ဒေါ်စောမြဧကြည် - ဂီတနှင့်အက
ဒေါ်စောမြဧကြည်ဂီတနှင့်အက
ဒေါ်စောမြဧကြည်။ ။(မြန်မာ ၁၂၅၃-၁၄၂၉) သီပေါမင်းလက်ထက်ဗြဲတိုက်သံတော်ဆင့်ဖြစ်ခဲ့သူမောင် မောင်တင်နှင့်ဇနီးခင်ဖွားတို့၏ သမီးဖြစ်၍ ငယ်မည် ခင်စိန်ကြည်ဟု တွင်ခဲ့သည်။ ။
ငယ်စဉ်ကပင် အဆိုအတီး အကဖက်၌ ဝါသနာထုံခဲ့၍ လေ့လာဆည်းပူးခဲ့သည်။ ခင်စိန်ကြည်၏ အနု ပညာဝါသနာနှင့်ဆွေစဉ်မျိုးဆက်ကို နှစ်သက်သဖြင့် သီပေါစော်ဘွားကြီး ဆာစောချယ်ကကောက်ယူသိမ်း ပိုက်ကာ ငယ်နာမည်ဖျက်၍ “စောမြဧကြည်သခင်မ”ဟူသော ဘွဲ့နာမံဖြင့် ခေါ်တွင်စေသည်။ ထို့နောက် တွင် “စောဥက္ကာ”ဟူသောဘွဲ့၊ “သီရိဥက္ကဌဝတီ”ဟူသော ဘွဲ့တို့ဖြင့်လည်း ချီးမြှင့်ခဲ့လေသည်။ ။
စောမြဧကြည်သခင်မသည် စော်ဘွားကြီး၏အားပေးချက်အရ ထိုစဉ်က သီပေါဟော်နန်းတွင် အမှု ထမ်းနေကြသော သီပေါမင်း၏ နန်းတွင်းဂီတအဆိုအတီး အကပညာရှင်ကြီးများထံမှ ဂီတပညာများကို စနစ် တကျ သင်ယူခဲ့၍ အခြေခံခိုင်ခိုင်ရခဲ့သည်။ သီပေါဟော်နန်းမှ ခွါခဲ့ပြီးနောက်တွင်လည်း ဂီတပညာအရပ်ရပ် တို့ကို ထပ်၍ ထပ်၍ ဆည်းပူးခဲ့သဖြင့် ဂီတပညာစုံတို့ဖြင့် ကုံလုံခဲ့သော ဂီတမိခင်ကြီးဖြစ်လာခဲ့သည်။
ဒေါ်စောမြကြည်သည်မိမိဆည်းပူးခဲ့သမျှသော ဂီတပညာတို့ကို စေတနာထက်သန်စွာဖြင့်ဂီတပညာ ကို နှစ်ခြိုက်လိုလားသူများအား ဖြန့်ပေးခဲ့သည်မှာ ကွယ်လွန်သည့်တိုင်အောင်ဖြစ်သည်။ ယင်းသို့ဂီတ ပညာဖြင့်နိုင်ငံ၏အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့သဖြင့် ၁၉၅၂-ခုနှစ်တာ “အလင်္ကာကျော်စွာ”ဘွဲ့ဖြင့် ပြည်ထောင်စုအစိုးရက ချီးမြှင့်ခဲ့၍ ၁၉၅၄-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင် ဘီအေဘွဲ့ကို ပေးအပ်ခဲ့ရာ ထိုဘွဲ့ကို မြန်မာနိုင်ငံ၌ ယခုတိုင် ဒေါ်စောမြကြည် တဦးတည်းသာလျှင် ရရှိခဲ့ ဘူးပေသည်။
မြန်မာနိုင်ငံသမိုင်းကော်မရှင်တွင် ဂီတသုတေသနမှူးရာထူးဖြင့်လည်း ထမ်းရွက်လျက်ရှိရာမှ ၁၃၂၉ ခုနှစ် တပို့တွဲလဆန်း ၁၂ ရက် (၁၉၆၈ ခု၊ ဖေဖာရီလ ၁ဝ ရက်)နေ့တွင် ကွယ်လွန်သည်။
မိတ်ဆက်စာတန်း
အနုပညာဟူသော ဝေါဟာ ရသည် သိမ်မွေ့နက်နဲသော အဓိပ္ပါယ်ကို ဆောင်သော်လည်း လူတို့၏စေတနာကို လှုံ့ဆော်နှိုးဆွ ရာ၌ အစွမ်းထက်လှသည်။ ထိုပညာသည် အနုပညာရှင်၏ စေတနာအလျောက် အနုပညာ ရှင်၏စိတ်ကူး ဉာဏ်စွမ်းဖြင့် ဖန်တီး ရသော ပညာဖြစ်ရာ ထိုပညာ ၏အစွမ်းကြောင့် ခံစားရသူ၌ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကရုဏာသက်ခြင်း၊ နှစ်သက်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလင်္ကာ ကျမ်းအလာ စိတ်အ ရသာ ကိုးပါးအနက် တပါးပါးကို ဖြစ်ပေါ်စေနိုင်သည်။ ယင်းသို့ စွမ်းဆောင် နိုင်သော အနုပညာတွင် သဘင်ပညာလည်း ပါဝင်သည်။ သဘင်ဟူသော မြန်မာဝေါဟာ ရ၏ အဓိပ္ပါယ်ကား ကျယ်ဝန်းလှသည်။ သဘင်အမျိုးမျိုး ရှိသည်အနက် “ဂီတနှင့်အက”ဟု အမည် ပေးထားသော ဤစာအုပ်တွင် ဆို-က--တီးနှင့်စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာ အဖြာဖြာတို့ ကို မြန်မာ့ဂီတလောက၌ ထွန်းပေါက်ကျော်ကြားသော ဂီတမိခင်ကြီး ဒေါ်စောမြကြည်က တင် ပြထားပေသည်။
စင်စစ် ဤစာအုပ်သည် အကြောင်း အမျိုးမျိုးကြောင့် ယခုမှ ပုံနှိပ်ထုတ်ဝေဖြစ်သော်လည်း စာမူကို ဒေါ်စောမြကြည်သည် လွန်ခဲ့သော ၁၅- နှစ်ကျော်ခန့်က ပြုစုထားခဲ့သည်။ ဤ“ဂီတ နှင့်အက"တွင် ဂီတမိခင်ကြီးသည် မိမိပညာ ရင်နို့သောက်စို့ခဲ့ ရသော ဆ ရာနှင့်ဆရာမများ၊ သီ ချင်းအမျိုးမျိုးတို့၏သဘောထားနှင့်ဆိုပုံ ဆိုနည်းများ၊ အတီးကင်းသော အဆိုပညာခန်း၊ အတီး အမှုတ် တူရိယာများပြုလုပ်ပုံ ပြုလုပ်နည်းနှင့်အသုံးပြုပုံ၊ မြန်မာအက၏အခြေခံ၊ ဇာတ်၊ ရုပ်သေး အငြိမ့်ဆိုင်ရာအကနှင့်သရုပ်ဆောင်မှု၊ သဘင်လောက၏သဘောတို့ကို တိုတိုရှင်း ရှင်းနှင့်လိုရင်း ရောက်အောင် ရေးသားဖေါ်ပြထားသည်။ ဇာတ်နှင့်ရုပ်သေးသဘင်တို့၌ အစဉ်အလာ ဆောင် ရွက်ခဲ့ပုံတို့ကို ရှင်းလင်းပြထားရာ၊ အနုပညာ ရှင်ကြီးတို့၏ ဆောင်ရွက်မှုသည် အဓိပ္ပါယ်လည်း ရှိ၊ စည်းကမ်းတကျလည်း ဖြစ်ခဲ့သည်ကို ဖတ်ရှုယင်း သတိပြုနိုင်ကြပေမည်။
ထို့ပြင် ရှေးဂီတပညာရှင်ကြီးများဖြစ်ကြသော ဝန်ကြီးပဒေသရာဇာ၊ မြဝတီမင်းကြီးဦးစ၊ ပုခန်းမင်းသား၊ မင်းကြီးကတော်ခင်ဆုံ၊ အနောက်နန်းမိဖုရား မမြကလေး၊ ပြင်စည်မင်းသား ကြီး၊ လှိုင်ထိပ်ခေါင်တင်တို့၏အတ္ထုပ္ပတ္တိအကျဉ်းချုပ်ကို ယင်းတို့ ရေးစပ်သီကုံးခဲ့သော သီချင်း အမျိုးမျိုးကိုပါ ဖေါ်ပြထားသည်။ ထိုအခန်းတွင် အထူးစိတ်ဝင်စားဖွယ်ရာ အပိုင်းမှာ မြဝတီ ဝန်ကြီးဦးစ၏ထင်ရှားသော ပတ်ပျိုးကြီးများကို ပိုင်းခြားဆစ်ဖြာ၍ ရှင်းလင်းပြထားခြင်းဖြစ်သည်။
အနုပညာတရပ်တွင် နှံ့စပ်ကျွမ်းကျင်ရန်သည် လွယ်ကူသည်မဟုတ်ပေ။ ပါရမီအခြေခံ ( ပါစေဦးတော့၊ ကြိုးစား ဆည်းပူးမှုကလည်း လိုသေးသည်။ ဒေါ်စောမြကြည်သည် ဂီတပါရမီ အခြေခံ ရှိပြီးတွင် ကြိုးစားဆည်းပူးမှုကိုလည်း ပြုခဲ့သူဖြစ်သဖြင့် ဂီတနှင့်အကပညာကို ထောင့်အမျိုးမျိုးမှ နှံ့စပ်တတ်သိခဲ့ကြောင်းကို ဤစာအုပ်ပါ အချက်အလက်များက သက်သေခံပေလိမ့် မည်။
ဒေါ်စောမြဧကြည်၏ဆွေစဉ်မျိုးဆက်သည် ရတနာပုံမန္တလေးခေတ်က မင်းဆွေစိုးမျိုးတို့ ဖြစ်သည်။ အဖွားလေးတော်သူသည် ဆွေတော်အုပ်မင်းသားကြီး၏သမီး ထိပ်တင်ရွှေဖြစ်သည်။ အဖသည် သီပေါမင်းလက်ထက် ဗြဲတိုက်သံတော်ဆင့် မောင်မောင်တင်ဖြစ်၍ အမိသည် စော လှထိပ်ခေါင်တင် မင်းသမီး၏ ဘဏ္ဍာစိုး ခင်ဖွား ဖြစ်သည်။ ဒေါ်စောမြဧကြည်ကို သက္ကရာဇ် ၁၂၅၃-ခုနှစ်၌ ဖွားမြင်၍ ငယ်မည် ခင်စိန်ကြည်ဟု တွင်သည်။
ငယ်ရွယ်စဉ်ကပင် အဆိုအ ကဖက်၌ ဝါသနာထုံခဲ့သဖြင့် အသက်၁၂-နှစ်အရွယ်(သက္က ရာဇ် ၁၂၆၅-ခုနှစ်)ကပင် သီပေါမင်း၏ဝဲဖက်အဆိုတော် ဖြစ်ခဲ့သူ မဓုသဒ္ဒရွှေတောင်ကျော်သူ ဘွဲ့ခံ ဆရာဦးလူကြီးထံတွင် မိဖများက အဆိုပညာကို စတင်သင်ကြားစေခဲ့သည်။ သီပေါမင်း ပါတော်မူပြီးနောက်တွင် နန်းတွင်း၌ အမှုတော်ခစ ထမ်းရွက်ကြသော အဆိုအတီးပညာ ရှင် တို့ မှီခိုရာ ကင်းနေခဲ့ ရာ သဘင်ပညာကို လေးစားမြတ်နိုးလှသော သီပေါစော်ဘွားကြီးဆာ ချယ်သည် ထိုအနုပညာ ရှင်များအား ခေါ်ယူ၍ မိမိ၏ဟော်နန်းတွင် ခစားအမှုထမ်းစေသည်။
ထို့ပြင် ဆာစောချယ်သည် ထိုစဉ်က ၁၃-နှစ်အရွယ်မျှသာ ရှိသေးသော ခင်စိန်ကြည်၏ ဂီတအကဝါသနခအပြင် ဆွေစဉ်မျိုးဆက်ကို နှစ်သက်သဖြင့် ကောက်ယူသည်။ ခင်စိန်ကြည် အ ဟော်နန်း၌ အသုံးတော်ခံ၊ အမှုတော်ထမ်းလျက်ရှိကြသော ဂီတပညာရှင်ကြီးများထံမှ ဂီတ ပညာများကို ဆက်လက်သင်ကြား ဆည်းပူးစေလေသည်။ စော်ဘွားကြီးသည် ခင်စိန်ကြည်အား နှစ်သက်မြတ်နိုးတော်မူလှသဖြင့် ငယ်နာမည်ကို ဖျောက်၍ “စောမြကြည်သခင်မ“ဟူသော ဘွဲ့နာမံကို ပေးအပ်သည်။ ထို့နောက်တွင် “စောဥက္ကာ"ဟူသောဘွဲ့၊ စော်ဘွားကြီး၏တိုက်တော် နန်းသိမ်းပွဲတွင် “သီရိဥက္ကဌ်ဝတီ"ဟူသော ဘွဲ့ တို့ဖြင့် ချီးမြှင့်သနားခဲ့လေသည်။
ဒေါ်စောမြဧကြည်သည် သီပေါဟော်နန်းတွင်း၌ စောင်းတီးနည်း၊ သီချင်းများ စနစ်တကျ ဆိုနည်း၊ သီချင်းရေးနည်း၊ ကနည်း စသည်တို့ကို ကြိုးစားအားထုတ်လေ့လာ ဆည်းပူးခဲ့သော
ကြောင့် အခြေခံခိုင်ခိုင် ရခဲ့ပြီးလျှင်၊ ကျယ်ဝန်းနက်နဲသော သဘင်ပညာတို့ကို ထပ်၍ ထပ်၍ ဖြည့်တင်းဆည်းပူးခဲ့သဖြင့် ဆို-က-ရေး- တီးအနုပညာတို့ဖြင့် ကုံလုံပြည့်ဝသော အနုပညာ ရှင် ကြီးတဆူ ဖြစ်လာခဲ့ပေရာ၊ ဂီတလောက၌ ဂီတမိခင်ကြီးအဖြစ် လေးစားကြည်ညိုခြင်း ခံခဲ့ရလေ သည်။
ဒေါ်စောမြ ကြည်သည် မိမိနှင့်ဝါသနာချင်း တူညီသော ရကန်ဦးတင်နှင့်ဒုတိယအိမ် ထောင် ထူထောင်သည်။ ဂီတမိခင်ကြီးသည် မိမိဆည်းပူး ရရှိခဲ့သမျှသော ပညာဗဟုသုတတို့ကို
လည်း ဂီတအနုပညာကို လေးစားမြတ်နိုးသူများအား ဖြန့်ဖြူးပေးဝေခဲ့လေသည်။ ဒုတိယကမ္ဘာ စစ်မတိုင်မီ ကာလက အစိုးရ ပန်းချီနှင့်တူရိယာဂီ တကျောင်းတွင် အဆိုနည်းပြဆရာမအဖြစ်
ဆောင်ရွက်ခဲ့သည်။ စစ်ပြီးခေတ်တွင် ဒီးဒုတ်ဦးဘချို၏ခေါ်ယူချက်အရ မြန်မာဂီတပြည်လည် ထွန်းကားရေးကိစ္စများ၌ တာဝန်ယူဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးခေတ်တွင် ဂီတသင်ခန်း စာများကို ရေဒီယိုမှ ပို့ချခဲ့သည်။ သီချင်းကြီးမူမှန် ပြုလုပ်ရေးအဖွဲ့၌လည်း အဖွဲ့ဝင်တဦးဖြစ်ခဲ့ သည်။ ခရစ် ၁၉၅၂-ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုး ရက အလင်္ကာကျော်စွာဟူသော အနုပညာဘွဲ့ဖြင့် ချီးမြှင့်သည်။ ၁၉၅၃-၅၇ ခုနှစ်အထိ ကံဘဲဆ ရာအတတ်သင်ကျောင်းတွင် ဂီတနည်းပြဆရာမကြီးအဖြစ် အမှုထမ်းခဲ့ ရသည်။ ယင်းသို့ အမှုထမ်းနေ စဉ် ၁၉၅၄-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က အနုပညာဆိုင် ရာ ဂုဏ်ထူးဆောင်ဘီအေဘွဲ့ကို ပေးအပ်ခြင်းခံရသည်။ ထိုဘွဲ့ကို ထိုစဉ်က မြန်မာနိုင်ငံ၌ ဒေါ်စောမြဧကြည် တဦးတည်းသာလျှင် ရရှိခဲ့ပေသေးသည်။
ထို့နောက်တွင် ဒေါ်စောမြဧကြည်သည် သမိုင်းကော်မရှင်၌ ဂီတသုတေသီရာထူးဖြင့် အမှုထမ်းရပြီးလျှင် တဖက်တွင်လည်း ဂီတပညာကို နှစ်ခြိုက်လိုလားသော ဂီတဝါသနာရှင်များ အား ဂီတပညာရပ်များကို စေတနာထက်သန်စွာဖြင့် ပေးပို့ချလျက်နေခဲ့ရာ၊ ၁၃၂၉-ခု တပို့ တွဲလဆန်း ၁၂- ရက်နေ့တွင် ကွယ်လွန်ခဲ့လေသည်။
ဒေါ်စောမြဧကြည်သည်နိုင်ငံကျော် ဂီတပညာရှင်ကြီးတဦး ဖြစ်လာခဲ့ ရာ၌ မည်သည့် ပညာ ရပ်တွင် မည်သို့ထူးချွန်ကြောင်းကို သိစိမ့်သောငှာ ဖေါ်ပြ ရသော်၊
တူရိယာဂီတ လောကတည်းဟူသော အတီးအဆိုပညာရပ်တွင် ပင်ရင်းသော့ချက်ကား “နရည်”ခေါ် စည်းဝါးပင်ဖြစ်ပေသည်။ ထိုန ရည်ခေါ်စည်းဝါးနယ်နိမိတ်အတွင်း၌ တီးခြင်း၊ ဆို ခြင်း ပြုကြ ရပေရာ အဆိုရော အ တီးပါ နရည်ချိန်ကိုက်ညီနေရပေသည်။ သာမန်အားဖြင့် နီ ရည် ချိန်ကိုက်ညီရန် ကိစ္စများမှာ လွယ်ကူဟန် ရှိသော်လည်း ဂီတပညာ၏န ရည်ချိန်တွင် ယခုသုံး စက် နာ ရီ၏ စက္ကန့် တဆယ်ပုံ တပုံ၊ နှစ်ဆယ်ပုံ တပုံ၊ ခြောက်ဆယ်ပုံ တပုံမျှသော အကွာအဝေးမျှ
လောက်ကို ဂီတပညာသည်တို့၏သဒ္ဒါရုံ၌ စိတ်တိုင်းကျ မဖြစ်နိုင်ကြရာ ထိုဂီတ န ရည်ချိန်၏ သိမ် မွေ့ပုံကို သိခြင်းအားဖြင့် ပညာ၏နက်နဲပုံကို အမြွက်မျှ ခန့်မှန်းနိုင်လောက်ပြီ။
တူရိယာဂီတပညာသည်တို့၏ နရည်ကား အချို့အလေးကြိုက်၏။ အချို့ အမြန်ကြိုက်၏။ အချို့ ချည်မြန်ချည် မိမိစိတ်ကူးဖြင့် ဖန်တီးတတ်လေ့ရှိကြပေရာ၊ ဒေါ်စောမြဧကြည်သည် မိမိ၏န ရည်ဟု ပုံသေမထားဘဲ အတီးဆရာကြိုက်နှစ်သက်သော န ရည်ကို ပေးရုံသာမက၊ ယင်း အ တီးဆ ရာ ကြိုက်နှစ်သက်သော နရည်အတွင်းမှပင် မိမိ၏ သီဆိုမှုကို ဖွဲ့နွဲ့ရစ်ပတ် လှည့်လည် ခြင်းအားဖြင့် သာယာနာပျော်ဖွယ် ကဏ္ဏသုခဖြစ်အောင် ဆိုစွမ်းနိုင်သဖြင့် တူရိယာဂီတပညာ သည်အပေါင်းကပင် “နရည်ကောင်းသူ”ဟု ခေါ်စမှတ် ပြုကြပေသည်။ (ဤကား ဒေါ်စောမြ ကြည်၏အဆိုကောင်းခြင်းတည်း။)
ဒေါ်စောမြကြည်သည် စောင်းလောက်အတီးကိုလည်း တတ်မြောက်ပေရာ၊ စောင်း ကောက်အ တီး၌ ယခုအခါ မူကွဲနေကြသော ၁။ ဒေဝဣန္ဒာနည်း၊ ၂။ ဦးဖူးခေါင်နည်း၊ ထိုနှစ် နည်းစလုံးကို အကွက်၊ အလက်၊ အဖွဲ့၊ အဖွဲ့များပါမကျန် တီးပြနိုင်သည်။ ဤသည်လည်း ဒေါ်
စောမြကြည်၏ထူးခြားသော ပါရမီတ ရပ်ပေတည်း။ အဘယ်ကြောင့်ဟူမူ၊ အထက်ပါ နှစ်နည်း အနက် တနည်းကို သင်ကြားတတ်မြောက်သော ဂီတပညာသည်တဦးပင်လျှင်၊ ကြာရှည်ပညာ ဆည်းပူးခဲ့၍ သီချင်းပုဒ်ရေ မြောက်မြားစွာ ရလာပါက ပထမမိမိသင်ယူခဲ့သော“မူ”များကို မေ့
လျော့တတ်လေသည်။ ထိုသို့မေ့လျော့သော်လည်း ဂီတဆ ရာတဆူခေါ်ထိုက်သည့် ပညာသည် တယောက်သည် မိမိဉာဏ်စွမ်းဖြင့်“ဝမ်းစာများသွင်းကာ အထက်ပါမေ့လျော့နေသောသီချင်း၊ | တီးကွက်များကို ဖန်တီး၍ တီးစွမ်းနိုင်တော့သည်။ ထိုသို့ဝမ်းစာများကြောင့်ပင် ရှေး“မူရင်းများ ပျက်ကွက်တတ်ပေရာ၊ ဒေါ်စောမြဧကြည်သည်ကား ယခုတိုင် ရှေးမူရင်းအတိုင်း သီချင်းများကို ဒေဝဣန္ဒာနည်း၊ ဦးဖူးခေါင်နည်းဟု တနည်းနှင့်တနည်း မတူအောင် လက်တွေ့ တီးပြနိုင်ပေ သည်။ ဆရာကောင်း သမားကောင်းများထံတွင် သင်ကြားဆည်းပူးခဲ့သဖြင့် အသက် ၂၀-ကျော် အ ရွယ်ကပင် ပုံကြီးသံ၊ ပုံထောက်သံ၊ ရေကင်းသံ၊ အိုးစည်သံ၊ လေးချိုး၊ ဒွေးချိုး၊ တေးထပ်၊ သီ ချင်းစသည်များကို ကောင်းစွာနီးစပ်သီကုံးနိုင်ခဲ့သည်။ ဒေါ်စောမြဧကြည်ရေး သီချင်းများစွာ အနက် “ မိုးဒေဝါ “လမင်းသောတာ" မိုးပဇ္ဇုန်"
စသော ပတ်ပျိုးများကား ယနေ့တိုင် ထင်ရှား ကျော်ကြားလျက်ရှိနေသည်။ မိုးဒေဝါပတ်ပျိုး၏စာသား အဖွဲ့၊ အဖွဲ့၊ အကွက်၊ အလက် အသံ များကား လွန်စွာပင် ရှေးမြန်မာဂီတစံချိန်နှင့်ကိုက်ညီလျက် အသံများလည်း ယဉ်ကျေးသာယာ ၍ စုံလင်လှပေတော့သည်။ ကျွန်ုပ်တို့၏ ဂီတတူရိယာ အနွယ်အဆက် ပညာသည်များထဲတွင် ပင် အဆို၊ အတီး အရေး ဤသုံးပါးစလုံး ပြောင်မြောက်အောင် စွယ်စုံတတ်သူများကား မြဝတီ မင်းကြီးနှင့်အနောက် နန်းမတော်မမြကလေးတို့မှတပါး ကျွန်ုပ်တို့ မကြားခဲ့ဘူးပေ။
ယင်းသို့ ဂီတအရာ၌ ပါရမီထူးခြားသော ဂီတပညာရှင်ကြီးဒေါ်စောမြဧကြည်၏ကိုယ် တွေ့၊ စာတွေ့ဆည်းပူးလေ့လာချက်များကို ဖတ်ရှုလေ့လာကြ၍ စံနစ်မှန်၊ မူမှန် မြန်မာ့အနုသဘင် ထွန်းကား ခိုင်မြဲအောင် ဆောင်ရွက်နိုင်ကြပါစေသတည်း။
စာပေဗိမာန်သည် ဂီတမိခင်ကြီး၏တခုတည်းသော လက်ရာဖြစ် သည့် “ဂီတနှင့်အက” စာအုပ်ကို ပုံနှိပ်ဖြန့်ချီကာ ကွယ်လွန်သူ ဂီတမိခင်ကြီးအား ဂုဏ်ပြုလိုက်ပါကြောင်း။ ။
စာပေဗိမာန်