စိတ်ကူးချိုချိုစာပေ
ဒေါက်တာသန်းထွန်း - လူကြီးမရှင်းသာတဲ့လူငယ်ပြဿနာ
ဒေါက်တာသန်းထွန်း - လူကြီးမရှင်းသာတဲ့လူငယ်ပြဿနာ
Couldn't load pickup availability
အဝ ပြန်လည်ထူထောင်ရေး ( ၁ )
ဟံသာဝတီဆင်ဖြူရှင် (ဘုရင့်နောင် ၁၅ ဇန်နဝါရီ ၁၅၁၆ -၁၀ အောက်တိုဘာ ၁၅၁၈)တွင် မိဖုရားသုံးပါး၊ သားတော်သုံးပါး၊ ကိုယ်လုပ် တော် သုံးဆယ့်လေးပါး၊ သားတော်သုံးဆယ်ငါးပါး၊ သမီးတော် ငါးဆယ့် ခြောက်ပါး၊ ပေါင်းကိုးဆယ့်တစ် (နှာ ၈၃၊ ပေါင်း ၃၃၅) လည်း ပါတယ်။ ပဒေသရာဇ် (ရှမ်းစော်ဘွား) သမီးခင်ပြည့်စုံနဲ့ လက်ဆက်တဲ့အခါ သားကြီး ညောင်ရမ်းစား ရှင်ဦးပုတ် ၁၊ သားကြီးသေဆုံးလို့ သားငယ်ရှင်သစ္စာကညောင်ရမ်းကိုပဲ ဆက်ခံပြီး ညောင်ရမ်းစားလို့ တွင်သွားတဲ့ မင်းသားတစ်ပါး ရှိတယ်။ အဲဒီမင်းသားကို မောင်သစ္စာခေါ်တယ်။ နောင်အခါ အဝကို မင်းနေ ပြည်တော်ဖြစ်အောင် ပြန်ပြီးတည်ထောင်တဲ့ ညောင်ရမ်းမင်း ဖြစ်လာပါ တယ်။
မင်းသားကို မောင်သစ္စာလို့ ဘာပြုလို့ခေါ်ရတယ်ဆိုတာကို ရှင်းပြ တဲ့ ပုံပြင်တစ်ခုရှိပါတယ်။ ရှင်ဘုရင်တွေဟာ ရောက်ရာနေရာက မိန်းမငယ် တွေကို သိမ်းယူလေ့ရှိတာကို ငါးရာ့ငါးဆယ် ဇာတ်တော်တွေထဲမှာလည်း တွေ့ရတယ်။ (ကဋ္ဌဝါဟနဇာတ် အမှတ် - ၇)။ မြန်မာ့သမိုင်း ရာဇဝင်ထဲ မှာလည်း ကျန်စစ်သားနဲ့ ဟံသာဝတီဆင်ဖြူရှင် (ဘုရင့်နောင်) တို့ကို ဒီလိုသားငယ်နဲ့မိန်းမလိုက်လာပုံကို ခိုင်းနှိုင်းပြီး ပြောလေ့ရှိကြပါတယ်။ နှမကောင်းစားရင် မောင်အိမ်ဦးခန်း၊ မောင်ကောင်းစားရင် နှမ မီးဖိုချောင်ဆိုတဲ့ မြန်မာတွေရဲ့ ပကတိဓလေ့ကိုမေ့ပြီး ကုလား၊ တရုတ်တွေရဲ့ အထီးမွေးမှ တန်ဖိုးထားတယ်ဆိုတဲ့ဓလေ့ လွှမ်းမိုးလာပုံကိုလည်း တွေ့ရတာဖြစ်ပါတယ်။ ဆင်ဖြူရှင်နဲ့ မိန်းမငယ်အကြောင်းကို ရာဇဝင်ကျမ်းဆိုတာမှာ ဒီလို တွေ့ တယ်လို့ ရေးထားတာကို မြန်မာတရားဥပဒေထုံးဖြစ်ပုံ ဓလေ့တစ်ခုနဲ့ ပတ် သက်နေလို့ အောက်မှာ ကူးယူဖော်ပြလိုက်ပါတယ်။
ညောင်ရမ်းမင်းတရားကြီး ခမည်းတော် ဆင်ဖြူရှင်မင်းတရား သည် ရှမ်းပြည်တစ်ခွင်ကို သုတ်သင် ရှင်းလင်းလိုသောကြောင့် ချီတော်မူရာ ညောင်ရမ်းအရပ်တွင် သတို့သမီးတစ်ယောက်ကို မြင်တော်မူ၍ တိမ်းမတ် တော်မူသည်နှင့် အပါးတော်တွင် စေပါးတော် မူရာ အမြတ် အစွန်းရှိသည် ကို သိ၍ သမီးမွေးမြင်မှု သည်လက်စွပ်ကိုရောင်းချ စားသောက် မွေးမြူ လေတော့။ သားမွေးမြူလျှင် သားငယ်ကို ယူ၍လာခဲ့၊ မိန့်မှာတော်မူသည့် အတိုင်း မယ်တော် နေ့လစေ့၍ ဖွားမြင်လျှင် သားငယ် ယောက်ျားဖြစ်၍ ဟံသာဝတီမြို့ကိုသားတော် နှင့် မယ်တော်ရောက်လာ သည်နှင့် အကြောင်း ရှိမဲ့ကို ပြန်လည် လျှောက်တင်ကြား၍ သိတော်မူလျှင် ရှက်စနိုး၍ ကွယ်ဝှက်တော်မူသော်လည်း အထက်ကတိရှိတော်မူရင်း ဖြစ်သည်ကို သိ၍ အမတ် ကြီးဗညားဒလအား စွပ်ခြင်းတရား၌မည်သို့ ဖြစ်သင့်သည်၊ စိစစ်တော် မူလျှင် အရှင်နှင့် ကျွန်ဖြစ်၍ ဆင်းရဲသားကဲ့သို့ ဝှက်ကွယ်ဆိုနိုင်ခဲ့ သည့်အမှု ဖြစ်သည်။ ရေပြိုင်စေ စီရင်ရန်ရှိသည်တွင် ယခုအမှုမှာ ထိုသူငယ်မလည်၌ စာခွေ စွပ်၍ နှာကိုရေမှာ နစ်စေသင့်သည်၊ နန်းထက်တွင်ပင် သည်အစီရင် အတိုင်း ပြီးပြေအောင်စီရင်၍ ခြေထောက်ကို ရွှေအင်တုံနှိုက် ရေနစ်စေရ သည်။ သူငယ်မကိုလည်း ၎င်းရွှေအင်တုံ၌ နာနစ်စေရသည်။ ထိုအခါ ငါးခုကိုက်သကဲ့သို့ ထင်တော်မူ၍ခြေမတော် ကို နှုတ်သိမ်းလျှင် သူငယ်မ အား နှာနစ်စေရာမှ ဖော်စေ၍ တရားအနိုင်ပေးရလေသည်။ မိန်းမငယ်ကို နန်းတင်တော်မူ၍ သားတော်အကြီးကို ရှင်ဦးပုတ် အငယ်ကို သစ္စာမူရင်း အကြောင်းနိမိတ်ကိုစွဲ၍ မောင်သစ္စာဟူသော အမည်ကို မှည့်ခေါ်လေသည်။ မောင်သစ္စာ အရွယ်ရောက်သည့်အခါ ညောင်ရမ်းမြို့စားသနားတော်မူသည်။ထိုမင်းသား ရှင်ဘုရင်ဖြစ်သည့်အခါ ညောင်ရမ်းမင်းတရားဟု ထင်ရှားကျော်စောသည်။ အဝမြို့ကို ထပ်မံတိုးချဲ့ တည်ထောင်ပြီးလျှင် ရတနာပူရမြို့ သမုတ်၍ ထီးနန်းစံသည်။ (ရာဇဝင်ကျမ်းမှ ထုတ်နုတ်ချက်၊ တင်၊ ၄၊ ၁၉၇၆ ပြန်ပုံနှိပ်၊ ၂၇၆-၇)
စောစောက ပြောပြီးတာနဲ့ အခုကောက်နုတ်ချက်ကို ပြန်ဆက်ပြီး ဇာတ်လမ်းဖော်ရရင် ရှင်ဘုရင်ကို သူ့ကလေးအဖေပါလို့ စွပ်စွဲတဲ့သူငယ်မညောင်ရမ်းက ခင်ပြည့်စုံဖြစ်တယ်။ ပထမအိမ်ထောင်နဲ့ သား (ရှင်ဥပုတ်) တစ်ယောက်ရှိပြီး ရှင်ဘုရင်နဲ့ရတဲ့ သားကအငယ်၊မောင်သစ္စာလို့ ဟံသာ ဝတီနန်းတော်ရောက်မှ မှည့်ခေါ်တာဖြစ်မယ်။ အဲဒီမောင်သစ္စာ အပကို ပြန်လည်ထူထောင်ပြီး ရတနာပူရလို့ သမုတ်တက်လို့ ၂၇၊ သြဂုတ် ၁၅၄၇ ကစပြီး နန်းစံပါတယ်။ သတိုးမင်းဖျား (၁၃၆၄-၇) က အဝကို ၁ ဖေဖော်ဝါရီ ၁၃၆၅(မှန်၁၊၁၉၆၃ နှိပ်-၃၉၄)မှာ ဧရာဝတီ၊ဒုဋ္ဌာဝတီ (မြစ်ငယ်) မြစ်ဆုံအရပ် ကို ရွေးပြီး မြို့တည်ခဲ့တယ်။ မြို့နေရာ ကျယ်နိုင်သမျှကျယ်အောင် ငကျည်း အင်း၊ ကျောက်မော်အင်း၊ အင်းဘူးနဲ့ ဥနဲအင်းတွေကို မြေဖို့ပြီး မြို့ကွက်ချ တယ်။ ဒါကိုလုပ်ရတာရဲ့ ပဓာနရည်ရွယ်ချက်ကတော့ လုံခြုံရေး ကာကွယ် ရေးကိစ္စ ဖြစ်ပါတယ်။ မြောက်ဘက်က ရှမ်းတွေက (အများသိတဲ့အတိုင်း) ၁၃၆၄ မှာ တောင်ဘက်ဆင်းလာပြီး မြို့တော်နှစ်မြို့ဖြစ်တဲ့ ပင်းယနဲ့စစ်ကိုင်း ကို ဖျက်ဆီးခဲ့ပါတယ်။ အခု မြို့တော်သစ်ဆောက်ဖို့ ရွေးထားတဲ့နေရာက ပင်းယ စစ်ကိုင်းတည်ရာ အရပ်တွေထက် အများကြီးသာပါတယ်။ မိုးအခါ ရေပတ်လည်ဝိုင်းပြီး ကျွန်းဖြစ်နေလို့ ရန်သူတွေကို အလိုလိုဟန့်တားပြီး ဖြစ်နေပါတယ်။ (မှန် ၁၊ ၁၉၆၃နှိပ်၊ ၃၉၆)။ ဒီနေရာကို “အခွဆုံ”လို့လည်း ခေါ်ပါတယ်။ (မှန် ၁၊ ၁၉၆၃ နှိပ်၊ ၃၆၄)။ အရင်က “တမ္ပဒီပါလို့လည်း ခေါ်တယ် ၂၀၊ အောက်တိုဘာ ၁၃၀၉မှာ နန်းတက်တဲ့ (သန်းထွန်း ၁၉၅၉၊ ၁၂၂) တစီးရှင် သီဟသူ (၁၃၀၉-၂၅) လက်ထက်ရောက်တဲ့အခါကစပြီး အင်းဝလို့ခေါ်တယ်။ (မှန်၁၊ ၁၉၆၃နှိပ်၊ ၃၉၈)။ ၁၅၉၈ ရောက်တဲ့အခါညောင်ရမ်းမင်း (၁၅၉၈- ၁၆၀၆)က ရွှေဝလို့ခေါ်ရတယ် (မိန့်ချုပ် ၃ဝ ဩဂုတ် ၁၅၉၈)။ ၁၃၆၅ နန်းတော်တည်တဲ့အခါကပဲ မြို့ကို ရတနာပူရ ရွှေဝလို့ သမုတ်ခဲ့ပါတယ်။ (မှန် ၁၊ ၁၉၆၃ နှိပ်၊၃၉၆)။ မြို့တည်စကမြို့တည်မင်းပါ သိပ်ပြီး ဘုန်းလက်ရုံးအာဏာနဲ့ ပြည့်စုံလှတယ်လို့ မဆိုနိုင် ပါ။ ပင်လယ်ဒေသတွေနဲ့ သုံးနှစ်ကြာအောင် တိုက်ခိုက်သိမ်းသွင်းပြီးတဲ့အခါ အဝနိုင်ငံဟာ တစ်ဆယ့်ကိုးမြို့ ဖြစ်လာပါတယ်။ အဲဒီတစ်ဆယ့်ကိုးမြို့ ရွာ နယ်ပယ်တွေက စကု၊ စစ်ကိုင်း၊ ညောင်ရမ်း၊ တကောင်း၊ တပယင်း၊ တလုပ်၊တောင်ငူ၊ တောင်တွင်းကြီး၊ တောင်ပြုံးကြီး၊ ပခန်းကြီး၊ ပုဂံ၊ ပေါက်မြိုင်၊ ပြည်၊ မက္ခရာ၊ မြေဒူး၊ ရမည်းသင်း၊ ရေလွှဲငါးခရိုင် (ရမည်းသင်း၊ ပက်ပိုင်၊ မြကောင်း၊ တောင်ညိုနဲ့ တမြင်ဆန်း)နဲ့ ဝတီးဝရင်းတုတ်ဖြစ်ပါတယ်။
နောက်ဆက်ခံကြတဲ့ တတိယတျာဖျာ (ခင်းကြီးစွာ စော်ကဲ ၁၃၆၇၁၄၀၀)က ၃ စက်တင်ဘာ ၁၃၇၅ (သန်းထွန်း ၁၉၅၉ခ၊၁၂၈)မှာ နန်းတင် ပါတယ်။ မှတ်တမ်းတစ်ခု (စာရင်း ၆၈၂)အရရှမ်းတို့ဖျက်ဆီးလို့လုံးဝပျက်စီးနေတဲ့ မြန်မာဒေသမှာ (ရွှေကျောင်း ကြီး ဆောက်လုပ်ပြီးစီးလို့) ၇ဖေဖော်ဝါရီ ၁၃၇၅မှာ ကျောင်း တင်ရေစက်ချ ပွဲလုပ်ပါတယ်။ (ရွှေကျောင်းတော်ကြီး ဒါယကာ) သိရီတိရီ ဖဝနာ ဒီတာ ပရေပဏ္ဍိတ ဓမ္မရာဇာရဲ့ လက်ရုံးရည် နှလုံးရည်ကြောင့် သာသနာပွင့်လင်း ပြန်တယ်၊ ရဟန်း ပုဏ္ဏားနဲ့ ရပ်သူ ရွာသား ယောက်ျား မိန်းမတွေလည်း ဒါနသီလတို့ကို ဆောက်တည်ကျင့်သုံးနိုင်လို့ မြန်မာ မင်းနေပြည်ဖြစ်တဲ့ အဝလဲ ကြီးပွားစည်ပင်လာလို့ တာဝတိသာတမျှ သာယာလျက်ရှိပါပြီ။
၁၄ ရာစု အကုန်ပိုင်းကို ရောက်တဲ့အခါ အဝဘုရင်ဟာ ပြန်လည် သာယာဖို့ ပြည်သူတွေကို စိုက်ပျိုးရေးမှာ အထူးအလေးထားပြီး ဆောင်ရွက် စေပါတယ်။ တောကျောင်းဘုန်းကြီး၊ တောမြတ်ကြီးတွေက စစ်ပြီးနှစ်တွေ မှာ ဖွံ့ဖြိုးရေးလုပ်ငန်းကို ဦးဆောင်ပေးကြပါတယ်။ မြေရိုင်းနဲ့တောတွေကို စိုက်ပျိုးနိုင်အောင် လယ်ယာတည်တဲ့အလုပ်မှာ “တေနေသံဃာ”တွေက ခေါင်းဆောင်တယ်။ ဒါ့ကြောင့်လည်း နေရာဒေသအများမှာ ထွက်ကုန် သီးနှံနဲ့ အများကြီးဝေဆာလာတာကို တွေ့ရတယ်။ (သန်းထွန်း ၁၉၅၉က)။
၁၄ ရာစုနှစ် ကုန်ဆုံးတဲ့အခါ အဝနိုင်ငံကို (ရန်အောင်မြင် ကျောက် စာမျက်နှာဘက် စာကြောင်း ၇-၉၊ သက္ကရာဇ် ၇၆၂၊ ခရစ်နှစ်၁၄၀၀) မှာ အောက်ပါအတိုင်း ဖော်ပြရေးသားထားတာကို တွေ့နိုင်ပါတယ်။ (တင်လှ သော် ၁၉၅၉)
ဘုရင်အနော်ရထာ မင်းခေါင် ၁၄၀၀-၂၂ ဟာ ၂၅ နိုဝင်ဘာ ၁၄ဝဝ က သူပိုင်တဲ့ မြန်မာပြည်ဟာ တနု၊ ပေါင်းလောင်အမြီးရောက်တို့ နေရာ ကို လွန်ပြီး ခံတီ၊ မုန်နဲ့ ကျိုင်ခြား (လွန်ပြီး) ဝတ်စားမရှိ၊ လူကိုသတ်ပြီး ယဇ်ပူဇော်တဲ့ နဂါ(လွန်ပြီး) တိမ္မသာလ (အထက်အာသမ်ရှိ ဒိမသကဆရိ ယ) အထိ၊ဒါ့အပြင် တစ်ကုန် တလကစပြီး (ဘယ်)အထိရောက်ပါတယ်။ ( အဝပိုင်နက်ကို ဖော်ပြပုံက ဒီကောက်နုတ်ချက်မှာ သိပ်မရှင်းပါ။ ခရစ် ၁၄၀၀ က စာရင်းကိုကြည့်ပါ။ (မှန်၁၊ ၁၉၆၃၊ ၄၅၂)
ကန်းနီ၊ ကျောက်ပန်းတောင်း၊ ခွင်းထောင်း၊ စကု၊ စကိုင်း၊ စလေ၊ စံလင်း၊စဉ့်ကူး၊စည်ပုတ္တရာ၊စည်သာ၊ငစဉ့်ကူး၊ရေနံ၊ညောင်ရမ်း၊ တကောင်း၊ တပယင်း၊ တလုပ်၊ တောင်ငူ၊ တောင်တွင်း၊ ထီးလင်း၊နတ်မောက်၊ ပဒုံ၊ ပထနဂိုရ်၊ ပုခန်းကြီး၊ ပုခန်းငယ်၊ ပုဂံ၊ ပင်လယ်၊ ပင်းတလဲ၊ ပြည်၊ ပြင်စည်၊ ဗန့်ကျီဆယ်တိုက်၊ မက္ခရာ၊ မင်းတပ်၊ မင်းတုန်း၊ မြအောင်၊ မြေထဲ၊ မြေဒူး၊ မြင်စိုင်း၊ ယော၊ ယင်းတော်၊ ရမည်းသင်း၊ ရေနံချောင်း၊ ရွာသာ၊ လယ်ကိုင်း၊ လောင်ရှေ၊ လှိုင်းတက်၊ ဝတီး၊ သရက်၊ သာဂရ၊ သာယာဝတီ၊ အမြင့်။
အဝနဲ့ ဟံသာဝတီစစ်က ၁၃၈၆ က စတယ်။ ၁၄၂၂ ထိ တိုက်ကြ တယ်။ ကြားမှာ ၁၄၀၅ က ခေတ္တရပ်နားပြီး ရန်သူဘုရင်နှစ်ပါးဟာ ပြည် ဆံတော်ရှင် ဘုရားမှာတွေ့ကြပြီး နှစ်နိုင်ငံနယ်နမိတ်က ဒီလိုသတ်မှတ်ပါ တယ်။
အထက်အညာ မြန်မာဒေသနဲ့ အောက်ပိုင်း (မွန်)အရပ်ကို ပိုင်းခြားဖို့ နယ်နမိတ်တိုင်ကို (အရှေ့အနောက်တန်းလျက်) အရှေ့ဆပကာ၊ အနောက် တပင်တရောင်းမှာ စိုက်ထူရမယ် (တင်လှသော် ၁၉၅၉၊ ၁၄၆)
ဒီနှစ်နေရာစလုံးဟာ (တပင်တရောင်းက) အနောက်ပြည်အောက် ကပ်ရက်၊ ဆပကာက အရှေ့တောင်ငူ အောက်ကပ်လျက် တည်ရှိနေကြပါ တယ်။ မြန်မာနဲ့ မွန် တိုက်ခိုက်ကြရာမှာ နှစ်ဖက်စလုံး လယ်ယာမြေတွေ အများကြီး ပျက်စီးထိခိုက်နစ်နာတယ်။ အဲဒါအပြင် တစ်ချိန်တည်းမှာပဲမြောက်ရှမ်းတွေက တောင်ဘက်ကို ဆင်းလာလုယက်တိုက်ခိုက်မယ့် အန္တရာယ်က အမြဲရှိနေပါတယ်။ အဝနန်းကို ၁၂ ဧပြီ ၁၅၀၁ က စပြီးစိုးစံတဲ့ ဘုရင် နရပတိ (ရွှေနန်းကြော့ရှင် ၁၅၀၁-၁၅၂၇)ဟာ အဝ ပထမခေတ်
၁၃၆၅-၁၅၂၈ က အဝရဲ့ တန်ခိုးကြီးအရေးပါတဲ့ မင်းတွေထဲမှာ နောက်ဆုံး မင်း ဖြစ်ပါတယ်။ တိုက်ပွဲမှာ ဒီမင်းက သေနတ်မှန်လို့ ၉ မတ်၊ ၁၅၂၇ မှာ ကျဆုံးသွားပါတယ်။ (မှန့် ၂၊ ၁၉၆၇ နှိပ်၊ ၁၃၆)။ သူ အဝထီးနန်းကို စိုးဆံဆဲမှာပဲ ၁၅၂၄ (မှန် ၂၊ ၁၉၆၇ နှိပ်၊ ၁၃၄) လောက်ကစပြီး တောင်ငူဟာ နိုင်ငံရေး အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာပါတယ်။ တောင်သူရဲ့ ပထမ ရှင်ဘုရင် မဟာသီရိဇေယျသူ ၁၅၃၀မှာ နတ်ရွာစံ (မှန် ၂၊ ၁၉၆၃ နှိပ်၊ ၁၃၉)တော့ သားတော် တပင်ရွှေထီး (၁၉၃၀-၅၁)က တောင်ငူက ဟံသဝတီကို ၁၅၃၈ (မှန်၂၊ ၁၉၆၃နှိပ်၊ ၁၄၁) မှာ ထီးနန်းပြောင်းပြီးတဲ့ အခါ အဲဒီအချိန်ကစတင်ပြီး အဝထက် ဟံသာဝတီက နိုင်ငံရေးမှာ အရေး ပါတဲ့နေရာဖြစ်လာပါတယ်။
မွန်ကျောက်စာတွေ (ချစ်သိမ်း ၁၉၆၅၊ သန်းထွန်း၊ ၁၉၆၉) အရ ဟံသာဝတီက မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ တွင်ကျယ်ပုံကို အောက်ပါဇယား အင်းဆောက်လုပ်ပြီး ဖော်ပြလိုက်ပါတယ်။
၁၁ ဇန်နဝါရီ ၁၅၅၁ ဟံသာဝတီဆင်ဖြူရှင်(သီရိပဝရမဟာဓမ္မရာဇဓိရာ
ဇ တောင်ငူသိမ်း
၃၀ သြဂုတ် ၁၅၅၁ ဆင်ဖြူရှင် ပြေသိမ်း
၁၂ မတ်လ ၁၅၅၂ ဆင်ဖြူရှင် ဟံသာဝတီသိမ်း
၁၂ ဇန်နဝါရီ ၁၅၅၄ ဆင်ဖြူရှင် ဘိသိက်ခံ
၂၂ ဇန်နဝါရီ ၁၅၅၄ ဆင်ဖြူရှင် ဟံသာဝတီကထွက်
(မြောက်ဘက်တစ်ခွင်သျှမ်းကိုသိမ်းရန်)
၈ ဇန်နဝါရီ ၁၅၅၇ ဆင်ဖြူရှင် အဝကိုမြောက်ကြောင်းချီ
၁၀ ဇန်နဝါရီ ၁၅၅၇ ဆင်ဖြူရှင် မိုးမိတ်၊သီပေါ၊ပတ္တာမြားမြေသိမ်း
၂၀ ဖေဖော်ဝါရီ ၁၅၅၇ ဆင်ဖြူရှင် ထီးချိုင့်ရောက်
၆ မတ် ၁၅၅၇ ဆင်ဖြူရှင် မိုးညှင်းသိမ်း
၂၆ မတ် ၁၅၅၇ ဆင်ဖြူရှင် မိုးကောင်းသိမ်း
၂ ဧပြီ ၁၅၇၇ ဆင်ဖြူရှင်က စော်ဘွားသေရင် လူကိုသတ်ပြီး
ယဇ်ပူဇော်ပွဲ ဆက်မလုပ်ရလို့ အမိန့်တော်ပြန်
၉ ဧပြီ ၁၅၇၇ ဆင်ဖြူရှင် မိုးကောင်းက ဟံသာဝတီပြန်
ဟံသဝတီဆင်ဖြူရှင် ၁၇၊ နိုဝင်ဘာ ၁၅၈၁မှာ နတ်ရွာစံတဲ့အခါ သားတော်ငါးဆူ ဒါယကာ (၁၅၈၁- ၁၆ဝဝ) က ထီးမွေဆက်ခံပါတယ်။ သူ့လက်ထက်မှာ စစ်ပွဲရပ်စဲတယ်မရှိ။ ဆက်ခါဆက်ခါ တိုက်ခိုက်နေရပါ တယ်။ ခမည်းတော်ရဲ့ နိုင်ငံတော်ဟာ ကျယ်ပြန့်လှလို့ နိုင်အောင် မအုပ်စီး နိုင်ပါ။ သူ့လက်အောက်က လွတ်ထွက်သွားကြတာကို သူကပြန်သိမ်းသွင်း ဖို့ အမြဲကြိုးစားနေပေမဲ့ နောက်ဆုံး မထိန်းနိုင်တော့တာကို တွေ့ပါတယ်။ သူ့လက်အောက်မှာ ၂၉ နယ်ပဲ ကျန်ပါတော့တယ်။ (စာရင်း ၁၀၄၈က)
ကလေး၊ ကသည်း၊ ကံပေါက်၊ ခမ်းတီ၊ ခေမာဝရ၊ ခွေလုံ၊ စန္ဒာ၊ စိန့်၊ ဇင်ရုံ၊ ညောင်ရွှေ၊ တမလိတ္တိ၊ တမ္ပဒီပ၊ ပတ်ကျိုဝ်၊ ဗန်းမော်၊ မဟာနဝရ၊ မိုင်ခွန်၊ မိုင်စင်၊ မိုင်တီ၊ မိုင်ပေည်၊ မိုးကောင်း၊ မိုးညှင်း၊ မိုးနာ၊ မိုးနယ်၊ မိုးမတ်၊ မိုးဝန်၊သီပေါ၊ သုနာပရန္တ၊ သေဉ်ဝီ၊ အယုဒယတို့ ဖြစ်ပါတယ်။
ဒီစာရင်းက ဟံသာဝတီ မပျောက်မီက လုပ်တယ်လို့ သိရပါတယ်။ စာရင်းလုပ်ပြီး မကြာမီ အဝ ပျက်တယ်။ အဝကို ပြန်ပြီး ထူထောင်မယ့် ပုဂ္ဂိုလ်ကတော့ ညောင်ရမ်းမင်း ဖြစ်ပါတယ်။ သူအပိုင်စားရတဲ့ ညောင်ရမ်း ကိုပဲ ပထမရန်သူအပေါင်းရဲ့ အတိုက်အခိုက်ကို ခံနိုင်အောင် ၁၅၉၆ က စပြီး ပြင်ဆင်ရပါတယ်။
Share








