စိတ်ကူးချိုချိုစာပေ
ဓမ္မဃောသကဦးမောင်မောင် - မြန်မာ့စီးပွါးရေးပုဂ္ဂုလ်ကျော်တစ်ဆယ့်နှစ်ဦး
ဓမ္မဃောသကဦးမောင်မောင် - မြန်မာ့စီးပွါးရေးပုဂ္ဂုလ်ကျော်တစ်ဆယ့်နှစ်ဦး
Couldn't load pickup availability
စာရေးသူသည် ဒုတိယကမ္ဘာစစ်မဖြစ်မီနှင့် စစ် ပြီးကာလတွင် မြန်မာတိုင်းရင်းသား ကုန်သည်ကြီး များနှင့် စာတွေ့၊ ကိုယ်တွေ့ အတော်များများ တွေ့ ကြုံဆက်ဆံဖူး၏။ ထိုပုဂ္ဂိုလ်ကြီး၏ လုပ်ရည်ကိုင် ရည်တို့ကိုလည်း တိုတိုကျဉ်းကျဉ်း ဖော်ပြရေးသား ရန် ဆန္ဒဖြစ်ပေါ်သော်လည်း ခိုင်လုံသော မှတ်တမ်း မှတ်ရာ မရှိသည်ကများသဖြင့် အခက်အခဲနှင့် တွေ့ရ သည်။ ဇွဲကောင်းကောင်းနှင့် ကြိုးစားရှာဖွေ စုံစမ်းမှုကြောင့် အကြောင်းအရာတစ်ပုဒ်ဖြစ်အောင် ရေးသား တင်ပြနိုင်ခဲ့သည်။ စီးပွားရေးပုဂ္ဂိုလ်တစ်ဦးအကြောင်း ကို ဖော်ပြရာ၌ ထိုပုဂ္ဂိုလ်သည်။
(၁) မြန်မာတိုင်းရင်းသားဖြစ်ရမည်။
(၂) ဗုဒ္ဓဘာသာကို ကြည်ညိုအားပေးသူဖြစ်ရမည်။
(၃) တရားတော်အရ အကုသိုလ်ကင်း၍သမာအာဇီဝလုပ်ငန်း ဖြစ်ရမည်။
(၄) အမျိုးသားစိတ်ရှိရမည်၊
" မူ " လေးချက်ကို ချမှတ်၍ ရေးသည်။ စာရေးသူ၏ အဓိကရည်မှန်းချက်မှာ မဝေး လွန်းသော အတိတ်ကာလ၌ ရှိခဲ့ဖူးသော မြန်မာ့ စီးပွားရေး လူရည်ချွန်ကြီးများအကြောင်းကို နှောင်း ခေတ်လူငယ်များ သိတန်သလောက် သိရှိနိုင်ကြပါ စေ။ ထိုပုဂ္ဂိုလ်ကြီးများ၏ ထူးခြားလုပ်ကိုင်ဆောင် ရွက်မှုများကို အတုယူအားထုတ်နိုင်ကြပါစေဟူသောကောင်းမြတ်သောစေတနာဖြင့် ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။ အချက်အလက် ကူညီရှာဖွေပေးကြသော ပုဂ္ဂိုလ်အပေါင်းတို့အား လေးစားစွာဖြင့် ကျေး ဇူးဥပကာရ တင်ရှိပါကြောင်း။
ကျမ်းမာချမ်းသာတော်မူကြပါစေ
ဓမ္မဃောသက ဦးမောင်မောင်
၁၉-၃-၉၁
“ကံ၊ ဉာဏ်၊ ဝီရိယတွင်မဟုတ်ဘူး။
ကာလသမ္ပတ္တိ၊ ပယောဂသမ္ပတ္တိ၊ ဉာဏသမ္ပတ္တိနှင့်
ပြည့်စုံဖို့လည်း လိုသေးတယ်။
ဆာဘိုးသာဟာ ကောင်းသောအခါကာလနှင့် ကြုံကြိုက်တယ်။
ကောင်းသောလုံ့လဝီရိယနှင့် ပြည့်စုံတယ်။
အမြော်အမြင် ဉာဏ်ပညာ ဗဟုသုတလည်းရှိတယ်။
အဲဒီအင်္ဂါသုံးရပ်နဲ့ ညီညွတ်လို့
အဘက်ဘက်မှာ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တယ်လို့
မှတ်ရမယ်"
ဆာဘွဲ့ရ မြန်မာပွဲစားကြီး ဦးဘိုးသာ
“ကျွန်တော်သိချင်တာက ဆာဘိုးသာရဲ့ အကြောင်းပါပဲ။ ဟိုခေတ် ဟိုအခါတုန်းက မြန်မာ့စီးပွားရေးလောကမှာ ဆာဘိုးသာဟာ ရှေ့တန်း က ပုဂ္ဂိုလ်ကြီးတစ်ဦးပဲလို့ ဆိုကြတယ် ဦးရဲ့”
“ဟုတ်တာပေါ့ကွာ။ သူ့အကြောင်း မြန်မာ့စွယ်စုံကျမ်းနဲ့ မိုးမြင့် မောင်ရေးတဲ့ ထူးဆန်းထွေလာ ပြည်မြန်မာဆိုတဲ့စာအုပ်မှာ အသင့် အတင့်လောက်ပါတယ်။ အမှန်တော့ ဆာဘိုးသာအတ္ထုပ္ပတ္တိ” ဆိုပြီး ထူးချွန်တဲ့ မြန်မာကုန်သည်ကြီးတစ်ယောက်အကြောင်း စာတစ်အုပ် ရေး သားပြုစုဖို့တောင် ကောင်းပါတယ်”
“ကျွန်တော်တို့လူငယ်တွေ အတုခိုး၊ နည်းယူဖွယ်ရာ အကြောင်း အရာကလေးများရှိလျှင် ပြောပြပါလားခင်ဗျာ”
အကျဉ်းလောက်ပေါ့ကွာ။ ဦးဘိုးသာဟာ ဟံသာဝတီခရိုင် (ရန် ကုန်တိုင်း) သန်လျင်မြို့နယ်၊ ပဲခူးမြစ်ကမ်းမှာရှိတဲ့ ဖားကူးကျေးရွာက မထင်ရှားတဲ့ ကျေးတောသားကလေးတစ်ယောက်ပဲ။ ဦးညွန့်-ဒေါ်ဒွေး တို့ရဲ့ သားသမီးခြောက်ယောက်အနက် သားအကြီးဆုံးဖြစ်ပြီး ၁၂၁၉ ခုနှစ် တန်ခူးလ (ခရစ် ၁၈၅၇) တွင် ဖွားမြင်တယ်။ ငယ်စဉ်က ရွာဦးဘုန်းကြီးကျောင်းမှာ လောကီလောကုတ္တရာ အခြေခံပညာများကို သင်ယူခဲ့တယ်။ အသက် ၂၀ အရွယ်မှာ မိဘရဲ့ လယ်ယာနဲ့ ဆန်စပါးလုပ်ငန်းမှာ ပါဝင် ကူညီလုပ်ကိုင်ခဲ့တယ်။ အဲဒီလို ဦးဘိုးသာရဲ့ဘဝကို စခဲ့ရတယ်ပေါ့ကွယ်”
“ဟံသာဝတီခရိုင်ဆိုတာ အကြမ်းအားဖြင့် သန်လျင်၊ ကျောက် တန်း၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ပဲခူးခရိုင် အရှေ့ဘက် ပင် လယ်စပ်အထိ ကျယ်ပြန့်တဲ့ လယ်ကွင်းပြင်ဒေသကြီးဖြစ်မှာပေါ့ ဦးရဲ့”
“ဟုတ်ပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသပြီးလျှင် ပဲခူး၊ ဟံ သာဝတီမယ်ဟာ မြန်မာနိုင်ငံရဲ့ စပါးအထွက်အကောင်းဆုံး စပါးကျီကြီး ပေါ့။ အဲဒီနယ်မှာ လယ်ဧက ထောင်နဲ့ချီပြီးပိုင်ဆိုင်တဲ့ မြန်မာလယ်ပိုင်ရှင် မြေပိုင်ရှင် သူဌေးကြီးတွေ အများကြီးရှိတယ်။ အဲဒီလို ဆန်စပါးကိုမှီပြီး ကြီးပွားကြွယ်ဝနေတဲ့ဒေသမှာ ဦးဘိုးသာဟာ အသက် ၂၀ ကျော်အရွယ် မှာ တောရွာက စပါးပွဲစားကလေးအဖြစ်နဲ့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းကို စတင် ထူထောင်ခဲ့တာပါပဲ။ နောက်တော့ စပါးမှာ ဘုရင် (Paddy King, Paddy Magnate) တစ်ဆူ ဖြစ်လာတော့ တာပဲ "
“စပါးအရောင်းအဝယ်ကောင်းတဲ့ အချိန်ကာလကလည်း မှန် တယ်၊ နေရာဒေသကလည်းမှန်တယ်၊ အဲဒီလို ကာလဒေသမှန်တဲ့အခါ မှာ သူ့ရဲ့ စပါးပွဲစားလုပ်ငန်းကို စခဲ့တယ်ဆိုပါတော့ ဦးရယ်” ။
“မှန်တယ်။ အီဂျစ်မှာ စူးအက်တူးမြောင်းကြီး ဖောက်လုပ်ပြီးစီး သွားတော့ (၁၈၅၉-၆၉) တို့ နိုင်ငံရဲ့ ဆန်စပါး၊ ကျွန်းသစ်အရောင်း အဝယ်လုပ်ငန်းဟာ အနောက်နိုင်ငံတွေနဲ့ အထူးပဲ တိုးတက်ကျယ်ပြန့် လာတယ်။ အဲဒီတော့ ဦးဘိုးသာဟာ ဆန်စပါးလုပ်ငန်းမှာ ထင်ရှားတဲ့ စတီးဘုရားသား၊ ဘလုပ်ဘရားသား၊ ဖယ်ယာဝယ်သာရစ်ချဒ်ကုမ္ပဏီ၊ အေဘီစီကုမ္ပဏီ အစရှိတဲ့ အနောက်နိုင်ငံကုမ္ပဏီကြီးများရဲ့ စပါးအဝယ် တော်ပွဲစားကြီးများ ဖြစ်လာတယ်။ သူ့ရဲ့ လက်အောက်မှာ အဝယ်တော်ပွဲစားငယ်ကလေးတွေ ရှိသေးတယ်။ နယ်တွေမှာလိုက်ပြီး စပါးဝယ်ရ တယ်၊ သိမ်းရတယ်။ နောက်ပြီး ဦးဘိုးသာဆီမှာ အပ်ရတယ်။ ဦးဘိုးသာ က တစ်ဖန် ကုမ္ပဏီကြီးများထဲမှာ သွင်းရတယ်။ ကုမ္ပဏီကြီးများက လည်း အများအားဖြင့် ဦးဘိုးသာကိုပဲ စပါးဝယ်ဖို့ တာဝန်ပေးအပ်ကြ တယ်”
“ဦးဘိုးသာက အင်္ဂလိပ်လို ပြောတတ်ရေးတတ်သလား ဦးရဲ့”
“ဟိုခေတ်က မက်ထရစ်တို့၊ ကောလိပ်တို့ဆိုတာ ဦးဘိုးသာနဲ့ မနီးစပ်ခဲ့ပါဘူး။ အေဘီစီလောက်တော့ နားလည်ဟန်တူပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံကုမ္ပဏီကြီးတွေနဲ့ ဆက်သွယ်ပြီး အောင်မြင်မှုရတဲ့ အရည်အချင်းဟာ ဦးဘိုးသာမှာ ထူးထူးခြားခြားရှိခဲ့တယ်။ အင်္ဂလိပ်စာ ရေးတတ်ပြောတတ်ဖို့ ခေတ်ပညာတတ်ထားဖို့ဆိုတာတွေက အဓိကလို အပ်ချက်မဟုတ်ပါဘူး။ ဉာဏ်ရည်သာဖို့၊ ဝီရိယရှိဖို့နဲ့ အကျင့်စာရိတ္တ ကောင်းပြီး သမာဓိရှိဖို့က စီးပွားရေးလောကမှာ အောင်မြင်ကြောင်း သော့ချက်တွေပေါ့ကွယ်”
“မှန်ပါတယ်ခင်ဗျာ”
“မြန်မာ့စွယ်စုံကျမ်းမှာ ဒီလိုတွေ့ရတယ်။ ဦးဘိုးသာသည် ဗြိတိသျှ ခေတ်၊ မြန်မာ့စီးပွားရေးလောကတွင် ထွန်းပေါက်ကျော်ကြားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ ဖြောင့်မတ်တည်ကြည်သည်။ ဉာဏ်ပညာ ဖြင့်ပြည့်စုံသည်။ စီးပွားရေးလာဘ်မြင်တတ်သည် စသည်ဖြင့် လုပ်ရည် ကိုင်ရည်တို့ကြောင့် မြန်မာ့စီးပွားရေးလောကတွင် ခေါင်းဆောင်ကြီး တစ်ဦးဖြစ်လာသည်။ စပါးလုပ်ငန်းတွင် မြန်မာလူမျိုးထဲမှ အကျွမ်းကျင် ဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် အသိအမှတ်ပြုကြသည်လို့ ဖော်ပြထားတယ်”
“စံပြုထိုက်တဲ့ ပုဂ္ဂိုလ်ကြီးပဲလို့ ဆိုရမှာပါပဲ” “ဦးဘိုးသာတို့ခေတ်က စပါးတင်းတစ်ရာမှ ပွဲခက ငွေနှစ်ကျပ်လောက်ပဲရတယ်လို့ဆိုတယ်။ ဒါပေမဲ့ ဝယ်ရတဲ့ စပါးတင်းက တင်း ပေါင်း ထောင်နဲ့သောင်းနဲ့ချီပြီးဝယ်ရတော့ ဦးဘိုးသာရဲ့ ဝင်ငွေဟာလည်း (ဟိုခေတ်က တန်ဖိုး) ထောင်နဲ့သောင်းနဲ့ချီပြီး ရှိနေမှာပါပဲ။ အဲဒီလို ဆန်စပါးလုပ်ငန်းမှာ တိုးတက်ကျယ်ပြန့်လာတဲ့အလျောက် လူမျိုးခြားတွေ ဥပမာ-တရုတ်၊ ကုလားကုန်သည်များနဲ့ ယှဉ်ပြိုင်နိုင်အောင်ဆိုပြီး ဦးဘိုးသာနဲ့ အပေါင်းပါတစ်စုက ရန်ကုန်မြို့မှာ ပွဲစားအသင်းတစ်သင်းထောင်ကြတယ်။ အမည်ကတော့ (မြမ္မာ စပါးပွဲစားကြီးအသင်း Burmese Paddy Broker Society). 69:200sqe. 69:003:09081 အပေါ်က ကနေတဲ့ ဒေါင်းရုပ်၊ အလယ်က စပါးသယ်တဲ့ လောင်းလှေ ကြီးပုံ ဒါကိုကြည့်ခြင်းအားဖြင့် အင်မတန် မြန်မာဆန်ခြင်း ဝံသာနုစိတ် ဓာတ်ဟာ ပေါ်လွင်ထင်ရှားနေတယ်ကွယ့်”
“ဟုတ်ပါတယ်ခင်ဗျား။ ဗြိတိသျှခေတ်က ကုန်သည်ကြီးများအသင်း ဆိုတာ ရှိခဲ့ပါတယ်။ အင်္ဂလိပ်နဲ့ကုလား ကုန်သည်ကြီးတွေကပဲ ချုပ်ကိုင် ထားတယ်။ မြန်မာတွေ နေရာမရခဲ့ပါဘူး။ ယခု လွတ်လပ်ရေးခေတ်မှာတော့ ဗိုလ်ဆွန်ပက်လမ်းမှာ မြန်မာကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဆိုပြီး ဖွင့်ထားပါတယ်” ။
“ဦးဘိုးသာတို့ဟာ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကပ် ကုန်သည် လောကမှာ ခေတ်မီနေတယ်၊ တိုးတက်နေတယ်ဆိုတာ ထင်ရှားတယ်။ တို့ခေတ်လူငယ်တွေလည်း စီးပွားရေးလောကမှာ စိတ်ဝင်စားကြဖို့၊ တိုး တက်အောင်ကြိုးစားကြဖို့ လိုလိမ့်မယ်ထင်တယ်။ နောက်ပြီး ဦးဘိုးသာ ဟာ ဘုန်းကြီးကျောင်းထွက်တစ်ယောက်ဖြစ်ပြီး သာသနာရေး၊ ဘာသာ ရေးနဲ့ လူမှုရေးကိစ္စတွေမှာ ရှေ့တန်းကနေပြီး ကြိုးစားဆောင်ရွက်တတ် တယ်”
“ကျောင်းကန်ဇရပ်တန်ဆောင်းကြီးတွေ၊ ဘုရားဆင်းတုတော်၊စေတီတော်တွေ၊ အင်းစိန်က ပြည်သူ့ဆေးရုံတွေ စတဲ့ ဦးဘိုးသာရဲ့ ကောင်းမှုတွေဟာ အတော်များတယ် ဦးရဲ့”
လူမှုရေးအနေနဲ့လည်း ဘုရင်ခံရဲ့ အတိုင်ပင်ခံလူကြီး၊ ရွှေတိဂုံဂေါ ပကအဖွဲ့ဝင်လူကြီး၊ အခြားထင်ရှားပြီး အရေးပါတဲ့ အသင်းအဖွဲ့တွေမှာ လည်း ငွေရောလူရောပါဝင်ပြီး ဆောင်ရွက်လေ့ရှိတယ်။ ထူးခြားချက် တစ်ခုက အလှူဒါနနဲ့စပ်လာလျှင် ဘယ်အခါမှ မငြင်းတဲ့ပုဂ္ဂိုလ်၊ ငွေကြေး အကူအညီဖြစ်စေ၊ အကြံဉာဏ်အလုပ်အကိုင်အကူအညီဖြစ်စေ၊ တစ်ဦး တစ်ယောက်က တောင်းခံလာလျှင်လည်း ဘယ်အခါမှ နှောင့်နှေးငြင်း ပယ်လေ့မရှိဘူးလို့ဆိုတယ်။
စိတ်သဘောထားကြီးမားပြီး သဒ္ဓါတရားကောင်းတဲ့ ပုဂ္ဂိုလ်ကြီး ပဲလို့ ဆိုရမှာပေါ့ခင်ဗျာ”
“အေး... အဲဒီလို စေတနာကောင်းတဲ့အတွက် ပွဲစားကြီးဦးဘိုးသာ (နောင်အခါ ဆာဘိုးသာ)ဟာ ဗြိတိသျှအစိုးရက ၁၉၁၇ ခုနှစ်က ကေအိုင် အိပ်ချ်ဘွဲ့၊ ၁၉၁၉ ခုနှစ်က အိုဘီအီးဘွဲ့၊ ၁၉၂၃ ခုနှစ်က စီအိုင်အီးဘွဲ့၊ ၁၉၂၇ ခုနှစ်က အမြင့်ဆုံး ဆာ(မေ)ဘွဲ့ စတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့် ခြင်းခံရတယ်။ ဟိုခေတ်အခါက အစိုးရဝန်ထမ်းမဟုတ်တဲ့ မြန်မာကုန် သည်တစ်ဦးက ဒီလို ဘွဲ့တံဆိပ်ဂုဏ်ထူးတွေရတယ်ဆိုတာ ဖြစ်တောင့် ဖြစ်ခဲကိစ္စပဲ။ ဟံသာဝတီခရိုင်၊ သန်လျင်မြို့နယ်၊ ဖားကူးကျေးရွာက ဘုန်းကြီးကျောင်းမှာသာ ပညာသင်ယူလာရတဲ့ အညတရ တောပွဲစား ကလေး မောင်ဘိုသာဟာ ဗြိတိသျှလက်ထက်မှာ ကြွယ်ဝချမ်းသာပြီး တိုင်းပြည်မှာ ထင်ရှားတဲ့ ကုန်သည်ကြီး(ဆာ)ဘွဲ့ရ ဦးဘိုးသာဖြစ်လာတဲ့ အတွက် ချီးကျူးစရာ၊ အံ့သြစရာ မကောင်းဘူးလား”
“ဆာဘိုးသာရဲ့ အတိတ်ဘဝက ဘုန်းကံပါရမီလို့ ဆိုရမှာပေါ့ ခင်ဗျာ”
“ဒီလိုမယူဆရဘူး မောင်ရင်ရဲ့ ။ ဘုရားက ကံ၊ ဉာဏ်၊ ဝီရိယရယ် လို့ သုံးပါးဟောထားတယ်။ ကံဆိုတာမှာလည်း ရှေးအတိတ်ဘဝကကံ ကိုသာ ပြောလို့မဖြစ်ဘူး။ ယခုမျက်မှောက်ဘဝ ပစ္စုပ္ပန်ကံကလည်း ရှိရဦးမယ်။ ကံဟူသည် အလုပ်လို့ ဆိုထားတယ်မဟုတ်လား။ ပစ္စုပ္ပန်ကံ၊ ပစ္စုပ္ပန်အလုပ်ကို ကောင်းသောဉာဏ်၊ ကောင်းသောဝီရိယနဲ့ လုပ်ကိုင်ဖို့ လိုတယ်” ။
“သဘောပေါက်ပါတယ်ခင်ဗျာ”
“ကံ၊ ဉာဏ်၊ ဝီရိယတွင်မဟုတ်ဘူး။ ကာလသမ္ပတ္တိ၊ ပယောဂ သမ္ပတ္တိ၊ ဉာဏသမ္ပတ္တိနှင့် ပြည့်စုံဖို့လည်း လိုသေးတယ်။ စောစောကပြော ခဲ့တဲ့အတိုင်း ဆာဘိုးသာဟာ ကောင်းသောအခါကာလနှင့် ကြုံကြိုက် တယ်။ ကောင်းသောလုံ့လဝီရိယနှင့် ပြည့်စုံတယ်။ အမြော်အမြင် ဉာဏ် ပညာဗဟုသုတလည်းရှိတယ်။ အဲဒီအင်္ဂါသုံးရပ်နဲ့ ညီညွတ်လို့ အဘက် ဘက်မှာ ထိပ်တန်းက ရပ်တည်နိုင်ခဲ့တယ်လို့ မှတ်ရမယ်”
“ဟုတ်ပါတယ်။ တကယ်အားကျအတုယူဖို့ကောင်းတဲ့ ပုဂ္ဂိုလ်ကြီး ပါပဲ”
“ဆာဘိုးသာဟာ ၁၉၃၃ ခုနှစ် သြဂုတ်လ ၂၆ ရက်၊ အသက် ၆၇ နှစ်အရွယ်မှာ အနိစ္စရောက်တယ်။ မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍမှာ ဆာဘိုးသာကဲ့သို့သော သားကောင်းရတနာများ ပေါ်ထွန်းနိုင်ကြပါစေ လို့ ဆုတောင်းမှာပါပဲ”
ဤဆောင်းပါးအတွက် အကူအညီပေးကြသော ဆာဘိုးသာ၏ သားအငယ် ဦးညွန့်သာ (၇၁) နှစ်နှင့် ဂန္ဓမာလာမုန့်တိုက် ဦးအောင်သာ ကျော်တို့ မကြာမီက ကွယ်လွန်သွားကြခြင်းအတွက် ဝမ်းနည်းပါ ကြောင်း။
Share




