချွင်ချွင်တီးမှုတ်နေကြသဖြင့် ထူးဆန်းထိတ်လန့်ဖွယ်ရာ ဖြစ်တော့၏။ ထိုမျှသာမက အချို့သော လားမားနှင့်ဂုရုဘုန်းကြီးများသည် မြေကသိုဏ်း၊ ရေကသိုဏ်း၊ လေကသိုဏ်းရှုကြရာ တင်ပျဉ်ခွေထိုင်နေရာမှ နံရိုးအပြိုင်းပြိုင်းထ၍ အရောင်တဝင်းဝင်းတောက်၍ မိုးပေါ်သို့ဆယ့်ရှစ်တောင်ခန့်အထိ မြင့်တက်သွားသည်ဟူ

သော ကောလာဟလသတင်းများကြောင့် အချို့လူများသည် တိဘက်ဘုန်းကြီးကျောင်း တွင်းသို့ ရဲရဲတင်းတင်းမျှပင် မကြည့်ဝံ့ကြချေ။ ။

          ယင်းကြောင့်ပင်လျှင် ညမိုးချုပ်ပြီဆိုလျှင် မြို့ထဲနှင့်ရာမပူရကို အဖော်မပါဘဲ ကူးသန်းသွားလာဝံ့သူများ ရှားပါးလှလေသည်။ ညရှစ်နာရီ ကိုးနာရီလောက်ဆိုလျှင် လုံးဝ အသွားအလာမရှိတော့သလောက်ပင်။

          ယင်းသို့ ဖြစ်ရသည်မှာ တိဘက်ဘုန်းကြီးကျောင်း တစ်ခုတည်းကြောင့်သာ မဟုတ်ပေ။

          ချုံနွယ်ပိတ်ပေါင်းများ ဖုံးအုပ်နေသော တိဘက်ဘုန်းကြီးကျောင်းနှင့် မျက်နှာချင်း ဆိုင်တွင်ရှိသော လမ်းသုံးခွညောင်ပင်မှာလည်း လူပြောများလှသည်။ အယူသီးသူများသည် အထီးထီးသော သစ်ပင်ကြီးတစ်ပင်ကိုတွေ့လျှင် ရုက္ခစိုးရှိသည်၊ သရဲရှိသည်၊တစ္ဆေရှိသည် ဟု ပြောကြသည်။ နတ်စင်ဆောက်ကြသည်။ ခေါစာပစ်ကြသည်။

          မည်သို့ပင်ဖြစ်စေ ညမိုးချုပ်ချုပ်၊ မှောင်မိုက်မိုက်၊ လူပြတ်ပြတ်တွင် ကြီးမားအိုမင်း သော ညောင်ပင်ကြီးသည် မြင်တွေ့ရင်ဆိုင်ရသူများအား အားငယ်စေသည်။ ကြောက်လန့် စေသည်။ ပမာဏကြီးမားသော ပင်စည်ပင်လုံးအကိုင်းအခက်တို့ဖြင့် ခြိမ်းခြောက်လျက်ရှိ သည်။ သုံးဖက်သုံးတန်သော လမ်းမွှာတို့ကိုထူထပ်သိပ်သည်းစွာ လွှမ်းမိုးထားလေသည်။ ခပ်နိမ့်နိမ့်တစ်ဝိုက်အကိုင်းတို့မှာ မြေပြင်ဆီသို့ထိုးဆင်းကျနေသော လက်တက်မြစ်တို့သည် မြွေလုံးမြွေထွေးကြီးနှင့်တူလှ၏။ သစ်ပင်အောက်သို့ ဝင်မိလိုက်သည်ဆိုလျှင်ပင် တစ်ကိုယ် လုံးစိမ့်အေး၍ သွားပေသည်။ ယင်းအခိုက်တွင် တိဘက်ဘုန်းကြီးကျောင်းဝင်းထဲမှ လင်း