Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဒေါက်တာသန်းထွန်း - မြန်မာ့အိုးသမိုင်း

Regular price 1,500 MMK
Regular price Sale price 1,500 MMK
Sale Sold out

မြန်မာ့အိုးသမိုင်း (၁)

          (ဦးဝန် သဘာပတိမူတဲ့ ၁၀ စက်တင်ဘာ ၁၉၇၂ ကန်သာစိမ်းလဲ့ နှစ်လည်ပွဲမှာ ဒီစာတမ်းကို ဖတ်တယ်)။ | အိုးကို မီးမဖုတ်ရင် ရေထည့်လို့ မရဘူး။ ရေထည့်လို့ရအောင် တီထွင်ဖန် တီးတဲ့ပုဂ္ဂိုလ်ကတော့ လူသားပဲ။ အဲဒါကြောင့် အိုးကို လူတွေ ဘယ်တုန်းကစပြီး ဖန်တီးခဲ့ကြတယ်ဆိုတာကို အရှေ့တောင်အာရှအခြေခံနဲ့ မြန်မာနိုင်ငံအခြေအနေကို တတ်နိုင်သလောက် ဖော်ထုတ်လေ့လာဖို့ လိုပါတယ်။

          အနောက်အာရှနဲ့ အနီးအနားနိုင်ငံတွေမှာ ရှေးဟောင်းသုတေသနတူးဖော် ရေးက ဖော်ထုတ်ပေးတဲ့အတွက် သူတို့ဒေသတွေမှာ အိုးကို ဘယ်တုန်းက စသုံး တယ်ဆိုတာ သိပြီးပါပြီ။ ကျောက်သစ်ဓလေ့စပြီးမှ အိုးပေါ်တယ်လို့ အရင်က ထင်ကြတယ်။ အခုတော့ စိုက်ပျိုးရေးမပေါ်ခင်ကဘဲ အိုးသုံးတဲ့နေရာလည်း ရှိတယ်။ ဂျာရီကိုမှာတော့ အစားအစာကို ထုတ်လုပ်နိုင်တဲ့ ခေတ်ဦးပိုင်းမှာ အိုးမရှိသေးဘူး။ အဲသည့်နေရာတွေမှာ အိုးကို အစောဆုံးသုံးတဲ့အချိန်ဟာ အရင်နှစ် ၈၈ဝဝ လောက် က ဖြစ်တယ်။ အိုးထိန်းစက်ကတော့ အရင်နှစ် ၅၂၅ဝ ထက် မစောဘူး။ စဉ့်သုတ် အိုးတွေကတော့ အရင်နှစ် ၂၉ဝဝ လောက်ကမှ ပေါ်တယ်။ အဲဒီရက်စွဲတွေက အနောက်အာရှအတွက် ဖြစ်တယ်။ အရှေ့တောင်အာရှမှာ အခုတစ်လော တူးဖော် ရှာဖွေကြတော့ အဖြစ်အပျက်ပုံစံတစ်မျိုးကို တွေ့ရပါတယ်။

          အစားအစာကို လိုက်ရှာရတဲ့အဆင့်က အစားအစာကို ထုတ်လုပ်နိုင်တဲ့အဆင့်ထိအောင် တိုးတက်လာပုံမှာ အနောက်အာရှပုံစံနဲ့ အရှေ့တောင်အာရှပုံစံ ဟာ တစ်ထပ်တည်းမကျဘူး။ ဒါကြောင့် အနောက်အာရှ လူမှုတိုးတက်ရေးနဲ့ ဆိုင်တဲ့ ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ်ဆိုတဲ့ ဝေါဟာရတွေကိုလည်း မသုံးသင့်ဘူးလို့ အရှေ့တောင်အာရှဒေသတစ်ခုတည်း ကွက်ပြီး လေ့လာတဲ့ ပညာရှင်အချို့က ယူဆတယ်။ အဲဒီလူတွေက အရှေ့တောင် အာရှအတွက် လူမှုတိုးတက်ရေးမှာ ခေတ်ပိုင်းပုံတစ်မျိုးကို နာမည်သစ်တွေပါ တစ်ခါတည်း ထည့်ပြီး တင်ပြတယ်။ ရှေးရှေးကစပြီး အရင်နှစ် ၄၂ဝဝဝ ထိ ကာလ ကို ကျောက်ကာလ (Lithic) ကျောက်ကာလလို့ ခေါ်မယ်။ အဲဒီအချိန်တုန်းက ကျောက်လက်နက် ရိုးရိုးလွယ်လွယ်ကလေးတွေကိုပဲ လုပ်ပြီး သုံးစွဲကြတယ်။

          နောက်တစ်ခါ အရင်နှစ် ၄၂၀၀၀ က ၂၂ဝဝဝ ထိကို သစ်သားကာလ (Lignic) လို့ ခေါ်မယ်။ အဲဒီအချိန်အတွင်းမှာ လူတွေဟာ သစ်သားနဲ့ လုပ်တဲ့ လက်နက်ကိုပဲ သုံးကြတယ်။ သစ်သားဆိုတာမှာ ဝါးကိုလုပ်တဲ့ လက်နက်လည်း အများကြီးပါမယ်။

          အဲဒီနောက် အရင်နှစ် ၂၂ဝဝဝ က ၁ဝဝဝဝ ထိကို ဒေသခွဲကာလ (Crystallitic) လို့ ခေါ်မယ်။ ဘာပြုလို့လဲဆိုတော့ အရှေ့တောင်အာရှမှာရှိတဲ့ လူတွေဟာ အုပ်စုတစ်ခုနဲ့တစ်ခု အဆက်အသွယ်ပြတ်စဲပြီး ကိုယ့်နေရာနဲ့ ကိုယ် ဓလေ့ထုံးစံ အမျိုးမျိုးအဖုံဖုံ ပေါ်လာလို့ပဲ ဖြစ်တယ်။ ဒီကာလအတွင်းမှာ အရင်နှစ် ၂၂၀၀၀ က စလို့ပဲ သူ့နေရာနဲ့သူ ဖြစ်ထွန်းမယ့် သီးပင်ပွင့်ပင်တွေကို ရွေးချယ်ပြီး စိုက်ကြ တယ်။ မွေးမြူလို့ လွယ်ကူမယ့် သတ္တဝါကိုလည်း ယဉ်အောင် မွေးလာကြတယ်။ သစ်သားလက်နက်အပြင် အသင့်အတင့်ချောအောင် သွေးထားတဲ့ ကျောက်လက် နက်တွေကိုလည်း သုံးကြတယ်။ အရင်နှစ် ၁၅ဝဝဝ ရောက်တဲ့အခါကျ အိုးလုပ်ပြီး သုံးစွဲလာကြတယ်။ အရင်နှစ် ၁၂ဝဝဝ ရောက်တဲ့အခါကျတော့ စိုက်ပျိုးမွေးမြူရေး ကို နေရာတကာမှာ လုပ်တတ်ပြီလို့ ဆိုနိုင်ပါတယ်။

          ဒေသခွဲကာလလွန်ပြန်တော့ ချဲ့ထွင်ရေးကာလ (Extensionistic) ရယ်လို့ ပေါ်ပြန်တယ်။ အရင်နှစ် ၁ဝဝဝဝ က ၂၀ဝဝ အထိပါပဲ။ အဲဒီအချိန်ရောက်မှပဲ လူတွေဟ ဂူအောင်းရာက အပြင်ကို ထွက်လာနိုင်ကြတယ်။ စောစောက ပြင်းထန် တဲ့ ရာသီဥတုတွေဟာ တဖြည်းဖြည်း သင့်တင့်ညီညွတ်ပြီး အခုခေတ် ရာသီဥတု မျိုးလည်း ဖြစ်လာပြီ။ ဒါကြောင့်မို့ ဂူအောင်းစရာ မလိုတော့ဘူး။

          အိုးလုပ်တဲ့ပညာကို အရင်နှစ် ၁၅ဝဝဝ က တတ်တယ်ဆိုပေမဲ့ ပန်းရိုက်တဲ့ အိုးချောချောကတော့ အရင်နှစ် ၉ဝဝဝ လောက်ကမှ စပေါ်တယ်။ ဒီလို အဆင့် တစ်ဆင့်က နောက်တစ်ဆင့်ကိုတက်ဖို့ အချိန်ကာလ သိပ်ကြာတဲ့အကြောင်းကတော့ မြန်မာနိုင်ငံလို နေရာမျိုးဟာ အိုးမရှိဘဲ နေလို့ ဖြစ်တဲ့ အတွက်ကြောင့်ပါပဲ။ မြန်မာ့သစ်တောတွေမှာ ဝါးပိုးဝါးကြီးတွေ ပေါတယ်။ ဘူးခါးလည်း လွယ်လွယ်ကူ ကူရတယ်။ ဝါးကျည်တောက်နဲ့ ဘူးတောင်းကို ရေသယ်ရာမှာရော ရေလှောင်ရာမှာ ရော သုံးလို့ဖြစ်တယ်။ အဲဒါကြောင့် အရင်အနှစ် ၈၀၀၀ လောက်က စပါးစိုက်ပျိုး ရေးတတ်လာတဲ့ အချိန်အထိတောင် ထမင်းချက်ချင်ရင် ဝါးကျည်တောက်နဲ့ပဲ ချက် မယ်လို့ တွေးနိုင်တယ်။ အခုထိအောင် ကောက်ညှင်းကိုချက်ရင် ဝါးကျည်တောက် ကိုပဲ သုံးနေကြသေးတယ်။ ကြေးအိုးကို အရင် အနှစ် ၇၆ဝဝ လောက်က စသုံးခဲ့ ပါတယ်။ ဒါပေမဲ့ ဒီသတ္တုက ဖောဖောသီသီမရနိုင်လို့ ကြေးအိုးကို နေရာတကာမှာ များများ မသုံးနိုင်ဘူး။ မြေအိုးကိုပဲ ဒန်အိုးပေါ်တဲ့အထိ ဆက်သုံးကြတယ်။

          အရှေ့တောင်အာရှတစ်ခုလုံးမှာပဲ အခုပြောတဲ့ ချဲ့ထွင်ရေးကာလမှာ အင်မတန်စည်ကားတဲ့ မြို့ကြီးရယ်လို့လည်း မရှိဘူး။ အင်အား သိပ်ကြီးမားတဲ့ မင်းဧကရာဇ်ရယ်လို့လည်း မပေါ်ဘူး။ အရင်နှစ် ၄ဝဝဝ က ၃ဝဝဝ အထိရောက်တဲ့ ကာလတိုင်အောင် ကြီးမားခိုင်ခံ့တဲ့ ခံတပ်ရယ်လို့လည်း ဘယ်မှာမှ မရှိဘူး။ ဒါကြောင့် အရှေ့တောင်အာရှမှာ အဲဒီအချိန်က ကြီးကျယ်တဲ့ စစ်မက်အရေးအခင်း လည်း မပေါ်ခဲ့ပါဘူး။

          ခရစ်နှစ် စပေါ်တဲ့အချိန်မှာ အားပြိုင်ပွဲကာလ (Conflicting Empires) ပေါ်ပေါက်လာပါတယ်။ နိုင်ငံရေးအရ အိန္ဒိယ၊ တရုတ်နဲ့ ဥရောပနိုင်ငံအချို့ဟာ အရှေ့တောင်အာရှကို ကျူးကျော်လာကြတယ်။ သူတို့ဆီက ဓလေ့ထုံးတမ်းတွေ လည်း ကျူးကျော်လာကြတယ်။ ဒါကြောင့် ဒီကာလကို အားပြိုင်ပွဲကာလလို့ ခေါ်ရတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားကယူလာတဲ့ ပညာတစ်ရပ်အနေနဲ့ အိုးကို စဉ့်သုတ်တဲ့ပညာ မြန်မာနိုင်ငံမှာ ပေါ်လာပါတယ်။ အမှန်ကတော့ မြန်မာနိုင်ငံမှာ ခရစ်နှစ် ၁၁ ရာစုကို ရောက်တဲ့အခါမှ စဉ့်သုတ်တဲ့ပစ္စည်းတွေကို ဖောဖောသီသီသုံး တာကို တွေ့ရပါတယ်။ ဒီနေရာမှာ သတိပေးစကားတစ်ခု ပြောလိုပါတယ်။ အခု ပြောပြီးခဲ့တဲ့ ခေတ်ကာလ ပိုင်းခြားချက်တွေ ပညာရပ်စတင်တဲ့နှစ် ဖော်ပြချက်တွေ ဟာ ယာယီဆုံးဖြတ်ချက်တွေပဲ ရှိသေးတယ်။

          အိုးကို ဘာကြောင့်သုံးသလဲလို့ စဉ်းစားလိုက်ရင် အိုးကို ဘယ်တုန်းက စသုံးတယ်ဆိုတာကို မှန်းလို့ ရနိုင်ပါတယ်။ ပထမဦးဆုံး ကုန်ပစ္စည်းထုတ်လုပ်တဲ့ လက်နက်ကိရိယာတွေကောင်းလို့ ကုန်အထွက်ပိုလာတဲ့အခါကျတော့ သိုလှောင် ထားဖို့ ပစ္စည်းရှိလာမယ်။ လူကိုလူချင်း ခေါင်းပုံဖြတ်တဲ့စနစ်ကြောင့် ပစ္စည်းတွေအလျှံပယ်ပေါတဲ့လူ ရှိလာတယ်။ အဲဒီလူက သိုလှောင်ဖို့ အားထုတ်တယ်ဆိုပါတော့။ ဒုတိယစဉ်းစားစရာက လူတွေဟာ ရာသီဥတု သိပ်မဆိုးတော့လို့ တောင်ပေါ် မှာ ဂူအောင်းရာကနေပြီး မြေပြန့်ကို ဆင်းလာကြပြီလေ။ တောင်ပေါ်နေတုန်းကတော့ ရေသယ်တဲ့အခါ ဝါးကျည်တောက်ဟာ အကောင်းဆုံးဖြစ်ပေမဲ့ မြစ်ရိုးမှာ ရွာတည်ပြီးနေတော့ ကွဲလွယ်တယ်ဆိုပေမဲ့လည်း မြေအိုးသုံးချင်လာမယ်။ တတိယ ပြောစရာက အဲဒီအစောပိုင်းကပဲ အတော် လှပပြေပြစ်တဲ့ အိုးတွေတွေ့ရလို့ အိုး ထိန်းသည်ဆိုတဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်ရှိပြီလို့ ဆိုနိုင်တယ်။ အိုးကို ပဲ သီးသန့်လုပ်ကိုင်တဲ့သူ ရှိလို့သာ ဒီလို လက်ရာကောင်းကောင်းဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ နောက်ဆုံး တင်ပြချင်တာကတော့ ဒီအိုးထိန်းသည်ဟာ ရွှံ့စေးကောင်းကောင်းရတဲ့ မြစ်ဝှမ်းဒေသမှာပဲ နေမယ်။ မြစ်ရိုးမှာ ရွာတွေတည်တယ်။ အဲဒါက အရင် အနှစ် ၉ဝဝဝ က ဖြစ်မယ်လို့ မှန်းဆပါတယ်။

          အိုးကို နေလှန်းရုံသက်သက်နဲ့ ရေထည့်လို့ မရဘူး။ စင်တီဂရိတ် ၅ဝဝ ဒီဂရီအထိ မီးအပူနဲ့ ဖုတ်တဲ့အခါ ရေထည့်လို့ရပြီ။ ဒါပေမဲ့ စင်တီဂရိတ် ၁၁၅ဝ ဒီဂရီအထိ အပူပေးလည်း နည်းနည်းတော့ ရေစိမ့်ဦးမှာပါပဲ။ စဉ့်သုတ်လိုက်မှပဲ ရေ ကောင်းကောင်း လုံပေမယ်။ အနောက်အာရှမှာတော့ စဉ့်သုတ်ပညာကို အရင် အနှစ် ၂၉ဝဝ ကပဲ တတ်တယ်။

          လူတွေအကြိုက် ပြောရရင်တော့ သောက်ရေအိုးကို စဉ့်မသုတ်ပါဘူး။ သောက်ရေအိုးဟာ အပြင်မှာစိုပြီး ရေစက်ကလေးတွေ အောက်ကို တပေါက်ပေါက် ကျနေရင် သိပ်ကျေနပ်တယ်။ ရေပိုအေးတယ် ထင်မိတယ်။ သောက်ရေကိုလည်း တစ်နေ့တစ်ခါဖြည့်ပြီး သုံးလေ့ရှိလို့ စိမ့်ယိုပြီး ကုန်ဆုံးတာကို မမှုဘူး။ ဆီလှောင် မယ်၊ အသီးအရွက်ကို ဆားစိမ်မယ်ဆိုရင် ဒီလို ယိုစိမ့်တာကို ဘယ်လိုမှ သည်းမခံ နိုင်ဘူး။ စဉ့်အိုးကိုပဲ သုံးရတော့မယ်။ ဒါကြောင့် မြန်မာ့မြေမှာ စဉ့်သုတ်ပညာ ဘယ်အချိန်ကစပြီး တတ်ကျွမ်းတယ်ဆိုတာ သိဖို့ အရေးကြီးတယ်။ အင်မတန် နောက်ကျခါမှ ဒီပညာကို တတ်ပါတယ်။ စောစောကပြောသလို ခရစ်နှစ် ၁၁ ရာစု ရောက်မှ စဉ့်လုပ်ငန်း ပေါ်တယ်။ ပြီးရှေးဟောင်းသုတေသနဌာနက တူးဖော်ပေးလို့ရတဲ့ အရင်အနှစ် ၂ဝဝဝ ကျော် က အိုးကို စပြီး လေ့လာရပေမယ်။ ချောအောင်သွေးထားတဲ့ ကျောက်လက်နက် တွေနဲ့ တွဲပြီးတွေ့လို့ ဒီလို နှစ်ကာလ ပိုင်းခြား ခန့်မှန်းနိုင်တာ ဖြစ်ပါတယ်။

          တူးဖော်တဲ့နေရာက အမရပူရ တောင်သမန်အင်းစောင်း၊ အာခြင်းရှစ်ပါး ကျောင်းနဲ့ မဟာဂန္ဓာရုံ ကျောင်းတိုက်တစ်ဝိုက်မှာ ဖြစ်တယ်။ ဖေဖော်ဝါရီ ၁၉၇၁ အိုးပုံစံလည်းလှတယ်။ ဒီဇိုင်းလည်း အဆင့်မြင့်တယ်။ ဒီတော့ တောင်သမန် ကလူတွေရဲ့ ဓလေ့ဟာလည်း မြင့်တယ်လို့ မှန်းဆနိုင်ပါတယ်။ ဘယ်အချိန် ဘယ် ကာလက ဒီလူတွေ ထွန်းကားခဲ့သလဲလို့ အတိအကျ ပြောနိုင်ဖို့ကတော့ ကာဗွန် (၁၄) ရဲ့ ရက်စွဲအဖြေကို စောင့်ဖို့ပဲရှိတယ်။ ဒါပေမဲ့ သဲလွန်စရနိုင်စရာကတော့ သင်္ချိုင်းမှာတွေ့တဲ့ ဒီအိုးတချို့ထဲမှာ သံဓားသွားလိုဟာမျိုးလည်း ပါနေပြီလို့ သိရ တယ်။ ပိဿနိုးဟာ သင်္ချိုင်းအိုးမှာလည်း ဒီလိုပဲသံတိုသံစတွေ့တယ်။ ပိဿနိုးကို ခရစ်နှစ် ၁ မှ ၅ ရာစုလို့ ယူဆလျှင် တောင်သမန်က ဒါထက် နည်းနည်းစောမယ်။ ၁ ရာစု ဘီစီ (ခရစ်မတိုင်မီ) လို့ မှန်းရမယ်ထင်ပါတယ်။