ဒေါက်တာအောင်ကိုကို - ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့်စီးပွားရေးမှုဝါဒ
ယနေ့အခါ မြန်မာ့သမိုင်းတွင်ထင်ကျန်ရစ်မည့် ပါတီစုံဒီမို ကရေစီစနစ်ကြီး၏ အနာဂတ်ကိုအဆုံးအဖြတ်ပေးနိုင်မည့် ကြားဖြတ် ရွေးကောက်ပွဲကြီးကို မကြာခင်ကျင်းပတော့မည်ဖြစ်သည်။ ဤတွင် ထူးခြားချက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကပါဝင် ယှဉ်ပြိုင်ခြင်းပင်ဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသားများ (မြို့ပြ၊ ကျေးလက်၊ တောင်ပေါ်၊ မြေပြန့်နေသူများအားလုံး)၏ လူမှုစီးပွားအခြေအနေအရပ်ရပ်ကို စစ်တမ်းများ (Surveys) ကောက်ယူကြည့်ရာတွင် နိုင်ငံသားအများစု ၏လက်တွေ့လူမှုစီးပွားအခြေအနေများ၊ပညာရေးနှင့်ကျန်းမာရေးအခြေအနေများလွန်စွာနိမ့်ကျနေသည်ကို
တွေ့မြင်ရသည်။
ထို့ကြောင့်လည်း နိုင်ငံသားများအားလုံးသည်ပါတီစုံဒီမိုကရေစီ စနစ်အရ မိမိနိုင်ငံနှင့်မိမိလူမျိုးကို ကမ္ဘာနှင့်ရင်ဘောင်တန်းကာနေထိုင်နိုင်အောင်အဆင့်မြှင့်တင်ပေးနိုင်မည့်နိုင်ငံရေးပါတီများနှင့်နိုင်ငံရေးခေါင်းဆောင်များကို စိတ်အားထက်သန်စွာ (စိတ်လှုပ်ရှား စွာ) ရှိနေကြခြင်းဖြစ်သည်ဟု စာရေးသူယူဆသည်။
ယနေ့မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့်စီးပွားရေးပြုပြင်ပြောင်းလဲ မှုများတွင် နိုင်ငံရေးအရ ခရီးအတော်ပေါက်ခဲ့ပြီးဖြစ်သော်လည်း စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုမူ ဆက်လက်ဆောင်ရွက်သွား ရပေမည်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ရာတွင် စာရေး သူကလေ့လာသောအချက်များနှင့် ယင်းတို့နှင့်သက်ဆိုင်သော ကိန်း ဂဏန်းများမှာ -
(၁) ဘတ်ဂျက်လိုငွေပြမှုပမာဏ (Budget Deficit Amount ) နှင့်
ဘတ်ဂျက်ရရှိပုံရရှိနည်းနှင့် သုံးစွဲပုံ သုံးစွဲနည်းများ
(၂) ငွေကြေး Supply ပမာဏ (Money Supply Amount)
(၃) Money Base Growth Rate
(၄) ငွေကြေးဖောင်းပွနုန်း (Inflation Rate)
(၅) နိုင်ငံခြားကြွေးမြီပမာဏ (Foreign Debt Amount)
(၆) ပြည်တွင်းတွင် လက်ရှိ FEC လည်ပတ်သုံးစွဲငွေပမာဏ (FEC in Circulation)
(၇) ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းမှ ရရှိငွေပမာဏ (နိုင်ငံပိုင် စီးပွားရေး
လုပ်ငန်းများ (SOEs) နိုင်ငံပိုင်စက်မှု လုပ်ငန်းများ (SOIs)များ၊
နိုင်ငံပိုင်စက်သုံးဆီဆိုင် များ၊ နိုင်ငံပိုင်အဆောက်အဦး၊ မြေနှင့်ဂို
ဒေါင်များ၊ နိုင်ငံပိုင်ဆိပ်ကမ်းများ စသည်တို့ကို ပုဂ္ဂလိကပိုင်
ပြုလုပ်ခြင်းပုံစံအဆင့်ဆင့်နှင့် ယင်းတို့မှရရှိငွေပမာဏ တို့ကိုဆိုလိုသည်။
(၈) နိုင်ငံပိုင်မြေနှင့်အဆောက်အအုံတို့အား ပုဂ္ဂလိက
လွှဲပြောင်းပေးခြင်းမှရရှိငွေပမာဏ၊
(၉) လက်ရှိပြည်ပပို့ကုန်အမျိုးအစားများနှင့် ပို့ကုန်ရငွေ
ပမာဏ (အမေရိကန်ဒေါ်လာဖြင့်)
(၁၀) လက်ရှိပြည်ပမှတင်သွင်းကုန်အမျိုးအစားများနှင့်
သွင်းကုန်တန်ဖိုးငွေပမာဏ(အမေရိကန်ဒေါ်လာဖြင့်)
(၁၁) မြန်မာနိုင်ငံဗဟိုဘဏ်တွင်ထားရှိသော Net Foreign
Assets ပမာဏ။
(၁၂) မြန်မာနိုင်ငံတစ်ဝန်းရှိ စက်မှုဇုန်များ (Industrial
Zones)၊အထူးစီးပွားရေးဇုန်များ(SEZS) အရေအတွက်
နှင့် ယင်းဇုန်အသီးသီးတွင် လက်ရှိလုပ်ငန်းလုပ်ဆောင်
နေသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ပြည်ပ
စီးပွားရေးလုပ်ငန်းများ၏လုပ်ငန်းအမျိုးအစား (ထုတ်လုပ်
မှုသို့မဟုတ် ဝန်ဆောင်မှုစသည်တို့၏ အမျိုးအစား နှင့်
အရေအတွက်) ယင်းတို့၏ကုန်ကြမ်းသုံးစွဲမှု (ပြည်တွင်းမှ၊
ပြည်ပမှ မည်သို့ခွဲဝေသုံးစွဲသည်စသည့်အချက်များ)နှင့်
ကုန်ထုတ်လုပ်မှုအခြေအနေများ။
(၁၃) ပြည်တွင်းတွင် လက်ရှိဆောင်ရွက်နေသော နိုင်ငံတော်
စီမံကိန်းများနှင့် ယင်းတို့၏ ပြီးစီးမှုအခြေအနေ၊
ယင်းတို့အပေါ်သုံးစွဲရသော ငွေကြေးပမာဏ။
(၁၄) ယင်းနိုင်ငံတော်စီမံကိန်းများတွင် သုံးစွဲရသော Inter
mediate Inputs များကုန်ကြမ်းများကို(သို့)
ပြည်ပမှတင်သွင်းရာတွင် သုံးစွဲရသောငွေကြေး ပမာဏ။
(၁၅) ပြည်တွင်းအလုပ်လက်မဲ့နှုန်းထားနှင့် လက်ရှိအလုပ်
လက်မဲ့ဦးရေပမာဏ၊
(၁၆) ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံနေသောနိုင်ငံခြားတိုက်ရိုက်
ရင်းနှီးမြှုပ်နှံမှုများ၏ရင်းနှီးမြှုပ်နှံမှု (ဥပမာ-ပြည်တွင်း
စီးပွားရေးဇုန်များ(သို့) အထူးစီးပွားရေးဇုန်များတွင်
ပါဝင်မှုအချိုးအစား)၊
(၁၇) လယ်ယာကဏ္ဍတွင်လက်ရှိစိုက်ပျိုးနိုင်သောမြေဧက
နှင့် စိုက်ပျိုးနေသောမြေဧကပမာဏ၊
(၁၈) လယ်ဧက ၁ဝဧကအောက်ပိုင်ဆိုင်သူ လယ်သမား
အိမ်ထောင်စုများနှင့် ၁၀ဧက အထက်ပိုင်ဆိုင်သော
လယ်သမားအိမ်ထောင်စုအရေအတွက်တို့၏ အချိုး
အစား၊
(၁၉) လယ်ဧက ၁ဝ အောက်ပိုင်ဆိုင်စိုက်ပျိုးသူတို့၏
တစ်နှစ်ပျမ်းမျှဝင်ငွေနှင့် လယ်ဧက ၁၀ဧက အထက်
ပိုင်ဆိုင်စိုက်ပျိုးထုတ်လုပ်သူတို့၏ တစ်နှစ်ပျမ်းမျှ
ဝင်ငွေပမဏ၊
(၂၀) လယ်ယာစိုက်ပျိုးထုတ်လုပ်မှုတွင် အဓိကလိုအပ်သော
သွင်းအားစုများ၏ ဈေးနှုန်းအပြောင်းအလဲ အခြေအနေ
(Time - Series Data)၊
(၂၁) ပြည်ပပို့ကုန်ထုတ်လုပ်တင်ပို့မှုတွင် အဓိကကုန်ကျ
စရိတ် (ကုန်ကြမ်းစရိတ်အပြင်) များ၏ အပြောင်း
အလဲအခြေအနေ(Time-Series Data)၊
(၂၂) ကုန်သွယ်ကုန်များ (လယ်ယာထွက်ကုန်စည်များ
နှင့် စက်မှုထွက်ကုန်စည်များစသဖြင့်) တွင် အဓိက
အားဖြင့်ဈေးကွက်များ (ပြည်တွင်းနှင့် ပြည်ပ)တွင်
ကြုံတွေ့ရင်ဆိုင်ရသော ဥပဒေအတားအဆီးများ၊
အထက်ပါ အချက်များမှာ အရေးယူလေ့လာသင့်သော အချက်များဖြစ်ပြီး ယင်းတို့နှင့်တစ်ပေါင်းတည်း ကောက်ယူစုဆောင်ထားသော:Data Sets များ၊ Multipurposes Surveys များနှင့်ပေါင်းခြုံကာစဉ်းစားရန်
ဖြစ်သည်။
ယနေ့လက်ရှိကုန်ဈေးနှုန်းအနေအထားအရ နိုင်ငံသားတစ်ဦး စီ၏ ပျမ်းမျှအခြေခံဝင်ငွေနှင့် အခြေခံသုံးငွေ (Average Income နှင့် Minimum Expenditure)ကိုယှဉ်ကြည့်လျှင် ဝင်ငွေထက်အခြေခံ သုံးစွဲရငွေက ပိုမိုမြင့်မားနေသည်ကိုတွေ့ရသည်။ ယင်းတို့ကိုထပ်မံ၍ ဝင်ငွေအုပ်စုကြီးများ (Income Categories/ Income Groups) ခွဲ၍ ယင်းဝင်ငွေအုပ်စုကြီးများအလိုက်ရှိသော ဝင်ငွေဖြစ်တည်ပုံစသည်တို့) ကိုတွေ့မြင်ရပြီး တစ်ချိန်တည်းတွင်ယင်းဝင်ငွေနိမ့်အိမ်ထောင်စုများ၏ အထွေထွေလူမှုစီးပွားရေးနှင့်လူနေမှုအဆင့်အတန်းများကို ဆက်စပ် တွေ့မြင်လာရနိုင်ပေသည်။
နိုင်ငံတစ်ခုတွင် ဆင်းရဲသူများလာလျှင် နောက်ဆုံးတွင် မတည်ငြိမ်မှုများဖြစ်ပေါ်လာလေ့ရှိတတ်သည်။ ထို့ကြောင့်အခြေအနေအရပ်ရပ်ကိုလေ့လာသုံးသပ်ကာစီးပွားရေးမူဝါဒများကိုလိုအပ်သလိုကြိုတင်ပြင်ဆင်ထားရလေ့ရှိသည်။
The Myanmar Post Journal
Vol..4-No.12
Wednesday,March-21,2021