Skip to product information
1 of 3

Other Websites

ဒေါက်တာလှဘေ - တရုတ်နိုင်ငံသွားနေ့စဥ်မှတ်စာတမ်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ထရုတ်နိုင်ငံသွား နေ့စဥ်မှတ် စာတမ်း

          အထက်ပါ ခေါင်းစဉ်သည် ဦးဖေမောင်တင် တည်းဖြတ်ပြင်ဆင်သော ကင်ဆန်းမင်းကြီး ပြင်သစ်နိုင်ငံသွား နေ့စဉ်မှတ်တမ်း ခေါင်းစီးစကားလုံးများ၏ ပဲ့တင်သံ ဖြစ်ပါသည်။ ခေါင်းစဉ်နှင့်သာ တူသယောင်ယောင်း သွားသည့်ဒေသ ရာစုနှစ် စီးနင်းယာဉ်၊ တာဝန်ကိစ္စနှင့် နေ့စဉ်မှတ်တမ်းခေါ် ဒိုင်ယာရီတို့ကား မတူ တစ်မူ ကွဲပြားပါ၏။

          မင်းကြီးသည် ၁၉ ရာစုနှစ် နောက်ပိုင်းခေတ်တွင် မင်းတုန်းမင်းတရားကြီး၏ သံကြီး အဖြစ်နှင့် အနောက်တိုင်း ပြင်သစ်အီတာလျံ နိုင်ငံ များဆီသို့ နိုင်ငံရေး ကိစ္စများ အဆိုရန်အတွက် သင်္ဘောဖြင့် သွားသည်။ အသွားခရီး၌ ပိလောပီနန်ကျွန်း၊ စင်ကာပူ ၊ သီဟိုလ်ကျွန်းတို့ဝယ် ဝင်လည်ပါသည်။ အပြန်တွင် ကရို ၊  ဘုံဘိုင် ကာလကတ္တား မြို့တွင် လည်ပတ်ကြည့်ရှုခဲ့ပါ၏။ ရောက်လေရာရာ မြို့နယ်တို့၌ သက်ဆိုင်ရာ တာဝန်ရှိ အရာခံများက တခမ်းတနား ကြိုဆို ဧည့်ခံ ကျွေးမွေးကာ လှည့်လည် ကြည့်ရှုရန် အစီအစဉ် ရေးဆွဲပြီး လိုက်ပြကြပါ၏။

          မန္တလေး နေပြည်တော်မှ ခရစ်နှစ် ၁၈၅၄ ခုနှစ် မတ်လ ၇ရက် စနေနေ့တွင် ထွက်ခွာသွားရာ ထိုနှစ် အောက်တိုဘာလ ၇ ရက် ဗုဒ္ဓဟူးနေ၌ ပြန်လည် ဆိုက်ရောက်လာခဲ့ပါ၏  ။ ၇ လ တိတိ ကြာရှိသွားပါသည်။ ။

          ကျွန်တော်သည် နှစ်ဆယ် ရာစုနှစ် နောက်ဆုံးပိုင်း၌ လန်ဒန် တက္ကသိုလ်အငြိမ်းစား ပါမောက္ခ လူသာမည အဖြစ်နှင့်သာ အရှေ့တိုင်း  စီနရဠ တရုတ်နိုင်ငံ ပီကင်းမြို့သို့ မြန်မာဘာသာ စာပေယဉ်ကျေးမှု ဆိုင်ရာ ပညာပို့ချ ဖြန်းဖြူးဆွေးနွေးဖလှယ်ရေးအတွက် ပီကင်းမြို့သို့ မြန်မာဘာသာ စာပေယဉ်ကျေးမှုဆိုင်ရာ ပညာ ပို့ချ မြန် ဆွေးနွေးဖလှယ်ရေးအတွက် ပီကင်းတက္ကသိုလ် ဧည့်သည်တော်အနေနှင့် လေယာဉ်ဖြင့် သွားပါ၏။

          အသွားခရီးတွင် ကွန်မင်း (Kun)၌ လေးရက် ပီကင်း၌ နှစ်ပတ်ပြီး အပြန် ၌ တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း တစ်လျှောက်ရှိ ရှန်ဟိုင်း ၊ စူ ချီး ၊ ဟန်ချို၊ ဖူချို  ၊ ဂွမ်းချိုး (  Gangnau) မြို့များ၌ လည်ပတ် သုံးသပ်ခဲ့သည်။

          ဒီကင်းမြို့ အပြင် ကွန်မင်း ရှန်ဟင်းနှင့် ဂွမ်းချီး မြို့များတို့ဝယ်လည်း ပြောဟော ဆွေးနွေးပါသေး၏။ ထို့နောက် ဟောင်ကောင် (Hkang kmg) ဗန်ကောက်(Bangkok) နှင့်စင်္ကာပူ(Singapore) တို့သို့ ဆက်သွားပါသည်။နေရပ် မော်လမြိုင်မြို့မှ မေလ ၁ ရက်နေ့ ထွက်ခွာသွားသည်။ ဇူလိုင်လ ၉ ရက်နေ့ ပြန်ရောက်လာပါသည်။ ၂ လနှင့် ၉ ရက် ရှိခဲ့ပါ၏။

          မင်းကြီးသည် မြင် တွေ့၊ ကြားသိ ရသည့် အရာဝတ္ထု၊ ဌာနဒေသ ဖြစ်လို့ အကြောင်းအရာများကို အချို့ နေရာတို့၌ ခွဲခြားဝေဖန်ကာ မှတ်တမ်းတင် ထားရုံမကသေး မှတ်တမ်းကို ကဗျာလင်္ကာ မေတ္တာစာများနှင့် တန်ဆာဆင်ထားပါသေးသည်။

          ကျွန်တော် ဒိုင်ယာရီထဲတွင်ကာ၊ ကျွန်တော်၏ အာရုံငါးပါးစက်ကွင်းထဲ ဝင်လာသော အာရမ္မက် ပစ္စယများအနက် စိတ်ဝင်စားသွားမိသည့် အမြင်အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိများကို ပညာစက္ခုဖြင့် ယှဉ်ကာ မရွေးထုတ်မှတ်တမ်းတင်ထားပါသည်။ ကဗျာဘက်၌ ချည့်နဲ့ သဖြင့် မင်းကြီးကို အားကျကာ လက်တည့် မစမ်းဝံ့ပါ။

          နှစ်ပေါင်း ၄၀ ကျော်ကျော် အနောက်နိုင်ငံများတွင် နေခဲ့သူ ကျွန်တော် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အတွေးအမြင်များ အရ အငွေ့အသက်တို့ ပါရှိမည် မလွဲပါ။

          ကင်းဝန်မင်းကြီးက သူ့အာ၊ ပြင်သစ်၊ အီတာလျံ အရာရှိ ကြီးငယ်တို့က တခမ်းတနား ကြိုဆို ဧည့်ခံကျွေးမွေး လိုက်လံပြပုံများကို မော်ကွန်းတင်ထားသကဲ့သို့ ကျွန်တော့်အား တရုတ်နိုင်ငံ ရောက်လေရာရာ တက္ကသိုလ်နှင့် ပညာရေးအဖွဲ့များမှ အုပ်ချုပ်ရေး အရာရှိကြီးငယ်များ ပညာရှင် သုတေသီနှင့် ဆရာဆရာ။ ကျောင်းသား။ ကျောင်းသူများများတို့က တစ်စွမ်းတစ်အား ကြိုဆိုဧည့်ခံ လိုက်လံပြသပြုစု ကျွေးမွေးပါသည်။ ဤစေတနာ မေတ္တာတို့ကို ဤဒိုင်ယာရီထဲ ကမ္ဗည်းထိုး မှတ်တမ်းတင်ထားပါ၏။

          ကြံထိုင်းလည်း မဖြစ်

          ဤဒိုင်ယာရီ မွေးသန့်စင်ဖို့ ဖြစ်လာသည့် ဗီဇသည် ၁၉၈၀ ပြည့်နှစ် မတိုင်မီက တည်ခဲ့ပါ၏။ မစ္စတာ ကျွန်မရှောင်ပိန် (Deng Jaog) အာဏာရ လာပြီးသည့်နောက် တံခါးဖွင့် စီးပွားရေး စီမံကိန်းကို စ၍ လိုက်နာကျင့်သုံးခဲ့ရာမှ တရုတ်နိုင်ငံကြီးသည် ဖွံ့ဖြိုးတိုးတက်လာပုံများကို မြန်မာပြည်သို့ ၁၉၈၀ ပြည့်နှစ်၌ ကျွန်တော် အပြီးအပိုင် ပြန်မလာမီကတည်းက အနောက်နိုင်ငံပေါင်း မဂ္ဂဇင်းတွေထဲကဒတ်မီ ဓာတ်ပုံမြင်မိ၏ ရုပ်မြင်သံကြား ပေါ်တွင်လည်း တွေ့မိပါ၏။

          ၁၉၈၈ ခုနှစ် မေလအတွင်း လာရောက် ဟောပြောရန် ပြင်သစ်ပြည် ရီတက္ကသိုလ် အရှေ့တိုင်းသား လူမျိုးများ ဘာသာစကားနှင့် ယဉ်ကျေးမှု ပညာရပ်များ ကျောင်းမှ ဖိတ်စာပါ၏။ ထိုအခါ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဆိုသလို ပြည်ပရောက်နေခိုက် တစ်ဆက်တည်း ပီကင်ထိုမြို့ တော်ကို တစ်ပတ် သို့မဟုတ် နှစ်ပတ်လောက် သွားလည်ရလျှင်ကောင်များဟု တွေးပြီး ပေါ်လာပါ၏။

 

          သွားချင်စိတ် ငမ်းငမ်းတက်လာသောကြောင့် ဆင်ခြင်စိတ် ဘေးချိတ်ထားလိုက်ပြီး အနောက်ဘက် ခရီးမထွက်မီ အရှေ့ဘက် တရုပ်ပြည် ဝင်ခွင့်ဗီဇာကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ ကျွန်တော်နှင့်ဇနီးအတွက် တောင်းယူ၏။ ပါရီ၌ မေလအတွင်း မြန်မာကဗျာ အကြောင်း သုံးကြိမ် ပြောဟောသည်။ ပြီးနောက် ဂျာမနီပြည် ဟိုက်ယ်(လ်)ဘတ် တက္ကသိုလ်မြို့သို့ ထိုမှတဆင့် လန်ဒန်သို့ ဆက်သွားပါသည်။ လန်ဒန်တွင် ရှိနေစဉ် ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူး ဦးသော်ကောင်းထံမှ စာရ၏။

          စာထဲတွင် ပီကင်းသို့ ဆရာတို့ သွားလည်မည့်သတင်းကို ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု နှင့် အတွင်းဝန်တို့အား၊ စကားစပ်မိ၍ ပြောပြရာ ထိုသူတို့ နှစ်ဦးလုံးတို့က ယခုနှစ် မသွားဖို့ မေတ္တာရပ်ခံ အပ်ပါသည်။ ထိုလ၌ ပီကင်းတက္ကသိုလ်ကျောင်း၊ ရက်ရှည်ပိတ်ချိန်နှင့် ကြုံ ကြိုက် နေသည်မို့ မြန်မာဘာသာ စာပေဌာနမှ ဆရာတွေ့ရော တပည့်တွေပါ အနားယူကြမည်။ ကျောင်းဖွင့်ထားတုန်းသွားပါက နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူး သက်ရောက်ပါမည်။

          အင်မတန်ကို ကြီးမားပြီး အင်မတန်ကို ကြည့်စရာ လှသည့် ပီကင်းမြို့တွင် တစ်ပတ်ခန့်သာ နေ၍ လျှောက်လည်ပတ်မည်ဆိုလျှင် ကိုယ့်အထဲက လိုက်မည့်သူ ရှိမှသာ ငွေကုန်ရကျိုး ပင်ပန်းရကျိုးနပ်ပါမည်။

          ကျွန်တော် မြန်မာပြည်မှ မထွက်ခွာလာမီ ခရီးစဉ်နှင့် တည်းခိုမည့် လိပ်စာများကို လိုလိုမည်မည် ဦးသော်ကောင်း နှင့်အခြားဆွေမျိုး မိတ်ဆွေများထံ ချန်ရစ်ထားခဲ့သဖြင့် ဤစာကို ရခဲ့ရပါ၏။ တရုတ်ပြည် ခရီးကိုဖျက်လိုက်ပြီး၊ မြန်မာပြည် သို့ပြန်လာ၏။ အဆင်ခြင်မဲ့ စိတ်သွားရာ ကိုယ်ပါလုပ်မိ၍သာ ကြံတိုင်းလည်း မဖြစ်ရပါတကားဟု ကိုယ့်ကိုယ်ကိုယ် တရားရ၏။

          ရန်ကုန်မြို့ သို့ ဇူလိုင်လဆန်း ၂ ရက်နေ့ ပြန်ရောက်လာပါသည်။ မော်လမြိုင်သို့ မပြန်မီ ကမ်းနားဟိုတယ်တွင် ခေတ္တတည်းခို ပါသည်။ ၈ ရက်နေ့တွင် တရုတ်ယဉ်ကျေးမှုသံရုံးမှ ပထမအတွင်းဝန် ဦးမိုး (ခ) ပါမာကူလီမိုး (Li  Mov)လာတွေ့ ပါသည်။ မြန်မာလို အာလာပ သလာပပြောပြီး သူက လွန်ခဲ့တဲ့ မေလ ၈ ရက်နေ့က သံရုံးမှာ ဗီဇာလာယူတုန်းက ကျွန်တော်တို့မသိလိုက်ရပါ။ သိရင် ဇူလိုင်လ မသွားဖို့ မေတ္တာရပ်ခံမှာ မုချပါ။ ၁၉၈၉ ခုနှစ် မေလမှာလာဖို့  ပီကင်း တက္ကသိုလ်က ဖိတ်မယ်လို့ ကြံရွယ်ထားပါတယ်။ မေလမှာ ပီကင်းရာသီဥတုကလည်း သပ္ပါယဖြစ် မြန်မာဘာသာ စာပေ ဌာနမှလည်း ဆရာတွေနဲ့ တပည့်များလည်း စုံမယ် သွားလိုရာလည် လိုက်ပို့နိုင်မယ်။ အဖက်ဖက်မှလည်း အဆင်ပြေဖို့ အကြောင်းရှိပါတယ်'ဟု ရှင်းပြပါသည်။ ကျွန်တော်က ကျေးဇူးတင်စကားပြောကြာပြီး 'အကြောင်းညီညွတ်မယ်ဆိုရင် ဆက်ဆက်သွားပါ့မယ်'ဟု ကတိပြုလိုက်ပါသည်။

          ကျွန်တော့်တစ်သက် ဘ၀လမ်းတစ်လျှောက်တွင် တွေ့ကြုံခံစားခဲ့ရသော အဖြစ်နှင့်အပျက်များကို အစဉ်မပြတ် သုံးသပ်လေ့လာရင်း ပုဗ္ပေကတံ အကျိုးပေးပုံကို ယုံကြည်လာပါသည်။ ပစ္စုပ္ပန်အကျိုး ဖန်တီးလာမှုကို လက်ခံလာသည့်ကိုအကြောင်းနှင့် စပ်လျဉ်း၍ 'အတွေးအမြင်စာစောင်တွေထဲ ဆောင်းပါး အတော်တော်များများ ရေးခဲ့ပါပြီ။ လူတိုင်းမှာ ကံကြိုက်၍ ကောင်းကျိုးဆိုးကျိုး ပေးခံရသလို သူ၏ တိုင်းပြည်မှာလည်း ကိန်းဆိုက်လာသည့်အခါ ဖြစ်ရသည့် အရေးကို သတိမူမိပါ၏။

          ၁၉၈၉ ခုနှစ် မတ်လ ၉ ရက်နေ့ ကျွန်တော်နှင့် ဇနီးတို့ ရန်ကုန်သို့ တက်လာကြ၏ ပီကင်းသွားဖို့ အရေး သက်ဆိုင်ရာသို့ လျှောက်လွှာများ တင်လိုက်၏ ၆ ရက်နေ့တွင် တရုတ်ယဉ်ကျေးမှု သံမှူး မစ္စတာ ပန်ဟိုဆင်း (P Haung)နှင့် ဇနီးတို့က နေ့လယ်စာ ဖိတ်သဖြင့် ကျွန်တော်တို့ သွားပါသည်။ မိုးလည်းလာပါ၏။

          သံမှူးသည် အရာရာ သိမ်မွေ့သည် အပြောအဆို ညံ့သည်။ ဖြိုးပြီး ပြုံးပြုံးနှင့် သဘောဖြူဝင်းပြီး ဖော်‌ရွှေသည်စကားနည်းပါ၏။  ပီကင်းတက္ကသိုလ်က ဖိတ်စာလာတော့မယ်။ မြန်မာဘာသာစာပေဌာနမှ ဆရာတွေ ကျောင်းသူ ကျောင်းသားတွေက ဆရာကြီးနဲ့ တွေ့ချင်ကြသတဲ့ စသဖြင့် ဦးမိုးက မြန်မာလိုပြောပါသည်။ ကျွန်တော်လည်း သွားဖို့ရာ အဆင်သင့်ဖြစ်အောင် အစီအစဉ်တွေ လုပ်နေပါပြီဟု ပြန်ပြောရာ သံမှူးနှင့် ဦးမိုးတို့က ဝမ်းသာ၍မဆုံးပါ။ ခဲဖွယ်ဘောဇဉ် အချိုယမကာတို့ကို စားသုံးနှင့်လည်း ဆက်လက်ဆွေးနွေးကြပါသေးသည်။

          ထိုပုဂ္ဂိုလ်နှစ်ဦးတို့က တရုတ်သံအမတ်ကြီးနှင့် တိုင်ပင်ပြီး မြေသို့လိုက်သော မျိုးစေ့သည် ပြုစုပျိုးထောင်မှု ကောင်၍ မကြာမီ သန်စွမ်းလာကာ သီးပွင့်တော့မည့် အရိပ်အယောင်များလာပါတော့၏။ ထမဦးထံမှ ၁၃၉ ရက်စွဲပါ စာရှည်ရှည်ကြီး တစ်စောင်ရပါသည်။ ထိုစာနှင့်ပူးတွဲပြီး မတ်လ ၂ ရက်နေ့စ်နှင့် ကင်းတက္ကသိုလ် အရှေ့တိုင်းဘာသာနှင့် စာပေများဌာနထံမှလည်းကောင်း မြန်မာဌာနခွဲတာဝန်ခံ ပါမောက္ခ ဒီဘက် ( hng Da Na) ထံမှလည်းကောင်း စာနှစ်စောင် လာသည်။ မြန်မာလိုချည်း ဖြစ်ပါ၏။

          ဦးမိုးစာထဲမှာ အရေးကြီးသော အချက်များတို့ကိုသာ တင်ပြပါရစေ။ ကျွန်တော်တို့ ပီကင်အသွား လမ်းခုလတ်ရှိ ကွန်မင်းမြို့ တွင် ၃-၄ ရက်လာနေစေချင်ပါသည်ဟု ယူနန်ပြည်နယ် အရှေ့တောင်အာရှရေးရာသုတေသနအဖွဲ့မှ သူ၏ မိတ်ဆွေတစ်ဦးက ဖိတ်ကြားကြောင်း သက်ဆိုင်ရာ ပညာရပ်များကို တစ်ကြိမ်လောက် အm မွေးနေစေလိုကြောင်းနှင့် ကွန်မင်းမြို့ အနီးတစ်ဝိုက်ရှိ နာမည်ကျော် နေရာများ ရှုခင်းသာသများဆီသို့ သုတေသနဌာနမှ အားဖြင့် လိုက်ပို့ပြသမည်ဆိုကြောင်တို့ပါရှိပါ၏။

ပီကင်းတက္ကသိုလ် အရှေ့တိုင်းဘာသာနှင့် စာပေများ ဌာနမှူး၏စာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ '

ပါမောက္ခ ဦးလှဒေ

          ဆရာကြီးထံ ရိုသေစွာ စားအပ်ပါသည်။

          ကျွန်တော်တို့ ပီကင်းတက္ကသိုလ်သို့ လာရောက်လည်ပတ်ကြည့်ရှုရင်း နှစ်ပတ်ကြာ ပညာသင်ကြား ပြီယူရန် ဆရာကြီးနှင့်တကွ ဆရာကြီးကတော်အား ဂုဏ်ယူစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

          မြန်မာ့ယဉ်ကျေးမှု၊ မြန်မာဘာသာစကားနှင့် စာပေး နိုင်ငံအသီးသီးမှ မြန်မာရေးရာ သုတေသနများကို ကျွန်တော်တို့ သိလိုလှသဖြင့် ဆရာကြီးအား စောင့်မျှော်နေကြပါသည်။

          ဆရာကြီးနှင့် ဇနီးမောင်နှံသည် ပီကင်းတက္ကသိုလ်၌ တည်းခိုရန် ကျွန်တော်တို့က တာဝန်ယူစီစဉ်ပေးပါမည်။ ထို့ပြင် ထုံးစံအတိုင်၊ ဉာဏ်ပူဇော်ခ ကန်တော့ပါမည်။

          အကယ်၍ ဆရာကြီးတို့ အဆင်ပြေလျှင် မေလ ၁၅ ရက်နောက်ပိုင်း ကြွရောက်ပါရန် တိုက်တွန်းအပ် ပါသည်။ ဆရာကြီးတို့အား ပြုစုစောင့်ရှောက်ရန်နှင့် ကူညီရန် ကျွန်တော်တို့ဌာနမှ မြန်မာစာဌာန၌ တာဝန်ခံ ဆရာ ဦးဘက်အား တာဝန်ပေးလိုက်ပြီးဖြစ်သဖြင့် အကူအညီလိုလျှင် အားမနာတမ်း ပြောပြစေလိုပါသည်။

          အစစအရာရာ အဆင်ပြေအောင်မြင်ပါစေ။

ဌာနမှူး (ထိုးမြဲလက်မှတ် )

          ဦးဉာဏ်ထံမှ တကား ပီကင်က္ကသိုလ် ဖိတ်ကြားချက်အရ ဆရာကြီးနဲ့ ဆရာကြီးကတော်တို့ ပီကင်းကို လာရောက် လည်ပတ်ကြည့်ကြမယ်ဆိုတာ သိရလို့ ကျွန်တော်တို့ အားလုံး ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြပါတယ်။

          လာမယ့် ရက် သေချာရင် ကျွန်တော်တို့ကို အကြောင်းကြားပါ။ ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ကြိုဆို စောင့်မျှော်ကြပါတယ်။

ရွှင်လန်းချမ်းမြေ့ပါစေ

အမြဲသတိရလျှက်

ညဏ်

ဟု ဖြစ်ပါသည်။

          တစ်လန့်အကြာ ဧပြီလ ၇ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ အင်္ဂလိပ်ဘာသာဖြင့် တရားဝင် စာ ရောက်လာပါသည်း စာထဲ၌ ပီကင်းတက္ကသိုလ်တွင် ပြောဟောရန် ကျွန်တော်နှင့် ဇနီးအတူတကွ လာရောက် ဖိတ်ကြားသည်။ မေလ ၁ ရက်နေ့ တရုတ်လေကြောင်း လေယာဉ်ဖြင့် ကျွန်တော်တို့ ရန်ကုန်မှ ကွန်မင်းသို့ ထွက်ရွာကား ကွန်မင်းတွင် ၃-၄ ရက်နေပြီး ပီကင်းတက္ကသိုလ်တွင် မေလ ၁၅ ရက်နေ့မှစ၍  ဟောပြောပေးမည်ဟု မျှော် လင့်ထားကြောင်းပါရှိ၏။ ပျိူးထားသော အပင်ကြီးသည် ပွင့်ပြီး သီးလာပေပြီ ။ ခူးစားနိုင် မနိုင်ကိုကား က မည်သို့စီမံ လာမည်ကို စောင့်ကြည့်နေပါ၏။

          မေလ (၁)ရက်၊ တနင်္ဂနွေနေ့တွင် ကျွန်တော်နှင့် ဇနီးတို့ရန်ကုန်သို့ လာကြသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားပို့ရာ မတ်လက စတင် ဆောင်ရွက်မှုများ မေလ ပထမအပတ်အတွင်း ပြီးစီးသွားမည်ဟု သတင်းရသောကြောင့်ပင်။ သို့သော် အထစ်အငေါ့တစ်ခု ဖြုန်းခနဲ မမျှော်လင့်ဘဲ ပေါ်လာသဖြင့် မေလ (၅)ရက်နေ့ ပြီးမည်ဟု ခန့်မှန်းထားရာ မပြီးပါ။ ၆ ရက်နှင့် ၇ ရက်နေ့များသည် စနေနှင့် တနင်္ဂနွေနေ့များ ဖြစ်ကြသည်။ ကံအားလျော်စွာ ၈ ရက် တနင်္လာနေ့ ညနေ ၅ နာရီတွင် နိဂုံးကမ္ဗည်း အပြီးသတ်နိုင်ခဲ့ပါ၏။

          ကံအားလျော်စွာဟု ဆိုရသည်မှာ ထိုနေ့ညနေပင်လျှင် တရုတ်သံအမတ်ကြီး မစ္စတာ ချိန်းရှိန် (Mr Cherry Ruisherng)နှင် သံအမတ်ကြီးကတော်တို့က ကျွန်တော်တို့အား တရုတ်နိုင်ငံ မသွားမီ နှုတ်ဆက်ညစာစားပွဲ ဖိတ်ခေါ် ထား၍ဖြစ်ပါ၏။ အကယ်၍သာ ထိုကိစ္စမပြီး၊ မပြတ်သေးပါက ဘယ်လိုဆင်ခြေပေ။ရမှန်း မသိပါ။

          ပီကင်းသွားဖို့အရေးက ဝန်ထုပ်ကြီးကျကျသွားချင်၊ ညနေ ၅ နာရီ ကျော်ကျော် အချိန်တွင် ဦးမိုးကတယ်လီဖုန်းနှင့် အကြောင်းကြားလိုက်လာပါ၏။ သူ့ခမျာ ကမန်းကတန်း၊ ကားဖြင့် ဟိုတယ်သို့ ရောက်လာ၏။ ဒီဇာအတွက် ယူလာသော လျှောက်လွှာပုံစံတွေကို ဖြည့်ထည့်ပြီးကျွန်တော်တို့၏ နိုင်ငံကူးလက်မှတ်တွေကို ယူသွားသည်။ ၆ နာရီခွဲ အချိန်ဝယ် ဒီအတံဆိပ်များ။ ရိုက်နှိပ်ထားရှိသည့် နိုင်ငံကူးလက်မှတ်တွေ ပြန်ယူလာပေးပါသည်။ ပြီးနောက် ကျွန်တော်နှင့် ဇနီးတို့အား သူ့ကားဖြင့် သံအမတ်ကြီးအိမ်သို့ ခေါ်ဆောင်သွားပါသည်။ ။

          အင်္ဂလန်ပြည်တွင် နေထိုင်စဉ်အခါက ကျွန်တော်သည် ပြင်သစ်ပြည်သို့ သန်ဘက်ခါသွားရန် အရေးပေါ်လာ သဖြင့် နိုင်ငံကူးလက်မှတ်ကို ကြည့်ရာ သက်တမ်းကုန်ဆုံးနေကြောင်း တွေ့ရ၏။ နောက်တစ်နေ့တွင် လန်ဒန်မြို့ရှိ နိုင်ငံ ကူးလက်မှတ် ထုတ်ပေးရာ ရုံးသို့  ၉နာရီချိန် သွားပြီး ရှင်းလင်းပြောပြရာ၊ ညနေ၄ နာရီ မထိုးမီ လက်မှတ်သစ်ရခဲ့၍ လေယာဉ်လက်မှတ်ဝယ်ပြီး အချိန်မီ သွားနိုင်ခဲ့၏။ ယခုလည်း ကျွန်တော်တို့ ဗီဇာကို နှစ်နာရီအတွင်း တရုတ်နိုင်ငံ သံရုံးက ထုတ်ပေးခဲ့သဖြင့် သောကကင်းဝေးစွာ အချိန်မီ ခရီးထွက်နိုင်ခဲ့ပါ၏။ သက်ဆိုင်သူတို့အား သာဓုသုံးကြိမ် ခေါ်ပါသည်။

          သံအမတ်ကြီးက ဖော်ဖော်ရွှေရွှေ ခရီးဦးကြိုပြု နှုတ်ဆက်ပြီး အနုပညာရှင် ဇနီးသည်နှင့် မိတ်ဆက်ပေးပါသည်။ ခတ္တ အလာပ သလ္လာပ ပြောကြားပြီးနောက် ဖွယ်ဖွယ်ရာရာ တရုတ်အစားအစာ တစ်မျိုးပြီးတစ်မျိုးအနက် လျှာတွေ့သည့် အမျိုးအစားမှာ ပန်းရနံ့သင်ကြိုင်သည့် တရုတ်ဝိုင်အရက်ပင် မတ်လက ယဉ်ကျေးမှု သံမှူးနေ့လယ်စာ စားပွဲတွင်လည်း သောက်ခဲ့ရ၏။ တရုတ်နိုင်ငံရောက်သောနေ့လည်စာ စားပွဲတွင်လည်း သောက်ခဲ့ရ၏ ။ တရုတ်နိုင်ငံ ‌ရောက်သောအခါလည်း အထက်လွှာပိုင်းမှ ဧည့်ခံပွဲများ၌လည်း မိတ်ပြန် ဆက်ရပါသေးသည်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)