Skip to product information
1 of 10

စိတ်ကူးချိုချိုစာပေ

ဒေါက်တာသန်းထွန်း - အမိန့်တော်ထဲကသမိုင်း

Regular price 5,000 MMK
Regular price Sale price 5,000 MMK
Sale Sold out

အမိန့်တော်ထဲကသမိုင်း

          ဆင်ဖြူရှင်၁၅၅၄-၁၅၈၁ က အင်းဝကို ၂၂ ဇန်နဝါရီ ၁၅၅၅ မှာ သိမ်းယူပေ မယ့် အင်းဝကို နန်းစိုက်ရာ မြို့တော်ကြီးအဖြစ်နဲ့ မသုံးတော့ပါ။ ဟံသာဝတီ ဆင်ဖြူရှင်ရဲ့ ပိုင်နက်ဟာ ၁၅၉၃ မှာ အောက်စာရင်း (စာရင်း ၂၀၈၄က၊ ၄-၇)အတိုင်း သတ်မှတ်တယ်။

          ကလေး၊ ကသည်း၊ ကမ္ဗောဇ၊ ခန်တီ၊

          မေမာဝရ၊ ခွေလုံ၊ စန္ဒာ၊ စိန့် ၊ ဇင်ရုံ၊

          ညောင်ရွှေ၊ တမလိတ္တိ၊ တမ္ပဒီပ၊ ပတ်ကျိပ်၊ ဗန်းမော်၊

          မဟာနာဂရ)၊ မိုင်းခွင်၊ မိုင်းစည်၊ မိုင်းဦး၊ မိုင်းပင်၊

          မိုးကောင်း၊ မိုးညှင်း၊ မိုးနား၊ မိုးနဲ၊ မိုးမိတ်၊

          မိုးဝန်း၊ သီပေါ၊ သုနာပရမ်၊ သိန်းဝီနဲ့ ၊ အယုဒ္ဓယ၊

          အစုစု နှစ်ဆယ့်လေးနေရာဖြစ်တယ်။ ဒီစာရင်းကို ကောက်ယူချိန် ဟာ ဟံသာဝတီဆင်ဖြူရှင်ရဲ့ တန်ခိုးသြဇာကျဆင်းချိန်၊ လက်နက်နိုင်ငံ ပြိုခါနီးအချိန်ဖြစ်တယ်။ မင်းကြီးရဲ့ ညီတော် မင်းရဲရန္တမိတ်က အပိုင်းစားရတဲ့ညောင်ရမ်းကို ၁၅၉၆ မှာ ရွှေ့ပြောင်းနေထိုင်ပြီး မြို့ရိုးမြို့တာကို ခိုင်လုံအောင် (မှန်နန်း ၃၊ ၁၉၆၇၊ ၉၉)လုပ်တယ်ဆိုတာ လက်နက်နိုင်ငံကြီးပျက်လို့ သူ တစ်လူငါတစ်မင်းလုပ်ကြပြီဆိုတာ ထင်ရှားပါတယ်။ ဝန်းကျင်ကို သိမ်းယူ ရာက အင်းဝကို ၂၇ ဇူလိုင် ၁၅၉၇ မှာ သိမ်းယူနိုင်တယ်။ အင်းဝကို နိုင်ငံ အုပ်ချုပ်ရေးအတွက် ဗဟိုဌာန မင်းနေပြည်လို့ ၁၂ ဇူလိုင် ၁၅၉၈ မှာ အမိန့်တော်ထုတ်ပြန်တယ်။ အဲဒီနေ့ဟာ အင်းဝဒုတိယခေတ်စတယ်လို့ မှတ်ယူရပါ တယ်။ အင်းဝမှာ မင်းအဖြစ်ကို ၁၃ ဖေဖော်ဝါရီ ၁၆ဝဝ မှာ ခံယူတယ်။ ပြီးတော့မှ ရှမ်းနယ်တွေကို အောက်မှာပါတဲ့ အစဉ်အတိုင်း သိမ်းသွင်းတယ်။

          မိုးကောင်း၊ မိုးညှင်း၊ ညောင်ရွှေ၊ ဗန်းမော်၊ မိုးနဲ၊ မိုးဗြဲ၊ စကား၊ ရောက် စောက်၊ နောင်မွန်၊ မိုင်းပတ်၊ မိုင်းကိုင်၊ တီကြစ်၊ မိုးမိတ်နဲ့ သိန္နီ။

          အနောက်ဘက်လွန် ၁၆၀၆-၁၆၂၈ လက်ထက်မှာ နောက်ထပ် သိမ်း ပိုက်နိုင်တဲ့ နေရာတွေက

          ပြည်(၂ ဇူလိုင် ၁၆၀၈) ရက်စွဲတွေက အမိန့်တော်ရက်စွဲတွေဖြစ်တယ်။ တောင်ငူ(၂၄ ဩဂုတ် ၁၆၁ဝ)၊ သန်လျင် (၁၈ မတ် ၁၆၁၃)၊ ဟံသာဝတီ (၃ မေ ၁၆၁၃)၊ မုတ္တမ(၇ နိုဝင်ဘာ ၁၆၁၃)၊ ထားဝယ် (၁၅ ဒီဇင်ဘာ ၁၆၁၃)၊ တနင်္သာရီ (၂၆ ဒီဇင်ဘာ၊ ၁၆၁၃)၊ ဇင်းမယ် (၂၅ နိုဝင်ဘာ ၁၆၁၄)

လင်းဇင်း(၂၆ နိုဝင်ဘာ ၁၆၁၄)၊ သင်းတွဲ(စက်တင်ဘာ ၁၆၁၅) အင်းဝနိုင်ငံ တော်ကို နောင်ခါတိုင်းဆယ်တိုင်း ခွဲတယ်လို့ သိရတယ်။ (စာရင်း ၁၁၀၅ က၊ ၆၆-၇၁)။

          (၁) ကမ္ဘောဇတိုင်း၊ ညောင်ရွှေ၊ မိုးနဲ၊ သီပေါ၊ (၂) ခေမာဝရ၊ ကျိုင်း တုံ၊ (၃) ဇေယဝနုကာတိုင်း၊ ကေတုမတီ၊ ဇေယဝတီ၊ (၄) ဇိန်တိုင်း၊ ခွေလုံ၊ ခန္ဒာ၊ ဗန်းမော်၊ (၅) တံပဒီပတိုင်း၊ ပုဂံ၊ ပင်းယ၊ မြင်စိုင်း၊ အင်းဝ၊ (၆) မဟာနာဂရတိုင်း၊ ကျိုင်းရုံ၊ မိုင်းစည်၊ (၇) ရာမညတိုင်း၊ ကုသိမ်၊ ဒဂုံ၊ ဒလ၊ မုတ္တိမ၊ ရောင်မြ၊ ဟံသာဝတီ၊ (၈) သုနာပရန္တတိုင်း၊ ကလေး၊ စကု၊ စလင်း၊ဖောင်းလင်း၊ လယ်ကိုင်း၊ သောင်သွပ်၊ (၉) သီရိခေတ္တရာတိုင်း၊ ပန်းတောင်း၊ သရေခေတ္တရာ၊ ဥဒေတရစ်၊ (၁၀) ဟရိပုဉ္စတိုင်း၊ ကျိုင်းသည်၊ ဇင်းမယ်။

          နိုင်ငံတော်ကျယ်ပြန့်လွန်းလို့ အမိန့်တော်ထုတ်ရင် မွန်၊ မြန်မာ၊ ယွန်း ဘာသာသုံးမျိုးနဲ့ ထုတ်ပြန်ရတယ်လို့ ပြောပါတယ်။ ဘာသာစကားမျိုးစုံ လူမျိုးပေါင်းစုံရှိနေလို့ ကြားစကား ဘာသာသုံးခုထဲက တစ်ခုခုကိုသုံးမှ အပြန်အလှန် နားလည်နိုင်တယ်ဆိုတဲ့ သဘောပါပဲ။

          နိုင်ငံကို တိုင်းရှစ်တိုင်း၊ တိုင်းတစ်ဆယ့်ခြောက်တိုင်းခွဲတယ်ဆိုတာ အိန္ဒိယအလေ့ဖြစ်မယ်ထင်တယ်။ (တင်၊ ၂၊ ၁၉၃၂၊ ၉၃) အိန္ဒိယသြဇာ မသက်ရောက်ခင်က ဆည်ရေသောက်လယ်စိုက်ခင်း စတင်ဖြစ်ထွန်းတဲ့ နေရာကို ခရိုန်(ခရိုင်)လို့ခေါ်ပြီး နောက်မှ ချဲ့ထွင်ပြီး လယ်တည်တဲ့နေရာ တွေကို တိုက်တာကို တွေ့ပါတယ်။ ဒီဝေါဟာရတွေကို အခုထိ သုံးစွဲနေဆဲ ပါပဲ။ နာမည်အခေါ် အပြောင်းအလဲကတော့ ရှိစမြဲဖြစ်တယ်။ မြို့ပျက်တယ်၊ မြို့သစ်တည်တယ်။ သူ့ခေတ်သူ့အခါ အကြောင်းပြချက်အမျိုးမျိုး ရှိကြပါ တယ်။ ဥပမာ အင်းဝကို တည်လိုက် ပျက်လိုက် လေးကြိမ်ရှိခဲ့တယ်။ အင်းဝ ကို ရွှေ (၃၀ သြဂုတ် ၁၅၉၈ အမည်ပြောင်းတယ်။ ရငုံကို အခုရွာပုံခေါ် တယ်။ တမုတ်၊ သင်တောင်၊ ပွက်သာ၊ ခံမှုတွေ ရွာဆိုကုန်းဖြစ်နေပြီ။ လယ်တွင်းကလည်း စောစောက တစ်ဆယ့်တစ်ရွာဟာ ခုတော့ လယ်ကွင်း ကိုးခရိုင်ဖြစ်နေပါပြီ။

          စောလှ၏၊ ပင်လယ်၊ မြစ်သား၊ ပျဉ်းမနား၊ မြောင်လှ”၊ မြင်းခုန်တိုင်၊ ပနန်၊ မက္ခရာ၊ မြင်စိုင်း။

          ကြယ်မှတ်က အသစ်ဝင်လာတဲ့ နာမည်။ အဟောင်းတစ်ဆယ့်တစ်က စောစောကပြောသလို တမုတ်၊ သင်တောင်၊ ပက်သာ၊ ခံမှုလေးနေရာ ပျက်သွားပြီ။ ရငုံက စာရင်းမဝင်တော့ဘူး။ တိုက်စာရင်း မှာလည်း ပြောင်း တယ်။ တိုးတယ်။ ဆိုလိုတာက လယ်မြေကျယ်ပြန့်လာတာကြောင့်ပဲ ဖြစ်ပါ တယ်။ မင်းအာဏာ ကြီးထွားလေ စစ်သည် အင်အားလိုလေဖြစ်ပါတယ်။ စစ်မတိုက်ရတဲ့အခါ တိုးလာတဲ့လက်နက်ကိုင်တွေဟာ စိုက်ပျိုးရေးဘက်မှာ ဝင်ရောက်ထမ်းရွက်ကြရပြန်ပါတယ်။ အဲဒီလိုဖြစ်လာတော့ တိုက်စာရင်းကို အမိန့်တော်ရက်စွဲနဲ့တွဲပြီး ဖော်ပြနိုင်ပါတယ်။

          အရှေ့ဘက်တိုက်(ကျောက်စဉ်တိုက်)၊ ဧရာဝတီ အရှေ့ဘက်စဉ့်ကူး က မြစ်ငယ်ထိ (၃၁ မေ ၁၆၇၉၊ ၂ ဇွန် ၁၆၇၉၊ ၂၉ နိုဝင်ဘာ ၁၇၈၇၊ ၂၄ ဒီဇင်ဘာ ၁၇၈၇၊ ၄ မေ ၁၇၉၅၊ ၁၂ ဩဂုတ် ၁၇၉၅၊ ၂၅ မေ ၁၈၀၁၊ ၆ ဇူလိုင် ၁၈၀၁၊ ၉ ဖေဖော်ဝါရီ ၁၈ဝ၆၊ ၂၂ ဇွန် ၁၈ဝ၆) (ကျွန်တော်တည်း ဖြတ်ပြီး အင်္ဂလိပ်ဘာသာပြန်တဲ့ အမိန့်တော်ပေါင်းချုပ် ၁၀ တွဲမှာ ဖော်ပြပါ ရက်စွဲနဲ့ အမိန့်တော်ကို ရှာကြည့်ရင် ပတ်သက်ရာပတ်သက်ကြောင်း အခြေ အနေကိုပါ သိနိုင်မယ်။ ခရစ်နှစ်လရက်ကို သုံးတာကတော့ ကမ္ဘာ့သမိုင်းနဲ့ ယှဉ်သာအောင်တမင်သုံးတာ ဖြစ်ပါတယ်)။

          အနောက်ဘက်တိုက်နေရာကတော့ အရှေ့ဘက်တိုက်ရဲ့ ပြောင်းပြန် ဖြစ်တဲ့အပြင် အင်းဝရဲ့ တောင်ဘက် ရမည်းသင်းအထိ နယ်မြေကိုလည်း အနောက်ဘက်တိုက်အဝင်ဖြစ်တယ်လို့ သိရပါတယ်။(၃၁ မေ ၁၆၇၉၊ ၂ ဇွန် ၁၉၇၉၊ ၂၈ နိုဝင်ဘာ ၁၇၈၃၊ ၂၈ နိုဝင်ဘာ ၁၇၈၄၊ ၂၉ ဒီဇင်ဘာ ၁၇၈၄၊ ၂၅ နိုဝင်ဘာ ၁၇၈၆၊ ၁၁ ဇူလိုင် ၁၇၈၇၊ ၁၇ ဒီဇင်ဘာ ၁၇၈၇၊ ၂၆ မေ ၁၇၉၅၊ ၇ ဇန် ၁၈ဝ၁)။ ။

          တောင်ဘက်တိုက် နေရာကတော့ ချင်းတွင်း အနောက်ဘက် ကနီက ပုခန်းကြီးထိဖြစ်တယ်။ (၃၁ မေ ၁၆၇၉၊ ၂ ဇွန် ၁၆၇၉၊ ၁၆ ဒီဇင်ဘာ ၁၇၈၃၊ ၁၅ မေ ၁၇၈၄၊ ၂ အောက်တိုဘာ ၁၇၈၅၊ ၂၉ စက်တင်ဘာ ၁၇၈၇၊ ၉ အောက်တိုဘာ ၁၇၈၇၊ ၁၅ အောက်တိုဘာ ၁၇၈၇၊ ၂၉ နိုဝင်ဘာ ၁၇၈၇၊ ၁ ဧပြီ ၁၇၈၈၊ ၂ ဧပြီ ၁၇၈၈၊ ၁၀ ဇူလိုင် ၁၇၉၅၊ ၇ ဇွန် ၁၈ဝ၁၊ ၂၂ ဇွန် ၁၈၀၆)။

          မြောက်ဘက်တိုက်နေရာကတော့ မုဆိုးဖို မြောက်ဘက်မှာရှိတယ်။ (၁ မတ် ၁၅၆၉၊ ၃၁ မေ ၁၆၇၉၊ ၂ ဇွန် ၁၆၇၉၊ ၁၆ သြဂုတ် ၁၇၈၃၊ ၁၉