ဓမ္မဒူတအရှင်ဆေကိန္ဒ - ဆွဲရာနောက်လိုက်နေကြတယ်
လောကသုံးပါး
မိမိစိတ်ကလေးက မကောင်းရင် လုပ်သမျှလည်း မကောင်းဘူး၊ ပြောသမျှလည်း မကောင်းဘူး၊ ကြံစည်သမျှလည်း မကောင်းပါဘူး။ မကောင်းရင် နောက်က နွားလှည်းဘီးက နွားခြေထောက်ကို တက်နင်း မိသလိုပါပဲ။
တကယ်လို့ ကိုယ့်စိတ်လေးက ကောင်းရင် လုပ်တာလည်း ကောင်းတယ်၊ ပြောတာလည်း ကောင်းတယ်၊ စဉ်းစားတာလည်းကောင်းပါတယ်။ အကျိုးပေးလည်း ကောင်းပြီးတော့ အမှောင်ရိပ် ကနေ အလင်းထဲ ထွက်လိုက်သလိုပဲ။ ။
ဟောဒီ လူတွေမှာ စိတ်မရှိဘူးလား၊ ရှိပါတယ်။ လူတွေ ထိုင်တယ်၊ ထတယ်ဆိုတာ စိတ်ရှိလို့ လှုပ်ပြီး သွားလိုက်၊ လာလိုက်၊ ထိုင်လိုက်၊ လျောင်းလိုက်၊ ပြောလိုက် လုပ်နေတာပေါ့။ ။
သာကေတမှာ ဆိုင်ကြီး အကြီးကြီးရှိပါတယ်။ ဘာဆိုင်လဲ ဆိုတော့ Capital Hyper Mart ပါ။ အထဲမှာ အရုပ်တွေ ဘာတွေ ရှိတယ်။
ကဲ-သူတို့ ရပ်နေတယ်၊ ထိုင်နေလား၊ ထိုင်သေးလားဆိုတော့ မထိုင်ပါဘူး။ ဘာမရှိလို့ မထိုင်တာလဲဆိုတော့ စိတ်မရှိလို့ပါ။
တကယ်လို့ သူတို့ကို ပေးထိုင်ထားရင်ကော ရပ်သေးလားဆို တော့ မရပ်ပါဘူး။ ဘာဖြစ်လို့ဆိုရင် စိတ်မရှိလို့ပါ။
ကြာကြာထိုင်တယ်၊ ကြာကြာရပ်တယ် ဆိုတာ စိတ်က ဖြစ်ချင်တိုင်း လူက လိုက်ဖြစ်တာ။
အရေးကြီးတယ်နော်၊ ဒါတော့ သဘောပေါက်စေချင်ပါ တယ်။
ဟော- စိတ်က လောကကြီးကို ဖန်ဆင်းတယ်ဆိုတော့ လောက ဘယ်နှမျိုးရှိလဲ၊ ၃ မျိုးပါ။
သတ္တ လောကရယ်၊ သင်္ခါရလောကရယ်၊ သြကာသ လောကရယ်။
သတ္တလောကကိုလည်း ဖန်ဆင်းတာ စိတ်ကပါ။ သင်္ခါရ လောကကိုလည်း ဖန်ဆင်းတာ စိတ်ကပါ။ ဩကာသလောကကိုလည်း ဖန်ဆင်းတာ စိတ်ကပါ ။
အဲဒါလေးကို လက်ခံကျင့်သုံး ယုံကြည်သွားရင်၊ သဘော ပေါက် နားလည်သွားရင်၊ စိတ်ကသာ လောကကြီးကို ဖန်ဆင်းတာ နားလည်သွားရင် ဘယ်တန်ခိုးရှင်၊ ဘယ်ဘုရားမှ လောကကြီးကို ဖန်ဆင်းတာ မဟုတ်ပါဘူး။
ဘယ်တန်ခိုးရှင်တွေကမှ ရုပ်၊ နာမ်ကို ဖန်ဆင်းတာ မဟုတ်ပါဘူး ။
ဘယ်တန်ခိုးရှင်ကမှ နေရာဒေသ သြကာသကို ဖန်ဆင်းတာ မဟုတ်တော့ဘူး။ အဲဒါသိဖို့ ပြောပေးတာ။
အမြီးပေါက်အောင် လုပ်တဲ့စိတ်
သတ္တလောကဆိုတာ သတ္တဝါကိုပြောတာ။ လူ၊ နတ်၊ ဗြဟ္မာ | သတ္တဝါတွေကို ဖန်ဆင်းတာ စိတ်ကပါ။
လူဖြစ်အောင်လည်း စိတ်က ဖန်ဆင်းတယ်။ နတ်ဖြစ်အောင် လည်း စိတ်က ဖန်ဆင်းတယ်။ ဗြဟ္မာ ဖြစ်အောင်လည်း စိတ်က ဖန်ဆင်းတယ်။ အဲ - အဟိတ် တိရစ္ဆာန် ကြက်၊ ငှက်၊ ဝက်၊ ခွေး ဖြစ်အောင်လည်း စိတ်က ဖန်ဆင်းတယ်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေကို စိတ်က ဖန်ဆင်းတယ်။
ဒါပေမယ့် လူလည်းပဲ သင်္ခါရ အနေနဲ့ ရုပ်နာမ်၊ နတ်လည်းပဲ သင်္ခါရအနေနဲ့ ရုပ်နာမ်၊ တိရစ္ဆာန်တွေလည်း သင်္ခါရအနေနဲ့ ရုပ်နာမ်။
ဒါဖြင့် ပြောကြစို့၊ တိရစ္ဆာန်နဲ့ လူနဲ့က ဘာထူးတုံး၊ စိတ်ကွာ ပါတယ်။ သင်္ခါရ၊ သင်္ခါရ ဆိုလို့ ရုပ်နာမ်နှစ်ပါး သင်္ခါရက ဘာမှ မထူးပေမယ့် သတ္တဝါကတော့ ထူးပါတယ်။
လူတွေမှာ ချိုမပေါက်ပါ၊ အမြီး မပေါက်ပါ၊ အစွယ်မပေါက် ပါ။ ဒါပေမယ့် လူတွေမှာ ချိုပေါက်တဲ့သူ ရှိတယ်။ တွေ့ဖူးလား။
ဟိုလူ မကျေနပ်လို့ ဝှေ့၊ ဒီလူ မကျေနပ်လို့ ငေါ့။ အဲဒါ ဘာဖြစ်တာတုံး၊ ချိုပေါက်တာပါ။
ခွာပေါက်တဲ့သူ တွေ့ဖူးလား
ဆင်တွေ မကျေနပ်ရင် ခြေထောက်ကြီးနဲ့ ဆောင့်ကန် နင်းပစ်တာ။ ကိုယ့်ထက် နိမ့်ကျတဲ့သူတွေကို နှိမ့်ချရင် အဲဒါ ခွာပေါက်တာ။ တချို့က ဘာရယ် မဟုတ်ဘူး၊ လူလူချင်း နှိမ်တာ။ အဲဒါ ခွာပေါက်တဲ့သူတွေ။
ဘို့ပေါက်တဲ့လူကျတော့ ထမ်းပိုးတပ် အစာလေး ကျွေးပြီး တော့သာခိုင်း ရုန်းလိုက်တာ ပြောမနေနဲ့။ အဲဒါ တို့ပေါက်တာပါ။ အမြီးပေါက်တဲ့သူ တွေ့ဖူးလား၊ အမြီးတော့ ဘယ် အပြင်ထုတ်ထား ပါ့မလဲ။
အေး-လူကြီးသူမတွေ ပြောတာကို ပြက်သလိုလို ပြောင်သလို လို ချော်သလိုလို စကားနားမထောင်ဘဲ ကျောပေးပြီး ယမ်းတမ်း ယမ်းတမ်း သွားတာ အမြီးပေါက်တာပါ။ လူကြီးသူမစကား နားမ ထောင်ဘဲ ဟိုဘက်လှည့်ပြီး ယမ်းသွားရင် အမြီးယမ်းသွားတာပါ။
အေး - ချိုပေါက်အောင်လည်း ဒီစိတ်က လုပ်တာ။ တို့ပေါက် အောင်လည်း ဒီစိတ်ကလုပ်တာ ခွာပေါက်အောင်လည်း စိတ်က လုပ်တာပါ။ အမြီးပေါက်အောင်လည်း ဒီစိတ်က လုပ်တာပါ။ အစွယ် ပေါက်အောင်လည်း ဒီစိတ်က လုပ်တာပါ။
အေး... ပြောချင်တာက ဟောဒီ စိတ်က အရေးကြီးပါတယ်။
စာမေးပွဲအောင်ချင်ရင်
ကိုယ့်ကိုယ်ကိုယ် စဉ်းစားလို့ လူဖြစ်ချင်တဲ့စိတ်က လူကို ဖြစ်စေတာ။
နတ်ဖြစ်ချင်တဲ့စိတ်က နတ်ကို ဖြစ်စေတာ။
ဗြဟ္မာဖြစ်ချင်တဲ့စိတ်က ဗြဟ္မာကို ဖြစ်စေတာ။
တိရစ္ဆာန်ဖြစ်ချင်တဲ့စိတ်က တိရစ္ဆာန်ကို ဖြစ်စေပါတယ်။
ကြောင်လေးတွေ ကြောင်လေးတွေ ကိုယ့်အိပ်ရာပေါ် တက်အိပ် သဘောကျ တယ် မဟုတ်လား ။
တချို့ ရင်ဘတ်ထဲထည့်၊ ရင်ခွင်ထဲထည့်၊ ခြေထောက်ပေါ် တင်ပြီးတော့ ပွေ့ချီလိုက်တာ၊ ကြောင်ကလေး သဘောကျလို့ တစ်ခါချီရင် နောက်ဘဝ ကြောင်ဖြစ်မယ်။
ခွေးသေးသေးလေးတွေ သဘောမကျဘူးလား။
ကျပါတယ် ။
ကျ ကျ၊ အဲဒါ ခွေးဖြစ်မှာပဲ။
ကြောင် သဘောကျရင်လည်း ကြောင်ဖြစ်မှာပဲ။
သဘောပေါက်လား မသိဘူး။
စိတ်အရေးကြီးတယ် ။
လူဖြစ်ချင်ရင် လူဖြစ်ပြီး နတ်ဖြစ်ချင်ရင် နတ်ဖြစ်ပါတယ်။
ဗြဟ္မာဖြစ်ချင်ရင် ဗြဟ္မာဖြစ်ပါတယ်။
တိရစ္ဆာန်ဖြစ်ချင်ရင် တိရစ္ဆာန်ဖြစ်ပါတယ်။
ဘယ်သူ အရေးကြီးတာလဲ။
ဖြစ်ချင်တဲ့စိတ်က ဖြစ်တယ် ဆိုပေမယ်လို့ လူဖြစ်ချင်တိုင်း ဖြစ်သလား၊
မဖြစ်ပါဘူး။
လူဖြစ်ချင်တဲ့စိတ်လည်း ပါရမယ်။
လူဖြစ်အောင် လုပ်တဲ့ကံလည်း ပါရပါမယ်။
စိတ်တစ်ခုတည်းနဲ့ မဖြစ်ပါဘူး။
အဲ -ထီ ပေါက်ချင်လိုက်တာ ဆိုတဲ့ စိတ်ရှိရုံ မဖြစ်ပါဘူး။
စာမေးပွဲအောင်ချင်လိုက်တာ ဆိုတဲ့စိတ်ရှိရုံ မဖြစ်ပါဘူး။
အဲဒီ စိတ်လည်း ပါရမယ်၊ နောက်က လုပ်တဲ့ အလုပ်လည်း ပါရပါ့မယ်။
ကဲ- ဒီလူတွေ ဆွမ်းလောင်းချင်တဲ့စိတ် ပေါ်ရုံနဲ့ပြီးလား မပြီးပါဘူး။
ဆွမ်းလောင်းချင်စိတ်ရှိရမယ်။
လောင်းတာကို ဆောင်ရွက်တဲ့ ကာယကံလည်း ရှိရပါမယ် ။
အဲဒါမှလည်း ဆွမ်းလောင်းဖြစ်တယ်။
ကိုယ့်စိတ်က အရေးကြီးတယ်။
ကိုယ့်စိတ်ဖြစ်ချင်တာ ကိုယ်ဖြစ်တာနော်။
ဩကာသ၍ အဓိပ္ပာယ်တစ်ခု
ကဲ - မေးကြည့်လိုက်ပါဦးမယ်။
ကိုယ့်စိတ်ကနေ သတ္တဝါကို ဖန်ဆင်းတယ်ဆိုတာ ယုံတယ်။ ချိုပေါက်အောင်လည်း ကိုယ်လုပ်တာပဲ။ အမြီးပေါက်အောင်လည်း ကိုယ်လုပ်တာပဲ။ လူဖြစ်အောင်လည်း ကိုယ်လုပ်တာပဲ။
ဟော- လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေ ဖြစ်လိုက်ပြီ ဆိုတော့ | လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေ ဖြစ်တာလား၊ ရုပ်နာမ်တွေ ဖြစ်တာလား။
အဖြေက ရုပ်နာမ်တွေ ဖြစ်တာပါ။ . အဲဒါကို သင်္ခါရလောကလို့ ခေါ်တယ်။ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါကို သတ္တလောက၊ သင်္ခါရနဲ့ ပေါင်းစုထားတာ။ အဲဒီ ပေါင်းစု ထားတာကို ထောက်သောအားဖြင့် သင်္ခါရလောက ခေါ်တယ်။ သတ္တလောကရယ်၊ သင်္ခါရလောကရယ်၊ သြကာသလောကရယ်။
သြကာသလောက ဆိုတာ နေတဲ့နေရာပေါ့ ။ လူနေတော့ အိမ်ပေါ့ ။ ရဟန်းနေတော့ ကျောင်းပါ။ သူတောင်းစားနေတော့ ဇရပ်ပါ။ ရှင်ဘုရင်နေတော့ နန်းတော်ပါ။
ငယ်တုန်းက ကလေးဘဝ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကား၊ အဲဒီ သီချင်းလေး မှတ်မိနေတယ်။ ဒါလေးကို သဘောလည်းကျတယ်။
ဒီသီချင်းလေးထဲကလို -
“လူနေတော့ အိမ်၊ ရဟန်းနေတော့ ကျောင်း၊ သူတောင်းစား နေတော့ ဇရပ်၊ မြတ်သောပလ္လင်၊ သခင်နန်းတော်” ဆိုပြီးတော့ အဲဒီလိုမျိုးလေး ဆိုထားတာ။ သူ့နေရာ ကိုယ့် နေရာ နေတဲ့သူပေါ် မူတည်ပြီးတော့ နေတဲ့နေရာတွေက ပြောင်းသွား တာပါပဲ။
လူနေတဲ့ နေရာကို လူ့ပြည်ခေါ်သပေါ့၊ နတ်နေတဲ့နေရာကို နတ်ပြည်၊ ဗြဟ္မာနေတဲ့ နေရာကို ဗြဟ္မာပြည်၊ ကြောင်တွေနေတဲ့ နေရာကို ကြောင်အိမ်။
' သူ နေတဲ့ နေရာကလေးကို ပါဠိလို ဩကာသလို့ခေါ်တယ်။ သြကာသ၊ သြကာသ ဘုရားရှိခိုးနဲ့ မဆိုင်ဘူးနော် နေတဲ့နေရာကို ဩကာသလို့ခေါ်တယ်။ သတ္တဝါရှိရင် ရုပ်နာမ်ရှိတယ်။ ရုပ်နာမ်တွေ ပေါင်းစုတဲ့ သတ္တဝါနေတဲ့နေရာကို သတ္တဝါတွေရဲ့ ဩကာသလို့ ခေါ်ပါတယ်။
အို-သူတော်ကောင်းတို့၊ ရုပ်၊ နာမ်ဖြစ်အောင်လည်း ဒီစိတ်က လုပ်တယ်။ အဲဒီ ရုပ်နာမ်ကို အကြောင်းပြုပြီးတော့ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတွေ ဖြစ်အောင်လည်း ဒီစိတ်ကလုပ်တယ်။ အဲဒီသတ္တဝါတွေ နေတဲ့နေရာ သြကာသကိုလည်း ဒီစိတ်က လုပ်တယ်။
ဒီစိတ်က လုပ်နေလို့၊ စိတ်ကြောင့် ဖြစ်တဲ့ ရုပ်တွေ၊ နာမ်တွေ ရှိနေတာပဲ။