Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

နတ်နွယ် - ကမ္ဘာပတ်လည်ရက်ရှစ်ဆယ်

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out
အခန်း [၁] 
ဆရာနှင့်တပည့် တွေ့ကြခြင်း

          (၁၈၇၂) ခုနှစ်တွင် ဖိလိယက်ဖော့ဂ်အကြောင်းကို သူသည် လူကြီး လူကောင်းတစ်ယောက်ဖြစ်သည်မှပို၍ ဘာမျှမသိရှိကြပေ။ သူသည် အမှတ် (၇)၊ ဆာဗီရိုး၊ လန်ဒန်မြို့တွင် နေထိုင်သည်။ ထိုအိမ်၌ ပြဇာတ်ရေးဆရာကြီး ရှာရီဒန် (၁၈၁၉) ခုနှစ်၌ ခေါင်းချခဲ့သည်။ သို့သော် သူသည် ပြဇာတ်ရေး ဆရာကြီးနှင့်ကား တစ်ဘာသာဖြစ်ပါသည်။ ဖိလိယက်ဖော့ဂ်သည် စကားကို နည်းနိုင်သမျှနည်းနည်းပြောပါသည်။ ဤနှုတ်ဆိတ်မှုကပင် သူ့အား လျှို့ဝှက်ဆန်းကြယ်စေပါတော့သည်။

          ဖိလိယက်ဖော့ဂ်အား ကုန်တိုက်များ၊ တရားရုံးများတွင်လည်း ကောင်း၊ သို့မဟုတ် အခြားမည်သည့်ရုံးများတွင်မှလည်းကောင်း မတွေ့၊ မမြင်ရပါ။ သူသည် ပြုပြင်ရေးကလပ် အသင်းဝင်တစ်ဦးဖြစ်၏။ ဒါပဲဖြစ် ၏။ သူကား ချမ်းသာသည်။ သို့သော် အဘယ်ပုံ ချမ်းသာသည်ကား လျှို့ဝှက်မှုပင်။ ဤအကြောင်းကို ထုတ်ဖော်နိုင်သူမှာ မစ္စတာဖော့ဂ်တစ် ယောက်သာ ရှိသည်။ အကြောင်းမှာ သူသည် စကားနည်း၍ဖြစ်၏။

          သူ ခရီးသွားခဲ့ဖူးသလော ဖြစ်တန်ရာသည်။ အကြောင်းမှာ မည်သူမျှ သူ့ထက်ပို၍ ကမ္ဘာကြီးအကြောင်း မသိရှိပေ။ မည်မျှပင်ဝေးဝေး သူမသိသော အရပ်ဟူ၍ မရှိပါပေ။ သူသည် အရပ်တကာသို့ ရောက်ခဲ့ဖူး

ပုံရှိသည်။ တခြားနည်းနှင့်မဟုတ်ခဲ့လျှင် သူ့နာမ်က ရောက်ရှိပေမည်။

          သို့တစေလည်း ဖိလိယက်ဖော့ဂ်သည် လန်ဒန်မြို့မှ ထွက်ခွာ မသွားသည်မှာ နှစ်ပေါင်းအတော်ကြာပေပြီ။ သူသည် ကလပ်သို့သာ သွား ၏။ သူ့အချိန်ကို သတင်းစာဖတ်၍လည်းကောင်း၊ ဝှစ်ဖဲ ကစား၍လည်း

ကောင်း ကုန်ဆုံးစေသည်။ ဤသို့ ကစားရာတွင် သူသည် အမြဲတမ်းလောက် နိုင်လေ့ရှိပြီး အနိုင်များကို အားလုံးလှူဒါန်းပစ်လေ့ရှိ၏။ မစ္စတာဖာဂ်သည် ဖဲကစားချင်၍သာ ကစားပြီး နိုင်ချင်၍ ကစားသည် မဟုတ်ပါပေ။

          သူသည် ဆာဗီရိုးမှအိမ်တွင် တစ်ယောက်တည်းနေ၏။ ဆွေမျိုး ညာတကာ ရှိပုံမရပေ။ သူသည် နံနက်စာနှင့် ညစာကို ပြုပြင်ရေးကလပ်ရှိ အခန်းတစ်ခုတည်းမှာပင်၊ စားပွဲတစ်လုံးတည်းမှာပင် နေ့စဉ် တစ်ယောက် တည်း စားလေ့ရှိလေသည်။ သူ လုပ်သမျှသည် ဂဏန်းသင်္ချာလို မှန်မှန် ကန်ကန်ကြီးသာ ဖြစ်၏။ သူသည် ကလပ်မှ အိမ်သို့ ည (၁၁) နာရီခွဲတွင် မှန်မှန်ပြန်လေ့ရှိ၏။ တစ်နေ့တွင် (၂၄) နာရီရှိသည့်အနက် သူသည် တစ် ဝက်တိတိကို အိမ်တွင်နေ၍ တစ်ဝက်တိတိကို ကလပ်တွင်နေလေသည်။

          ဖိလိယက်ဖော့ဂ်တွင် အစေခံတစ်ဦးရှိသည်။ ၎င်းအစေခံသည် လည်း နေရာတိုင်း၌ တိကျရလေသည်။ အောက်တိုဘာလ (၂) ရက်နေ့တွင် ဂျိမ်းစ်ဖော့စတာအား အလုပ်မှထုတ်ပစ်လိုက်သည်။ အကြောင်းမှာ သူသည် မုတ်ဆိတ်ရိတ်ရန်ရေကို အပူချိန် (၈၆) ထားရမည့်အစား (၈၄) ထားသော

ကြောင့် ဖြစ်၏။ ထို့နေ့မနက်မှာပင် အစေခံသစ်တစ်ယောက် လာရောက် မည်ဖြစ်၏။

          မစ္စတာဖော့ဂ်သည် လက်တင်ကုလားထိုင်တွင် မတ်မတ်တောင့် တောင့်ထိုင်ရင်း ထိုသူအား စောင့်နေ၏။ စစ်ရေးပြအခမ်းအနားမှ စစ်သား တစ်ယောက်လို သူ့ခြေထောက်များကို စေ့ထားသည်။ လက်များကို ဒူးပေါ် တွင်ထား၏။ သူ့နာရီလက်တံများကို ကြည့်လျက်ရှိသည်။ ဤကား အထူး နာရီဖြစ်၏။ နာရီ၊ မိနစ်၊ စက္ကန့် ၊ ရက်၊ လ၊ နှစ်တို့ကို ဖော်ပြလေသည်။ (၁၁) နာရီခွဲသံထိုးသောအခါတွင် မစ္စတာဖော့ဂ်သည် ထုံးစံအတိုင်း ပြုပြင် ရေးကလပ်သို့ သွားရပေမည်။

          တံခါးခေါက်သံ ပေါ်ထွက်လာသည်။ အလုပ်ထုတ်ခံရသောအစေခံ ဂျိမ်းစ်ဖော့စတာ ဝင်လာပြီးပြော၏။

          “လူသစ်လာပြီ ဆရာ”

           အသက်သုံးဆယ်ခန့်ရှိ လူတစ်ယောက်ဝင်လာပြီး ခေါင်းညွတ်၍ အရိုအသေပေးလေ၏။

          “မင်း ပြင်သစ်လူမျိုး၊ မင်းနာမည်က ဂျွန် တဲ့လား” 

           မစ္စတာဖော့ဂ်က မေးလိုက်သည်။

          “ဂျင်း ပါဆရာ၊ ဂျင်းပါဆီပါတောက်၊ ဒီပါဆီပါတောက် (ပွဲ တိုင်းကျော်) ဆိုတဲ့နာမည်ကို ရတာကတော့ ကျွန်တော်ဟာ အခက်အခဲ တိုင်းကို လွန်မြောက်နိုင်လို့ပါပဲ၊ ကျွန်တော်ဟာ ထမင်းတစ်လုတ်စားရဖို့ အလုပ်အမျိုးမျိုး လုပ်ခဲ့ဖူးပါတယ်၊ ဒါပေမဲ့ ဆရာ၊ ကျွန်တော်ဟာ လူရိုး လူကောင်းတစ်ယောက်ပါ၊ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ကျွန်တော်ဟာ လမ်းမပေါ်မှာ သီချင်းဆိုခဲ့တယ်၊ အမြင့်ခုန်ခဲ့တယ်၊ ဆပ်ကပ်ထဲမှာ ကြိုးတန်းလျှောက်ခဲ့တယ်၊ ပြီးတော့ ကာယဗလဆရာ လုပ်ခဲ့တယ်၊ တစ်ခါ ပဲရစ်မြို့မှာ မီးသတ်သမားတစ်ယောက်ဖြစ်ခဲ့ပြီး မီးဘေးဆိုးကြီး အများအပြားကို ငြိမ်း သတ်ခဲ့ဖူးပါတယ်၊ အခုတော့ ကျွန်တော့်မှာ အလုပ်ကလည်း မရှိတာနဲ့၊ မစ္စတာဖော့ဂ်ဟာလည်း ဒီတိုင်းပြည်မှာ အအေးဆုံးလူတစ်ယောက်လို့ ကြား တာနဲ့ အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနေချင်လို့ ဆရာ့ဆီလာတာပဲ။ ကျွန်တော့်ရဲ့ ပါဆီပါတောက် (ပွဲတိုင်းကျော်) ဆိုတဲ့ နာမည်ကိုတောင် မေ့ပစ်ချင်လို့ပါပဲ ဆရာ”

           “ပါဆီပါတောက်ဟာ ကျုပ်နဲ့တော့ ကိုက်ပါတယ်၊ မင်းမှာ လူကြီး လူကောင်းတစ်ယောက်ရဲ့ တပည့်တစ်ယောက်အတွေ့ အကြုံမျိုး ရှိပါတယ်။ မင်း ငါ့စည်းကမ်းတွေကိုကော သိလား”

          “သိပါတယ် ဆရာ”

          “ကောင်းပြီ၊ ခု ဘယ်အချိန်ရှိပလဲ” 

          “၁၁ နာရီ ၂၅ မိနစ်”

          ပါဆီပါတောက်သည် သူ့အိတ်ထဲမှ ကြီးမားသော ငွေနာရီတစ်လုံး ကို ထုတ်ယူကြည့်ရှုကာ ပြောလိုက်၏။

          “မင်းနာရီက နောက်ကျတယ်”

 “စိတ်တော့မရှိနဲ့ ဆရာ၊ နောက်ကျတယ်ဆိုတာကတော့ မဖြစ်နိုင် ပါဘူး”

          “လေးမိနစ်လောက် နောက်ကျတယ်၊ ကောင်းပြီ၊ (၁၈၇၂) ခုနှစ်၊ အောက်တိုဘာလ (၂) ရက်၊ မနက် ၁၁ နာရီ ၂၉ မိနစ် အချိန်ကစပြီး မင်းကို အလုပ်ခန့်လိုက်ပြီ”

          မစ္စတာ ဖိလိယက်စ်ဖော့ဂ်သည် ထလိုက်၏။ ဘယ်လက်ဖြင့် ဦးထုပ်ကို ယူဆောင်းကာ ဘာမှမပြောတော့ဘဲ ထွက်သွားလေ၏။

          ပါဆီပါတောက်သည် အိမ်ရှေ့တံခါးပိတ်သံ တစ်ကြိမ်ကြားရ၏။ သူ့ဆရာ ထွက်သွားခြင်းပင်ဖြစ်၏။ နောက်တစ်ကြိမ် တံခါးပိတ်သံ ကြား ရ၏။ ဂျိမ်းစ်ဖော့စတာ ထွက်သွားခြင်းဖြစ်၏။

          အိမ်ထဲတွင် ပါဆီပါတောက် တစ်ယောက်တည်း ကျန်ရစ်ခဲ့လေ သည်။