Skip to product information
1 of 2

Other Websites

ဓမ္မဒူတအရှင်ဆေကိန္ဒ - ရပိုင်ခွင့်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ရပိုင်ခွင့်

          သာသနာတော်နှစ် ၂၅၄၄-ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၆၂-ခုနှစ်၊ ဥတုဟေမန္တ ဆောင်းဥတု ဆောင်းတွင်းကာလ ပြာသို့လပြည့်ကျော် (၆) ရက်၊ သက္ကရာဇ် ၂၀၀၁-ခုနှစ်၊ ဇန္နဝါရီလ (၁၄) ရက်နေ့၊ တနင်္ဂနွေနေ့၊ ညတွင် မန္တလေးတိုင်း၊ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်၊ ကန်သာရပ်ကွက်၊ ၁ရ-လမ်း၊ ခိုင်ရွှေဝါ လမ်းဒေါင့်၊ ကန်သာဦး ဓမ္မာရုံတော်မြတ်ကြီး အတွင်း၌ ဆင်ယင်ကျင်းပပြုလုပ်အပ်သော မန္တလေးမြို့၊ ၁၈-လမ်း၊ အမှတ် (၁၄၉) နေ ဦးမောင်ကြီး၊ ဒေါ်ခင်လတ် မိသားစု၊ ကသာဦးဓမ္မာရုံဂေါပကအဖွဲ့သူ အဖွဲ့သားများနှင့် တရားကို ချစ်ခင်၊ တရားကို နှစ်သက်၊ တရားနဲ့မွေ့လျော်၊ တရားနဲ့ ပျော်၊ တရားကို မြတ်နိုးကြကုန်သော ဓမ္မမိတ်ဆွေ သူတော်ကောင်း အပေါင်းတို့ စုပေါင်း၍ ဆင်ယင်ကျင်းပပြုလုပ်အပ်သော အမတဒါန အမြိုက်နိဗ္ဗာန်အလှူ၊ ဓမ္မဒါနတရားအလှူပွဲကြီး၌ ဟောကြားအပ်သော ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိ အဋ္ဌကထာ ဘိက္ခု ဝဂ်၌ လာသော ဝတ္ထုကို တန်ဆာဆင်၍ ဟော ကြားအပ်သော ရပိုင်ခွင့်ကို သိစမ်းပါ တရားတော် တဲ့၊ ဘာတရားတော်ပါလိမ့်။ (ရပိုင်ခွင့်ကို သိစမ်းပါတရားတော်ဘုရား)။

          ဦးပဉ္စင်းတို့၊ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရဲ့ တရားတော်တွေက ဘယ်တရားတော်ကိုပဲ နာရနာရ၊ ဘယ်တရားတော်ကိုပဲ သိရ သိရ ဘယ်တရားတော်ကိုပဲ အားထုတ်ရအားထုတ်ရ၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေတယ်၊ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရုံတင်မကသေးဘူး၊ ကောင်းကျိုး အမျိုးမျိုးတွေကိုလည်း ရစေတယ်။

          ကနေ့ ဦးပဉ္စင်းတို့ ဟောမဲ့တရားက မိမိတို့ တစ်တွေအတွက် ဘာဖြစ်လို့ ချမ်းသာသုခ မရ ကြတာလဲ၊ ဘာဖြစ်လို့တည်ကြည်မှု သမာဓိ မရကြတာလဲ၊ ဘာလို့ ကိုယ့်ကိုကိုယ် ကျေကျေ နပ်နပ်နဲ့ အမြဲစိတ်ချမ်းချမ်းသာသာ မနေနိုင် တာလဲ ဆိုတာကို သိစေချင်လို့ ဒီတရားကို ဟောပေးမယ်လို့ ခုပဲ နှလုံးသွင်းပြီး ဟော လိုက်တာ။

          ဒီတရားတော်က အစိန္တေယျ သုံးလောက ထွတ်ထား သဗ္ဗညု ဘုရားရှင်ကိုယ်တော်မြတ် ကြီး ဟောကြားတော်မူခဲ့တဲ့ တရားတော်ဖြစ် လေသောကြောင့် တရားပိုင်ရှင်အစစ်ဖြစ်တော် မူသော အစိန္တေယျ သုံးလောကထွတ်ထား သဗ္ဗညုတ ဘုရားရှင် ကိုယ်တော်မြတ်ကြီးကို ဂုဏ်တော် ပုံတော်တွေ အာရုံပြုပြီး လက်အုပ်ချီမိုး ရှိခိုးကြပါအုံးစို့။

 

တိ ပဉ္စ ဒသ ကာချုံသေ၊

ဆွေ စတ္တာရော နောကံသာ။

ရူပေ ယာသေ လူခေ ဓမ္မ၊

ပသန္ဓာ တေ ဟိ ယေ နမေ။

          တိအံသေ-စည်းဝေးမိသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို သင်္ချာခွဲမှု သုံးစုသုံးပုံပြုလိုက်သည် ရှိသော်။ ဒွေး အံသာ-နှစ်စုနှစ်ပုံကုန်သော၊ ယေအကြင်လူရောနတ်ပါ သတ္တဝါဟူသမျှတို့သည်။ ရူပေ-ရုပ်ရည်အဆင်း လှပခြင်း၌၊ ပသန္ဓာ သဒ္ဓါရွှန်းစို ကြည်ညိုလည်း ကြည်ညိုတတ်ကြ ပါပေကုန်၏။ ပဉ္စအံသေ-စည်းဝေးမိသူ နတ် လူဗြဟ္မာ သတ္တဝါတို့ကို သင်္ချာ-ခွဲမှု ငါးစုငါးပုံ ပြုလိုက်သည် ရှိသော်၊ စတ္တာရော အံသာလေးစုလေးပုံကုန်သော၊ ယေ-အကြင်လူရော နတ်ပါ သတ္တဝါဟူသမျှတို့သည်၊ ဃောသေ ကျော်စောသတင်း နာမည်ကြီး အသံကောင်း ခြင်း၌၊ ပသန္ဓာ-သဒ္ဓါရွှန်းစို ကြည်ညိုဒ် ကြည်ညိုတတ်ကြပါပေကုန်၏။

          ဒသ အံသေ-စည်းဝေးမိသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို သင်္ချာခွဲမှု ဆယ်စုဆယ်ပုံ ပြု လိုက်သည်ရှိသော်။ နဝ အံသာ-ကိုးစုကိုးပုံကုန် သော၊ ယေ-အကြင်လူရောနတ်ပါ သတ္တဝါ ဟူသမျှတို့သည်၊ လူခေ-ပစ္စည်းလေးဖြာ ခေါင်း ပါးစွာ ကျင့်ခြင်း၌ ပသန္ဓာ-သဒ္ဓါရွှန်းစို ကြည်ညို လည်း ကြည်ညိုတတ်ကြပါပေကုန်၏။

          ကာရံ့သေ-စည်းဝေးမိသူ နတ်လူဗြဟ္မာ သတ္တဝါတို့ကို သင်္ချာခွဲမှု တစ်သိန်းစု တစ်သိန်း ပုံပြုလိုက်သည်ရှိသော်။ ဧကာ အံသာ-တစ်စု တစ်ပုံကုန်သော၊ ယေ-အကြင်လူရောနတ်ပါ သတ္တဝါဟူသမျှတို့သည်၊ ဓမ္မ-သီလ သမာဓိ ပညာ တည်းဟူသော ဂုဏ်တရား၌၊ ပသန္နောသဒ္ဓါရွှန်းစို ကြည်ညိုလည်း ကြည်ညိုတတ်ကြပါ ပေကုန်၏။

          တေ ဟိ-ထိုရူပပမာဏပုဂ္ဂိုလ် ယောသ ပမာဏပုဂ္ဂိုလ် လူခပမာဏပုဂ္ဂိုလ် ဓမ္မပဏ ပုဂ္ဂိုလ်လေမျိုးတို့သည်။ တေ ဟိ-သုံးပုံ တစ်ပုံရုပ်အဆင်းကို ကြည်ညိုကြကုန်သော ပုဂ္ဂိုလ် | တို့သည် ငါးပုံပုံလေးပုံ အသံကောင်းခြင်းကို | ဂုဏ်သတင်း ကျော်စောခြင်းကို ကြည်ညိုကြကုန်သော ပုဂ္ဂိုလ်တို့သည် ဆယ်ပုံပုံကိုးပုံ ပစ္စည်း လေးဖြာ ခေါင်းပါးစွာ ကျင့်ခြင်းကို ကြည်ညိုကြ ကုန်သော ပုဂ္ဂိုလ်တို့သည် တစ်သိန်းပုံလျှင် တစ်ပုံသာရှိသော သီလ သမာဓိ ပညာ ဓမ္မ တရားအစစ်ကို ကြည်ညိုကြကုန်သော ပုဂ္ဂိုလ်တို့ | သည်၊ ပသန္ဓေတဗ္ဗာ-ကြည်ညိုလည်း ကြည်ညိုအပ်ကုန်သော ထိုအစိန္တေယျ လေးပါးဆိုတဲ့ ဂုဏ်တော်တရားတို့သည်၊ သန္တိ-ဘုရားရှင်၏ သန္တာန်တော်၌ ထင်ရှားမသွေ ဉာဏ်အမြင် အားဖြင့် ရှိ၍နေပါပေ၏။ တံ ဗုဒ္ဓံ-ထိုအစိန္တေယျ လေးပါးသခင် ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို၊ အဟံ-သူတော်သူမြတ် လူနှင့်နတ်တို့ ကျေနပ် ရန်မျှော် တရားဟောမည့် ဘုရားတပည့် တော်သည်၊ မယံ-သူတော်သူမြတ် လူနှင့်နတ် ကျေနပ်ရန်မျှော် တရားဟော တရားနာမည့် ဘုရားတပည့်တော်တို့သည်၊ နမေ နမာမမင်္ဂလာစရဏ လက်ဦးစ၌ ကြည်စ္စကော်ရော် ပူဇော်မြတ်နိုး လက်အုပ်မိုး၍ ရှိခိုးဦး ညွှတ်ကြပါ ကုန်၏ အရှင်ဘုရား။ -

          ဣမိနာ ဗုဒ္ဓပဏာမေန - ဤသို့ ဘုရား ရှင်အား ရှိခိုးရကြောင်း ဖြစ်သော ပဏာမ ကုသိုလ်ကံစေတနာကြောင့်၊ မေ-မအောင် သေးခင် အောင် ကြွေးတင်၍ အောင်မြင်ရန်မျှော် တရားဟောမည့် ဘုရားတပည့်တော်အား၊ နော အမှာကံ-မအောင်သေးခင် အောင်ကြွေးတင်၍အောင်မြင်ရန်ကျော်ကြား တရားဟော တရားနာ ကြမည့် ဘုရားတပည့်တော်တို့အား၊ ဇယ မင်္ဂလံ-တွင်းပနှစ်တန် ရန်မာန်အပေါင်း အောင်ကြောင်းအောင်ရာ အောင်မင်္ဂလာသည်၊ အတ္ထု ဘဝတု-မြေကြီးလက်ခပ် မလွဲလတ်သို့ ဆတ် ဆတ်မသွေ အမှန်ပင်ဖြစ်ပါစေသတည်း။

သလာဘဲ နာတိမညေယျ၊

နာ'ညသံ ပိဟယံ စရေ။

အညသံ ပိဟယံ ဘိက္ခု၊

သမာဓိ" နာဓိဂစ္ဆတိ။

          ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဟော ဒီဝတ္ထုတော်ကြီးမှာ ဒီဂါထာလေးနဲ့ ဆုံးမပါတယ်။ ကနေ့ ဦးပဉ္စင်းတို့ ဟောလို နားလိုကြတဲ့ တရားက “ရပိုင်ခွင့်”ကို သိစမ်းပါတဲ့၊ ဘာ တရားတဲ့ “ရပိုင်ခွင့်”ကို သိစမ်းတရားပါဘုရား။ အဲဒီတရားကို သေသေချာချာ မိမိတို့ အာရုံပြု။ အေးအေးဆေးဆေး ချမ်းချမ်းသာသာနဲ့ တရားကို နာကြားကြစေချင်ပါတယ်။

          လောကကြီးမှာ နေကြတဲ့သူတွေဟာ ရပိုင်ခွင့်ကို မသိကြရင် တော်တော်ဒုက္ခ ရောက် ကြရပါတယ်။ ရပိုင်ခွင့်ဆိုတာ ဘာလဲလို့ ဆိုတာကို နားလည်အောင် ပြောပြပါမယ်။

          ချမ်းသာမှ ကြည်တာပါဘုရား)၊ အဲဒီကြည်တာ ဟာ သမာဓိရှိနေတဲ့သဘောပါ။

          အဲဒီသမာဓိ ဆိုတာက တည်လဲ တည်ပါ တယ်၊ ကြည်လဲ ကြည်ပါတယ်။ တစ်ခါတလေ ကိုယ်စဉ်းစားချင်တာလေးတွေ၊ ကိုယ်တွေး ချင်တာလေးတွေ အကြောင်းတစ်ခု ပေါ်လို့ အရေးတကြီးနဲ့ စဉ်းစားပြီး ပြန်အမှတ်ရပုံ ဖေါ်ရတော့မယ်ဆိုရင် တွေးလိုက်တယ်၊ တစ်ခါ တစ်လေ ချက်ချင်းမပေါ်ဘူး။ ချက်ချင်းပေါ် သလား၊ (မပေါ်ပါဘူးဘုရား)။

          အမလေး ဟိုဟာတဲ့၊ ဘယ်သူတဲ့၊ ဘယ် ဟာ ဆိုပြီးတော့ အမလေး စဉ်းစားနေလိုက်တာ

တော်ရုံနဲ့မပေါ်ဘူး။ ချက်ချင်း ဒက်ကနဲ့ ဒက်ကနဲ့ ကိုယ့်စဉ်းစားတဲ့အာရုံလေး ဒက်ကနဲ့ ပေါ်လာနိုင် တာသည်။ အဲဒီအာရုံလေးနဲ့ စိတ်နဲ့ တည်သွား တာ။ ဒီစိတ်က ဒီအာရုံနှင့်ဆိုပြီး တည်သွား တာပါ။ အဲဒီတည်စေတဲ့ ဓာတ်သဘောကို သမာဓိလို့ ခေါ်ပါတယ်။

          ကိုယ်စဉ်းစားချင်တဲ့ အကြောင်းလေး ကိုယ်ပြန်ပြီးတော့ ပုံဖေါ်ချင်တဲ့ အကြောင်းရင်းကို ထပ်ကနဲ့ထပ်ကနဲ့ ပေါ်လာတာရယ်၊ စဉ်းစားလို့ မရတာရယ်၊ ဘယ်ဟာ ကောင်းတုန်းဆိုရင် သမာဓိကောင်းရင် ထပ်ကနဲ့ ထပ်ကနဲ့ကို ပေါ်လာရမှာ။

          စာမေးပွဲဖြေတဲ့ ကလေးတွေဆို သိတယ် ပေါ့။ ကိုယ့်ကျက်ထားတဲ့ စာတွေက အများကြီး၊ မေးခွန်းတွေ့လိုက်တာနဲ့၊ ဖတ်ကနဲ့ဆို ပေါ်တယ်။ သမာဓိရှိလား၊ မရှိဘူးလား၊ (ရှိပါတယ်ဘုရား)၊ အဲဒါ သမာဓိရှိတာ၊ ကိုယ်ကျက်ထားတဲ့စာ မေ့သွားရင် စဉ်းစားတဲ့အခါ မပေါ်ရင် သမာဓိ မရှိဘူးတဲ့။

          ရောင်းရေး ဝယ်ရေး စီးပွားရေးမှာလဲပဲ ကိုယ့်အကြောင်းဆုံလို့ စဉ်းစားလိုက်ရင် ဒက်ကနဲ့ ဒက်ကနဲ့ အဲဒီစဉ်းစားတဲ့ အာရုံလေး ပေါ်လာ ပြီးတော့ စိတ်နဲ့တည်တယ်။ အဲဒီလို စိတ်နဲ့ တည်တဲ့အခါမှာ စိတ်ကလေးက ကြည်နေ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)