Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဒေါက်တာသန်းထွန်း - လူတွေအကျိုးကိုရှေးရှုပြီးရေးတဲ့မြန်မာသမိုင်း၂၀၀၃စာစု

ဒေါက်တာသန်းထွန်း - လူတွေအကျိုးကိုရှေးရှုပြီးရေးတဲ့မြန်မာသမိုင်း၂၀၀၃စာစု

Regular price 5,500 MMK
Regular price Sale price 5,500 MMK
Sale Sold out
Type

ညောင်ရမ်းနောက်ဆုံးမင်း နှစ်ဆက်

          တနင်္ဂနွေမင်း သီရိပဝရ မဟာဓမ္မရာဇာဓိပတိ (၁၇၁၄-၁၇၃၃)နဲ့ စဉ့်ကူးမင်း မဟာဓမ္မရာဇာဓိပတိ (၁၇၃၃-၁၇၅၂)တို့ လက်ထက်တွေမှာ မဏိပူရအရေး၊ ဟံသာဝတီအရေးနဲ့ ကွေ့အရေးဆိုပြီး ဖြေရှင်းမနိုင်တဲ့ အရေးသုံးပါးကို ကြုံတွေ့ကြရပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ မင်းရဲ့ သြဇာ ကျဆင်းပြီး အုပ်ချုပ်ရေးပျက်ပြားတာက အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။

          တနင်္ဂနွေမင်း နန်းရတဲ့အခါ ဘထွေးတော်တွေဖြစ်တဲ့ ပုဂံမင်းနဲ့ တောင်ငူမင်းတို့က ပုန်ကန်ပါတယ်။ သူပုန်ကို နှိမ်နင်းဖို့ တပ်ပေါင်း ၄၀၊ ဆင် ၁ဝဝ၊ မြင်း ၁ဝဝဝ၊ စစ်သည် ၄ဝဝဝဝ လွှတ်တယ်။ ပုဂံမင်း ထွက်ပြေး ပြီး တောင်ငူမင်းက အညံ့ခံတယ်။

         တနင်္ဂနွေမင်းလက်ထက် ထင်ရှားတဲ့အကြောင်းအရာတစ်ခုက ရာဇ ဝင်ကြီးကို စဉ့်ကိုင်သူဌေးသား မောင်ကုလားက ပြုစုတယ်။ မြန်မာစကား ပြေ အရေးအသားကောင်းတယ်လို့ ချီးကျူးကြတယ်။

         ရှင်ဘုရင်ရဲ့ ကောင်းမှုကုသိုလ်တွေက

၁။           ခမည်းတော် စနေမင်း (၁၆၉၈-၁၇၁၄) ပလဲပ အရပ်မှာ တည်ခဲ့တဲ့စေတီကို ရွှေလုံးတော်ပြည့်ကပ်လှူပြီး ရွှေထီးတင်လှူတယ်။ ပြီးတော့လောကမာန်အောင်လို့ ဘွဲ့ အမည်ပေးတယ်။

၂။          ၁၇၁၇ မှာ မှန်စီကျောင်း ဆောက်ပြီး ချင်းတွင်းရွာ၊ ဆရာတော် ဂုဏဝိန္ဒ ရာဇဂုရုကို တင်လှူတယ်။

၃။         ၁၇၁၈ မှာ ဦးနက်ချောင်းနားစေတီနဲ့ကျောင်း၊ စစ်ကိုင်း ရှင်လှ ပဉ္စ မာလိန်ဘုရားနဲ့ စောင်းတန်းသုံးသွယ်၊ လောကဒုဿမာရ်အောင် စေတီ၊ တောင်လေးလုံး သာထွန်းဦးဘုရား၊ ဂန္ဓမာဒနတောင် ဇောတိရသ မာန်အောင်ဘုရားတွေကို တည်တယ်။

၄။          ၁၇၂၀ ပြည့်နှစ်မှာ မိုးထိကျောင်းဆောက်ပြီး ရှင်အနန္တဓဇ ဆရာတော်ကို တင်လှူတယ်။ ရှင်ဖြူရှင်လှရင်ပြင်တော်ပေါ်မှာ မှန်စီ ရွှေချ ဇရပ်ကြီး ဆောက်တယ်။

၅။         ၁၇၂၅ မှာ စစ်ကိုင်းမြစ်ဆိပ် သောတာပန်အရပ်မှာ ကျောက်ဖြူ ဆင်းတုကြီး ထုလုပ်ပြီး လောကမာရ်အောင်လို့ ဘွဲ့တပ်တော်မူတယ်။

၆။          ၁၇၂၆ မှာ အမြင့်မြို့ မံဘုရားကြီးကို ထီးတင်တော်မူတယ်။ လောကသရဖူဘုရားကို တည်တယ်။

၇။          ၁၇၃၁ မှာ စကျင်တောင်က သလင်းကျောက်ဖြူကြီးကို ဆင်းတုတော်လုပ်ပြီး အုတ်ပြဿဒ်နဲ့ ထားတယ်။

၈။          ၁၇၃၂ နန်းတော်သစ်တောင်ဘက်မှာ ဝင်္ကဘာတောင်လေးလုံးစေတီနဲ့ မှန်စီကျောင်း ဆောက်တယ်။ ပြီး

၉။          နယုန်လရောက်တိုင်း စာမေးသဘင်ပြုတော်မူတယ်။ သဒ္ဒါ၊သဂြိုဟ်၊ ယမိုက်၊ ပဌာန်း၊ ဉာ်၊ ဋီကာတိုင်အောင် ပြန်ဆိုနိုင်ရင် ပထမကျော် သမုတ်တယ်။ ဘွဲ့ ရပဉ္စင်းသာမဏေရဲ့ ဆွေမျိုးတွေကိုမြင်းသွေးသောက်စုမှာ ထည့်တယ်။

၁၀။          ပိဋကသုံးပုံကို မင်အက္ခရာရေးစေပြီး ပိဋကတိုက်တော်မှာ ထားပြီးကိုးကွယ်တယ်။ -ကသည်းဘုရင် ဂါရပ်နာဝါစ်က ၁၇၂၃ မှာ သမီးကညာ ဆက်မယ် လို့ သံစေပြီး လျှောက်ထားတယ်။ သမီးကညာကို ကြိုယူဖို့ လူ ၃ဝဝ ခန့် ကို ဖောင်ပန်းလှေတက်တွေနဲ့ ရူးဝကို လွှတ်လိုက်တယ်။  

       ကသည်းဘုရင်က အကြိုလာသူတို့ကို ဖမ်းဆီးသတ်ဖြတ်တယ်။ သောင်းသွပ်မြို့ကိုလည်းသိမ်းယူတယ်။ တနင်္ဂနွေမင်းက ၁၈ နိုဝင်ဘာ၊ ၁၇၂၄ မှာ ပဌနဂိုရ်စား မင်းရဲသီဟကျော်ကို ဗိုလ်မှူးခန့်ထားပြီး ဆင် ၅ဝ၊ မြင်း ၃ဝဝဝ၊ စစ်သည်သူရဲ ၃ဝဝဝဝ ကို စေလွှတ်တယ်။ မင်းရဲသီဟကျော်တို့ ချင်းတွင်းမြစ်ကို ကူးမိပြီ ဆိုတဲ့အခါ ကသည်းတွေက ခံစစ်မလုပ်ဘဲ မြို့ရွာက ထွက်ပြေးတိမ်းရှောင် နေကြတယ်။ လမ်းခရီးကြမ်းလို့ စစ်သည်တော်တွေ ကျောက်ဝက်သက် အဖျားအနာ နှိပ်စက်လို့ မင်းရဲသီဟကျော် တပ်ခေါက်ပြီး ပြန်ခဲ့တယ်။ ဘုရင် က စစ်အပြီးမသတ်နိုင်ဟု အမျက်ထွက်၍ မင်းရဲသီဟကျော် အပြစ်ပေးခံ ရတယ်။

         တနင်္ဂနွေမင်းလက်ထက် ဇင်းမယ်က ပုန်ကန်တယ်။ ၁၇၂၂ ခုနှစ် ဇင်းမယ်မြို့ဝန်ဖြစ်တဲ့ မင်းရဲနော်ရထာ၊ ၎င်းကိုဆက်ခံတဲ့ မြေနဲမြင်းမှူး၊ ၎င်းနောက် နန္ဒပတေ့ စတဲ့လူတွေက “ငွေကြေးစားယူကာ ဇင်းမယ်သူ ဇင်းမယ်သားတို့ကို နှိပ်စက်ညှဉ်းပန်းသဖြင့်” သူတို့ကို သတ်ဖြတ်ပြီး ခန ဒိဗ္ဗကို မင်းမြှောက်ကြတယ်။ ဇင်းမယ်ပုန်ကန်တာကို တနင်္ဂနွေမင်း ကြားတဲ့ အခါ ၃ဝ စက်တင်ဘာ၊ ၁၇၃ဝ မှာ မြို့သစ်စား မင်းရဲရန္တသူကို ဗိုလ်မှူးခန့် ပြီး တပ် ၁၇၊ ဆင် ၅ဝ၊ မြင်း ၁ဝဝဝ၊ စစ်သည် ၁ဝဝဝဝ တို့ကို စေလွှတ် တယ်။ ဇင်းမယ်သားတို့ မြို့ကို အခိုင်အလုံ ပြုလုပ်ခံတဲ့အတွက် မအောင် မြင်။ ၁၇၃၁ တွင် တပ်သစ်တွေ စေလွှတ်ပေမဲ့ မအောင်မြင်။ အဲဒီအချိန် ကစပြီး ကုန်းဘောင်ခေတ်ဦးတိုင်အောင် လွတ်လပ်တဲ့ နိုင်ငံအဖြစ်သို့ ရောက်ရှိခဲ့တယ်။ တနင်္ဂနွေမင်းဟာ ၃ နိုဝင်ဘာ၊ ၁၇၃၃ မှာ နတ်ရွာစံတယ်။ သားတော် မဟာဓမ္မရာဇာဓိပတိ အရိုက်အရာကို ဆက်ခံတယ်။ အရည် အချင်း ညံ့တဲ့ ငယ်ဆရာ ရာဇနန္ဒကို အုပ်ချုပ်ရေးအာဏာ အပ်နှင်းမိသဖြင့် တိုင်းရေးပြည်မှု အစီအမံလျော့ကျ ညံ့ဖျင်းရတယ်။

         မှူးကြီးမတ်ကြီး အနီးအဝေး ပေးတော်မူသည်မှာလည်း အရည် အချင်း အရင်းအမြစ် စိစစ်တော်မူလေ့မရှိ (အုပ်၊ ၂၊ ၁၂ဝ)လို့ မှတ်ချက်ချ တာ ခံရတယ်။

         ပြည်ထဲအရေး၌ ကိုယ်တော်တိုင် စိစိစစ်စစ် မြစ်မြစ်ခြေခြေ ဝေဖန် ခွဲခြမ်းတော်မူလေ့မရှိ။ အပျော်အရွင် သဘင်မှုနှင့်သာ အလျော့အမေ့ နေလေ့ ရှိတော်မူသည် (ကုန်း ၁၊ ၂၁)။

         ပွဲသဘင်များမှာ

         တန်ခူးလတွင် ရေဖြန်းသဘင်နှင့် နှစ်သစ် ကန်တော့ဇာတ်သဘင်၊ ကဆုန်လတွင် ညောင်ရေသွန်းပွဲ၊ နယုန်လတွင် စာမေးသဘင်၊ ဝါဆိုတွင် ပဉ္စင်းခံရှင်ပြု၊ ဝါခေါင်တွင် စာရေးတံသဘင်၊ တော်သလင်းတွင် လှေပွဲ သဘင်၊ သီတင်းကျွတ်လတွင် ဆီးမီးမြင်းမိုရ်သဘင်နှင့် ဝါကျွတ်ကန်တော့ လက်ဆောင်တော် ဆက်ပွဲ၊ တန်ဆောင်မုန်းလတွင် ကထိန်သင်္ကန်း အလှူတော်၊ ကြာသင်္ကန်း၊ တန်ဆောင်တိုင်နှင့် နက္ခတ်သဘင်၊ နတ်တော်လတွင် ဆင်ပွဲသဘင်၊ မြင်းဖမ်းသဘင်၊ ပြာသိုလတွင် မြင်းခင်းသဘင်၊ တပို့တွဲ လတွင် ယာဂုနှင့် မီးပုံသဘင်၊ တပေါင်းလတွင် ဘုရားပွဲတော်သဘင်များ ကို ပြုလုပ်စေတယ်။ အလှည့်ကျ ပျော်ပါးခါသာ စံနေတော်မူတယ်။ (ရီရိ ၁၉၇၅၊ ၂၂)။

         ပြည်တွင်း၌ ရာသီဥတု ဖောက်ပြားလို့ လယ်ယာကိုင်းကျွန်း အလုပ် အဆောင် ပျက်ကွက်တယ်။ ဆန်ရေစပါး ရှားပါးတယ်။ ၁၇၅၂ မှာ အခြေ အနေ အဆိုးဆုံး ဖြစ်ပါတယ်။

၂၀၀၃၊ ဇန်နဝါရီ၊ ကလျာမဂ္ဂဇင်း။

View full details