Skip to product information
1 of 3

Other Websites

ဓမ္မဒူတအရှင်ဆေကိန္ဒ - လိုရာခရီးရောက်ဖို့

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

တစ်သိန်းမှာ တစ်ယောက်

          လောကမှာ လူတစ်သိန်းရှိတယ် ဆိုကြပါစို့

          စုဝေးပြီးသော လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံက ရုပ်လှတာကို သဘောကျတယ်။ ရုပ်ကြည့်ကောင်းတာကို သဘောကျပါတယ်။

          လူတစ်သိန်းရှိတယ်ဆို ငါးပုံလေးပုံက နာမည်ကြီးတာ၊ အသံကောင်းတာကို သဘောကျပါတယ်။

          လူတစ်သိန်းမှာ ဆယ်ပုံပုံ ကိုးပုံက စားဝတ်နေရေး ခေါင်း ခေါင်းပါးပါး ခြိုးခြိုးခြံခြံ ကျင့်တာကို သဘောကျပါတယ်။

          လူတစ်သိန်း ရှိမယ်ဆိုရင် တစ်ဦးတစ်ယောက်သာ -

သီလ၊

သမာဓိ၊

ပညာ တရားအစစ်ကို သဘောကျတာ၊ ကွာခြားလှပါတယ်။

ရုပ်အဆင်း တင့်တယ် သပ္ပါယ်တဲ့ ဂုဏ်နဲ့ ဘုန်းတော်ကြီး မြတ်စွာဘုရား မှာ ပြည့်စုံပါတယ် ၊ပိုတောင် ပိုနေသေးတယ် ပြောရမယ် ။

ဘယ်သူနဲ့ မှ လဲ မတူနိုင်ပါ ။

စကြဝဠာတစ်သောင်းလုံး နာမည်ကြီး၊ အသံကောင်းတာ လည်း ဘယ်သူနဲ့မှ နှိုင်းလို့ မရပါဘူး။

          ဘုန်းတော်ကြီး မြတ်စွာဘုရားမှာ ဘုန်းကံကြီးမားလို့ လာဘ်လာဘတွေ ပေါများပေမယ့် -

          ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ပစ္စည်းလေးပါး စားဝတ် နေရေးကို ခေါင်းပါးစွာ ကျင့်ကြံခဲ့ပါတယ်။

          ဒါလည်း ဂုဏ်တစ်မျိုး ဖြစ်ပါတယ်။

          ဘယ်သူမှ တုနှိုင်းလို့ မရအောင် ကျင့်ပါတယ်။

သီလရှိတယ်၊

သမာဓိရှိတယ်။

ပညာရှိတယ်၊ ဒီတရားတွေက ဘုန်းတော်ကြီးမြတ်စွာဘုရား မှာ တုနှိုင်းမရအောင် ရှိတော်မူပါတယ်။

တကယ်ပြောရင် အဲဒီသုံးမျိုးက တရားအစစ် ဖြစ်ပါတယ်။

အဲဒီ တရားအစစ်ကိုတော့ လူတိုင်း မကြည်ညိုနိုင်ပါဘူး။

          လူတစ်သိန်းမှာ သုံးပုံပုံ နှစ်ပုံဆိုရင် ၆၆,၆၆၆ ယောက် ရှိပါတယ်။

          အဲဒီ ၆၆,၆၆၆ ယောက်က ရုပ်ရည်အဆင်း သပ္ပာယ်တာကို ကြည်ညိုကြပါတယ်။

          ၅ ပုံ ၄ ပုံ ဆိုရင် လူ ၇၀,၀၀၀ ရှိပါတယ်။

          လူ ၈၀,၀၀၀ က အသံကောင်းတာနဲ့ နာမည်ကြီးတာကို ကြည်ညို ကြပါတယ်။

          ဆယ်ပုံပုံ ကိုးပုံဆိုရင် ၉ဝ,ဝဝဝ ရှိပါတယ်။

          လူ ကိုးသောင်းကတော့ ပစ္စည်းလေးပါး ခေါင်းပါးစွာ ကျင့်တာကို ကြည်ညိုကြပါမယ်။

          များသောအားဖြင့်ကတော့ ခေါင်းဆောင်းပါးပါး ကျင့်တာကို ကြည်ညိုကြပါတယ်။ အစားအသောက် အနေအထိုင် ခြိုးခြံချွေတာ ဆင်းရဲခံတာကို ပိုကြည်ညိုကြပါတယ်။

          သီလ၊ သမာဓိ၊ ပညာ တည်းဟူသော တရားအစစ်ကျတော့ တစ်သိန်းမှာမှ တစ်ယောက်လောက်သာ ကြည်ညိုတာပါ။

          ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ သီလ၊ သမာဓိ၊ ပညာ အစစ်ကျတော့ တစ်သိန်းမှာ တစ်ယောက်ပဲ ကြည်ညိုပါတယ်။

          လူ ငါးသောင်းဆိုရင် တရားအစစ်ကို ဘယ်နှယောက်ကြည်ညိုမလဲဆိုရင် လူတစ်ယောက်တောင် အပြည့် မဟုတ်တော့ဘဲ တစ်ဝက်လောက်ပဲ ကြည်ညိုပါတော့မယ်။

          ဒီသဘောတရားလေးကို နားလည်စေချင်တာပါ။

          လိုရာခရီးရောက်ဖို့ အလုပ်နှစ်မျိုး

          ကျေးဇူးတော်ရှင် သာသနာပိုင် ဝါဆို ဆရာတော်ကြီးရဲ့ အဆိုအမိန့်ကို တရားလက်ဆောင်ပေးလိုပါတယ်။ အသစ်ထပ်မံပြီး ကျက်စရာမလိုပါဘူး။ ဆရာတော်၊ သံဃာတော်တွေ အမြဲရပြီးသား တချို့ လူပုဂ္ဂိုလ်တွေလည်း ရပြီးသား ဖြစ်ပါမယ်။

          ဝါဆို ဆရာတော်ကြီးရဲ့ အဆိုအမိန့်က -

          “ဘုရားခိုင်းထားတာ နှစ်လုပ်ပဲ ရှိတယ်။ အဲဒီ နှစ်လုပ်ပဲ လုပ်ပါ။ သုံးလုပ်၊ လေးလုပ်၊ ငါးလုပ် လုပ်နေရင် ရှုပ်ကုန်လိမ့်မယ်။ နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တွေအတွက် နှစ်မျိုးလုပ်ရပါ့မယ်”တဲ့။

          ဗုဒ္ဓဘာသာဝင်တွေမို့လို့ နိဗ္ဗာန်ရောက်ချင်တဲ့ဆန္ဒ ရှိတာပါ။ တကယ်တမ်းကျတော့ ဒီတရားတော်မြတ်ကြီးက ဗုဒ္ဓဘာသာဝင်တွေ တင် မကဘူး၊ ဗုဒ္ဓဘာသာဝင် မဟုတ်တဲ့ အခြား ဘာသာဝင်များအတွက်လည်း တန်ဖိုးကြီးပါတယ်။

          လိုရာခရီး ရောက်ဖို့လည်း နှစ်မျိုးပဲ လုပ်ရပါမယ်။

          လူတိုင်း လူတိုင်း ခရီးသွားကြရပါတယ်။

          လမ်းပကတိ လျှောက်တဲ့ခရီး ရှိသလို လုပ်ငန်းလုပ်တဲ့ ခရီး လည်း ရှိပါတယ်။ ရောင်းရေးဝယ်တာခရီးလည်း ရှိပါတယ်။ ပေါင်းရေးသင်းရေးခရီးလည်း ရှိပါတယ်။

          ဗုဒ္ဓဘာသာဝင်မှ မဟုတ်ပါဘူး။

          ဘယ်သူပဲ ဖြစ်ဖြစ် လိုရာခရီးရောက်ဖို့ နှစ်မျိုးပဲ လုပ်ရပါမယ်။

          နိဗ္ဗာန်ရောက်ချင်တဲ့ ပုဂ္ဂိုလ်တွေ အတွက်လည်း နှစ်မျိုးပဲ လုပ်ရပါမယ်။

          ကျေးဇူးတော်ရှင် ဝါဆို ဆရာတော်ကြီးက အမိန့်ရှိပါ တယ်။

          အေး .. သာသနာပြုတာဝန်တွေ ဆောင်ရွက်နေတယ်။

          ဟိုလုပ်၊ ဒီလုပ်နဲ့ စိတ်ရှုပ်စရာတွေ ကြုံနေရရင် ဒါကို အမြဲ နှလုံးသွင်းပါ။ တစ်နေ့တစ်ခါ ရွတ်ပါ။

          လူတွေလည်း လိုရာခရီးကိုသွားဖို့ စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး စသည်ဖြင့် အရေးအရာတွေကို ဆောင်ရွက်တဲ့အခါမှာ တစ်ခါတလေ စိတ်ပျက်လက်ပျက်၊ စိတ်အခန့်မသင့်တာတွေ ကြုံတွေ့ရလေ့ရှိမှာ ဖြစ်ပါတယ်။

          အဲဒီအခါမှာ ဒီတရားလေးကို နှလုံးသွင်းလိုက်ပါ။ တအား ကျေးဇူးကြီးလွန်းလို့ ပြောတာပါ။ ။

          နှလုံးသွင်းရမယ့် တရားကတော့ နိဗ္ဗာန်ရောက်ချင်ရင် နှစ်မျိုးပဲ လုပ်စရာ ရှိပါတယ်။

          အဲဒီ နှစ်မျိုးကတော့ ..

           (၁) အခု ရဟန္တာ ဖြစ်အောင်လုပ်၊

          (၂) ရဟန္တာ မဖြစ်သေးရင် ပါရမီဖြည့်ပါ။

          ဗုဒ္ဓဘာသာဝင်တွေအတွက် ရဟန္တာ ဆိုတာလည်း သိတယ်။ ပါရမီ ဆိုတာလည်း သိပြီး ဖြစ်တယ်။

          အခြား ဘာသာဝင်တွေအတွက် ရဟန္တာတို့၊ ပါရမီတို့ ဆိုတာ မသိရင်တောင်မှ လိုရာခရီးရောက်ချင်ရင် နှစ်မျိုးပဲ လုပ်ရမယ်ဆိုတာကို စိတ်ဝင်စားရင် စိတ်ဝင်စားပါမယ်။

          လူမျိုးမရွေး၊ ဘာသာမရွေး ပြောရရင် လိုရာခရီးရောက်ချင်ရင် နှစ်မျိုးလုပ်ရပါ့မယ်။

          အဲဒီ နှစ်မျိုးက -

          (၁) ချက်ချင်း ရောက်အောင် သွားရင်သွား

           (၂) ချက်ချင်း မရောက်ရင် ဖြည်းဖြည်းချင်းသွားပါ။

          ပညာတတ် ဖြစ်ချင်ရင်လည်း နှစ်မျိုး လုပ်ရပါမယ်။ အဲဒီ နှစ်မျိုးက -

          (၁) ခုချက်ချင်း ပညာတတ် ဖြစ်ရင် ဖြစ်၊

          (၂) မဖြစ်ရင် ဖြည်းဖြည်းပဲ ပညာသင်ပါ။

          လိုရာခရီးရောက်ဖို့က ချက်ချင်းရောက်အောင် သွားရင်သွား ပါ။ ချက်ချင်း မသွားရင် ဖြည်းဖြည်းသွားပါ။ အဲဒီကျတော့ ဖြည်းဖြည်း သွားဆိုတဲ့ စကားလုံးက ပါရမီဖြည့်တာ မဟုတ်ဘူးလား။

          ချက်ချင်းရောက်အောင် သွားရင်သွား၊ ချက်ချင်းသွားလို့ မရောက်သေးရင် အဲဒီ ဖြည်းဖြည်း ဖြည်းဖြည်း သွားနေတာပင်လျှင် ရောက်အောင်လုပ်နေတာ ဖြစ်ပါတယ်။

          သူဌေးဖြစ်ချင်ရင် ချက်ချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်သေးရင် သူဌေးဖြစ်အောင် လုပ်နေရမယ်။ ပညာတတ် ချက်ချင်း ဖြစ်ရင်ဖြစ်၊ မဖြစ်သေးရင် ပညာတတ်မယ့်အလုပ်မျိုး ဖြည်းဖြည်း ဖြည်းဖြည်း လုပ်ပေးရပါမယ်။

          ပါရမီ ဆိုတာကတော့ အခြားဟာ မထင်ပါနဲ့။

          ဟောဒီ စေတနာလေး၊ ဟောဒီ စေ့ဆော်မှုလေး၊ ဟောဒီ စိတ်ဓာတ်လေးက ဦးဆောင်ပြီး ကိုယ်အလိုရှိအပ်၊ တောင့်တအပ်တဲ့ ဟိုမှာ ဘက်ကမ်းကိုရောက်အောင် သွားနေတာပါ။

          အဲဒါကို ပါရမီလို့ ခေါ်ပါတယ်။

          ဆရာဝန်တစ်ယောက်အတွက် ဆရာဝန်ဖြစ်အောင် စာသင် နေတာ ပါရမီ ဖြစ်ပါတယ်။

          အင်ဂျင်နီယာတစ်ယောက်အတွက် အင်ဂျင်နီယာဖြစ်အောင် စာသင်နေတာ ပါရမီ ဖြစ်ပါတယ်။

          သူဌေးဖြစ်လိုတဲ့ လူတစ်ယောက်အတွက် သူဌေးဖြစ်အောင် စီးပွားရှာနေတာ ပါရမီ ဖြစ်ပါတယ်။ စိတ်စေတနာကောင်းလေးက ဦးဆောင်ပြီး တခြားစိတ်ဓာတ်ကောင်းတွေရှိနေလို့ ပါရမီ ဖြစ်တယ်လို့ ပြောတာပါ။

          ဒါက ပါရမီအဓိပ္ပာယ် နားလည်အောင် ရှင်းပြတာပါ။ ဒါပေမယ့် ဒါတွေကို ပါရမီလို့ မခေါ်နိုင်သေးပါ။

          ပါရမီ ဆိုတာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့ ပါရမီ၊ အရိယာအပေါင်း သူတော်ကောင်းတွေရဲ့ ပါရမီ၊ အဂ္ဂသာဝက မဟာသာဝက, ပစ္စေကဗုဒ္ဓါ, ပကတိသာဝကတွေရဲ့ ပါရမီကျတော့ နိဗ္ဗာန်ရောက်အောင်သွားတာ ဖြစ်ပါတယ်။

          လိုရာခရီးက နိဗ္ဗာန် ဖြစ်နေတာကိုး။ နိဗ္ဗာန်ရောက်အောင် သွားဖို့ နိဗ္ဗာန်ရောက်မယ့် အလုပ်တွေ လုပ်နေတာကိုက ပါရမီပါပဲ။

          အဲဒီ သဘောတရားကို သဘောပေါက်ရင် ဆရာဝန်ဖြစ်ချင်တဲ့ ပုဂ္ဂိုလ်ကလည်း ချက်ချင်း ဆရာဝန်ဖြစ်အောင် လုပ်ပါ။

          ချက်ချင်း မလုပ်နိုင်ရင် ဖြည်းဖြည်းချင်း ဖြစ်အောင်လုပ်ပါ။ ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်ရပါမယ်။ ကိုယ်ရောက်ချင်တဲ့အရပ်ကို ရောက်အောင် သွားရပါမယ်။ ဒီခရီးကို ရောက်ချင်ရင် ဒီခရီးကို သွားပါ။

          ရောက်တာ မရောက်တာက သူ့အပိုင်း၊ သွားရမှာက ကိုယ့် အပိုင်းပါ။

          မိဘများအနေနဲ့ သားသမီးများကို သူတို့တွေအပေါ်မှာ အားမလို အားမရ ဖြစ်လာတဲ့အခါ များများဆုံးမရန် မလိုပါ။ ဆူစရာ လည်း မလိုပါ။

          ဒီသဘောတရားလေးကို သဘောပေါက်အောင်ပြောရင် နားလည်ပါလိမ့်မယ်။

          ကိုယ့်အလုပ် ကိုယ်လုပ်ရင်းနဲ့ သူတို့တစ်တွေ ကိုယ်ဖြစ် ချင်တာတွေ ဖြစ်လာတယ်” ဆိုတာ သိပါလိမ့်မယ်။

          အဲဒီ ကိုယ့်အလုပ် ကိုယ်လုပ် ဆိုတာဟာ နိဗ္ဗာန်ရောက်မယ့် အလုပ်ဆိုရင် ပါရမီဖြည့်တယ် ခေါ်ပါတယ်။

          အခြား စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေး၊ ပညာရေးဆိုရင် နေ့စဉ် နေ့တိုင်း လုပ်နေတဲ့ အလုပ်တွေဟာ နိဗ္ဗာန်ရောက်အောင်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)