စိတ်ကူးချိုချိုစာပေ
ဒေါက်တာသန်းထွန်း - မြန်မာသူရဿတီ၂၀၀၁စာစု
Couldn't load pickup availability
ပြဇ ပါရမိတာထက် အဆင့်မြင့်ပါတယ်။ (Gapte. 106, 107 & 108)။ ဒီလိုအဆင့်ပြောင်းလဲတိုးတက်တာက ဝယာနဗုဒ္ဓသာသနာ အိန္ဒိယမှာ ၇ နှင့် ၈ ရာစုနှစ်တွေ ထွန်းကားချိန်ကမှ စတင်ဖြစ်ပေါ်တာလို့ ယူဆတယ်။ (Gupre, 28)... ဂျပန်မှာ သရသွတီနတ်သမီးကို ဗန်ထန်အရှင်တို့ သိကြ olosuốl (Gupte 109, Grunwedd 105, 148 in)
မြန်မာနိုင်ငံမှာ သရသွတီ ကိုးကွယ်ခြင်း စတင်တာဟာ ရွှေစည်းခုံ မွန်ကျောက်စာမှာ တွေ့တာဖြစ်လို့ ခရစ် ၁၀၄၈ လောက်သာ ဖြစ်မယ် ထင်ပါတယ်။ ဒါပေမဲ့ မြန်မာစာပေထဲမှာ အများကြီး ဖော်ပြရေးသားတာကို (တိုးလှက ရတုရကန် ဧချင်းတွေထဲမှာ တွေ့ရပုံကိုရှာပြီး ပေးဖူးပါတယ်)။ အဲဒီအကိုးတွေဟာ ၁၄၉၄ က ၁၉၄၂ ထိ ကာလအတွင်းက ရေးသားတာတွေ ဖြစ်တယ်။ အဲဒီစာပေထဲမှာ သရသွတီကို ဉာဏ်ပညာ နှုတ်မှုရေးရာနဲ့ဆိုင်တဲ့ နတ်သမီးအဖြစ် သတ်မှတ်ပါတယ်။ ဟိန္ဒူတွေရဲ့ နတ်သမီးက ဗုဒ္ဓဘာသာ ကို စောင့်ရှောက်တဲ့ နတ်သမီးဖြစ်လာပုံကို ဂါထာခြောက်ဆယ်ပျို့ (အပိုဒ် ၇၈)မှာ တွေ့မယ်၊ ရေကန်မှာ ဘုံဗိမာန်ရှိတဲ့ နတ်သမီးလို့ ဝေါဟာရလိနတ္တ (အပိုဒ် ၇၂)မှာ တွေ့မယ်။ ဟိတကာရီ (အပိုဒ်၃) နာနာဆန္ဒ (အပိုဒ် ၁၀၆)နဲ့ အာဒိကပ္ပ (၁၁၆) မှာ ဒီနတ်သမီးဟာ အသားဖြူတယ်။ စီးတော်ယာဉ်မှာ ဟင်္သာ၊ လက်တစ်ဖက်မှာ ကြာပန်းကိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။ လက်ဝဲနော်ရထာ လျှောက်ထုံး (၂၁၄-၁၅)မှာ ကမ္ဘာမြေတည်စကပဲ ဒီနတ်သမီးရှိပါတယ်။ အင်မတန်တန်ခိုးကြီးတယ်၊ နှုတ်ပြောမှာ သိပ်ချီးမွမ်းလောက်အောင် ကောင်းတယ်။ သူမ စောင့်ရှောက်တဲ့လူဟာ အပြောလိမ္မာ တယ်။ အဖိုးတန်တဲ့စကားပဲ ပြောတယ်လို့ ယုံတယ်။ လောကီစာတွေ ရေးသားပြုစုတဲ့ ရာမ၊ သမ္မနဲ့ ဒဏံတို့က ကျမ်းအစမှာ ဒီနတ်သမီးကို ကန်တော့စကားဆိုလေ့ရှိတယ်။ လောကုတ္တရာကျမ်းကို ရေးရင်လည်း ဒီနတ် သမီးရဲ့ အမအစကို ခံယူလိုတယ်လို့ ပြောကြပါသေးတယ်။ ဘာပြုလို့လဲ ဆိုတော့ ဒီနတ်သမီးလက်မှာ ပိဋကတ်သုံးပုံကို ကိုင်ထားတာ တွေ့ရသေးလို့ ဖြစ်ပါတယ်။ သရသွတီက သာသနာကို စောင့်ရှောက်တယ်ဆိုတာ ဘုရား တရားတော်ကို စောင့်ရှောက်တာဖြစ်တယ်လို့ ဆိုလိုတဲ့ သဘောသက်ရောက် ပါတယ်။ တောင်တွင်းဆရာတော် ၃၁ သြဂုတ် ၁၇၆၂ က ရေးသားပြောဆိုတယ်လို့ တွေ့ရဖူးပါတယ်။ (လက်ဝဲနော်ရထာလျှောက်ထုံး ၂၁၄-၁၅)။ အခုခေတ်အခါမှာ ဒီနတ်သမီးဆိုင်ရာ ပူဇော်ပသပုံကို ဗလိနတ်စာပူဇော်နည်း (ရန်ကုန် သုဓမ္မဝတီ၊ ၁၉၅၁၊ ၁၃၊ ၁၇၊ ၂၉၃ဝနဲ့ ၉၇) မှာ တွေ့တယ်။ အောက်ပါကျမ်းနဲ့ စာစောင်တွေမှာလည်း တွေ့မယ်။
စိန်ဖေ ဘုရားကိုးဆူပူဇော်နည်းစာတမ်း၊ ရန်ကုန်။
ရွှေတိဂုံ ဦးပျိုင် စာအုပ်ထုတ်လုပ်ငန်း၊ ၁၉၇၃၊ ၁၁၁-၁၂၊ ၁၂၁၊
၁၂၂၊ ၁၂၃၊ ၁၂၅၊ ၁၂၇ နဲ့ ၂၄၅ ၊
ဂူဟ အေပြသဒ် “ဂေါရမန္တ (ခေါ်) ဂေါရ ဝိန္ဒာ - မြန်မာနတ်”
2BRS x EIIIi, June 1960,51-5
ကျော် (ဒိဗ္ဗစက္ခုဆရာ) အိမ်ဖြူတော် ..
မန္တန်ပေါင်းချုပ်၊ ရန်ကုန်၊ သုဓမ္မဝတီ၊ ၁၉၆၁၊ ၁၃၉၊ ၁၄ဝ၊ ၁၄၂၊ ၁၄၃၊ ၁၄၄၊ ၁၄၇၊ ၁၄၈၊
၁၄၉၊ ၁၅၁၊၁၅၂၊ ၁၅၅၊ ၁၅၇နဲ့ ၁၆၁
ထင်အောင် "The Nine Gods" JBRS xxx VII, ii ; Rec 1954,1-9 ဖိုးခ သုံးဆယ်ခုနှစ်မင်း၊ ရန်ကုန်၊ မြန်မာ့ဂုဏ်ရည်ပုံနှိပ်၊ ၁၉၇၃၊ ၁၆၊၂၀၊ ၂၁နှင့် ၂၄။
သူရဇ္ဇ၊ အတွဲ (၁)၊ အမှတ် (၁၂)၊
ဒီဇင်ဘာလ၊ ၂၀၀၁။












