ဒေါ်ရီကြိန် - သားသမီးရတနာ
(၁) လူ့သဘာဝနှင့် မျိုးရိုး
လူဆိုသူကား အဘယ်နည်းဟု မေးအံ့။ သာမန်အားဖြင့် ဖော်ပြပါအံ့။ သက်ရှင်လှုပ်ရှား စားသောက်နေထိုင်ရေးအတွက် ဘာသာဘာဝလှုပ်ရှားဆောင်ရွက်နိုင်သော အင်္ဂါ အစိတ် အပိုင်းတို့ဖြင့် စုပေါင်းလှုပ်ရှားနေသော သတ္တဝါတစ်မျိုးဖြစ်သည်။ ထိုသတ္တဝါသည် အခြား အခြားသော သတ္တဝါများနှင့်မတူ၊ ဉာဏ်ပညာ အလွန်ထက်မြက်သည်ဟုလည်း ဆိုနိုင် သေး၏။ | လူဘယ်လိုဖြစ်လာသနည်းဟု ထပ်ဆင့်မေးအံ့။ ဤသို့ဖြေပါမည်။
ရှေးခေတ်က စိုက်ပျိုးရေးသမားသော်လည်းကောင်း၊ မျက်မှောက်ခေတ် ခေတ်မီသိပ္ပံ နည်းအရ စိုက်ပျိုးနေသော ရုက္ခဗေဒပါရဂူကိုသော်လည်းကောင်း သာမန်အားဖြင့် သစ်ပင် ဘယ်လိုပေါက်လာသနည်းဟုမေးလျှင် မျိုးစေ့ကို မြေမှာချစိုက်၍ ပေါက်လာသည်ဟု တစ်ညီတည်းဖြေလိမ့်မည်။ မြေလည်းကောင်း၊ မျိုးစေ့လည်း မျိုးကောင်းမျိုးသန့်ဖြစ်ပါက အပင်သည် သီးနှံကောင်းထွက်မည်။ မျိုးစေ့ကောင်းပါလျက် မြေမကောင်းပါက မဖြစ် ထွန်း၊ မြေကောင်းပါလျက် မျိုးစေ့မသန့်လျှင်လည်း ပျက်စီးသည်ဟူ၍လည်း သူတို့ ဖြည့်စွက် ဖြေပေလိမ့်မည်။
ထိုနည်းတူစွာပင် လူသည် မျိုးစေ့တည်းဟူသော မျိုးရိုးနှင့် မြေနှင့်တူသော ပတ် ဝန်းကျင်နှစ်ခုတွင် ကြီးပြင်းလာရသည်။ မျိုးရိုးကောင်းပါလျက် ပတ်ဝန်းကျင်မကောင်း လျှင်လည်း လူကောင်းဖြစ်မလာနိုင်၊ ပတ်ဝန်းကျင်ကောင်းစေကာမူ မျိုးရိုးမမှန်လျှင်လည်း လူတော်လူကောင်း မဖြစ်နိုင်တော့ပေ။လူတစ်ယောက်၏အခြေအနေသည် မျိုးရိုး၊ ပတ်ဝန်းကျင်နှင့် အချိန်ကာလတို့၏ မြှောက်၍ရသော အဖြေဖြစ်၏။
ရှင်းပြပေအံ့။ ဂဏန်းသင်္ချာသင်ပြီးသူတိုင်း အပေါင်း၊ အနုတ်၊ အမြှောက်၊ အစား ကိုတော့ တတ်ကြပေလိမ့်မည်။ အပေါင်း၏သဘောမှာ မူလကိန်း တစ်ကိန်းက သုည ဖြစ်သော်လည်း ထိုကိန်းကို ၂ နှင့်ပေါင်းလျှင် ၂ ဖြစ်လာ၏။ ၅ နှင့်ပေါင်းလျှင် ၅ ဖြစ် လာ၏။ (၁+၅=၅) အမြှောက်သဘောကား ထိုသို့မဟုတ်။ သုညကို ၂ နှင့်မြှောက်လျှင် လည်း အဖြေမှာ သုညသာဖြစ်၏။ ဘယ်လောက်ကြီးသော ကိန်းနှင့်မြှောက်စေကာမူ အဖြေမှာ သုညသာဖြစ်ပေမည်။ ကိန်းနှင့်ချရေးပါက (ox ၉x ၂ဝ) ဤသို့ပင် ဖြစ်ပေမည်။
လူ၏စိတ်အခြေအနေ၊ ရုပ်အခြေအနေတို့သည် မျိုးရိုးနှင့် ပတ်ဝန်းကျင်မြှောက် ရကိန်းဖြစ်ရကား မျိုးရိုးက သုညဖြစ်နေပါမူ ပတ်ဝန်းကျင်က ဘယ်လိုကိန်းနှင့်မြှောက်မြှောက် သုညပင်ဖြစ်မည်။ မျိုးရိုးက တန်ဖိုးမဖြတ်နိုင်သော ကိန်းကြီးပင်ဖြစ်ပါစေ၊ ပတ် ဝန်းကျင်က သုညဖြစ်လျှင် ဖိုးသုညပင် ဖြစ်နေဦးမည်။ အချိန်ကလည်း ရှိသေး၏။ မည်သည့်ပတ်ဝန်းကျင်မျိုးနှင့် ပြုစုပျိုးထောင်သည်ဖြစ်စေ အချိန်ကာလတိုတောင်းလျှင် တိုတောင်းသလောက်သာ အကျိုးအပြစ်ထင်ရှားမည်။ အချိန်ကြာလေလေ အမြစ်စွဲလေလေဖြစ်မည်။ ထို့ကြောင့် လူတစ်ယောက်၏ လက်ရှိဖြစ်ပေါ်နေသောအခြေသည် မျိုးရိုး၊ ပတ်ဝန်းကျင်နှင့် အချိန်ကာလတို့ မြှောက်ရကိန်းဖြစ်၏ဟု ဆိုပါသည်။
မျိုးရိုး
မျိုးရိုးသည် လူတစ်ယောက်၏ ဘဝဇာတ်လမ်းဒါရိုက်တာဟု ခေါ်ဆိုရမည်။ ကိုယ် " နှင့်သက်ဆိုင်ရာ ကိုယ်ပါသည့်အခန်းတွင် ဝင်၍ ကပြသရုပ်ဆောင်ပြီး ထွက်သွားနိုင်၊ ဖယ်ရှားနေနိုင်သည့် ဇာတ်လိုက်နေရာကို မျိုးရိုးကမယူနိုင်။ သူသည် ဘဝအစ ပဋိသန္ဓေ နေသည်မှ ဘဝနိဂုံးချုပ်သည်အထိ ဘယ်လိုသရုပ်ဆောင်ရမည်ကို နည်းပေးနေသည့် ဒါရိုက်တာဖြစ်၏။ ဇာတ်လိုက်ဇာတ်ဆောင်က မည်မျှတော်နေစေကာမူ ဒါရိုက်တာ၏ လှုံ့ဆော်စေခိုင်းမှုညံ့လျှင် တစ်ဇာတ်ကားလုံး ပစ်ရမည်သာဖြစ်သည်။
အမိဝမ်းမှ မကျွတ်မချင်း ကလေးသည် တုပသင်ယူလေ့လာခွင့်မရှိ။ အမိဝမ်းမှ ကျွတ်လျှင် ပတ်ဝန်းကျင်ကို အားလုံးလေ့လာနိုင်ပြီလောဟု မေးစရာရှိ၏။ အားလုံး မလေ့လာနိုင်ပါ။ ခန္ဓာကိုယ်အစိတ်အပိုင်း၊ အာရုံကြော၊ ဦးနှောက်စသည်တို့သည် အရွယ်နှင့်အရွယ်လိုက်ပြီး လှုံ့ဆော်မှုကို တုံ့ပြန်တတ်သည်။ ကြီးပွားဖွံ့ဖြိုးမှုအခြေအနေ အရသာ မှတ်သားလေ့လာနိုင်ခြင်းကြောင့် တဖြည်းဖြည်းသာ တိုး၍တိုး၍ မှတ်သား တုပနိုင်လေသည်။ မျိုးရိုးဇာတိက ပါလာသော အရည်အချင်းလက္ခဏာတို့သည်လည်း မွေးဖွားလာသည်နှင့်တစ်ပြိုင်နက် ပေါ်ပေါက်လာသည်မဟုတ်ဘဲ ခန္ဓာကိုယ်နှင့် ဉာဏ်အရည်အချင်း ဖွံ့ဖြိုးတိုးတက်လာ၍ လှုပ်ရှားသွားလာ လုပ်ကိုင်ပြောဆိုလာနိုင်သည်နှင့် အမျှ တဖြည်းဖြည်းသာ ပေါ်ပေါက်လာတတ်သည်။
မည်သည့်အခြင်းအရာများသည် မျိုးရိုးလိုက်တတ်ပါသနည်းဟု မေးရန်ရှိပေသည်။ ခန္ဓာကိုယ်၊ ရုပ်နှင့်ဆိုင်သော သွင်ပြင်များတွင် မျိုးရိုးလိုက်တတ်ပုံကိစ္စမှာ ပါဏဗေဒ ပါရဂူများ၊ သက်ရှိသတ္တဝါများအကြောင်း သုတေသနလုပ်ရှာဖွေသော သိပ္ပံဆရာများ နှင့်သာ သက်ဆိုင်၍ ဤကျမ်းတွင် မဖော်ပြတော့ပါ။ သို့သော် သိပ္ပံဆရာများ အခြေခံ မူအဖြစ်ဖော်ပြချက်အရ လူသည် မိမိဘဝတစ်သက်တာတွင် မိမိဆန္ဒအလျောက် လေ့လာ သင်ယူတတ်မြောက်သမျှသည် သားသမီးသို့ ဆက်လက်၍ မျိုးရိုးမလိုက်နိုင်။ မျိုးဆက် ပြန့်ပွားစေသော အင်္ဂါစုနှင့် မသက်ဆိုင်သည့် အခြားအင်္ဂါစု ပြောင်းလဲမှုတို့သည်လည်း မျိုးရိုးအဆက် ပါမသွားနိုင်ဟု မှတ်သားရသည်။ ဥ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် သူ့ဝမ်းတွင်းရှိ ကလေးငယ်မွေးဖွား၍ ကြီးပြင်းလာသည့်အခါ စာပေအနုပညာတွင် ထူးချွန်သူတစ်ယောက် ဖြစ်စေချင်လှသဖြင့် ကိုယ်ဝန်ရှိစဉ်တွင် စာပေဟောပြောပွဲများ သွားရောက်နားထောင်ခြင်း၊ တူရိယာ ဂီတ မှန်သမျှ နားထောင်ခြင်း၊ ကပွဲများ၊ ဇာတ်ပွဲများ၊ အငြိမ့်ပွဲများကြည့်ခြင်းပြုသည်ကို တွေ့ ဖူး သည်။ အခြားတစ်ယောက်ကမူ သူ့မျိုးရိုးအလိုက် လက်တွင် ရှိရိုးရှိစဉ် ငါးချောင်း မဟုတ်ဘဲ လက်ပွားကလေးများ ပါလာသည်ကို သူ့သားသမီး မျိုးဆက်မလိုက်စေရန် ဟူသော ရည်ရွယ်ချက်ဖြင့် ဖြတ်ပစ်သော်လည်း သားတွင်လည်း လက်ပွားပါလာသည်ကို တွေ့ရပေသည်။ ထိုအယူအဆများမှာ မမှန်ကန်ပေ။
ဤကိစ္စမျိုးကား သုတေသနပြုလုပ်ရန် အများကြီး လိုနေပေသေးသည်။ ဥရောပ တိုက်ရှိ ပညာရှင်များကား သုတေသနပြုဆဲပင် ဖြစ်ပေသည်။
မျိုးရိုးကိုဖော်ပြရာ၌ မိဘချင်းတူလျှင် ကလေး၏အရည်အချင်း တူရမည်ဟူ၍ မမှတ်စေလို။ မိဘချင်းတူသော်လည်း တစ်ဦးနှင့်တစ်ဦး ရုပ်ရည်ချင်း၊ စိတ်နေသဘော ထားချင်း၊ စွမ်းရည်သတ္တိ၊ ဉာဏ်အမြော်အမြင်ချင်း မတူညီကြသော မောင်နှမများရှိကြ ၏။ ထို့အတူပင် အဖေနှင့်တူသူ၊ အမေနှင့်တူသူ၊ အဖေနှင့်အမေ စပ်တူသူ၊ အဖေ အမေနှင့် လုံးဝမတူသူများ အမျိုးမျိုးတွေ့ ဖူးကြပေလိမ့်မည်။
ထိုသို့ အဘယ်ကြောင့် ဖြစ်ရသနည်း။ ဦးဖြူသည် ဒေါ်ညိုနှင့် အိမ်ထောင်ဖက်၍ သားသမီးလေးယောက် ထွန်းကားသည်ဆိုကြပါစို့ ။ အမှန်စင်စစ် ဦးဖြူ၊ ဒေါ်ညိုတို့၏ သားသမီးများတွင် ဦးဖြူ၏မျိုးစေ့တစ်ဝက် ဒေါ်ညို၏မျိုးစေ့ တစ်ဝက်ပါပေမည်။ သို့သော် ဒေါ်ညို၏တစ်ဝက်သောမျိုးစေ့တွင် ဒေါ်ညို၏အမိအဘမျိုးစေ့များပါသလို ဦးဖြူ၏မျိုးစေ့တွင် ဦးဖြူ၏ အမိအဘမျိုးစေ့များလည်း ပါလေသည်။ ထို့ကြောင့် ဦးဖြူနှင့်ဒေါ်ညို က ပေါက်ဖွားသော သားသမီးများတွင် အချို့သည် ဦးဖြူ ဒေါ်ညိုနှင့် မတူသော အဘွား တစ်ဦးဦး၊ အဘိုးတစ်ဦးဦး သို့မဟုတ် တစ်ဦး၏ ခြင်းရာသွင်ပြင် အနည်းငယ်စီဖြစ်ဖြစ် ပါလာနိုင်သဖြင့် ကလေးတို့ တစ်ဦးနှင့်တစ်ဦး မတူခြင်း၊ မိဘနှင့်မတူခြင်း စသည်များ ဖြစ်ရသည်။
ထို့ကြောင့် မိရောဘရော လှ၍ ကလေးလှရမည်။ မိရောဘရော ဉာဏ်ပညာထက် မြက်၍ ကလေးထက်မြက်ရမည်ဟု လှေနံဓားထစ် မမှတ်ယူရာ။
ဤကိစ္စမျိုးမှာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ဖြစ်တတ်သော သဘောရှိလေသည်။ သို့ သော် နေရာတကာတိုင်း မျိုးရိုးမလိုက်နိုင်။ မည်သည့်ကိစ္စမျိုးတွင် မျိုးရိုးလိုက်သည်ကို ရှေ့တွင်ဖော်ပြမည်။
စိတ္တဗေဒဆိုင်ရာ သိပ္ပံပညာသည် (Amram Scheinfeld) ၏ ရှာဖွေလေ့လာချက်ကို အောက်တွင် ဖော်ပြလိုက်သည်။
မျိုးရိုးကြောင့်ဖြစ်နိုင်သော အခြင်းအရာများ
ဉာဏ်စွမ်း ဉာဏ်စ တုံ့ပြန်ဆောင်ရွက်ပုံ၏ အနှေးအမြန်နှုန်း လှုပ်ရှားဆောင်ရွက် သည့် ကိစ္စများ၌ ကျွမ်းကျင်မှုရှိမရှိ အာရုံအမျိုးမျိုးခွဲခြားသိမှု
ဉာဏ်စွမ်း ဉာဏ်စ ဆိုသည်မှာ ကလေး၏ ဉာဏ်ကောင်းခြင်း၊ ဉာဏ်ထုံထိုင်းခြင်း ကို ဆိုလိုပေသည်။ တုံ့ပြန်ဆောင်ရွက်မှုဆိုသည်မှာ တစ်စုံတစ်ခု ပြဿနာပေါ်၍ ဖြေရှင်းပြုလုပ်ရာတွင် တင်္ခနုပ္ပတ္တိဉာဏ်ခေါ် လျှပ်တစ်ပြက်အတွင်းလောက် လျင်မြန် ဖျတ်လတ်စွာ ဆုံးဖြတ်တတ်သော အစွမ်းအစမျိုးကို ဆိုလိုသည်။
လှုပ်ရှားဆောင်ရွက်မှု၌ ကျွမ်းကျင်မှုဆိုသည်မှာ လက်နှင့်လုပ်ရသည်ဖြစ်စေ၊ ဉာဏ် နှင့် လုပ်ရသည်ဖြစ်စေ၊ ဉာဏ်ထုတ်လုပ်သော ကိစ္စများ၌ သေသေသပ်သပ်၊ ကျွမ်း ကျွမ်းကျင်ကျင်၊ လိမ်လိမ်မာမာ၊ ပိပိရိရိ လုပ်တတ်မှုကို ဆိုပေသည်။ ယင်းကိစ္စမျိုးတွင် အရည်အချင်းရှိမှု မရှိမှုမှာ မျိုးရိုးကြောင့်ဟု သတ္တုချနိုင်စရာ အကြောင်းရှိပေသည်။
မျိုးရိုးကြောင့်ဖြစ်နိုင်ရန် အကြောင်းအလွန်နည်းပါးသောအခြင်းအရာများ ၊
စိတ်လှုပ်ရှားမှု။
စိတ်နေစိတ်ထား၊ ပြောင်းလဲလွယ်ခြင်း၊ သို့မဟုတ် ခိုင်မာတည်တံ့ခြင်း၊ ဖျတ်လတ် ခြင်း၊ နှေးကွေးခြင်းစသော အမူအရာများ။