Skip to product information
1 of 5

Other Websites

ဒေါက်တာရန်မျိုးသိမ်း-၂၀၁၅ခုနှစ်အလွန်NLDပါတီနှင့်သမ္မတဇာတ်လမ်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
တွေ့ဆုံဆွေးနွေးရေး အဖြေရှာရေးသို့
 

          ၂၀၁၁ ခုနှစ် သြဂုတ်လ (၁၉) ရက်၊ သောကြာနေ့သည်မြန်မာ့နိုင်ငံရေးသမိုင်းတွင်အရေးပါသောနေ့စွဲတစ်ခု ဖြစ်ခဲ့သည်။ ထိုနေ့ညနေ(၄)နာရီတွင် သမ္မတအိမ်တော်ရှိနိုင်ငံတော်သမ္မတရုံးခန်း၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်း စုကြည်ကို လက်ခံ တွေ့ဆုံခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်သည်နိုင်ငံတော်အစိုးရ၏အစီအစဉ်ဖြင့်သြဂုတ်လ(၁၉)ထွက်ခွာသွားသည့် သတင်းများသည် မြန်မာပြည်သူလူထုအကြားတွင် အထူးစိတ်လှုပ်ရှားဖွယ်သတင်းကောင်းဖြစ်ခဲ့သည်။ကနဦးသတင်းများအရ ဒေါ်အောင်ဆန်းစုကြည်သည်၂၀၁၁ခုနှစ်၊ သြဂုတ်လ(၁၉)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန၌ကျင်းပသည့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင််ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ရန် နေပြည်တော်သို့ သွားရောက်ခြင်း ဖြစ်သည်ဟု ဖော်ပြကြသည်။ အဆိုပါ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မည်ဖြစ်ရာ အဆိုပါအခမ်းအနားအတွင်းနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏အလွတ်သဘောတွေ့ဆုံမှု ဖြစ်ပေါ်လာနိုင်သည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ် စောင့်ကြည့်ခဲ့ကြသည်။

          နေ့လယ်ပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသည် မူလအချိန်ထက်နောက်ကျရခြင်းမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုကြောင့်ဟုလည်း သတင်းများ ထွက်ပေါ် ခဲ့သည်။ နောက်ပိုင်းအလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်တက်ရောက်လာခြင်းမရှိသည့် အကြောင်းသတင်းများဖော်ပြခဲ့ကြသည်။ထိုအချိန်တွင်ခိုင်လုံသောသတင်းရပ်ကွက်ကိုကိုးကားလျက်ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်သို့ နိုင်ငံတော်အစိုးရ အစီအစဉ်ဖြင့်သွားရောက်ခြင်းမှာနိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရန် ဖြစ်သည်ဟု နိုင်ငံခြား သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

          သြဂုတ်လ (၁၉) ရက်နေ့ တစ်နေ့လုံးသည် နိုင်ငံရေး လေ့လာ စောင့်ကြည့်သူများနှင့် သတင်းစာဆရာများ ပင်ပန်း ရင်မောရသောနေ့ပင် ဖြစ်သည်။ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ည၈နာရီသတင်းသည်ဝမ်းမြောက်ဖွယ် ပုံရိပ်များနှင့်အတူ ပြည်သူလူထုကြီး တစ်ရပ်လုံးကို ဝမ်းမြောက်ဝမ်းသာဖြစ်စေခဲ့သည်။ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟုရေးထိုးထားသောတိုက်ပုံအင်္ကျီအနက်ရောင်နှင့်ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံရှေ့မှောက်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ တစ်ဦးတည်းသောသမီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံ တွေ့ဆုံခဲ့သည်။

          ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော် နှင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံတော်အစိုးရ၏ဆောင်ရွက်ချက်များကို ခင်မင်ရင်းနှီးစွာ ရှင်းလင်းပြောကြားခဲ့သည်။ ထို့အပြင်နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်နိုင်ငံနှင့်ပြည်သူလူထုအတွက်အမှန်တကယ်အကျိုးရှိစေမည့်ဘုံအကျိုးစီးပွားများတွင် ပူးပေါင်းဆောင် ရွက်နိုင်မည့် အလားအလာများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

           နိုင်ငံတော်သမ္မတရုံးခန်းထဲတွင် မြန်မာနိုင်ငံ၏သမ္မတဟောင်းများ၏ဓာတ်ပုံများကိုလည်းချိတ်ဆွဲထားသည်ကို တွေ့ရှိရသည်။ အကယ်စင်စစ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ ဖိတ်ကြားချက် အရ နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံရန် နေပြည်တော်သို့ အစိုးရအစီအစဉ်ဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ နောက်တစ်နေ့ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာဦးမြင့်၏ ဖိတ်ကြားမှုအရ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်သည်နေပြည်တော်အုပ်ချုပ်ရေးမြို့တော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့၏ အထူးဧည့်သည်တော် အဖြစ် သွားရောက်ခဲ့ခြင်း၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေး ခဲ့ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးအချို့နှင့် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် လည်းကောင်း အလွတ်သဘော တွေ့ဆုံစကားပြောနိုင်ခဲ့ခြင်းတို့သည် ၁၉၈၈ခုနှစ် နောက်ပိုင်းမြန်မာ့နိုင်ငံရေးသမိုင်းတွင် အမြင့်ဆုံးဖြစ်ပေါ်တိုးတက်မှုများအဖြစ် လေ့လာသူများက ကောက်ချက်ချကြသည်။

 

 နိုင်ငံတကာအမြင်

          နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အကြား ပထမဆုံး အကြိမ်တွေ့ဆုံမှုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးရာ အကြီးအကဲ ကက်သရင်းအက်ချ်တွန်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှုကိုမြန်မာပြည်သူများပြန်လည်သင့်မြတ်ရေးသို့ဦးတည်သည့်အရေးကြီးသောအဆင့်တစ်ခုအဖြစ် လည်းကောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကောင်းမွန်သော ခြေလှမ်းအဖြစ် လည်းကောင်း အသိအမှတ်ပြုခဲ့သည်။

          အမေရိကန်အထက်လွှတ်တော်အမတ်ဂျွန်မက်ကိန်းကလည်းဒေါ်အောင်ဆန်းစုကြည်၏နေပြည်တော်ခရီးစဉ်နှင့်နေပြည်တော်တွင်နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံမှုအပေါ်ဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့သည်။ထို့အပြင် မြန်မာအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အကြား စစ်မှန်ပြီး၊အဓိပ္ပာယ်ပြည့်ဝသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေး ရေး လုပ်ငန်းစဉ် တစ်ရပ်ကို အစပြုခြင်း ဖြစ်လိမ့်မည်ဟု မက်ကိန်းက ပြောကြားခဲ့သည်။

          အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူမတ်ခ်တိုနာကလည်းအမေရိကန်အစိုးရသည်တွေ့ဆုံမှုကို ကြိုဆိုကြောင်း၊ ယင်းအချက် များသည် ကောင်းမွန်သော ခြေလှမ်းများဖြစ်ကြောင်း၊ အမေရိကန်အစိုးရ အနေဖြင့် ယုံကြည်ချက်ကြောင့်အကျဉ်းကျနေသူများလွတ်မြောက်ရေးအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်း၏အဓိကအရေးကိစ္စများနှင့် ဆက်စပ်၍တိုးတက်မှုနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးဆီဦးတည်သောတိကျသည့်လုပ်ရပ်များကို အစိုးရ၏အာဘော်နှင့် အညီ ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းကြောင်းတို့ကို ဖော်ပြခဲ့သည်။

 

 

 

 ဒေါ်အောင်ဆန်းစုကြည်၏အမြင် 

          ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၀ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ပြီး ရန်ကုန်မြို့သို့ ပြန်လည်မထွက်ခွာမီ သတင်းထောက်များအား ပြောကြားရာတွင် သူမအနေ ဖြင့် နိုင်ငံတော်သမ္မတနှင့်တွေ့ဆုံဆွေးနွေးရသဖြင့် ဝမ်းမြောက်ဝမ်းသာကြောင်း၊ တွေ့ဆုံမှုအပေါ်အားရကျေနပ်မိကြောင်းတို့ကို ထုတ်ဖော် ပြောကြား ခဲ့သည်။ ထို့အပြင်ဒေါ်အောင်ဆန်းစုကြည်ကသူမအနေဖြင့်နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထပ်မံတွေ့ဆုံရန် အခွင့်အရေး ရလိမ့်မည်ဟု မျှော်လင့်ကြောင်း လည်း သတင်းထောက်များအား ပြောကြားခဲ့သည်။ 

         အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပိုမို ကောင်းမွန်သော နားလည်မှု ရရှိလာလိမ့်မည်ဟု ယုံကြည်မျှော်လင့်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးမှုသည်အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ပထမခြေလှမ်းဖြစ်လိမ့်မည်ဟုထင်မြင်ကြောင်း သတင်းစာဆရာများအား ပြောကြားခဲ့သည်။

          ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၁ ခုနှစ် သြဂုတ်လ (၂၂) ရက် နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် များနှင့် တွေ့ဆုံပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်၏ နိဒါန်းအစ ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်ကြေညာချက်တစ်ရပ်ထုတ်ပြန်ပြီးနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ - တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ မြန်မာ့သတင်းစဉ်၏ ထုတ်ပြန်ချက်များကို လည်းကောင်း၊ အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်၏ရှင်းလင်းတင်ပြချက်များကိုလည်းကောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ က သဘောတူ ကြိုဆိုထောက်ခံပါကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

          အဆိုပါ ကြေညာချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သော စာတမ်းများအားစိတ်ပါဝင်စားစွာ နားထောင်ခဲ့သည့်အပြင် အလုပ်ရုံဆွေးနွေးပွဲ ခေတ္တနားချိန်တွင်ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အလွတ်သဘော တွေ့ဆုံ စကားပြောခဲ့ရခြင်းကိုလည်း ကျေနပ်ဝမ်းသာခဲ့သည်။

          အမျိုးသားအဆင့်အလုပ်ရုံဆွေးနွေးပွဲခေတ္တနားချိန်တွင်ဒေါ်အောင်ဆန်းစုကြည်သည်အမှတ်(၁)စက်မှုဝန်ကြီးဌာနနှင့် အမှတ် (၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း၊ အလုပ်သမားဝန်ကြီးဌာန လူမှုဝန်ထမ်းနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်ဗိုလ်ချုပ်သိန်းဌေး၊ နိုင်ငံတော်သမ္မတ၏စီးပွားရေးအကြံပေးပုဂ္ဂိုလ်ဒေါက်တာဦးမြင့်၊စီးပွားရေးတက္ကသိုလ်ပါမောက္ခအငြိမ်းစားဒေါ်ရီရီမြင့်တို့နှင့်အတူမိနစ်သုံးဆယ်ကြာအလွတ်သဘောတွေ့ဆုံစကားပြောခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းအောင်၊ဒုတိယဥက္ကဋ္ဌဦးလှမောင်ရွှေ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်တို့နှင့်လည်း စကားလက်ဆုံကျခဲ့သည်ဟု ဓာတ်ပုံမှတ်တမ်းများက ဆိုသည်။

          အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးဝင်းတင်ကလည်းမိမိတို့နှင့်အစိုးရအကြား ဆက်ဆံရေးသည် ပိုမို ကောင်း မွန်လာကြောင်း သတင်းဌာနများကို ပြောကြားခဲ့သည်။ 

 

သတိနှင့်သုံးသပ်နေမှုများ

          နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည်စောင့်ကြည့်လေ့လာနေကြသည်။ဝါရင့်တိုင်းရင်းသား နိုင်ငံ ရေးသမားများသည် အဆိုပါ တွေ့ဆုံမှုအပေါ် သတိနှင့် ကြိုဆိုခဲ့ကြသည်။ အဆိုပါ တွေ့ဆုံမှုမှသည် ပိုမိုကျယ်ပြန့်ပြီး ထိရောက်အဓိပ္ပာယ်ရှိသည့် နိုင်ငံ ရေး စားပွဲဝိုင်းတွေ့ဆုံဆွေးနွေးမှုများပေါ်ပေါက်လာနိုင်ကြောင်း အကဲခတ်အချို့ကသုံးသပ်ကြသည်။လက်တွေ့ကျသောဖြစ်ပေါ်တိုးတက်မှုများကိုအလျင်အမြန်ဆောင်ရွက်သင့်သည်ဟု လည်း သုံးသပ်ကြသည်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများကို အမြန်ဆုံး လွှတ်ပေးခြင်းဖြင့် ပြည်ထောင်စုအစိုးရသည်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို လက်တွေ့ကျကျစတင်သင့်သည်ဟုလည်း သုံးသပ်ကြသည်။ 

 

နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မည်

          ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံနှင့်ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးရှိစေမည့် ဘုံအကျိုးစီးပွားများတွင်ပူးပေါင်းဆောင်ရွက်ရာတွင်နယ်ပယ်ကဏ္ဍစုံတွင်ပူးပေါင်းဆောင်ရွက်ဖွယ်မူလပိုင်ရှင်များဖြစ်သည့်အလျောက် နိုင်ငံရေးရာနှင့် ပတ်သက်သော

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)