Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဒေါင်းနွယ်ဆွေ - အသည်းခါးခါးမုန်း

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

“ရှင်ဘယ်လိုလူလဲ”

“ဗျာ”

“ဘာဗျာလဲ”

“မဟုတ်သေးပါဘူးလေ”

 “ဟုတ်ပါတယ်... ဟုတ်ပါတယ်... ရှင်မှရှင်”

“နေပါဦး အမိရဲ့၊ ကျုပ်ပြောတာ နည်းနည်းနားထောင်စမ်းပါဦး”

“အောင်မယ်... ရှင်ကများ လူကို အမိလေး ဘာလေးနဲ့ ဘာများ ထပ်ပြီး စော်ကားချင်သေးလို့လဲ”

          မိ၏အသံများသည် ပြောရင်းကပင် တုန်၍တက်လာလေသည်။ နောက်ဆုံးစကားလုံးများကို ဒေါသတကြီးပြောရင်း ခေါင်းကလေးကို ဆတ်ခနဲလှည့်လိုက်ရာ ကျစ်ဆံမြီးကလေးနှစ်ဖက် ယမ်းယမ်းလှုပ်သွား ကာ စံပယ်ပွင့်ကလေးတစ်ပွင့်သည် လွင့်စဉ်၍ ကိုလတ်ကို လာမှန်လေ သည်။ ကိုလတ်သည် စံပယ်ပွင့်ကလေးကို လက်ဖြင့်မိအောင် ဖမ်းကိုင် ၍ မွေ့ယမ်းကစားနေပြီး နှုတ်ခမ်းကို တမင်မဲ့ပစ်လိုက်လေသည်။

          “ဒီမှာအမိ၊ ဒေါသဆိုတာ လူတိုင်းဖြစ်တတ်ပါတယ်၊ ဘာဖြစ်မှန်း မသိရဘဲနဲ့ ခင်ဗျားတစ်ဖက်သတ် စိတ်ဆိုးပြီး ပြောချတိုင်းပြောနေတာ ကို ကျုပ်က ဆက်ပြီးသည်းခံမယ်များ မှတ်သလား”

          ကိုလတ်သည် တကယ်ပင် ဒေါသစိတ်ဝင်လာဟန်ဖြင့် မျက်နှာကို ရုတ်ခြည်းပြောင်းလွှဲ၍ တင်းလိုက်ကာ မိကို သူ့စကားနှင့်သူပြန်၍အနိုင် ယူလိုက်လေသည်။

          “ရှင် ဘာစကားပြောတာလဲ” “လူတိုင်းနားလည်တဲ့ မနုဿစကားကို ပြောတာလေ”

“လူကိုလည်း စော်ကားသေးတယ်၊ စကားပြောတော့လည်း တင်စီးသေးတယ်၊ သိပ်အမြင်ကတ်စရာကောင်းတာပဲ”

          “မြတ်စွာဘုရား... ကျုပ်က အမိကို ဘယ်လိုများစော်ကားမိလို့ အမြင်ကတ်စရာကောင်းနေရတာလဲ၊ ကျုပ်လည်း အမိကို မစော်ကားရ သေးပါလား”

          ကိုလတ်သည် မခိုးမခန့် အသံဖြင့်ပြောရင်း မျက်လုံး ကလယ် ကလယ်လုပ်ကာ သူ့ကို ဒေါသခိုး ဝေလျှံနေသော မျက်လုံးများဖြင့် စိန်း စိုက်စိုက်ကြီး ကြည့်နေသည့် မိကို မထီတရီ ပြန်ကြည့်လိုက်လေသည်။

          မိမှာမူ အောက်နှုတ်ခမ်းကလေးကို သွားတက်ကလေးဖြင့် ကိုက်ခဲ ထားကာ မချုပ်တည်းနိုင်သော ဒေါသကြောင့် ရင်ကလေး နိမ့်ချည် မြင့်ချည်လှုပ်ရှားလျက်ရှိလေသည်။

          ကျောင်းသူ၊ ကျောင်းသားအချို့သည် သူတို့နှစ်ဦး ရန်စောင်နေ ကြသည်ကို တစေ့တစောင်း အကဲခတ်လျက်ရှိကြလေသည်။ ပတ်ဝန်း ကျင်မှ ဝိုင်းဝန်းကြည့်ရှုနေသည်ဆိုသောအသိကြောင့် မိရင်ထဲတွင် ပိုမို၍ မခံမရပ်နိုင်အောင် ဖြစ်ရလေသည်။

          “ဟောင်ရုံတင် မဟောင်ကြနဲ့နော်.. ကိုက်ကြရင်လည်း နားရွက် ပြတ်အောင်ကိုက်ကြ”

သူတို့နှစ်ဦးဘေးမှ ဖြတ်သန်း၍ လျှောက်သွားကြသော ကျောင်း တော်သားတစ်သိုက်က မကြားတကြား တီးတိုးပြောသွားကြသဖြင့်မိမျက်နှာတစ်ခုလုံး နီရဲစပြုလာလေတော့သည်။

          “တက္ကသိုလ်ကျောင်းသားတွေတဲ့။ ရိုင်းတဲ့နေရာမှာ တိရစ္ဆာန်တွေ ထက်ပိုသေးတယ်၊ မိန်းကလေးတွေကို သူတို့ကစားစရာ ကော်ရုပ်တွေ များ မှတ်နေသလား မသိဘူး”

          မိသည် စိတ်တိုတိုဖြင့် နောက်ပြောင်သွားသော ကျောင်းသားများ ကိုပါ ရောယောင် ရန်တွေ့မိပြီးသား ဖြစ်သွားလေသည်။

          “နေပါဦး... ခင်ဗျားက ကျုပ်ကို နှုတ်သီးကောင်းလျှာပါးလုပ်ပြီး ဘာကြောင့်ရန်တွေ့နေရတာလဲ”

ဤတစ်ကြိမ်တွင်ကား မိသည် ကိုလတ်အနီးသို့ ခြေတစ်လှမ်း တိုးလာကာ နှုတ်ခမ်းကလေးများပင် တဆတ်ဆတ်တုန်လျက် ရှိလေ သည်။

          “ဒီမှာ ရှင်အခုမှ လူလည်လုပ်မနေပါနဲ့၊ ဒါ ရှင့်လက်ချက် မဟုတ် ဘူးလား ဘာပြောချင်သေးသလဲ၊ ရှင်ငြင်းနိုင်ရင် ငြင်းစမ်း”

          မိသည် ဒေါမာန်ပါပါနှင့် လက်တစ်ဖက်ကို မြှောက်၍ ပြလိုက် ရာ လုံးထွေးထားသော စက္ကူတစ်ပိုင်းတစ်စနှင့်အတူ ထိကရုံးမကလေး မဂေါက်တေး” ဟူသော စာတန်းငယ်တစ်ခုကိုသာ အမှတ်မထင်တွေ့ လိုက်ရလေသည်။

          ကိုလတ်သည် မိတစ်ယောက် ဘာကြောင့် ဤမျှဒေါသတကြီး ဖြင့် ရန်တွေ့နေသည်ကို ယခုမှပင် အကြောင်းရင်း သိရလေတော့သည်။ သူနှင့် မည်ကဲ့သို့မျှ မသက်ဆိုင်ပါဘဲလျက် အတင်းအဓမ္မ အစွပ်စွဲခံနေရ သဖြင့် ငိုအားထက် ရယ်အားသန်ရမလို ဖြစ်နေရလေသည်။ ထိုအခါတွင် မှ ကိုလတ်သည် ပိုမိုရဲတင်းလာပြီး မိကိုကြည့်ရင်း အသံထွက်အောင် ရယ်မောလိုက်လေသည်။

          “ဟင်... ရှင်က ဘာရယ်နေတာလဲ၊ မျက်နှာကိုက ပိုးဟပ်လိုလိုပက်ကျိလိုလိုနဲ့ ၊ ဟိုနေ့က ခုံပေါ်မှာ မဟုတ်ကဟုတ်က စာတွေရေးပြီး လက်ကမြင်းကြောထတာလည်း ရှင်ပဲဖြစ်မှာပဲ၊ အဲဒီတရားခံကို ကျွန်မ စောင့်ဖမ်းနေတာကြာပြီ။ ခုမှပဲ မိတော့တယ်၊ တက္ကသိုလ်မှာ မလည်ဘဲနဲ့ ရှုပ်လို့ မရဘူးဆိုတာ နားလည်ရဲ့လား”

          မိသည် ပြောရင်းဆိုရင်းက ဒေါသထွက်လာကာ လက်ထဲမှ စက္ကူ ကို လုံးထွေး၍ တအားလွှင့်ပစ်လိုက်လေသည်။ ကိုလတ်ကမူ ခေါင်းကို သွက်သွက်ခါယမ်းရင်း အသံခပ်အုပ်အုပ်ဖြင့်သာ ရယ်မောနေလေသည်။

          “ဒီမှာ မကြီးစာ... ခင်ဗျား စွပ်စွဲနေတာတွေတစ်ခုမှ မဟုတ်ဘူး၊ ကျုပ်ဟာ ခင်ဗျားဖမ်းချင်နေတဲ့ တရားခံလည်း မဟုတ်ဘူး၊ ခင်ဗျားကိုတောင် ကျုပ်ဒီနေ့မှ တစ်ခါပဲ သတိထားပြီး ကြည့်မိသေးတယ်၊ ကျုပ် ဆိုတဲ့အကောင်က ဘယ်မိန်းကလေးကိုမှ အသိလည်း မလုပ်ဘူး၊ အဖက်လုပ်ဖို့ဆိုတာဝေးရော၊ အရောဝင်ရင် အပင်ပေါက်လွန်းအားကြီး လို့ မိန်းမဆိုရင် ခင်ဗျားမပြောနဲ့ ပပဝတီလိုလှတဲ့ မိန်းမမျိုးကိုတောင် ကျုပ်က အရောဝင်တာ မဟုတ်ဘူး”

          ကိုလတ်စကားကို ကြားလိုက်ရသောအခါ မိ၏ကိုယ်ခန္ဓာကလေး သည် ဒေါသအရှိန်ကြောင့် မြင်းရိုင်းမကလေးတစ်ကောင်ကဲ့သို့ ကြွရွ လှုပ်ရှားလာလေသည်။

          “ဟင်... ဒါဖြင့် ဒီစက္ကူနဲ့ပေါက်တာဟာ.. ဘယ်ခွေးမျိုးက ပေါက် တာလဲ၊ အဲဒီခွေးကိုတွေ့ရင် အမြီးဖြတ်ပစ်ချင်တယ်၊ ကဲ... ရှင်းပြီလား”

          မိသည် အသံစာစာတက်အောင် အော်၍ပြောရင်းက အင်္ကျီလက် မောင်းစလေးတစ်ဖက်ကိုပင် ယောင်ယမ်း၍ ပင့်တင်လိုက်မိလေသည်။ ဆတ်ဆတ်ထိ မခံတတ်သော ဝမ်းတွင်းပါစိတ်ဗီဇသည် မိအား ရဲတင်း သွက်လက်စေပြီး မိသည် မျက်လုံးထောင့်ကပ်ကာ ကိုလတ်ကို မမှိတ် မသုန် ကြည့်မြဲတမ်းကြည့်လျက် ရှိလေသည်။

          “ကျုပ်ကတော့ အဲဒီအမြီးပြတ်မျိုးထဲမှာ မပါတာ အမှန်ဘဲ၊ အမြီး ပြတ်ချင်ရင်တော့ ဟောင်သံကလေး နည်းနည်းပေးပြီး အူလိုက်မှာပေါ့... ဒါမှ အမျိုးတူချင်း မျက်နှာချင်း စုံညီတွေ့ရမှာပေါ့”

          ကိုလတ်ကလည်း အပေါ်အင်္ကျီကို လည်ပင်းနားရောက်အောင် ဆွဲတင်လိုက်ပြီး မခိုးမခန့်အရွဲ့တိုက်၍ ပြောလိုက်ရာ မိသည် ရှက်စိတ်ကြောင့် ပါးပြင်ကလေးများ တစ်ဝိုက်တွင် နှင်းဆီရောင် လွှမ်းသွားကာ အသားများပင် တဆတ်ဆတ်တုန်၍ လာလေသည်။ ။

          “ဒီလိုအရှက်မရှိတဲ့လူမျိုးနဲ့ တစ်ခါမှ မတွေ့ဖူးဘူး”

          “ကျုပ်ကလည်း ခင်ဗျားလို အရှက်နည်းတဲ့ မိန်းကလေးနဲ့ တစ်ခါ မှ မတွေ့ဖူးဘူး၊ အိပ်မက်ထဲမှာလည်း တွေ့ဖို့စိတ်ကူးမရှိဘူး”

          ကိုလတ်သည် မျက်နှာကို မဲ့ရွဲ့ လိုက်ပြီး ပခုံးတစ်ချက်တွန့်လိုက် ကာ ဖူးခနဲအရွဲ့တိုက်၍ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်လေသည်။

          “ရှင် ဒီလောက်မျက်နှာပြောင်တာ ရှင့်ကိုယ်ရှင် မရှက်ဘူးလား”

          “ရှက်ရမယ့်သူက ကျုပ်မဟုတ်ပါဘူး၊ အင်း မိန်းကလေးများ ဟုတ်နေလေမလားတော့ မပြောတတ်ဘူး”

          “ရှင် ကျွန်မကိုစကားဆက်မပြောရင် ကောင်းမယ်” “ကျုပ်ကလည်း... အဲယားကုန်လွန်းလို့ မပြောချင်ပါဘူး”

          ကိုလတ်သည် သူ့စကားကို သူ သဘောကျသွားကာ အသံခပ် ဩဩဖြင့် ရယ်မောလိုက်ပြန်ရာ မိသည် ရှိုက်ငိုချင်စိတ်ပင် ပေါက်လာ ပြီး နဖူးတွင် ဇောချွေးစကလေးများ သီးစုစ ပြုလာလေသည်။ မိန်းမချင်း သာဆိုလျှင် ဤနေရာတွင် လက်မြန်ဇက်မြန်လုပ်မိသည်မှာမလွဲပင် ဖြစ် လေသည်။

          ထိုအခိုက်တွင် ကျောင်းသူတစ်စုသည် နော့သ်ဟောလ်ရှိ သိပ္ပံစာ သင်ဆောင်သို့ စုပြုံဝင်ရောက်လာရင်း မိနှင့်ရင်ဆိုင်တိုးမိကြလေသည်။

          “ဟေ့... မိ... တစ်ယောက်တည်း ဘာတွေများ ဒေါပွနေသလဲ”

          နေ့ကျောင်းသူ မီမီအေးက ဝင်၍မေးလိုက်သဖြင့် မိက နှာခေါင်းရှုံ့ ၍ မျက်နှာမဲ့လိုက်ကာ ပခုံးပေါ်သို့ လျှောကျနေသော ကျစ်ဆံမြီးတစ်ဖက် ကို လက်ဖြင့် သိမ်းဖယ်လိုက်ပြီး ဒေါသမပြေသေးသော မျက်နှာကို ပိုမို၍ တင်းထားလိုက်လေသည်။

          “အို... ဘယ်ကတောသားအရိုင်းမှန်းလည်း မသိပါဘူးကွယ်။ ကိုယ့်ကို အနုအနမှတ်လို့ လာစမ်းနေတယ် ဘယ်ရလိမ့်မလဲ”

          မီမီအေး၊ ချိုမော်၊ ကက်သရင်းကြိုင်နှင့် လူစီမြတို့သည် မိ၏ အမူအရာကို သဘောကျသွားသည့်အလား ဝါးခနဲ အသံထွက်အောင် ရယ်မောနေကြသဖြင့် မိတစ်ယောက်ပင် ရုတ်တရက် ကြောင်၍သွားလေ သည်။ မရယ်သင့်သည့်အချိန်တွင် ဝိုင်း၍ရယ်မောလိုက်ကြသဖြင့်လည်း မိသည် မီမီအေးတို့ ကျောင်းသူတစ်စုကို အကဲခတ်၍မရနိုင်အောင် ရှိ လေသည်။

          “မင်းတို့က ဘာရယ်တာလဲကွ၊ ဒါရယ်စရာလား”

          မိက ထိုသို့ပြောလိုက်တော့မှပင် ရယ်သံများသည် ထပ်ဆင့်ဆူညံ ၍ သွားပြန်လေတော့သည်။

          “ဟေ့... မိ... မင်းမှားနေပြီကွ၊ အပြစ်မရှိတဲ့လူကို ဘာကြောင့် မင်းအပြစ်တင်နေရတာလဲ”

          အရပ်ရှည်ရှည် မျက်လုံးဝိုင်းဝိုင်းနှင့် ကက်သရင်းကြိုင်သည် ရှေ့သို့တစ်လှမ်းတိုးကာ မိ၏ပခုံးတစ်ဖက်ကို လှမ်း၍ပုတ်လိုက်ရင်း ပြောလိုက်သဖြင့် မိ မျက်နှာသည် သိသိသာသာပင် ပျက်၍သွားလေ သည်။

          “ဘာပြောတယ်ကွ။ ကက်သရင်း...” “အေး... ကက်သရင်းကပဲ ကြားက တောင်းပန်လိုက်ပါကွယ်...တစ်ဖက်သားကို အားနာစရာကောင်းပါတယ်”

          ချိုမော်က မျက်လုံးကလေး ပေကလတ်ဖြင့် ဝင်၍ထောက်ခံလိုက် သဖြင့် မိမှာ ပို၍အံ့ဩသွားရလေသည်။ ကိုလတ်ကမူ သူတို့ ကျောင်းသူ မိန်းကလေးတစ်သိုက်ကို ဂရုမထား အရေးမစိုက်သကဲ့သို့ အဝေးမှ သစ်တိုပင်ကြီးတစ်ပင်ကိုသာ ငေးစိုက်ကြည့်နေလေသည်။

          “မင်းကို စက္ကူနဲ့ပေါက်တာ ကိုယ်တို့ကွ.. မင်း ဒီနေ့ “ကလပ်စ်” တက်တာ နောက်ကျတယ်မဟုတ်လား၊ အဲဒါကို ဒဏ်ခတ်တဲ့အနေနဲ့ ကိုယ်တို့အားလုံး တိုင်ပင်ပြီး မင်းလာတော့ စက္ကူနဲ့ ပေါက်တာကွ ရှင်းပြီလား”

          သည်တော့မှပင် မိသည် ခေါင်းကလေး သို့ယို့ကာ ကိုလတ်ကို ပင် မကြည့်ရဲတော့ဘဲ ငြိမ်သက်တွေဝေ၍ သွားလေတော့သည်။

          “ဒါဖြင့်... ထိကရုံးမကလေး မဂေါက်တေးဆိုတာကော ဘယ်သူ ရေးတာလဲ၊ မင်းတို့ကလည်းကွာ သိပ်နောက်တာပဲ”

          “ကိုယ်တို့ပဲ ရေးတာပေါ့ကွ”

          “မနေ့က ကိုယ့်ခုံပေါ်မှာ ရေးထားတာကော... ဘယ်သူရေး တာလဲ”

          “မိကလည်းကွာ... အဲဒါလည်း ကိုယ်တို့ပဲရေးတာပဲပေါ့ကွ။ ခုံပေါ်မှာ ရေးတဲ့လက်ရေးဟာ အတူတူပဲ မဟုတ်လား၊ မင်း ဒီလောက် အကဲခတ်ညံ့ရသလားကွ၊ အဲဒီလက်ရေး ရေးတဲ့တရားခံဟာ ဘယ်သူလဲ မင်းသိလား၊ ဟောဟိုကမယ်လမုလေ”

          ကက်သရင်းကြိုင်က မေးငေါ့၍ပြလိုက်သဖြင့် လူစီသည် ကိုယ်ကလေးရှေ့ထိုး နောက်ဝင်ပြု၍ ရယ်မောနေလေသည်။

          “သော် လက်စသတ်တော့ လူစီမြတို့လက်ချက်ကိုး” မိသည် ပြောရင်းဆိုရင်းက အသံကလေး တုန်ရီစပြုလာကာ