ဓမ္မဒူတအရှင်ဆေကိန္ဒ - သတိရှိဖို့သတိထားကြစို့
တစ်ဦးနဲ့ တစ်ဦး တစ်ယောက်နဲ့ တစ်ယောက် တွေ့ကြ ဆုံကြ, ရင်းနှီးကြတဲ့ အခါ ဘေးဥပါဒ် အန္တရာယ်တွေကင်းလွတ်အောင်၊ အခက်အခဲတွေ မကြုံရ အောင်၊ လုပ်ငန်းဆောင်တာတွေ အောင်မြင်မှုရအောင် “သတိထားပြီး မှ လုပ်နော်၊ သတိထားပြီး ပြောနော် သတိထားပြီး , ပေါင်းနော်” လို့ သတိပေးကြတာတွေ ကို တွေ့ဖူး၊ ကြုံဖူး ကြားခဲ့ဖူးတာ များလှပါပြီ။
လောကီရေးတွေဖြစ်တဲ့ သားရေး၊ သမီးရေး၊ စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေးတွေအပြင် ကိုးကွယ်ယုံကြည်မှု အရေးတွေမှာ လည်း သတိထားဖို့ ပြောကြ၊ ဆိုကြပါသေးတယ်။
အောက်ထစ်ဆုံးအနေနဲ့ ခြေချော် မလဲအောင်၊ ခေါင်းမတိုက်မိအောင် ဆိုတာတွေကအစ၊ အမြင့်မြတ်ဆုံး ကောင်းကျိုးချမ်းသာဖြစ်တဲ့ နိဗ္ဗာန်ချမ်းသာကို ရရှိ ဖို့ တရားဘာဝနာအလုပ် အားထုတ်မှုအဆုံးသတိ ထားပါ" “သတိထားကြပါ” ဆိုတဲ့စကားတွေကို အဓိကထား အသုံးပြုနေကြတာကိုလည်းတွေ့ရပါတယ်။
“သတိ” ဆိုတာဘာလဲ ?
“သတိထားတယ်” ဆိုတာကရော ဘယ်လို လဲ?
“ဘယ်အတွက် သတိထားရမှာလဲ?
“ဘာကို”
” သတိထားရမှာလဲ ?
“ဘယ်လို” သတိထားရမှာလဲ ?
စတဲ့ အမေးစကားရပ်တွေကို အဖြေပေးဖို့ အတွက်ကတော့ သတိထားပါ" လို့ ကြားဖူးနေသူ တွေရော၊ပြောဆိုနေသူတွေရော အခက်အခဲ တွေ့ရ တတ် ပါတယ်။
သတိဆိုတာ ဘယ်နှစ်မျိုးရှိပါသလဲ?
ဆိုတဲ့ အမေးမျိုးလည်း ရှိပါသေးတယ်။
"သတိ"ဆိုတာ ဘာလဲ?
“သတိ”ဆိုတာ အမှတ်ရမှုသဘောသက်သက်ပါ။ စိတ်နဲ့ အတူယှဉ်တွဲ၊ စိတ်မှာပဲဖြစ်၊စိတ်ကသိလိုတဲ့ အာရုံကို အမှတ်ရမှုသဘောပါ။
"သတိထားတယ်””ဆိုတာကရော ဘယ်လို လဲ ? ။
“သတိထားတယ်”ဆိုတာ မိမိရဲ့ စိတ်ကသိလို တဲ့ အာရုံကို သိနိုင်ဖို့ အတွက်၊ အာရုံပြုနိုင်ဖို့ အမှတ် ရလိုက်တဲ့ သဘောပါ။ စိတ်နဲ့ အာရုံပြုလိုက်နိုင်ဖို့ အားပေးမှု ကူ ညီ သဘောလေးဖြစ်လာတာကို “သတိထားတယ်”လို့ ဆိုတာပါ။
“ဘယ်အတွက်" သတိထားရမှာလဲ?
သတိရှိဖို့ အတွက် သတိထားရတာပါ။ ဟုတ် တယ်လေ။ သတိရှိတယ်ဆိုတာ မိမိရဲ့ စိတ်မှာ သတိဆို တဲ့ အမှတ်ရမှု သဘောလေးရှိနေတာကို၊ ရှိလာတာကို ခေါ်ပါတယ်။ သတိဆိုတာက စိတ်မှာ မိုးကျရွှေကိုယ် အလိုလို ဖြစ်လာတာ မဟုတ်ပါဘူး။ သတိထားနိုင်မှ ဖြစ်လာရတာ၊ ရှိလာရတာပါ။
ဒီနေရာမှာ သတိထားလို့ သတိရှိလာပြီဆိုရင် ပြီးရောလား?
သတိထားရကျိုး နပ်ပြီလား? လို့ မေးရဦးမလို ဖြစ်နေပါတယ်။
မေးလည်း မေးသင့်ပါတယ်။
အဲ သတိရှိပြီ ဆိုရင်တော့ သတိအားပေါ်မူ တည်ပြီး အထိုက်အလျောက် စိတ်ချမ်းသာမှုကို ရနေပါ ပြီ။ စိတ်ဓာတ်ကောင်း သတိရှိလို့ ကုသိုလ်စိတ်တော့ ဖြစ်နေပါပြီ။
ဟုတ်တယ်လေ။ ကုသိုလ်ဆိုတာ စိတ်နဲ့ သက် ဆိုင်တဲ့ သဘော၊ အပြစ်ကင်းပြီး ကောင်းကျိုးချမ်းသာ ဖြစ်စေတဲ့ သဘောရှိတာကိုး။ ကုသိုလ်ဖြစ်ရင် စိတ်ချမ်း သာနေပါပြီ။
ကုသိုလ်တရားမှန်သမျှဟာ မိမိရဲ့ သန္တာန်မှာ ဖြစ်ကြတာချည်းပါပဲ။ ကာယကံ ကိုယ်အလုပ် အကြောင်းပြုပြီးလည်းကုသိုလ်စိတ်ဖြစ်နိုင်တာပဲ။ဝစီကံ, နှုတ်အပြောတွေကို အကြောင်းပြုပြီးတော့လည်း ကုသိုလ်စိတ် ဖြစ်ကြတာပါပဲ။ မနောကံ, စိတ်ကြံစည် တွေးတောမှုတွေကြောင့်လည်း ကုသိုလ်စိတ် ဖြစ်ကြ တာပါပဲ။
အဓိက အနေနဲ့ ကတော့ မိမိရဲ့ စိတ်သန္တာန်မှာ ဖြစ်တဲ့ ကုသိုလ်ဆိုတာ စိတ်ဓာတ်ကောင်းဖြစ်တဲ့ သတိရှိမှ ဖြစ်ပါတယ်။ သတိကောင်း မရှိရင် ဘယ်ကုသိုလ် မျိုးမဆို လုံးဝ မဖြစ်နိုင်ပါဘူး။
ဒါကြောင့်လည်း စိတ်ချမ်းသာမှု ရလိုတဲ့ သူတိုင်း၊ ကုသိုလ်စိတ်ဖြစ်လိုတဲ့ သူတိုင်းဟာ သတိရှိ ဖို့ အရေးကြီးပါတယ်။ သတိထားဖို့ကတော့ သတိရှိ ဖို့ရဲ့ အခြေခံအနေနဲ့ အထူးလိုအပ်ပါတယ်။
ဒါပေမဲ့, စိတ်ချမ်းသာမှုဟာ အသိဉာဏ်ပါရှိ တဲ့ စိတ်ချမ်းသာမှုနဲ့ အသိဉာဏ်မပါတဲ့ စိတ်ချမ်းသာ မှုလို့ ကုသိုလ်နှစ်မျိုး ရှိပါသေးတယ်။ ဉာဏ်ပါတဲ့ ကုသိုလ်နဲ့ ဉာဏ်မပါတဲ့ ကုသိုလ်ပေါ့ ။
ဒီ ကုသိုလ်နှစ်မျိုးက အဆင့်အတန်းချင်းရော၊ အရည်အသွေးချင်းပါ အလွန်ကွာခြားပါတယ်။ စိတ် ချမ်းသာခြင်း အတူတူမှာပဲ ငြိမ်းချမ်းမှု အရသာဓာတ် တွေဟာ ကွာခြားလွန်းပါတယ်။ အသိဉာဏ်ရှိတဲ့ ကုသိုလ်မျိုးက ဂုဏ်ချင်း၊ အရည်အသွေးချင်း၊ အရသာ ချင်း၊ အဆင့်အတန်းချင်း ယှဉ်မယ်ဆိုရင် အမြင့်မြတ် ဆုံး၊ အသာဆုံးပါပဲ။
ကုသိုလ်စိတ်မှာ အသိဉာဏ်ရှိဖို့၊ သတိရှိမှုအရင်ဖြစ်ရပါတယ်။ သတိရှိမှလည်း အသိဉာဏ် ပညာက ပေါ်ပေါက်လာနိုင်ပါတယ်။ ဉာဏ်ရှိလာပါတယ်။
“သတိထားတော့ သတိရှိ၊ သတိရှိတော့မှ အသိဉာဏ်ပေါ်” ဆိုတော့အသိဉာဏ်ပေါ်ဖို့၊ ပညာဉာဏ် ရှိဖို့ သတိထားတာပါ" လို့ ပြောနိုင်ပါတယ်။
“ဘာကို” သတိထားရမှာလဲ?
ဒီမေးခွန်းကို အလွယ်ဆုံး၊ အရှင်းဆုံး၊ အတို ဆုံး ဖြေရရင်တော့ မိမိ သိချင်တာကို သတိထားရမှာ ပါ” လို့ ဖြေရပါလိမ့်မယ်။ သတိထားရင်သတိရှိသတိ ရှိရင် မိမိသိချင်တာကို သိနိုင်ပြီပေါ့ ။ ဟုတ်တယ်လေ။ ဘယ်သူပဲ ဖြစ်ဖြစ် မိမိသိချင်တာကို သတိ ထားလို့ သိနိုင်ကြတာချည်းပါပဲ။
“ဘယ်လို” သတိထားရမှာလဲ?
ဒီမေးခွန်းက အလွန်အရေးကြီးတဲ့ မေးခွန်းပါ။ သေသေချာချာကိုပဲ အဖြေပေးချင်ပါတယ်။
သေသေချာချာ အဖြေပေးနိုင်ဖို့ အတွက် စောစောက ဖြေပြခဲ့တဲ့ အဖြေတွေကိုပဲ အသေးစိတ်အနေနဲ့ သေသေချာချာ ပြန်ပြီးဖြေပြ၊ ပြောပြပေးပါ ဦးမယ်။ ဒါမှလည်း ပိုပြီး အဆင်ပြေနားလည်လွယ်မယ် ထင်ပါတယ်။
“သေသေချာချာ သိချင်တာကို အမှတ်တရ သတိထားလိုက်ပါ။” အမှတ်တရ သတိထားလိုက်ရင် အမှတ်ရမှု သတိရှိလာပါပြီ။ ကောင်းမြတ်တဲ့ အမှတ် ရမှု သတိရှိမှလည်း မှန်မှန်ကန်ကန် သိနိုင်စွမ်းတဲ့ ပညာ၊ အသိဉာဏ် ပေါ်လာပါတယ်၊ ဒီလိုတစ်ဆင့်စီ တစ်ဆင့်စီ တိုးတက်ဖြစ်ပေါ်လာတဲ့ သဘောတွေကို လိုရင်း အချုပ် ပြန်ပြီး ပြောပြထားပါဦးမယ်။
“သေသေချာချာ သိချင်တာကို အမှတ်တရ သတိထားလိုက်ပါ” ဆိုတဲ့ နေရာမှာ သေသေချာချာ သိချင်တာနဲ့ သိချင်တာလို့ နှစ်မျိုးကွဲပြားသွားနိုင်ပါ တယ်။
သေသေချာချာဆိုတာ ကောင်းရင် ကောင်းတဲ့ အတိုင်း ၊ မှန်ရင် မှန်တဲ့အတိုင်း၊ မကောင်းရင် မကောင်းတဲ့အတိုင်း၊ မမှန်ရင် မမှန်တဲ့အတိုင်း သိနိုင်ဖို့ ကို ဆိုလိုတာပါ။
သေသေချာချာရဲ့ အနက်အဓိပ္ပါယ်တွေက နက်ရှိုင်းပါတယ်၊ ကျယ်ဝန်းပါတယ်။
သေသေချာချာ ဆိုတဲ့ သဘောအဓိပ္ပါယ် မြင့်မားမှုကို နားမလည်ပဲ “သိချင်တာကို သတိထား လိုက်ပါ" “သိချင်တာကို သတိထားလိုက်ပါ”ဆိုကာ မျှ သဘောကတော့ သတိအမျိုးအစားတွေ ရောထွေး သွားနိုင်ပါတယ်။
“မကောင်းတဲ့ အလုပ်တွေကို လုပ်ဖို့၊ မကောင်းတဲ့ အပြောတွေကို ပြောဖို့၊ မကောင်းတဲ့ အကြံ အစည်တွေကို ကြံစည်ဖို့ သတိထားနေပါတယ်"ဆို တာမျိုးတွေရော မဖြစ်နိုင်ဘူးလား? မရှိနိုင်ဘူးလား ?
ဒီလို မေးလာခဲ့ရင်တော့ ““ဖြစ်လည်း ဖြစ်နိုင် ပါတယ်၊ ရှိလည်း ရှိနိုင်ပါတယ်”လို့ အဖြေပေးရပါ လိမ့်မယ်။
ဘာဖြစ်လို့လည်းဆိုတော့ သတိက နှစ်မျိုးရှိ တာကိုး၊ စာပေလို့ ပြောရရင်တော့ မိစ္ဆာသတိ၊ သမ္မာ သတိပါ။
မကောင်းတဲ့ဓာတ် အမှတ်ရမှု သတိနဲ့ ကောင်း ဘဲ ဓာတ် အမှတ်ရမှု သတိပါ။
တစ်ချို့တွေ ရှိကြပါတယ်။ မိုးတွင်းမှာဆိုရင် မိုးပေါက် ကလေးတွေ တစ်ဖြောက်ဖြောက်နဲ့ အလုပ် ကလည်း မဆင်းရ၊ ရုံးကလည်း ရုံးပိတ်ရက်ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အချိန်းအချက်လုပ်ပြီး လူစု ကြတယ်လေ။
ဒါက မိုးရာသီကို ပြောလို့သာပါ။ဆောင်းတွင်း ဆိုရင်လည်း ဆောင်းတွင်းမို့ လို့ ၊ နွေရာသီဆိုရင်လည်း နွေရာသီမို့လို့ အချိန်းအချက်လုပ်ပြီးလူစုကြတာပါပဲ။
ရုံးပိတ်ရက်၊ အလုပ်အားရက်တွေမှာဆိုရင် အပျင်းပြေ သဘောက စပြီးတော့၊ ငွေရေး၊ ကြေး ရေး၊ အရှုံးအနိုင်အထိ ဝိုင်းဖွဲ့ကြတယ်လေ။ ကစား နည်းတွေ ကစားကြတယ်ပေါ့ ။
ဖဲကစားကြတယ် ဆိုပါစို့။ ကိုယ့်ဖဲချပ်ကလေး တွေ၊ ဖဲချပ်ထဲက အပွင့်ကလေးတွေကို တစ်ချပ်ချင်း တစ်ချပ်ချင်း ပွတ်ကြ၊ ဆွဲကြနဲ့ သတိထားနေရတာပဲ မဟုတ်လား၊
ဒါမျိုးကိုတော့ ကောင်းတဲ့ဓာတ် အမှတ်ရမှု သတိလို့ မထင်လိုက်ပါနဲ့။
ဒါက ဖဲကစားမှုမှာ ဝါသနာပါတဲ့သူတွေကို ပြောတာပါ။ အကြောင်းဆုံလာရင် ဖဲကစားဖို့ပဲ အမှတ် ရနေတတ်တဲ့ သဘောပေါ့။
တစ်ချို့ကြတော့လည်း “ဒီအချိန် ရောက် ရောက်လာရင် ကျွန်တော့် စိတ်တွေ ဖေါက်ဖေါက်လာ တယ်” ဆိုသလိုပဲ အချိန်ကျရင် ဆိုင်ကို သတိရတတ် ကြတယ်။ အချိန်ကျရင် မကောင်းတာကို လုပ်နေကျ သူတွေဟာ မကောင်းတာကိုပဲ အမှတ်ရတတ်ကြပါ တယ်။ကာယကံ မကောင်းတဲ့အလုပ်တွေကို စိတ်က အမှတ်ရတဲ့ သဘောပါပဲ။
ယောက်ျားတွေ ပြောတော့ “အဖျင်း"၊ မိန်း မအချင်းချင်း ပြောတော့ “အတင်း"တဲ့။
အကု သို လ် မကောင်းစိတ်ဖြစ် အောင် မကောင်းတဲ့ စကားတွေ၊ အကျိုးမရှိ အချည်းနှီး စကားတွေကို ပြောကြတာလည်း ရှိကြပါတယ်။
မကောင်းတာကို ပြောမိဖို့ ဆိုတာကလည်း အလို လို တော့ ဖြစ်မလာပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တွေ့တဲ့အခါ၊ ဆုံတဲ့အခါ သဘောမကျတဲ့ သူတွေရဲ့ အကြောင်း၊ မိမိနဲ့ မသင့်မြတ်တဲ့ သူတွေရဲ့ အကြောင်းတွေကို အမှတ်ရတတ်ပါတယ်။ အဲ့ဒီလို အမှတ်ရမှုတွေအကြောင်းပြောချင်တဲ့ လောဘ၊ သဘော မကျတဲ့ ဒေါသ အကျိုးရှိ မရှိသေသေချာချာ မသိတဲ့
မောဟတွေ ထပ်ကာထပ်ကာ ဖြစ်လာပါတယ်။ ဒီ မကောင်းတဲ့ စိတ်တွေနဲ့ပဲ မကောင်းတဲ့စကားတွေကို မကောင်းပြော ပြောလာကြပါတယ်။
ဒါကိုပဲ တစ်ချို့က “ဒို့ပြောနေတာက သတိ လက်လွတ် ပြောတာမဟုတ်ပါဘူး။ နို့ပြောချင်တဲ့သူ၊ ဒို့ပြောလိုတဲ့ အကြောင်း၊ ဒို့ပြောရမည့် အာရုံတွေကို ဖို့ သတိတရ၊ အမှတ်တရန့်ကို ပြောတာပါ" လို့ ဆိုကြပါသေးတယ်။
မကောင်းတဲ့ အမှတ်ရမှုနဲ့ ကောင်းတဲ့အမှတ် ရမှုတွေကို ကွဲကွဲပြားပြား မသိသေးလို့ ဒီလိုပြောဆို နေကြတာပါ။
မိုးလင်းက မိုးချုပ် အလုပ်လုပ်နေကြရတဲ့ သူတွေရှိပါတယ်။ ပြောဟယ်. ဆိုဟယ်မှ ရောင်းဝယ် ဖောက်ကားလို့၊ ရုံးတက်၊ ရုံးဆင်းလို့ ကျောင်းသွား ကျောင်းတက်စာသင်လို့ အမျိုးစုံနေအောင် ရှိကြပါ တယ်။
တစ်နေကုန် ပင်ပန်းလွန်း အားကြီးလို့ တစ် ညတာကလေး အနားယူပြီး အိပ်တော့မယ်ဆိုကာမှ မနက်ဖန် ဘယ်သူနဲ့ တွေ့ရဦးမယ်။ ဘယ်သူက လာမယ်တဲ့။ ဘာတွေ ပြောရဦးမယ်၊ ဘယ်အချိန်မှာ၊ ဘယ်ပစ္စည်းတွေကို ဘယ်လိုဖြစ်အောင် ဘာတွေနဲ့ " အို- စုံနေတာပါပဲ။ မပြီးနိုင်တဲ့ အတွေးတွေ၊ စိတ်ပင်ပန်း မှု ဖြစ်စေတဲ့ အရာမရောက် ခရီးမပေါက်နိုင်တဲ့ စဉ်းစား မှုတွေ အမျိုးစုံ ပေါ်လာတတ်ပါတယ်။
ဒီအတွေးတွေဟာ မတွေးချင်ပဲ ပေါ်လာကြတာ တော့ မဟုတ်ပါဘူး၊ တွေးချင်လို့ ကိုပဲ အမှတ်တရ သတိထားမိနေတာပါ။ သတိရနေတာပါ။ တွေးနေတာ ပါ။
အဲ့ဒီလို အမှတ်ရမှုကိုပဲ မိမိကိုယ်မိမိ ဟုတ် လှပြီ၊ တော်လှပြီ ဆိုပြီး အမှတ်ရကြ တွေးတောကြံ စည်ကြပါတယ်။
ဒီလို စိတ်ရှုပ်၊ စိတ်ပင်ပန်းစေတဲ့ အတွေး