Skip to product information
1 of 2

Other Websites

ဒေါက်တာသန်းထွန်း - အသစ်မြင်မြန်မာ့သမိုင်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် ဆရာကြီးရေးသားပေးခဲ့သောအမှာစာ

“အသစ်မြင်မြန်မာသမိုင်းကို စက်တင်ဘာ ၁၉၇၅ မှာ ပုံနှိပ်တယ်။ အခု ၂၀၀၀ ပြည့်နှစ် (၂၅ နှစ်ကြာ)မှာ ပြန်ပုံနှိပ်ဦးမယ်ဆိုတော့ သိပ်သဘော မတူချင်ဘူး။ ဘာပြုလို့လဲဆိုတော့ အခုပြောတဲ့ နှစ်အစိတ်အတွင်းမှာ သမိုင်း သုတေသနကျေးဇူးကြောင့် နောက်ထပ် သစ်မြင်တွေ ရှိနေလို့ဖြစ်တယ်။ အဲဒီအသိသစ်တွေ ဖြည့်လိုက်နိုင်ရင်တော့ သိပ်ကောင်းမယ်။ ဒါပေမယ့် တချို့ အသိသစ်က ပြည့်စုံအောင် မသိသေးဘူး။ ပြီးတော့ ဖြည့်ရေးဖို့အချိန်လဲ မရဘူး။

ဒါပေမယ့်လျက်တစ်ပြက် ဖြည့်အုံးမယ်။ 

“မြန်မာအကြိုသမိုင်း”မှာ ပုံတောင်ပုံညာက ကျောက်ဖြစ်ရုပ်ကြွင်း တွေအကြောင်း ထပ်ဖြည့်ရေးနိုင်မယ်။ ရုပ်ကြွင်းကို အရင်အနှစ် ကုဋေ ၄ဝ (40) million years ago) ဆိုတာအပြင် သူ့ရဲ့ အ၀န်းအဝိုင်းက ရုပ်ကြွင်းတွေကို လေ့လာပြီး သူစားတဲ့ အသီးအနှံ၊ အဥ၊ အမြစ်တွေနဲ့ သူစားတဲ့သတ္တဝါအသား တွေအကြောင်း ပြောနိုင်စရာရှိပါတယ်။ လူဖြစ်စဉ် (Evolution of Man)မှာ အင်မတန် သေးငယ်တဲ့ အစိတ်အပိုင်းဖြစ်မယ့် ဒါကိုပဲ ပြည့်စုံအောင် လေ့လာ ရမှာပါ။ နောက် နွယ်ခွေလူ (Hono trectxts) အကြောင်းပြောရမယ်။ နောက် ညောင်ကန်လူရဲ့ ကြေးခေတ်ဓလေ့ (Bronze Age Culture) ပြောရမယ်။ လေ့လာဆဲဖြစ်လို့ မကြာခင် အချိန်နိန်ယူပြီး ရေးဖို့ အစီအစဉ်တော့ ရှိပါတယ်။

“မြန်မာရာဇဝင် အေဒီ ၁၀၄၄-၁၂၈၇”မှာ ပျူး အကြောင်း မူလ မြန်မာ (Proto Burman) အကြောင်းတွေပါတယ်။ ပျူဆိုရင် မြန်မာနိုင်ငံထဲကို ဘီစီ ၅ ရာစုနှစ်ကပဲ ဝင်လာမယ်။ မော်ဇာ (သရေခေတ္တရာမှာ ဘုရားထောင် အရိုးအိုးကို ထပ်တွေ့လို့ အရင်က သူရိယဝိကြမ နန်းသက် ၇ ရာစုနှစ်ကို ၁ ရာစုနှစ်လို့ ပြင်လိုက်တယ်။ ဒါကို အကျယ်တဝင့် ဆွေးနွေးဖို့ ကောင်းတာပေါ့။ ၅ ရာစုနှစ်ကစပြီး ပျူတွေဟာ နိုင်ငံရေးသြဇာ ကြီးမားလာလို့ ခရစ် ၅ ရာစုနှစ် ၉ ရာစုနှစ်အတွင်း ပထမပြည်ထောင်စုကို တည်ဆောက်ခဲ့တယ်။ အနိရုဒ္ဓက | ပထမပြည်ထောင်စုကို တည်တယ်ဆိုတာကို ပြင်ရမယ်။ ပျူက ပထမ ပြည် ထောင်စု၊ အနိရုဒ္ဓက ဒုတိယပြည်ထောင်စု ဖြစ်တယ်။

“လစ်နဲ့ မြန်မာရာဇဝင်” အခန်းမှာ လုစ်ရဲ့ ခေတ်ဦးမြန်မာ ရှေးပုဂံ စာအုပ်က ၁၉၆၉ မှာထွက်တယ်။ အခု အနှစ်သုံးဆယ်ရှိပြီ။ အဲဒီမှာ ရှေးဟောင်း သုတေသနကျေးဇူးနဲ့ ကျောက်စာတွေ ထပ်တွေ့လို့ သူ့စာအုပ်ထဲက တချို့ နေရာတွေကို ပြင်ရ ဖြည့်ရမယ်။ ဒါလဲ လုပ်ရမှာပေါ့။ လုစ် စာအုပ်ဝေဖန်ချက်ကို ရေးထားတာရှိတယ်။ အဲဒါကို ဖြည့်ရမှာဖြစ်ပါတယ်။ နန်ကျောင်ဖျက်လို့ အေဒီ ၈၃၂ မှာ ပျူမြို့တော်ပျက်တယ်လို့ ပြောတော့ လုစ်က အဲဒီမြို့တော်ဟာ ဟလင်း ဖြစ်ဖို့များတယ်လို့ ပြောတယ်။ မဟုတ်ပါ။ သရေခေတ္တရာပဲ ဖြစ်ပါ တယ်လို့ ဦးရည်စိန်က အထောက်အထားတွေနဲ့ တင်ပြရေးသားထားတာတွေ ရှိနေပါတယ်။

“အေဒီ ၁၀၀၀ မှ ၁၃၀၀”အထိ မြန်မာနိုင်ငံ အုပ်ချုပ်ရေးကို ဖြည့်ရေးမယ်ဆိုရင် အခု ပုဂံတူးဖော်ရေးကထွက်လာတဲ့ ပုဂံကျောက်စာတွေကို | သုံးပြီး ပြောစရာတွေရှိပါတယ်။ ပြောပြီးသားကို အားလုံးချေဖျက်ဖို့ မဟုတ်တောင် နိန် ပြင်ဆင်ဖြည့်စွက်လို့ ရပါတယ်။

“ပုဂံခေတ်ကုန်အထိ မွန်” စာတမ်းမှာ တောင်ပိုင်းအိန္ဒိယနဲ့ မွန် ဆက်ဆံရေးအပြင် မိဘရပ်ဌာန် မပြန်နိုင်ဘဲ အိန္ဒိယတောင်ပိုင်းသားတွေ မွန် မှာပ် အခြေစိုက်နေထိုင်ပြီး မွန်နဲ့ရောနှောသွားပုံကို ဖြည့်စွက်ပြောဖို့ လိုပါတယ်။

“ငဆောင်ချံ” ဘယ်မှာလဲဆိုတဲ့ ပြသနာမှာ ဗန်းမော်အနောက်ဘက် ကမ်းမှာ ရှိတယ်လို့ ရေးထားတယ်။ ဗန်းမော်အရှေ့ ရွှေလီအနောက်ဘက်ကမ်း ကမ်းသီတာနေရာဖြစ်ဖို့ များတယ်လို့ ရှေးဟောင်းသုတေသနကပြောတာ ဖြစ်နိုင် ပါတယ်။

“မနုဟာကျောက်စာ” အခန်းမှာ ဖြည့်စရာတွေ မကြာခင်ထွက်မယ့် ပုဂံဆိုတဲ့ နာမည်နဲ့ ကလျာမဂ္ဂဇင်းပါ ဆောင်းပါးတွေမှာ ရေးပြီး ရှိနေတယ်။ ကျန်စစ်သားဘွဲ့က တြိဘုဝနာဒိတုဓမ္မရာဇာ သမီးတော်က ဆော့လောကဓုလ မနီ။ ကြင်ရာတော် (မနုဟာရဲ့ မြစ်)က တြိလောကသီးသီးဇယ၊ ဒီမင်းသား အမေက မဟာဒေဝီစုလမနိဒေဝီ၊ ကြင်ရာတော် (မနုဟာရဲ့ မြစ်)က ဆိုတာတွေဟာ ဖြည့်ပြောစရာတွေပေါ့။

“မဟာကဿပဂိုဏ်း”အခန်းကိုတော့ ဖြည့်စရာ မတွေ့သေးပါ။

မြန်မာနိုင်ငံ ကျောက်စာများ” “ရှေးမွန်ကျောက်စာပါ သမိုင်း အထောက်အထားများ”နဲ့ “အ၀တ်ကျောက်စာပါ သမိုင်း အထောက် အထားများ”ဆိုတဲ့ အခန်းတွေမှာ ဖြည့်စရာတွေကို အပေါ်မှာပြောတဲ့ ကဗျာ

ဆောင်းပါးတွေမှာ ဖြည့်ထားပါတယ်။ ပုဂံဆိုတဲ့ နာမည်နဲ့ စုပေါင်းပြီး စာအုပ် ထွက်လာမှ ဖတ်ကြပါ။

သာလွန်မင်းလက်ထက်အုပ်ချုပ်ရေးကို ၁၉၈၂-၁၉၈၉ အထိ ဆယ်ကွဲထုတ်တဲ့ မြန်မာမင်းအမိန့်တော်ပေါင်းချုပ် (ROB) မှာ အများကြီး အားရပါးရ ဖြည့်စွက်ထားတယ်။ အတွေးအမြင်ထဲမှာ ရေးနေတာ ကြာပြီ။ အားလုံးပေါင်းပြီး စာတစ်အုပ် ထွက်နိုင်မယ်ထင်တယ်။

သန်းထွန်း

 ၃၁၊ မတ်၊ ၂၀၀၀။

 

နိဒါန်း

မြန်မာပြည် အရပ်ရပ်မှာ လှည့်ပြီး သမိုင်းအထောက်အထားတွေ ရှာတယ် အထောက်အထား များများတွေ့တော့ ဆက်စပ်ပြီး သမိုင်းသဘောကို ဆင်ခြင် တယ်။ စာတမ်းရေးတယ်။ စာတမ်းကို လူပရိသတ်ဖိတ်ပြီး ဖတ်ပြတယ်။ လိုတာပိုတာ ပြင်ဆင်ဖြည့်စွက်ကြပါလို့ တောင်းပန်တယ်။ စာစောင်တစ်ခုခုမှာ ပုံနှိပ်လိုက်သေးတယ်။ ဒီလိုစာတမ်း တော်တော်များများ ရေးမိတော့ ပေါင်းပြီး စာတစ်အုပ် လုပ်ပြန်တယ်။ ဒါတွေဟာ သူတေသန လုပ်ထုံးလုပ်နည်းတွေပဲ ဖြစ်တယ်။ ဘာသာရပ်တစ်ခုတည်းကို စူးစူးစိုက်စိုက် အချိန်ပြည့်လုပ်လာတော့ ဒီဘာသာရပ်ကို တစ်ခါထက်တစ်ခါ ပိုသိလာတာ မဆန်းဘူး။ စောစောက ကိုယ့်အမှားကိုပဲ ကိုယ်ဖော်ထုတ်နိုင်ပြီး ပြင်နိုင်ပြန်တယ်။ အဲဒါကြောင့် စာတမ်း အဟောင်းတွေမှာ အမှားပါတယ်။ ဒီစာအုပ်အတွက် နိုငံ့ရေးတော့ ဘယ်အမှားကို ဘယ်လိုပြင်ပါလို့ ရေးထားတယ်။ ဒီစာအုပ်ကို အသုံးချချင်တဲ့သူဟာ နိဂုံးကို ဖတ်ဖြစ်အောင် ဖတ်ပါ။

မြန်မာသမိုင်းကို ခရစ် ၁၂ ရာစုနှစ်၊ ၁၃ ရာစုနှစ် ပုဂံခေတ်ကစပြီး ကျွန်တော် သုတေသန လုပ်တယ်။ ပုဂံခေတ်ဆိုင်ရာ ဖတ်စရာ ကျောက်စာ ကုန်သလောက်ရှိတော့ အဝခေတ်ကျောက်စာတွေကို ကူးပြောင်းလေ့လာပြန်တယ်။ အဲဒီလိုအခိုက်အတန့်မှာ စောစောကပြောတဲ့ လုပ်ထုံးအတိုင်း ပုဂံခေတ်ဆိုင်ရာ သမိုင်းစာတမ်း၊ အဝခေတ်ဆိုင်ရာ သမိုင်းစာတမ်းတွေ ရေးပါတယ်။ ဒီလိုလုပ်နေဆဲမှာ မန္တလေးကို အလုပ်တာဝန်အရ ပြောင်းလာရတော့ မန္တလေးခေတ် သမိုင်းကို သုတေသနလုပ်ဖို့ သိပ်အဆင်ပြေနေတာနဲ့ မန္တလေးခေတ် သမိုင်းကို သုတေသန ပြုရပြန်တယ်။ အခါကာလအလိုက် အကြိုသမိုင်းနဲ့ ဆိုင်တဲ့နေရာတွေ တွေ့တယ်၊ တူးဖော်တယ်ဆိုပြန်တော့ အကြိုသမိုင်းကို မလုပ်မဖြစ် လုပ်ရပြန်တယ်။ ဟူပေးတဲ့လူက တူးပေးတဲ့အခါ သမိုင်းသဘော ဆင်ခြင်ဖို့က ငါတို့အလုပ်ပါလို့ ယူဆလို့ မလုပ်မဖြစ်” ဆိုတဲ့စကားကို သုံးပါတယ်။

ကျွန်တော်ရေးတဲ့ သမိုင်းဆောင်းပါးတွေကို ရေးတဲ့ရက်စွဲနဲ့ စီလိုက်ရင် ပုဂံခေတ်၊ ကုန်းဘောင်ခေတ်နှောင်း၊ အဝခေတ်၊ အင်္ဂလိပ်ခေတ်၊ အကြိုသမိုင်း ဆိုသလို အကျော်အ နင်းတွေ ဖြစ်နေတယ်။ သမိုင်းရေစီးကြောင်းအတိုင်း မဟုတ်ဘူးပေါ့။ ပြီးတော့ ဥပမာ၊ အဝခေတ် ကျောက်စာအကြောင်းပြီးလို့

နောက်စာတမ်းဘစ်စောင် ဖြည့်ရေးတယ်လို့ ကျွန်တော်က ပြောပြီး၊ မွန်ကျောက်စာ အကြောင်းရေးတယ်။ ကျွန်တော်က ဖြည့်တယ်လို့ ပြောမိပေမယ့်၊ တကယ်က

နောက်ကဆက်တဲ့သဘော မဟုတ်ဘဲ ရှေ့ကဆက်တာမျိုး ဖြစ်နေတတ်တယ်။ အဲဒါမျိုးကို၊ အစီအစဉ်မရှိ အချိန်အဆမရှိ ဖြစ်ကတတ်ဆန်းပါကွာလို့၊ ကဲ့ရဲ့ ရင်လဲ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ လုပ်လာတော့ ကိုယ့်စာကို ကိုယ်ပဲ။

ကို တိုးချဲ့လိုက် နောက်က နည်းနည်းဖြုတ်လိုက်၊ အလယ်မှာ တိုးလိုက်၊ အကုန် ပြန်ပေါင်းပြီး ပုံစံတစ်မျိုးချလိုက် ဆိုတာတွေ လုပ်မိပါတယ်။ အဲဒီအခါ ပိုကောင်းလာတယ်။ ပိုပြည့်စုံလာတယ်။ မနေမနား အလုပ်လုပ်တဲ့အခါ ဒီလိုပဲ အမှတ်မထင် ဖြစ်လာတယ်။ တစ်ခါတစ်ခါ စာအုပ်ကို ပုံနှိပ်ဖော် ပုံနှိပ်ပြီးသားထဲက တချို့စာကိုပြင်ချင်လို့တောင် ပုံနှိပ်တိုက်နဲ့ ရန်ဖြစ်ရတာမျိုး ရှိပါသေးတယ်။ စောစောက ပြင်ရကောင်းမှန်း မသိလိုက်ဘဲ ခုမှပြန်ဖတ်ပြီး ငါညံ့လိုက်တာလို့ ရှက်မိတာလဲ ရှိပါတယ်။ ဒါကြောင့် ပြင်စရာတွေကို ဖော်ပြရေးသားမယ့် နိဂုံးကိုဖတ်ပါ။ ဒီစာအုပ်မှာ တခြား ဘာမှမဖတ်တောင် နိဂုံးကိုဖတ်ရင် အကျိုး ရှိနိုင်ပါတယ်။

အရင်က မသိသေးတာတွေကို အခု တဖြည်းဖြည်း သိလာတယ်ဆိုတာ အခုခေတ် ကြိုးစားကြလို့ ပေါ်လာတဲ့ အကျိုးကျေးဇူးပါပဲ။ ဒီစာအုပ်မှာပါတဲ့

ဆောင်းပါးတိုင်းဟာ အရင့်အရင်က လိုနေတဲ့ကွက်လပ်တွေကိုအခု သိသလောက် နဲ့ ဖြည့်တာပဲဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဆက်ကြိုးစားကြဦးမယ်ဆိုရင်အခု ကျွန်တော် မသိတာကို နောက်လူတွေက ဖြည့်နိုင် ပြင်နိုင် ကြမှာပါပဲ။ ဖြည့်နိုင် ပြင်နိုင်ကြမှာ အမှန်ပဲလို့လဲ ယုံကြည်တယ်။

သန်းထွန်း

 

မြန်မာအကြိုသမိုင်း"

မြန်မာအကြိုသမိုင်းကိုပြောရင် မြန်မာနိုင်ငံရဲ့ ဘူမိဗေဒ အခြေခံကစပြီး ပြောရပါလိမ့် မယ်။ ကမ်ပြီယံ” ယုဂ်အတွင်းမှာ ဒီမြန်မာနိုင်ငံလို့ခေါ်တဲ့ မြေနေရာဟာ ပင်လယ် အတိပါပဲ။ ကုန်းရယ်လို့မရှိဘူး။ အောက် ကာဘောန်ဖရပ် ယုဂ် ရောက်တဲ့အခါ အခု သံလွင်မြစ်ဟာ အရှေ့ဘက် ပင်လယ်ကမ်းခြေသဘောမျိုး ရှိပြီးကုန်းဖြစ် နေပြန်တယ်။ ဒီနောက် ဂျူးရပ်ဆစ် ယုဂ် မှာတော့ အခု ဘင်္ဂလားပင်လယ်အော် ပါကုန်းပိုင်းကျယ်ကျယ်ကြီးဖြစ်နေတယ်လို့ ယူဆကြတယ်။ သြဆင်း ယုဂ် ငယ်ပိုင်းမှာ အခု ဧရာဝတီမြစ်ဝကျွန်းပေါ်နေရာကလွဲရင် အားလုံး အပင် - ပင်လယ်ကမ်းရိုးတန်းအတိုင်း ကုန်းဖြစ်နေပါတယ်။ ဆိုလိုတာက အခု ကုန်းတန်း ၊ ချိုင့်ဝှမ်းမျိုးလောက်နီးနီး အခြေအနေကို အရင်အနှစ်လေးကုဋေကပဲ ရောက်ရှိ မယ်လို့ မှန်းရတာပဲဖြစ်ပါတယ်။ မြန်မာအကြိုသမိုင်းဟာ အခုမှ လေ့လာစဖြစ်လို့ သိထားပြီးသမျှဟာလည်း အင်မတန်မှ နည်းပါသေးတယ်။ အခုမှစတယ်ဆိုတဲ့စကားကို ထင်ရှားအောင် နည်းနည်းရှင်းပါရစေ။ ကမ္ဘာ့သက်တမ်းတစ်ခုလုံးကို ၂၄ နာရီပဲရှိသေးတယ်လို့ ထားရင် လူပေါ်တာ စက္ကန့် ၄၀ ပဲရှိဦးမယ်” လို့ နှိုင်းယှဉ်တင်ပြတာကို တွေ့ ဖူးပါတယ်။ အဲဒီစက္ကန့် ၄ဝ ရဲ့ အဖြစ်အပျက်ကိုတောင် ဘယ်နေရာမှ စုံအောင် မသိကြသေးတာမို့ မြန်မာမြေပေါ်က စက္ကန့် ၄၀ အကြောင်းကိုလည်း များများကြီး မသီတာဟာ ဘယ်မှာဆန်းတော့မလဲ။ တစ်စတစ်စ ဖော်ထုတ်လို့ တော်တော် ကလေး သိလာတာကိုပဲ အားရှိစရာကောင်းလှပြီလို့ ယူဆရမှာဖြစ်ပါတယ်။

အရင် ၁၈၄၅ လောက်ကပဲ ဒီမြန်မာမြေအပြင်မှာ ကျောက်လက်နက်တွေ တွေ့တယ်။ မိုင်ယိုဆင်း” ယုဂ်ငယ်ကာလကပ် လူရှိနေမလားလို့ စူးစမ်းခဲ့တယ်။ ဒါပေမဲ့ ၁၈၉၅ ကျမှပဲ ပလိုင်စတိုဆင်း ယုဂ်ငယ်ကာလမှာလူရှိမယ်လို့ အပြတ်

ပြောနိုင်လာကြတယ်။ မြန်မာမြေပြင်ပေါ်မှာတွေ့တဲ့ ကျောက်လက်နက်ကိုစွဲပြီး အလုပ်တစ်ခုအနေနဲ့ ဘာမှဆက်ပြီး ရှာဖွေစုံစမ်းတာမျိုး မလုပ်ပါဘူး။ ဘူမိဗေဒ ပညာရှင်တွေက ရေနံရှာရင်း သတ္တုရှာရင်း ဒီလိုလက်နက်တွေတွေ့လာလို့ တင်ပြတာလောက်ပဲရှိတယ်။ ။

Vယ်မပည်း တွေ့မယ်ဆိုတဲ့ပန္နည်း စနစ် မဖော် တွေ့ရှိတာမျိုးမဟုတ်ဘဲ ပြင်တွေ့ (Surface finds) ကောက်တာတွေဖြစ်တော့ ယထာဘူတာကျအောင် ဆက်ပြီးလေ့လာဖို့ ခက်ပါတယ်။ ရေနံချောင်းဘက်ကရ ထားတဲ့ ရိုက်ကျောက်တွေကိုကြည့်ပြီး ၁၉၄၂ လောက်မှာ အကြိုသမိုင်းကာလက ဒီမြေမှာ လူတွေရှိခဲ့ပါတယ်လို့ တင်ပြလာပြန်တယ်။ ဒီအခါမှာ တောင်ဘက်

ဂျာဗာမှာလည်း ရှေးလူရှိတယ်၊ မြောက်ဘက် တရုတ်မှာလည်း ရှေးလူရှိတယ်၊ မြန်မာက စပ်ကြားပေါင်းကူးဒေသဖြစ်လို့ ရှေးလူအမှန်ရှိမယ်၊ ခုံစမ်းရင် မုချအကျိုး ရှိမယ်ဆိုပြီး အမေရိကအသင်းပေါင်းရဲ့ လေ့လာရေးအဖွဲ့တစ်ခု မြန်မာနိုင်ငံကို ၁၉၃၇ နှစ်ကုန်နဲ့ ၁၉၃၈ နှစ်ဦးမှာ ရောက်လာရှာဖွေကြပါတယ်။ ခေါင်းဆောင် com descomp powo (Hellmutde Terra and Hallam L. Movius, Jr.) တို့ ဖြစ်ပါတယ်။ သူတို့က ကျောက်ဆောင်းကာလ မြန်မာမြေက လူကို အညာသားလို့ပဲခေါ်ပြီး သူတို့ရဲ့ ဓလေ့ကိုတော့ အညာသားဓလေ့ (Ariyathian Culture) လို့ ခေါ်ခဲ့ကြပါတယ်၊ အဲဒီနောက် စစ်ကြီးဖြစ်ပြီး ဒီဘက် ဒီစခန်းမှာ ဆိတ်သုဉ်းနေခဲ့တာ ပြီးခဲ့တဲ့ ၁၉၆၄ လောက်ကမှ မြန်မာအကြို

သမိုင်းလေ့လာရေး ပြန်ပြီးအသက်ဝင်လာပါတယ်။ မြန်မာနိုင်ငံ ရှေးဟောင်း | သုတေသနဌာနက ဟန်လင်းတူးဖော်ရေးမှာ ကျောက်သစ်လက်နက် (၀က်သစ်

လက်နက်မှန်ပေမဲ့ ဖက်တွဲတွေ့ရှိချက်အရ နှောင်းလူတွေက ယူထားတာ ဖြစ်စရာရှိ တယ်လို့ သာမညသိရပါတယ်) တွေ့တယ်။ အိတ်နယ် ခဲတွင်းထဲက ကျောက်သစ် လက်နက်ရတယ်။ ချင်းတွင်းအနောက်ဘက်ကမ်း ဆားထုံးမှာ ကျောက်သစ် လက်နက်တွေ ကောက်ရတယ်။ ပခုက္ကူတစ်ဖက် လက်ပံခြေပေါ်မှာ ဆည်လုပ်ဖို့ ဘူဒိုဇာနဲ့မြေထိုးရင်း ကျောက်သစ်လက်နက် တွေပေါ်လာတယ်။ပပလင်းဂူ (တောင်ကြီးခရိုင် ရငံမြို့နယ်၊ ညောင်ကြတ်က ရေပုတ်သွားမြဲလမ်းလေးမှာရှိတယ်။

ညောင်ကြတ်က ၄ မိုင်း ရေပုတ်က ၁ မိုင်၊ ကွာခြံလမ်းအထက် ပေ ၇ဝ၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၀၀၀၊ ညောင်ကြတ်က လတ္တီတွတ် ၂၁ ၆” မြောက်လောင်ဂျီတွတ် ၉၆" ၁၈' အရှေ့) သတင်းကို ၁၉၆၀ ပြည့်က ရခဲ့ပေမဲ့ ၁၉၆၈ ရောက်မှ သွားရောက်လေ့လာကြလို့ ကျောက်ခေတ်သက်သေ အထောက်အထားတွေ အများကြီးထပ်ရပြန်တယ်။ အမရပူရ တောင်သမန် အင်းစောင်းမှာလည်း လှိုင်းပုတ်လို့ ကမ်းပြိုရင်း ကျောက်သစ်အဆောက်အထားတွေ ပေါ်လာတာက ဆက်ပြီး ၁၉၇၁ နှစ်ဦးက တူးဖော်ရေးလုပ်တဲ့အထိ ပေါက် မြောက်အောင်မြင်ခဲ့ပါတယ်။ အဲဒီလိုဖြစ်လာတော့မှပဲ အကြိုသမိုင်းလေ့လာရေးဟာ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာပါတယ်။

 

 

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)