ဒေါက်တာသန်းထွန်း - ပုဂံလက်သစ်နှင့်ပုဂံအနုပညာတန်ဖိုးထိန်းရန်
အလယ်ဂူ
(၄၇၈/ ၂၇၈ ခ) မင်းနန်သူ ဘုရားသုံးဆူထဲက အလယ်ဂူမှာ ပလ္လင် တော်ပျက်နေလို့ အမည်မသိသူတစ်ဦးက (၂၈ မတ်) ၁၄၃၄ မှာ ပြင်ဆင်ပါ တယ်။
အပယ်ရတနာ
(၁၂၀၃/၅၄၉) မြင်းကပါ အရှေ့မဏ္ဍပတောင်ဘက် နံရံကို ထုံးသုတ်ပြီး ဘုရားခြေတော်ရာ တစ်စုံကို (၁၄ ဇန်နဝါရီ ၁၅၇၅)မှာ ရေးဆွဲ သွားပါတယ်။ အဲဒီအချိန်လောက်မှာပဲ အရှေ့မဏ္ဍပ မြောက်နံရံကို ထုံးသုတ် ပြီး ပန်းခွေလိပ်တွေကို ရောင်စုံ ရေးဆွဲသွားပါတယ်။ မြောက်မဏ္ဍပ အရှေ့ နံရံမှာလည်း ထုံးသုတ်ပြီး ပန်းခွေလိပ်တွေကို နှစ်ကြိမ် ရေးဆွဲခဲ့တယ်။တောင် မဏ္ဍပ အနောက်နံရံမှာ ပန်းပုံမျိုးစုံကို ရောင်စုံ ရေးဆွဲခဲ့တယ်။ ဂရ်ဘင်္ဂြိုဟ (အလယ်တိုက်) အဝင်ခုံ ဘယ်ဘက်နံရံမုခ်ကပ်ကာ ဆင်းတုကို သိုက်ဆရာတွေက ဖျက်ဆီးပြီး နှစ်ကြိမ်တိုင်တိုင် ဌာပနာရာလို့ အဲဒီဆင်းတု ကို နှစ်ကြိမ်ပြင်ရတယ်လို့ ဆိုပါတယ်။ အဲဒီလို ဇွဲကောင်းကောင်းနဲ့ အပျက်ကို စောင့်ပြင်တဲ့ပုဂ္ဂိုလ်က မင်းရန်အောင် ဖြစ်တယ်။ အပယ်ရတနာဂူအထဲမှာ ၁၆ ရာစုနှစ်အဝက်ကျော်က ပြင်ဆင်ဖြည့်စွက်ပြီး ဆေးရောင်စုံခြယ်သမျှ သူ့တာဝန်ပဲ ဖြစ်ပါတယ်။
ဦးဆောက်ပန်း
(၂၀၇/၁၃၇၄) တောင်ဘ၆၊ ဘုရားဆင်းတု တစ်ဆူကို ၉ မေ ၁၇၃၃ မှာ ဆေးရေးပြီး အပေါ်က ပိတာန်(မျက်နှာကြက်) ဆွဲတယ်။ နောက် တစ်ဆူကို ၂၉ မေ ၁၇၃၃ မှာ “မွမ်းမံ”တယ်။
ဥပါလိသိမ်
(၂၁၂၁/၁၄၁၆) နံရံတွေကို ထုံးသုတ်ပြီး ပန်းချီဆေး အသစ်ရေး ရတာက ပဒုံမင်း ၁၇၈၂-၁၈၁၉ လက်ထက် မင်းမိန့်နဲ့ ဖြစ်ပါတယ်။ ငွေတစ်ပိဿာ ကျပ်နှစ်ဆယ် ကုန်တယ်လို့လည်း သိရပါတယ်။ ဆေးစရေးတဲ့ ရက်စွဲက ၄ မတ် ၁၇၉၄ ဖြစ်တယ်။ တစ်နှစ်အတွင်း ပြီးစီးအောင်မြင်တယ်လို့ ဥပါလိသိမ် အပြင်ဘက် မြောက်ဂူဝမှာ နံရံမင်စာ ရှိတယ်။ အဲဒီစာကို ဦးထွန်းလှိုင် (ကွယ်လွန်သူ စာရေးဆရာ ရွှေကိုင်းသားအမည်ခံ ဦးသောဘိတ) က သူ့မှတ်စုထဲမှာ ရေးထားခဲ့ပါတယ်။ ဂူနံရံ အင်္ဂတေရပေါ်မှာ အခုလို နောက်ထပ်ရေးတဲ့ ပန်းချီနဲ့ မင်စာတွေပါ အားလုံး ၈ ဇူလိုင် ၁၉၇၅ ငလျင် မှာ ကွာကျပြီး ပျက်စီးဆုံးရှုံးသွားပါပြီ။
ကျဆင်းဂူ
(၁၂၁၉/ ၅၅၅) မြင်းကပါကို သင်တြအိုလ်က ၁၅ ဒီဇင်ဘာ ၁၂၂၃ မှာ အားလုံး မွမ်းမံလို့ ဂူကို သင်တြအိုလ် ဘုရားလို့လည်း ခေါ်ကြပါတယ်။
ခေမာဝရဂူ
(၃၆၇/ ၂၄၄) ဝက်ကြီးအင်းကို ၁၇ ဧပြီ ၁၇၅၉ က မဟာထေရ ခေမာဝရက အားလုံး အသစ်ဖြစ်အောင် မွမ်းမံလိုက်လို့ ဒီဂူကိုလည်း ခေမာဝရဘုရားလို့ တွင်လာပါတယ်။
ဂူ
(တာမဏိ ၁၁၂၉၊ ၄၇၈က၊ သရိရွာ)ရှိ ဆင်းတုတော်ကို ၂၅ မတ် ၁၂၁၂ က ပင့်သကူထေရက “မျက်နှာတော်သစ်”တယ်။
ဂူ
(မုခ်ပေါက် အနောက်လှည့်တဲ့) သက်စိုးတောင် အနားမှာရှိတဲ့ ဆင်းတုတော်သုံးဆူကို အမည်မသိ ဒါယကာတစ်ဦးက ၁၅ ဇူလိုင် ၁၄၂၉ က ပြင်ခဲ့တယ်။
ဂူ
(တောထွက်ကြီး ၁၄၉၆/ ၈၁၉) ပုဂံရှိ ဆင်းတုတော်ကို ပိဋကစိုး တောထွက် သိရီဉာဏက (၁၈ ဖေဖော်ဝါရီ ၁၆၂၆) မှာ မွမ်းမံခဲ့တယ်။
ဂူ
(၁၈၉၅/ ၁၁၉၂) တောင်ဘီ၊ ငါးမျက်နှာဘုရား (၁၈၃၁/၁၁၂၉) အနောက်ဘက် ဘုရားသုံးဆူထဲက တစ်ဆူကို ပင့်သကူထေရက (၂၅ မတ် ၁၂၁၂)မှာ မွမ်းမံပြင်ဆင်ခဲ့တယ်။
ဂူပြောက်ကြီး
(၂၉၈/၁၉၇က) ဝက်ကြီးအင်း၊ ငါးရာ့ငါးဆယ် ဇာတ်ကွက်တချို့ ကို ထောမန် (TH. H. Thomann) နှင့် အပေါင်းပါ ၅ ယောက်က ဂျာမနီ ပြတိုက်တစ်ခုအတွက် အင်္ဂတေကို အကွက်ချပြီး လွှနှင့် တိုက်စိတ် ခွာယူ တယ်။ ခွာယူတဲ့အခါ အင်္ဂတေ အတွဲလိုက်ရှိနေအောင် အပေါ်က သတင်းစာ
ဟောင်းကို ကော်နဲ့ကပ်ရတယ်။ ဆက်မလုပ်ရန် တားမြစ်တုန်းက ခွာယူဖို့ သတင်းစာကပ်ပြီး အသင့်ဖြစ်နေတဲ့ အကွက်မှာ ညနေသတင်း ဂလပ်စဂို (Evening Time Glasgow) စနေနေ့ ၁၈ မတ် ၁၈၉၉ လို့ တွေ့တယ်။ သတင်းစာက ဒါ့အရင် သီတင်းပတ် အတော်ကြာက ထွက်ခဲ့မှာ ဖြစ်ပါ တယ်။ ဒါပေမဲ့ အပြောရလွယ်အောင် ဂျာမန်တွေ ခိုးမှု ကျူးလွန်တဲ့ရက် ကို ၁၈ မတ် ၁၈၉၉ လို့ မှတ်ထားပါတယ်။ ဒီအကြောင်းကို မင်စာ တဲ့ ဦးငြိမ်းမောင်က ၂၄ ဇွန် ၁၉၅၈ အစီရင်ခံစာမှာ ထည့်ရေးထားပါ
တယ်။
ဂေါတမဘုရား
(၁၇၆/ ၁၃၆) ငှက်ပစ်တောင်ကျောင်းတိုက် ညောင်ဦးဘုရား ဆင်းတုတွေကို (၁၃ ဧပြီ) ၁၈၉၁ က ဦးထွန်းလင်း၊ ဦးအောင်သာနဲ့ မောင်ဌေး တို့က မွမ်းမံပြင်ဆင်ကြတယ်။
၇ ငါးမျက်နှာဂူ
(၅၆၆) မင်းနန်သူ (တောင်ဘက်)၊ အရှေ့တောင်မုခ်အဝင်ခုံး အရှေ့ နံရံရှိမုခ်ကပ် ဆင်းတုကို တောင်ကူ တောင်တွင်း မင်းဆရာက (၃၁ အောက် တိုဘာ ၁၄၄၂) မှာ မွမ်းမံတယ်။ နောက်တစ်ဆူကိုတော့ မင်းဂင်္ဂသူဆရာက ၂၀ ဩဂုတ် ၁၆၂၃ မှာ မွမ်းမံတယ်။
ငှက်ပစ်တောင်ဘုရား
(၁၇၆/၁၃၆) သိုက်ဆရာတွေ ဖျက်လို့ ဆင်းတုတော်တွေ ပျက်စီး နေတာကို ငှက်ပစ်တောင် မဟာထေရက အလှူခံပြီး ၁၂ ဖေဖော်ဝါရီ ၁၄၀၁ ခုက စတင်မွမ်းမံ ပြင်ဆင်ကာ ၂၇ ဧပြီ ၁၄ဝ၁ ခုမှာ ပြီးတယ်။ ဒါယကာ၊ ဒါယိကာမ တစ်ဆယ့်နှစ်ဦးကို တစ်ယောက်တစ်ဆူ တာဝန်ပေးပြီး ပြင်ခိုင်း တယ်။ နာမည်တွေက ငအောင်မြင့်၊ ငကဝ်တု၊ မဲဆ၊ အိုသလတ်၊ ငဆတ်၊ ငစု၊ စုဠာမဏိ မဟာထေရ၊ ငဆွေနှစ်၊ အိုဆွေမင်၊ ဉာဏ်အုံ၊ အိုညယ်မနဲ့ အိုညယ်လတ်တို့ ဖြစ်ပါတယ်။
စူဠာမုဏိ
(၇၄၈/ ၃၆၄ က) အထပ်ထပ် ဂရ်ဘင်္ဂြိုဟ (ဘုရားကျောင်း)ရှိ ဆင်းတုတော်ကို ရွှေကျောင်း သင်္ဘောထေရက (၈ ဒီဇင်ဘာ ၁၂၉၉) မှာ မွမ်းမံ ပြင်ဆင်တယ်။ မြေညီထပ် မြောက်စင်္ကြံ အနောက်နံရံက ရှိပြီးပန်းချီ ကားတွေကို ထုံးသုတ်ဖျက်ဆီးပြီး ဓမ္မရာဇကစေတီပုံ စတ္တုရင်္ဂဗလက ၂ သြဂုတ် ၁၃၁၇ မှာ ရေးတယ်။ ဒီစေတီပုံတော်ကို ရအောင်ရှာနိုင်ရင် ဦးဘတင့် (၂၃ ဖေဖော်ဝါရီ ၁၉၉၅)က ပြောသလို ပုဂံ ခေတ်နှောင်း ပန်းချီပညာ သည်တွေဟာ ပုံဆွဲတဲ့အခါ ဝေးနီးမှန်အောင် ရေးတတ်တယ်ဆိုတာ ဟုတ် မဟုတ် စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ လူသူတော် နန္ဒသီလက စူဠာမုဏိမြောက်စင်္ကြံနံရံမှာ ဗုဒ္ဓရုပ်ပွားတော် သုံးဆူကို သက်ဆိုင်ရာ ဗောဓိပင်နဲ့ တစ်ပါတည်း ၁၇ အောက်တိုဘာ ၁၇၇၈ က ရေးဆွဲတယ်။ ကိုးကျောင်းတိုက် ဝရဓမ္မ တပည့်တစ်ဦးကလည်း မြောက်စကြံအောက်ဘက် ပစ္စယနံရံမှာ (၁)