Skip to product information
1 of 9

Other Websites

ဒေါက်တာမြင့်ဦး(ဂျီပီ) - အခြေခံသမားကျင့်၀တ်နှင့် ဆေးပညာကျင့်၀တ်ဆိုင်ရာဆောင်းပါးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ပါမောက္ခသမားတော်ကြီး (အဘ)ဦးလှမြင့်၏
ဆေးလောကသားများသို့ ပန်ကြားချက်

           ဒေါက်တာမြင့်ဦး ရေးသား ပြုစုသည့်  အတွေတွေရောဂါကု ဆရာဝန်လက်စွဲ အခြေခံသမာကျင့်ဝတ် Fundamentals Modeal Ethis - General Practitioner's Manualနှင့်  ဆေးပညာ ကျင့်ဝတ် ဆိုင်ရာ ဆောင်းပါးများ စာအုပ်သည် မြန်မာ့ဆေးပညာအတွက် ပထမဦးဆုံး သော ကျင့်ဝတ်လက်စွဲစာအုပ်အဖြစ် ထွက်ပေါ်လာခဲ့တာကို လှိုက်လှဲစွာ ကြိုဆိုအပ်ပါတယ်။ ရေးသားပြုစုတင်ပြသည့် ဒေါတ်တာ မြင့်ဦး ( ဂျီပီ ) ကိုလည်း ချီးကျုးဂုဏ်ပြုအပ်ပါတယ် ။

          ယခုအခါ ဆရာဝန်ဦးရေတွေများလာသည့်အလျောက် လူနာ များအား ကျန်းမာရေးစောင့်ရှောက်မှုကြရာတွင် အချို့သောဆရာဝန်များ ဘက်မှ ကျင့်ဝတ် သိက္ခာလျော့နည်းလာလျှက်ရှိနေခြင်းကို ကျေနပ်မှုမရှိကြသဖြင့် ပြည်သူလူထုအတွင်း တီးတိုးပြောဆိုလာနေကြ ခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆေးကောင်စီသို့ လိုအပ်သလို အရေးယူပေးပါရန် တိုင်ကြားမှုပြုခြင်း၊ မဂ္ဂဇင်း ၊ ဂျာနယ်များတွင်လည်း ဆေးလောကအတွင်း မနှစ်မြို့ဖွယ်ရာ စိတ်ပျက်ဖွယ်ရာ ကုသမှုများနှင့် ခံစားကြုံတွေ့နေရခြင်းများကို ရင်ဖွင့်ပြောဆိုရေးသားကာ  ပြည်သူလူထုအား အသိပေးနေခြင်း ဖြစ်ပေါ်နေပါတယ်။

          အချို့က တရားဆွဲဆိုရန်ဆန္ဒ များ ပေါ်ပေါက်လျှက် ရှိနေကြပါတယ်။ အခုမှ ဘာကြောင့် ဖြစ်ပေါ်လာရသလဲ အလျင်တုန်းက ဘာဖြစ်လို့ မရှိနိုင်ရသလဲဆိုတာတွေကို ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုပါတယ်။

          စစ်ပြီးခေတ် ဆေးလောကကို လေ့လာပါ  ၁၉၂၀  ခုနှစ်ဝန်းကျင် လောက်မှာ ဆေးကျောင်းသားဦးရေ နှစ်စဉ် ၇၀ မှ ၉၀ လောက်သာရှိခဲ့ပြီး ၁၉၂၃ ခုနှစ်ကစလို့ ရန်ကုန် ဆေးကောလိပ် (Rangoon Medical College)ကို Faculty of Medicine under University of Rangoon အနေနဲ့ ဖွင့်လှစ်လိုက် တဲ့အခါမှာ နှစ်စဉ် ကျောင်းသားဦးရေ  ၄၀ သာလျှင် လက်ခံခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးတဲ့အခါမှာ ဆေးပညာကို လေ့လာလိုက်စားချင်သောကျောင်းသားများ တိုးတက် များပြား လာတဲ့အတွက် ၁၉၄၈-၄၉  ခုနှစ် ကစပြီး ကျောင်းသား ၁၂၀ အထိ တိုးမြင့်လက်ခံလာခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်လောက်မှာပဲ Branch Medical College, Mandalay  အနေနဲ့ နှစ်စဉ်ကျောင်းသား ၅၀ ဖြင့်  Second MBBS အတန်းမှ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၆၂-၆၃ တော်လှန်ရေး အစိုးရလက်ထက်ရောက်တဲ့အခါမှာတော့ ကျောင်းသားဦးရေးဟာ တစ်နှစ်လျင် ၅၅ဝ တိုးမြင့်လို့ လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဆေးကျောင်း သုံးကြောင်းရှိနေပြီး ရန်ကုန်က ၃၅၀ ၊ မန္တလေးမှာ ၁၅ဝ နဲ့ မင်္ဂလာဒုံက ၅၀ လက်ခံခဲ့ပါတယ်။ ယနေ့ကာလမှာ ကျောင်း ငါးကျောင်းအထိဖြစ်ပေါ်လာပြီး တစ်နှစ်လျှင် ဝင်ခွင့်ပြုတဲ့ ဆေးကျောင်းသားဦးရေက သုံးထောင်နီးပါးလောက်အထိ ဖြစ်လာနေပါတယ်။ ဆေးတက္ကသိုလ် (၁) ကတော့ ကျောင်းသားဦးရေ အများဆုံးပါပဲ။

          စစ်ပြီးခါစ ဂျပန်ခေတ်မှာ ဆရာဝန်၊ သူနာပြုများ မလုံလောက်သဖြင့် လူနာများ အသက်ဆုံးရှုံးမှု များဖြစ်ခဲ့သည်ကို ပြုပြင်ပြောင်းလဲလိုသော ဆန္ဒရှိသူများက ဆေးပညာသင်ကြားရေးကို စိတ်ပါဝင်စားစွာနဲ့ သင်ယူခဲ့ကြပါတယ်။ ဝေဒနာရှင်များအား အသက်ကယ်ဆယ်လိုခြင်း၊ ရောဂါဝေဒနာ ခံစားမှုများ သက်သာစေလိုခြင်း စတဲ့ ပြင်းပြသောဆန္ဒများကြောင့် စိတ်ဝင်စားမှု(Inserest) အထုံဝါသနာ ပါရမီ (apitude) အကြင်နာ ကရုဏာနာနဲ့ပြုစုလိုသည့် ဟန်အမူအယာ(attlus)စတဲ့ အချက်သုံးချက်ပေါ်မူတည်ပြီး  ဆေးပညာကို လေ့လာ လိုက်စားခဲ့သူများ ပေါများလာခဲ့ပါတယ်။

          ၁၉၆၂ ခုနှစ်မတိုင်ခင်အထိ ဆေးပညာသင်ကြားလိုသောပုဂ္ဂိုလ်တိုင်းဟာ ၁၀တန်း သို့မဟုတ် တက္ကသိုလ်ဝင်တန်းအမြင့် ပြီးလျှင် ရန်ကုန်တက္ကသိုလ်သို့ လျှောက်ထားကြရပါမယ်။   အတန်းမှာ Phiysics Chemistry & Biology ဘာသာရပ်တွေကို ၂ နှစ်ကြားသင်ယူခဲ့ပြီး bmသာရပ်တိုင်းမှာ အမှတ်ရာခိုင်နှုန်း ၅၀ ကျော်တဲ့ ကျောင်းသားတိုင်းကို ဆေးကောလိပ်သို့ ဆက်လက်ပညာ သင်ကြားခွင့်ပေးထားပါတယ်။ ၁၀ တန်းမှာ အမှတ်များများ D များများရနေစရာမလိုပါ။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူတိုင်း ဆေးကျောင်းတက်ရောက်နိုင်ခွင့် ရှိကြပါတယ်။ ဆေးပညာလိုက်စားသူများဟာ မိမိတို့ရဲ့ Insura Aptase နှင့် AIIrus ကို အခြေခံပြီး ယုံကြည်နိုင်မာသော Dedication ဖြင့် ကိုယ်ပိုင်ဆန္ဒနဲ့  ခက်ခဲနက်နဲတဲ့ ပညာတွေကို သင်ကြားခဲ့ကြတာဖြစ်ပါတယ် ဝေဒနာရှင်များ ရောဂါပျောက်ကင်း အသက်ရှည်လိုရေးတွေကို စွမ်းစွမ်းတမံဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ပြီး ဆေးကျောင်းတက်ခဲ့ကြသူ များ ဖြစ်ကြပါတယ်။

          ကောလိပ်မှာ ငါးနှစ်သင်တန်းတက်ပြီး စာမေးပွဲအောင်မြင်ပြီးတာနဲ့ ဆေးကုသခွင့်လိုင်စင်ရဖို့ ဆေး ကောင်စီမှာ Regisrer  လုပ်ရပါတယ် အောင်စာရင်းထွက်ပြီးတာနဲ့ ဆေးကောလိပ်များကနေ အောင်မြင်သူ စာရင်းကို မြန်မာနိုင်ငံဆေးကောင်စီကို ပို့ပေးရပါတယ်။  အောင်ပြီးတဲ့ ကျောင်းသားတိုင်းကို ဆေးကောင်စီက  register လုပ်ပေးပါတယ်။  အဲဒီတုံးက Registation fee က ၂ ကျပ်ပဲ ပေးရပါတယ်။ ငွေ ၂ ကျပ်နဲ့ တင် တစ်သက်လုံး ဆေးကုသခွင့်လိုင်စင်ရရှိသွားခဲ့ကြပါတယ်။ ဆရာဝန်ကျင့်ဝတ်သိက္ခာ နဲ့  မညီညွတ်တာတွေရှိလာခဲ့ရင် Registration ကို ခေတ္တဆိုင်းငံ့ထားတာ  ရပ်ဆိုင်းထားတာတွေရှိပေမယ့် နောက်ပြန်လျှောက်လိုက်ရင် ပြန်ရရှိနိုင်ပါတယ် ။

          စာမေးပွဲအောင်မြင်တယ်ဆိုတာ အတတ်ပညာရှင်တစ်ဦးအဖြစ် လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်အောင် ကျွမ်းကျင်တတ်မြောက်ထားတယ်ဆိုတဲ့အကြောင်း ကျောင်းကနေ အသိအမှတ်ပြု လိုက်တာဖြစ်ပါတယ်။ ဆေးကုသခွင့်လိုင်စင်ဆိုတာကတော့ မြန်မာနိုင်ငံအတွင်းမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ်ဆေးကုသခွင့်ရှိတယ်ဆိုတဲ့ အခွင့်အရေးတစ်ရပ်လိုက်တာပါပဲ။ Register လုပ်တဲ့အခါမှာ ဆေးကောင်စီ ထုတ်ပြန်ထားတဲ့ လေးမျက်နှာပါရှိတဲ့ ကျင့်ဝတ်သိက္ခာလမ်းညွှန်ချက် စာရွက်လေးတွေကို ပေးလေ့ရှိပါတယ်။ ယခုလည်းပေးနေတုန်းပါပဲ။ ဆေးပညာဘွဲ့နှင်းသဘင် တက်ရောက်တဲ့အခါမှာ ပါမောက္ခချုပ်ကနေ အဓိဋ္ဌာန်ပြု သစ္စာ ၈ ချက်ကို တိုင်တည်းပေးပါတယ်။ အဲဒီ ၈ ချက်ကလည်း အခု ဒေါက်တာမြင့် ဦး (ဂျီပီ) ပြုစုထားတဲ့ စာအုပ်ထဲမှာပါပါတယ်။ နောက်ပိုင်းမှာတော့ တစ်ချက်ထိုးလာလို့ ၉ ချက်ဖြစ်သွားပါတယ်။

          ဆေးပညာလည်း အောင်မြင်ပြီးပြီ။ ဆေးကုသခွင့်လိုင်စင်လည်းရပြီးပြီဆိုရင် နိုင်ငံတော်အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်ချင်တဲ့ဆန္ဒရှိရင် လျှောက်ထားလို့ရပါတယ်။ ကိုယ်ပိုင်ဆေးကုခန်း ဖွင့်ပြီး ဂျီပီ လို့ ခေါ်တဲ့ General Practitioner လည်း လုပ်လို့ရပါတယ်။ အခြားကုမ္ပဏီတွေမှာလည်း ဝင်လုပ်လို့ ရပါတယ်။ အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရှိခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာ လက်ထောက်ဆရာဝန်တစ်ယောက်ရဲ့ Basic Pay Scale က ၃၅၀ ကျပ်ရှိပါတယ်။ ရှားပါးစရိတ် ၇၅ကျပ် ဖြစ်တာမို့ တစ်လကိုစုစုပေါင်း ၄၂၅ ကျပ်ရပါတယ်။ ကုန်ဈေးနှုန်းကလည်း မကြီးနှင့် တော့ ဆရာဝန် တစ်ယောက် မိသားစုလေးယောက် ကောင်းကောင်းမွန်မွန်ဝဝလင်လင် စားသောက် ဝတ်စားဆင်ယင်နိုင်ပြီး မိဘတွေကိုလည်း ထောက်ပံ့နိုင်တဲ့အပြင်၊ အလှူအတန်းတွေလည်း လုပ်နိုင်ခဲ့ကြပါတယ်။ အလုပ်ကလည်းပေါ  ဆရာဝန်ဦးရေကနည်း  လူနာလည်းနည်းပြီး မိမိဝင်ငွေနဲ့ အဆင်ပြေနေအချိန်ဖြစ်ပါတယ်။ လွတ်လပ်ရေးပြီးခါစမှာ မိမိတိုင်းပြည်အနေနဲ့ အထူးကုဆရာဝန်တွေ ထွက်ပေါ်လာစေရေးအတွက် State Scholar ပညာသင်ဆုတွေပေးပြီး အင်္ဂလန်နိုင်ငံကိုပို့ပေးနေတဲ့အချိန်လည်း ဖြစ်ပါတယ်။ အချို့လည်း သွားကြရတယ်။ တချို့လည်း ပြည်တွင်းမှာပဲ ဆက်လုပ်ကြတယ်။ ဂျီပီတွေလည်းအဆင်ပြေနေကြတဲ့အတွက် လောဘ ဒေါသ မောဟတွေ မရှိခဲ့ပါဘူး။ အထူးသဖြင့် ဆရာဝန်တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း ညီညွတ်မှုရှိအောင်  မြန်မာနိုင်ငံဆရာဝန်အသင်းက တစ်လကို နှစ်ခါလောက် Picnic ထွက်ပေးတဲ့ အစီအစဉ်တွေ လုပ်ပေး ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်စပ်မှုတွေရှိလာပြီး တစ်ဦးတလေမှာ မှာ ကျင့်ဝတ်သိက္ခာလျှောရဲတာတွေများရှိခဲ့ရင် အားလုံးက ဝိုင်းပြီးဆုံးမပြီးတော့ ဖြေရှင်းသွားနိုင်အောင် ပညာပေးပြုပြင်သွားကြတာတွေ ရှိခဲ့ပါတယ်။ ဆရာဝန်အသင်းအနေနနဲ့ ကျင့်ဝတ်ထိန်းသိမ်းရေးအပိုင်းတွေကို တော်တော်များများ လုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ဘွဲ့နှင်းသဘင်မှာ ရွတ်ဆိုခဲ့ရတဲ့ အဓိဋ္ဌာန် ၈ ချက်နဲ့ ကောင်စီရဲ့ ညွှန်ကြားလွှာတွေကို ပြန်လည်အောက်မေ့လေ့လာမှုတွေ ပြုလုပ်လေ့ရှိတဲ့အတွက် ကျင့်ဝတ်သီက္ခာ နဲ့ ပတ်သက်ပြီး အကြီးအကျယ် နာမည်ပျက်တာတွေ မပေါ်ပေါက်ခဲ့ပါဘူး။ အားလုံးအဆင်ပြေခဲ့ပါတယ်။

          အဲဒီအချိန်တုန်းက လူနာတွေဟာ ဆရာဝန်တွေကို အင်မတန် လေးစားကိုကြည်ညိုကြတယ် ။ဆေးကုသနေရင်း သူ့ဘာသူ ကံကုန်သွားတာကိုတောင်မှ ဆေးကုသပေးတဲ့  ဆရာဝန် ဆရာမတွေကို ကျေးဇူး အထူးတင်ရှိကြောင်း လူနာရှင်တွေ ဆွေမျိုးတွေက သတင်းစာထဲမှာ ထည့်သွင်းဖော်ပြတာတွေ ရှိခဲ့ပါတယ်။ ဆရာဝန်တွေအပိုင်းကလည်း အကြီးအကျယ် ကျင့်ဝတ်ဖေါက်ဖျက်တာတွေ မရှိခဲ့ပါဘူး။ ဆေးကျောင်း ငါးနှစ်တာ ကာလအတွင်း ကျင့်ဝတ်သိက္ခာနဲ့ပတ်သက်ပြီး ဥပဒေရေးရာ ဆေးပညာဘာသာရပ်မှာ တစ်နာရီသင်တန်း သုံးကြိမ် ပို့ချတာလောက်ပဲ ရှိခဲ့ပါတယ်။ post morthem ရင်ခွဲရုံသင်တန်းပေးတဲ့အခါမှာလည်း ကြုံရင်ကြုံသလို ကျင့်ဝတ်သိက္ခာ ရေးရာတွေကို ဆွေးနွေးပို့ချသွားတာတွေရှိပါတယ်။ ကုသရေးဆိုင်ရာ ခွဲစီတ် ဆေးကုတေးရေး၊ အမ မညာ သားဖွားမီးယပ်စသဖြင့် ဘာသာရပ်ဆိုင်ရာ ဆရာဝန်ကြီး ဆရာဝန်မကြီးတွေလည်း အထူးသဖြင့် အတွင်းလူနာတွေ ဆက်ခံပုံပြောဆိုပုံ လူနာအမှာနေရာယူပုံ၊ ကိုင်တွယ် တွေကို ကိုယ်ပိုင် Role Model အနေနဲ့ ပြုမူဆက်ဆံ သင်ပြသွားကြပါတယ်။ အဲသလို ကူညီသင်ကြားတွေ ကျောင်းသား အချင်းချင်း ညီရင်းအစ်ကိုမောင်ရင်းနှမသဖွယ် တိုးတိုးတိတ်တိတ်ဆုံးမပဲ့ပြင်တာတွေကြောင့် ကျော်လွှာ ပျက်စီးမှု ဆီးတွေဟာ ပြောပလောက်အောင် မရှိခဲ့ပါဘူး ။

          နယ်အဝေး တောကြိုအုံကြားမှာ သွားရောက်အမှုထမ်းကြရတဲ့ ဝန်ထမ်း ဆရာဝန်တွေအနေနဲ့လည်း အချိန်တန်ရင် မြို့ကြီးပြကြီး သင်ကြားရေးဆေးရုံကြီးတွေကို ပြန်လည်ပြောင်းရွှေ့ နေရောချထားပေးတာတွေ ရှိတဲ့အတွက် မညည်းမညူပဲ  သွားရောက်အမှုထမ်းကြပါတယ်။ သင်ကြားရေးဆေးရုံ ကြီးတွေကို ပြန်ရောက်ရင် နည်းပညာတွေ ကျင့်ဝတ်တွေ ပြန်လည်ဆည်းပူးရတော့မှာပဲဆိုတဲ့ ခံယူချက်အပြည့်နဲ့ လုပ်ကြတဲ့အတွက် အစိုးရဝန်ထမ်းအပိုင်းမှာလည်း ပြသနာ ထွေထွေထူးထူး မပေါ်ပေါက်ခဲ့ပါဘူး။ အပြင်မှာ လုပ်နေတဲ့ ဂျီပီတွေနဲ့  ဝန်ထမ်းဆရာဝန်တွေအကြားမှာ သူနာပြုစုစောင့်ရှောက်ရေးနဲ့ ပတ်သက်ပြီး တစ်ဖတ်နဲ့ တစ်ဖက် ကိုင်းကျွန်း ကျွန်းကိုင်းမှီ ဆိုသလို အပေးအယူတွေထည့်ပြီးတော့ အဆင်ပြေနေခဲ့ပါတယ်။

မြန်မာနိုင်ငံက မွေးထုတ်လိုက်တဲ့ဆရာဝန်တွေကို ဗြိတိန်နိုင်ငံရဲ့  GENERAL MEDICAL COUNCIL က ၁၉၃၇ ခုနှစ်ကစပြီး အသိအမှတ်ပြု လက်ခံခဲ့ပါတယ်။ ဆေးကျောင်းသုံးကျောင်းက အောင်တဲ့ အောင်စာရင်းတွေကို နှစ်စဥ် GENERAL MEDICAL COUNCIL ကိုပို့ပေးရပါတယ်။ အဲ့သလိုပို့လိုက်တာနဲ့ သူတို့က Automatically အလိုအလျှောက် အသိမှတ်ပြု့ပါတယ်။ နောက်ပိုင်းမှာ ၁၉၇၅ ခုနှစ်လောက်ကစပြီး အဲ့သလို အသိအမှတ်ပြုတာကို ရုတ်သိမ်းလိုက်ပါတော့တယ် ရုတ်သိလိုက်ရတဲ့အကြောင်းရင်းကတော့ မြန်မာနိုင်ငံကျောင်းတွေမှာ  ကျောင်းသားတွေ တိုးပြီး လက်ခံနေတဲ့ အတွက် ဆရာ ကျောင်းသား အချိုး အစား စာသင်ခန်းထဲမှာ ချောင်ချောင်ချိချိ ထိုင်နိုင် ၊ စာသင်ကြားနိုင် ၊ ရေးနိုင်းမှတ်နိုင်တာတွေ ချို့ယွင်းလာတာကြောင့် အရည်ချင်းပြည့်ဆေးပညာသင်ကြားရေး အဆင့်မမီဘူးဆိုပြီး ငြင်းပယ်လိုက်တာပါပဲ။

          တော်လှန်ရေး အစိုးရတက်လာတဲ့အခါမှာ ဆေးကျောင်းသားဦးရေကို  တိုးပြီးလက်ခံလာခဲ့ပါတယ်။ မင်္ဂလာဒုံမှာ ဆေးကျောင်းအသစ်တစ်ခု ထပ်ဖွင့်ပြီး  ရန်ကုန် ၊ မန္တလေးနဲ့ မင်္ဂလာဒုံ ကျောင်း ၃ ကျောင်းကို ကျောင်းသား ၅၅၀ အထိ လက်ခံလာပါတော့တယ်။ ကျောင်းဝင်ခွင့်ရွေးချယ်ရာမှာလည်း စိတ်အားထက်သန် သူတွေ ပါဝင်မလာနိုင်တော့ဘဲ တက္ကသိုလ်ဝင်တန်း အောင်မြင်တဲ့သူတွေ အမှတ်အများဆုံး ပထမ ၅၅၀ ကို ဆေး(၁)၊ဆေး  (၂) နဲ့ ဆေး-မန်းကို ဖြန့်ဝေပေးလိုက်ပါတယ်။ လူတော်လူကောင်းတွေ ရရှိတယ် လို့ ဆိုကြပါတယ်။ တော်လည်းတော်ကြပါတယ်။ တော်လွန်းတော့ ဘဝင်ကိုင်သွားကြတာတွေ၊ တစ်ဦးကိုတစ်ဦး။ ပေါင်းသင်းဆက်ဆံရေး ပျက်ပြလာတာတွေရှိလာပါတယ်။ ကျောင်း မတက်လိုက်ရတဲ့သူတွေအနေနဲ့ လူမဝင်ဆန်တော့သလို ခံစားကြရပါတယ်။ လူမှုရေးအသိုင်းအဝန်းမှာ သိမ်ငယ်လာကြရပါတယ်။

          ဆေးတက္ကသိုလ် (၁) အနေနဲ့ ကျွန်တော် သတိပြုမိတာကတော့ ကျောင်းသား ၃၅၀ ထဲက ပထမဆုံး  တစ်ကနေ နှစ်ဆယ်အစိတ်အထိ ရရှိထားသူတွေက နောက်ပိုင်း Roll Number မှာနေရကျောင်းသားကျောင်းသူတွေကို အဖက်မတန်သလို ပြုမူဆက်ဆံကြတာတွေ ရှိလာပါတယ်။ ကျောင်းသားအချင်း ချင်း စိတ်ဝမ်းကွဲပြားမှုတွေရှိလာပြီး interpersonal relationship colhesion စတဲ့ ချစ်ခင်ယုံကြည် ကိုးစားတဲ့စီတ်တွေ လျော့နည်းလာကြပါတယ်။ ဒါတွေဟာ နောက်ပိုင်းမှာ ဆရာဝန်တွေ ကျင့်ဝတ် သိက္ခာပျက်စေရ၊ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်လာပါတယ်။

          အဲ့ဒီတော့ အိုင်အယ်လ်အေ စနစ်က ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ပါလာပါတယ်။ ဆေးကျောင်းရောက်တဲ့ ပထမဆုံး Fishers Meet မှာ ဆေးတက္ကသိုလ်(၁) ကျောင်းသားတွေ ဘာတွေက ဘာတွေမေး သလဲဆိုရင် မြန်မာနိုင်မှာ ဘယ်မြို့ ကဆရာဝန်လုပ်ရင် pradice အကောင်းဆုံးလဲ ။ဘယ်ဘာသာကို အထူးအလိုက်စားရင် ဝင်ငွေအကောင်းဆုံးဖြစ်မှာလဲ စသဖြင့် ဆေးပညာမလိုက်ခင်မှာ interest တွေ  aniteda တွေ aptude တွေကို ဘေးခေါက်ထားပြီး စီးပွားရေးဆန်ဆန်နဲ့ ဝင်လာကြတာတွေ ပါလာတယ်။

          ဆေးပညာသင်ချင်လိုသူတွေရဲ့ အခွင့်အရေးကို ပိတ်ပင် တဲ့ အပိုင်းမျိုတွေ ရှိလာကြပါတယ်။ ဆရာဝန်ဖြစ်လာ ကြရင်လည်း ဆေးကုသတာထက် စီးပွားရေးဆန်ဆန် ဆေးရောင်တာတွေ ဆေးရုံထောင်တာတွေ ဆေးပညာ ခုတုံးလုပ်ပြီး စီးပွားရေးလုပ်ဆောင်းလာတာတွေ ရှိလာကြတဲ့အတွက် ဆေးလောက ကျင့်ဝတ်သိက္ခာဟာ ‌လျှော့ရဲလာရပါတယ် ။

          ကျောင်းသားများလာတော့ စာသင်ကြားတဲ့အခါမှာ ဆရာတွေအနေနဲ့ ပိုမို အားစိုက်ထုတ်လာ ကြရပါတယ်။ Meaningful Teaching ဆိုတာ မ&ရှိခဲ့ပါဘူး။ ဆေးတက္ကသိုလ်(၁)မှာ ကျောင်းသားဦးရေကသာတိုးလာပြီး  ဆရာဦးရေက မတိုးခဲ့ပါဘူး။ စာသင်ခန်းအဆောက်အဦးတွေကိုလည်း မတိုးချဲ့ခဲ့ပါဘူး။ ဟိုတုန်းကကျောင်းသား ၄၀ လက်ခံတဲ့ စာသင်ခန်းမှာ ကျောင်းသား ၃၀၀ ကျော် ထားရှိလာပါတယ်။ ဆရာတွေက အဆင်းရဲခံ အပင်ပန်းခံပြီး ရရှိနိုင်တဲ့အခွင့်အရေးအတွင်းမှာပဲ ဖြစ်မြောက်အောင် သင်ကြားပေးခဲ့ကြတဲ့အတွက် ရန်ကုန်ဆေးကျောင်းထွက် ဆရာဝန်တွေရဲ့ အရည်အသွေးဟာ ကမ္ဘာပေါ်မှာ ကျော်ကြားလျက်ရှိနေတုန်းပါပဲ။

          အိုင်အယ်လ်အေ စနစ်နဲ့ ဝင်လာပြီး တစ်ယောက်နဲ့  တစ်ယောက် အတုပ ပြိုင်လာကြ၊ စိတ်ဝမ်းတွေကွဲကြ ၊ လောဘတွေတိုးလာ စတာတွေဟာ ဆရာဝန်များ ကျင့်ဝတ်ပျက်စေသော အကြောင်းရင်းတွေလို့ ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်တွေက အလုပ်ကရှား ဖြစ်လာရပြန်ပါတယ်။ ဆေးကျောင်းတွေက တစ်နှစ်ကို ကျောင်းသား ၅၅၀ လက်ခံနေပြီး၊ ဆရာဝန်ဖြစ်လာသူတွေက တစ်နှစ်ကို ၃၅၀-၄၀၀ လောက်ရှိ နေတဲ့အချိန်မှာ အစိုးရအလုပ်ခန့်ပေးနိုင်တာက ၁၅၀-၂၀၀ လောက်ပဲဖြစ်နေပါတယ်။ ကျန်တဲ့သူတွေက အပြင်မှာ အလုပ်လုပ်ကြရပါတယ်။ ဂျီပီလုပ်တော့ လည်း ပေါင်းသင်း ဆက်ဆံရေးက မကောင်းလာခဲ့ တော့ ထင်သလောက် မဆိုးနိုင်ကြတော့ပါဘူး။ ဒါနဲ့ပဲလောကနဲ့ မစပ်ဟပ်တဲ့ စီးပွားရေးတွေ လုပ်လာ ကြပါတော့တယ်။ ကုန်ဈေးနှုန်းတွေ တိုးမြင့်လာတာ နဲ့အမျှ လစာငွေနဲ့ မလောက်ဖြစ်လာကြပါတယ်။ ဆရာဝန်ကျင့်ဝတ်နဲ့ မကိုက်ညီတဲ့ အလုပ်တွေကို လုပ်ကိုင်လာကြပါတော့တယ်။ ဒါတွေဟာလည်း ကျင့်ဝတ်သိက္ခာ ပျက်ပြားစေတဲ့ အပိုင်းတစ်ခုပဲ ဖြစ်ပါ တယ်။ မိသားစုစိတ်မရှိကြတဲ့အပြင် တစ်ယောက်နဲ့ တစ်ယောက် အငြိုးတွေထားကြ၊ Jeaicusy တွေ ဝင်လာကြ သားကြီး Vindictive ဖြစ်လာကြ စသဖြင့် စိတ်ဓာတ် တွေဖျက်ပြီး ကိုယ်ထင်ရာကိုယ်စိုင်း လုပ်ကုန်ကြပါတော့တယ်။

          ၁၉၇၀ ခုနှစ်လောက်တုန်းက နိုင်ငံခြားကပြန်လာတဲ့ ဆရာဝန်တစ်စုဆိုရင် ရန်ကုန်ပြန်မရောက်ခင် လမ်းမှာတင် လောဘတွေတက်ပြီး တစ်နှစ်အတွင်း သူတို့ရှာဖွေနိုင်မယ့် ဝင်ငွေကို အလောင်းအစားလုပ်ပြီး အချင်းချင်း ပြိုင်ဆိုင်လာကြတာတွေ ရှိခဲ့ပါတယ်။ လောဘတွေဝင်ပြီး လုပ်ကိုင်လိုက်ကြတဲ့အတွက် အဲဒီ အုပ်စုထဲက ဆရာဝန်တစ်ယောက်ဟာ တရားစွဲလည်း...........

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)