Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဒေါက်တာသန်းထွန်း - ခေတ်ဟောင်းရာဇ၀င်(၂)

Regular price 3,500 MMK
Regular price Sale price 3,500 MMK
Sale Sold out
အခန်း (၁)
အယ်လီဇန်ဒါ၏ အမွေခံများ
(က) အယ်လီဇန်ဒါ၏ နိုင်ငံတော်ကို အမွေခွဲယူသူများ
အယ်လီဇန်ဒါသေသဖြင့် ပေါ်လာသောပြဿနာများ

          အယ်လီဇန်ဒါကို မဟာဘွဲ့ တပ်၍ မဟာအယ်လီဇန်ဒါဟု စင်စစ်ခေါ် သင့်ခေါ်ထိုက်လှပေသည်။ တိုတောင်းလှစွာသော ဘဝတာတွင် လူသားတို့ အတွက် အရေးပါလှသော ကိစ္စများစွာကို စွမ်းဆောင်ခဲ့သဖြင့် ကျေးဇူးတင် လျက် ချီးမွမ်းရချေမည်။ ယခင်က ဂရိတို့ ယဉ်ကျေးမှုအထွတ်အထိပ်သို့ ရောက်ခဲ့ခြင်းတွင် ထပ်ဆင့်၍ နိုင်ငံရေးအထွတ်အထိပ်သို့ ရောက်အောင် အယ်လီဇန်ဒါက တိုက်ခိုက်သိမ်းသွင်းခြင်း ဖြစ်ရကား ယခုမှ ဂရိတို့တွင် အဘက်ဘက်မှ ပြည့်စုံခြင်းသို့ ရောက်ပါသည်။ အယ်လီဇန်ဒါသည် ကြီး ကျယ်သော အစီအစဉ်များ ရှိသေးသော်လည်း ဖြစ်မြောက်အောင်မဆောင် ရွက်ရမီ ကွယ်လွန်သဖြင့် ဟယ်လင်တို့၏စည်းလုံးညီညွတ်မှုပျက်၍ နောက် ထပ်မတိုးပွားသည့်ပြင် တဖြည်းဖြည်း ပြိုကွဲပျက်စီးရလေတော့သည်။

          မက်ဆီဒိုးနီးယားတွင် အယ်လီဇန်ဒါကို အမွေဆက်ခံနိုင်မည့် အဖေတူအမေကွဲညီတစ်ဦးလည်းရှိ၏။ အယ်လီဇန်ဒါ၏ မိဖုရားရိုဇာနားတွင်လည်း သားတော်တစ်ဦး ထွန်းကား၏။ သို့သော် အယ်လီဇန်ဒါ၏ ဗိုလ်ချုပ်ကြီး များက မဟာမျိုးအားလုံးကိုပင် ထီးမွေဆက်ခံရေးမှ ပယ်ထုတ်ပစ်ခဲ့လေသည်။

          အမွေခံသုံးဦး ခွဲဝေယူခြင်း

          ဘက်ဘီလွန်နီးယားတွင် အယ်လီဇန်ဒါလွန်သော် အပါးတော်ရှိ မက်ဆီ ဒိုးနီးယား စစ်ဗိုလ်ချုပ်ကြီးများသည် အယ်လီဇန်ဒါ၏ အနောက်ဘက်စစ်ကြောင်း အစီအစဉ်ကို သိကြသည်မှန်သော်လည်း မည်သူမျှ ဆက်လက် ဆောင်ရွက်လိုစိတ်နှင့် ဆောင်ရွက်နိုင်သည့် အရည်အချင်းမရှိကြချေ။ အချင်း ချင်းသာလျှင် ဝေစုမတည့်၍ နှစ်ရှည်လများ အချင်းများလျက်ရှိကြသည်။ ကျန်ရစ်ခဲ့သော စစ်ဗိုလ်ချုပ်ကြီးများအနက် အရည်အချင်းအကောင်းဆုံး ပုဂ္ဂိုလ်မှာ အန်တီဂေါနပ်စ် ဖြစ်၏။ အယ်လီဇန်ဒါ၏ လက်နက်နိုင်ငံတော်ကို မပြိုမပျက်စုစည်း၍ ထိန်းသိမ်းရန်မျှော်မှန်းခဲ့သော်လည်း အခြားဗိုလ်များ တော်လှန်သည်ကို လိုက်၍နှိမ်နင်းဆဲတွင် တိုက်ပွဲ၌ကျဆုံးခဲ့ရသည်။ ထို့ ကြောင့် အယ်လီဇန်ဒါ၏နိုင်ငံတော်သည် ဥရောပတွင်တစ်စိတ်၊ အာရှတွင် တစ်စိတ် အာဖရိကတွင်တစ်စိတ်အားဖြင့် သုံးစိတ်သုံးပိုင်း ကွဲခဲ့လေသည်။ ဥရောပတွင် အန်တီဂေါနပ်စ်(၂) အုပ်ချုပ်လျက် အနောက်အာရှကို ပြေလျော့ ကပ်စ်အုပ်ချုပ်၍ အာဖရိက၌ တော်လေမီ အုပ်ချုပ်၏။

အီဂျစ်၏ တော်လေမီမင်းဆက်

           အီဂျစ်၌ စစ်ဗိုလ်ချုပ်ကြီး တော်လေမီသည် ဘုရင်ဘွဲ့ ကိုယူ၍ တော်လေမီ မင်းဆက်ကို ထူထောင်သည်။ တော်လေမီသည် မိမိ၏စည်းစိမ်တည်မြဲရေး အတွက် ဂရိကြေးစားစစ်သည်များကို အမြဲအားကိုးနေရသဖြင့် ဂရိတပ်သား များကို အလွယ်နှင့်ခေါ်ယူနိုင်ရန် ရေတပ်တစ်ခုကိုလည်း ထူထောင်ထား ရသဖြင့် နောင်အခါတွင် တော်လေမီရေတပ်သည် မြေထဲပင်လယ်၌ တန်ခိုး အကြီးဆုံးဖြစ်လာသည်။ အီဂျစ်ကိုအုပ်ချုပ်ရာတွင် မြို့တော်အဖြစ်ဖြင့် အယ်လီဇန်ဒါမင်းကြီးတည်ခဲ့သော နိုင်းလ်မြစ်ဝကျွန်းပေါ်၏အနောက်ဘက် ရှိ အယ်လီဇန်ဒရီးယားမြို့ကိုအသုံးပြု၏။ ထို့ကြောင့် ယင်းမြို့တော်သစ်သည်မြေထဲပင်လယ်တွင် သုံးရာစုဘီစီအတွင်းက အလှဆုံးနှင့်ရောင်းဝယ်ရေး ထိပ်တန်းအကျဆုံး မြို့ကြီးဖြစ်ခဲ့ရပါသည်။ အာရှမှ ပြိုင်ဘက်များ၏ရန်ကို ကာကွယ်ရန် ပါလက်စတိုင်းနှင့် ဆီးရီးယားတောင်ပိုင်းတို့ကို သိမ်းယူ၍ ထားခဲ့၏။

                                         ရှေးသက်ဦးဆံပိုင်ဘုရင်စနစ် ထွန်းကားခြင်း

          အီဂျစ်ပြည်ရှင်များသည် ဂရိလူမျိုးတို့ဖြစ်သော်လည်း အီဂျစ်တွင် ဂရိ၌ ထွန်းကားခဲ့သော အုပ်ချုပ်ရေးမျိုးကို မပေးချေ။ အရှေ့တိုင်းထုံးစံအတိုင်း သက်ဦးဆံပိုင်ဘုရင်စနစ်ဖြင့်သာ အုပ်ချုပ်ကြသည်။ ရှေးဖာရိုမင်းများ၏ အဆောင်အယောင်ဖြင့် နန်းစည်းစိမ်ကို ခံစားလျက် ဂရိများအတွက်တည်သော အယ်လီဇန်ဒရီးယားနှင့်တကွ အခြားမြို့နှစ်မြို့မှအပ ကျန်အီဂျစ် တစ် နိုင်ငံလုံးကို ရှေးခေတ်နည်းအတိုင်း အုပ်ချုပ်လေသည်။ ဂရိသုံးမြို့၌ကား ဂရိပင်မမြို့များမှာကဲ့သို့ပင် မြို့အုပ်ချုပ်ရေးကို မြို့သားများ ပါဝင်ဆောင်ရွက် ကြရ၏။ ဂရိမင်းများ၏အုပ်ချုပ်ရေးတွင် အရေးအကြီးဆုံးအချက်ကား ဂရိ ကြေးစားစစ်သားများ၏ လစာရိက္ခာနှင့်ရေတပ်အတွက် ကုန်ကျငွေကို ကာမိ ရန် အခွန်ကောက်ကို အရနိုင်ဆုံးမြှင့်၍ ကောက်ခံခြင်းပင်ဖြစ်သည်။ အီဂျစ်၌ အီဂျစ်ယွန်းဒင်္ဂါးများ မရှိခဲ့ဖူးသဖြင့် ပါရှဒင်္ဂါးများကိုပင် သုံးစွဲလျက်ရှိကြရာတော်လေမီက ပထမဦးဆုံး အီဂျစ်နိုင်ငံသုံးဒင်္ဂါးကို သွန်းလုပ်လေသည်။ အကောက်အခွန်ကို ပိုက်ဆံနှင့်သော် လည်းကောင်း၊ ထွက်ကုန်ပစ္စည်းနှင့်သော်လည်းကောင်း ကြိုက်ရာဖြင့် ပေးနိုင်၍ ဘဏ်တိုက်အားလုံးကို အစိုးရ ပိုင်လျက် နေ့စဉ်သုံးအရေးကြီးသော ကုန်ပစ္စည်းမှန်သမျှကို အစိုးရကလွဲ၍ အခြားကုန်သည်များ လက်ကားရောင်းဝယ်ခြင်း မပြုကြရချေ။ ဂရိနိုင်ငံများ တွင်မရှိဖူးသော အခွန်စည်းကြပ်ကောက်ခံရေးအရာရှိများ အီဂျစ်တွင် ရှေးက ပင်လျှင် စနစ်တကျရှိခဲ့သဖြင့် ယင်းအရာရှိများကိုပင် တော်လေမီက ဆက် လက်အသုံး ပြုခဲ့သည်။ ဤသို့ ရှေးသက်ဦးဆံပိုင်ဘုရင်စနစ်ကို ပြန်လည် အသုံးပြုခြင်းနမူနာကို များမကြာမီ ဥရောပတိုက်မှ ဂရိနှင့်ရောမတို့က အတု ယူကြပြန်သောကြောင့် ဒီမိုကရေစီအုပ်ချုပ်ရေးသည် ဥရောပ၌ တိမ်ကော ပပျောက်ခဲ့ရသည်။

အနောက်အာရှ၏ ဆေဈေးဆစ်မင်းဆက်

           အနောက်အာရှတိုက်ရှိ အယ်လီဇန်ဒါ၏ လက်နက်နိုင်ငံတော်ကို စစ် ဗိုလ်ချုပ်ကြီး လျူကပ်စ်က ဆက်ခံသဖြင့် ယင်း၏အနွယ်တော်များကိုဆလျူဆစ်မင်းဆက်ဟု ခေါ်ဝေါ်သည်။ ယင်းမင်းဆက်သည် တော်လေမီ မင်းဆက်လောက် တန်ခိုးသတ္တိမကြီးသော်လည်း ပထမတွင် အိန္ဒိယအထိ သြဇာအာဏာပျံ့နှံ့လေသည်။ ဆေဈေးဆစ်နိုင်ငံတော်၏နယ်နိမိတ်ကို အထင် အရှားသတ်မှတ်၍ မရနိုင်သည့်ပြင် ကျယ်ပြန့်လွန်းသောကြောင့် စနစ်တကျ ထိန်းသိမ်းအုပ်ချုပ်၍လည်း မရနိုင်ချေ။ မြေထဲပင်လယ်၏အရှေ့ခြမ်းတွင် တော်လေမီ၏ရေတပ်လွှမ်းမိုးနေသောကြောင့် အရောင်းအဝယ်တွင် ထူးထူး ခြားခြားတိုးတက်အောင် ဆောလျူဆစ်တို့က မဆောင်ရွက်နိုင်ကြသည့်ပြင် ဂရိပင်မနိုင်ငံများနှင့်ပင် အဆက်အသွယ်ပြတ်မတတ် ဖြစ်ခဲ့ရ၏။ သို့သော် အယ်လီဇန်ဒရီးယားနှင့်ပြိုင်ရန် အန်တီအော့ခ်မြို့ကို ယင်းတို့ တည်ထောင်ခဲ့ သည်။

                                                      ဆေဈေးဆစ်များ၏ အုပ်ချုပ်ရေး

          အုပ်ချုပ်ရေးတွင် ဆေးလျူဆစ်များသည် တော်လေမီတို့နှင့် များစွာကွာ ခြား၏။ ယင်းတို့သည် အယ်လီဇန်ဒါ၏ဝါဒကို လေးစားလျက် ဂရိယဉ်ကျေးမှု ကို အာရှတွင် ကူးပြောင်းပေးရန် ရည်သန်၍ လူမျိုးရောနှောခြင်းကို အားပေး ခဲ့သည်။ ဆလျူ ကပ်စ်နှင့်သားတော် အန်တီအိုကပ်စ် ၁ တို့သည် အာရှမိုင်း နားဆီးရီးယား မြစ်နှစ်သွယ်တစ်လျှောက် ပါရှနှင့် အိန္ဒိယတို့တွင် ဂရိမြို့တော် သစ်များကို တည်စေ၍ ထိုမြို့များ၌ ဂရိထုံးစံအတိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးကို ပေးခဲ့သည်။ ထို့ကြောင့် သေလျူ ဆစ် လက်နက်နိုင်ငံတွင် ဤသို့ လွတ်လပ်သော ပြည်ငယ်ကလေးပေါင်း မြောက်မြားစွာ ရှိခဲ့သည်။ သို့သော် ထိုပြည် ငယ်ကလေးများက ဆလျူ ဆစ်ဘုရင်များကို နှစ်စဉ်ဘဏ္ဍာတော်ပေးဆက် ကြရ၏။ ဘုရင်ကိုလည်း ဘုရားတစ်ဆူကဲ့သို့ပင် လေးစားရိုသေကြရသည်။

မက်ဆီဒိုးနီးယားလက်နက်နိုင်ငံတော်

          အီဂျစ်နှင့် အာရှနိုင်ငံတော်များနှင့်စာလျှင် မက်ဆီဒိုးနီးယား နိုင်ငံမှာ များစွာသေးငယ်လှသည်။ ဂရိပင်မနိုင်ငံများသည် လွတ်လပ်ရေးကို များစွာ စုံမက်ကြသဖြင့် ယင်းတို့ကို အကြာအရှည် ထိန်းသိမ်းထားရန် မလွယ်ချေ။ အယ်လီဇန်ဒါလွန်လျှင်ပင် ဂရိနိုင်ငံငယ်များစွာပင် ခြားနားပုန်ကန်ကြလေ သည်။ သို့သော် အန်တီဂေါနပ်စ်(၂) သည် ယင်းတို့ကို နှိမ်နင်းလျက် ဂရိ ပင်မနှင့် မက်ဆီဒိုးနီးယား၏ဘုရင်အဖြစ်ကို ခံယူခဲ့ ၏။ ဤအချိန်မှာပင် အနောက်နှင့်မြောက်အရပ်၌ အန္တရာယ်သစ် ပေါ်လာပြန်သည်။ ဥရောပ အတွင်းသို့ များစွာရိုင်းစိုင်းသေးသည့် ဆယ့်လ်သို့မဟုတ် ဂေါလ်ဟုခေါ်သော အင်ဒိုဥရောပအနွယ်ဝင်များ တိုးဝင်လာပြန်သဖြင့် ၄ဝဝ ဘီစီလောက်ကပင် လျှင် ယင်းတို့ အီတလီသို့ ရောက်လာကြလျက် ယခု ၂၀ဝ ဘီစီတွင် မက်ဆီဒိုးနီးယားနှင့် ဂရိပင်မသို့ ဝင်လာကြ၏။ ၂၇၇ ဘီစီတွင် အန်တီဂေါ နပ်စ် (၂)သည် ထိုအရိုင်းများကို နှိမ်နင်းနိုင်ခဲ့၏။ ဂေါလ်ရန်အေးသောအခါ၌ အန်တီဂေါလ်နပ်စ်သည် နိုင်ငံတော်ကို ပြန်လည်စည်းရုံးရန် အားထုတ်ပြန် သည်။ အီဂျစ်ရေတပ်၏နှောင့်ယှက်ခြင်းကို တွန်းလှန်ရန် အန်တီဂေါနပ်စ် (၂)နှင့် အန်တီအိုကပ်စ် (၁)တို့ မဟာမိတ်ပြုကြ၍ ရေတပ်တစ်ခုကို ထူထောင် ကြသည်။ ထို့နောက် နှစ်ပေါင်း ၁၅ နှစ်မျှ တော်လေမီများနှင့် စစ်ဖြစ်ကြ ရာ အန်တီဂေါနပ်စ်၏ရေတပ်က အီဂျစ်ရေတပ်ကို နှစ်ကြိမ်တိတိနိုင်လိုက်၍ အီဂျစ်ရေတပ်လည်း ပျက်စီးခဲ့ရသည်။ ဤသို့ အပရန်များကို နှိမ်ပြီးသော အခါတွင် ပြည်တွင်းပုန်ကန်မှုများ စတင်ပေါ်ပေါက်လာပြန်သည်။

(ခ) ဂရိတို့ လျှောကျပျက်စီးခြင်း

                                                        ဂရိရောင်းဝယ်ရေး ဆုတ်ယုတ်ခြင်း

           ဂရိနိုင်ငံများသည် မြေထဲပင်လယ်ရောင်းဝယ်ရေးတွင် ယခင်ကလို ခေါင်းမဆောင်နိုင်တော့ချေ။ ရောင်းဝယ်ရေးကို အယ်လီဇန်ဒရီးယားနှင့် အန်တီအောခ်မြို့ကြီးတို့က ကြိုးကိုင်လျက်ရှိပေပြီ။ ထို့အတူ ဂရိများအစား ရုဒ်နှင့်အဖီစပ်စ်ပြည်သားတို့သည် ခေါင်းဆောင်ကုန်သည်ကြီးများ ဖြစ်လာသည်။ ထို့ကြောင့် ဂရိများသည် ယခင်ကကဲ့သို့ စီးပွားရေး မဖြစ်ထွန်းသောကြောင့် ကာကွယ်ရေးအတွက် ရေတပ်နှင့် ကြေးစားစစ်တပ်များကို မထားနိုင် တော့ချေ။

မဟာမိတ်အဖွဲ့များ

           ကာကွယ်ရေးအလို့ငှာ ဂရိနိုင်ငံငယ်များသည် အချင်းချင်းမဟာမိတ် လုပ်ကြသည်။ ၃ဝဝ ဘီစီကျော်သောအခါကပင်လျှင် ကော်ရင့်ပင်လယ်ကွေ့ ကို ခြားလျက် မြောက်ဘက်တွင် အီတိုမီလီယန်မဟာမိတ်အဖွဲ့ နှင့် တောင် ဘက်တွင် အချေယန်မဟာမိတ်အဖွဲ့တို့ ပေါ်ခဲ့သည်။ အဖွဲ့ဝင်မြို့ အားလုံး ၏တပ်များကိုအုပ်ချုပ်ရန် တစ်နှစ်လျှင်တစ်ကြိမ်ကျ ဗိုလ်ချုပ်တစ်ယောက်ကို ရွေးကောက်တင်မြှောက်ကြသည်။ ထို့ပြင် ထိုအဖွဲ့ဝင်အားလုံးအတွက် ကာ ကွယ်ရေးနှင့် နိုင်ငံခြားဆက်သွယ်ရေးတို့ကိုစီမံရန် အရာရှိများကိုလည်း စုပေါင်းခန့်ထားပြန်လေသည်။ မြို့တိုင်းသည် မိမိတို့၏ဒေသအလိုက် အုပ်ချုပ် ရေးတွင် လွတ်လပ်ခြင်းကိုရလျက် နိုင်ငံခြား ဆက်သွယ်ရေးတွင် အဖွဲ့ ၏ သဘောကို လိုက်နာရသည်။ ယင်းအဖွဲ့ နှစ်ဖွဲ့ သည်တစ်ဖွဲ့ နှင့်တစ်ဖွဲ့ မသင့် မြတ်ကြသဖြင့် မက်ဆီဒိုးနီးယား၏ အုပ်ချုပ်ရေးကို တွန်းလှန်နိုင်ခဲ့သော် လည်း ဂရိပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်ခဲ့ပေ။

စပါတာနှင့်အေသင်

          ဂရိပြည်ထောင်စုကြီး မထူထောင်ခြင်း၏ အကြောင်းတစ်ခုမှာလည်း အေသင်နှင့်စပါတာတို့ကထိုအဖွဲ့များတွင် မပါဝင်သောကြောင့်လည်း ဖြစ် သည်။ အချေယန်အဖွဲ့ သည် စပါတာကို အဖွဲ့ဝင်ဖြစ်လာရန် အကြမ်းနည်း ဖြင့် ကြိုးစားသော်လည်း စပါတာဘုရင်ကလီယွမ်မဲနက်ဇ်၏အစွမ်းကြောင့် စစ်ပွဲတိုင်းတွင် အဖွဲ့ ကသာရှုံးသဖြင့် အဖွဲ့ က မက်ဆီဒိုးနီးယားကို စစ်ကူတောင်းရတော့သည်။ ယင်းသို့တောင်း၍ အကူရသောအခါ စပါတာပျက်စီး သော်လည်း အဖွဲ့ မှာ မက်ဆီဒိုးနီးယား၏လက်အောက်ခံ ဖြစ်ခဲ့ရလေသည်။ ထို့ကြောင့် အီတိုလီယန်အဖွဲ့ မှလွဲ၍ ဂရိအားလုံးကို မက်ဆီဒိုးနီးယားတို့ ပြန်လည်ပိုင်ဆိုင်လာပြန်သည်။ အေသင်ကို ကိုယ်ပိုင်အုပ်ချုပ်ရေးပေးလျက်နိုင်ငံကြီးအားလုံးကပင် ကြားနိုင်ငံအဖြစ်ဖြင့် အသိအမှတ်ပြုကြသည်။ နိုင်ငံရေးအာဏာစက်ညံ့သော အေသင်သည် ယဉ်ကျေးမှုတွင်ကား အထက် တန်းကျမြဲကျလျက် ဆက်လက်၍ပင် ရှေ့ဆောင်နိုင်ငံဖြစ်ခဲ့ပါသည်။