Skip to product information
1 of 6

Other Websites

ဒေါက်တာမောင်မောင်ညို - သိပ္ပံနည်းကျမောင်နှင့်မယ်ပေါင်းကြရာ၀ယ်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

စာရေးသူ၏အမှာ

ဆေးပညာပေးစာအုပ်ရေးခြင်းအကြောင်းရင်း

၁၉၇၀ ပြည့်နှစ်က “သိပ္ပံနည်းကျအိမ်ထောင်သည်ဘ၀”ဟူသောဆေးပညာပေးအိမ်ထောင်ရေးလမ်းညွှန်စာအုပ်တစ်အုပ်ကိုစာရေးသူရေးသားထုတ်ဝေခဲ့ပါသည်။ ဖိုမသဘာဝ လိင်ပညာပေး စာအုပ်ဖြစ်သဖြင့် စာအုပ်မှာ ဟိုလေးတကျော် ဖြစ်သွားခဲ့သည်။ ချီးကျူး သူက ချီးကျူး၍ ချီးမွမ်းကန်ကျောက်သူက ကန်ကျောက်ပါသည်။ဆေးပညာဖခင်ကြီး ဒေါက်တာဘသန်းနှင့် သားဖွားနှင့်မီးယပ်ပညာ ပါမောက္ခ ဒေါက်တာရွှေတင်တို့က ချီးကျူးအမှာစကား ရေးသားပေး ပါသည်။ စာရေးဆရာကြီး ရန်ကုန်ဘဆွေကလည်း ချီးမွမ်းပါ၏။ မလိုတမာရှိသူများကမူ စာရေးသူအား “ဘော်ချက်သည်” ဟု ပြောကြား ကြပါသည်။ ယခုတိုင် အပြာစာပေနှင့် လိင်ပညာပေးစာပေကို မခွဲခြားတတ်သူတို့က စာရေးသူအား ထိုသို့ပင် စွပ်စွဲကြပါသည်။

              တကယ်တော့ စာရေးသူသည် ထိုစာအုပ်ကို အလကားနေရင်း ပိုက်ဆံ ရချင်၍ ရေးသည်လည်းမဟုတ်။ ပေါ်ပြူလာဖြစ် နာမည်ကျော်ကြားလို၍ ရေးသည်လည်း မဟုတ်ပါ။ မြန်မာနိုင်ငံတွင် လိုအပ် နေသော ဆေးပညာပေး စာအုပ်တစ်အုပ်ကို မိမိတတ်ကျွမ်းသော ဆေးပညာ ခန္ဓာဗေဒနှင့် လူမှုရေးသိပ္ပံတို့ကို အခြေခံ၍ ရေးသားခဲ့ခြင်းသာ ဖြစ်ပါသည်။ စရေးရန် အချက်အလက်ရှာသည်မှ ရေးပြီး သည်အထိ အချိန် (၄-၅)နှစ်ကြာပါသည်။ ရေးပြီးစာအုပ် ထုတ်ဝေရန် ကြိုးပမ်းရသည်ကိုက တစ်နှစ်ခန့်ကြာပါ၏၊ စာပေစိစစ်ရေးမှ ခွင့်ပြုချက်ရရန် မြန်မာနိုင်ငံဆေးကောင်စီ၏ ထောက်ခံချက်၊ ထိုစဉ်က ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး၏ သဘောတူညီမှု၊ တပ်မတော်မှ ခွင့်ပြုချက် စသည်တို့ကို အဆင့်ဆင့်ယူ၍ တင်ပြခဲ့ရပါသည်။

           ကံကောင်းသော စာရေးသူ စာရေးသူ

 ကံကောင်းသည်မှာ ထိုစဉ်က တပ်မတော် (ရေ)တွင် ယင်းကိစ္စနှင့် ပတ်သက်၍ တာဝန်ခံနေသူမှာ စာရေး ဆရာမကြီး ဒေါ်ခင်နှင်းယု၏ခင်ပွန်း စာရေးသူ၏မိတ်ဆွေ ဗိုလ်မှူးကြီးကျော်သောင်း ဖြစ်နေခြင်းပင်။ ထို့အတူ ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီးမှာ စာရေးသူ၏ ဆရာ ဗိုလ်မှူးကြီးလှဟန်။ သူက “မင်းစာအုပ် သိပ်ကောင်းတယ်။ Original (ပင်ရင်း ပင်ကိုယ်ရေး))။ ပုံတွေပါ ထည့် ရိုက်ပါ" ဟု ပြောပါသည်။ မြန်မာနိုင်ငံဆေးကောင်စီ အတွင်းရေးမှူးမှာ ထိုစဉ်က ဦးအံ့ကျော် အလွန်သဘောကောင်းသူ။ စာပေစိစစ်ရေးမှူးက ဘီစီအက်စ် အကြီးတန်း ဦးကျော်မြိုင်။ အားလုံးပင် အဆင်ပြေခဲ့ ပါ၏။ သို့ဖြစ်၍လည်း စာအုပ်မှာ ထင်သည်ထက် ပိုမိုအောင်မြင်ခဲ့ပါသည်။ ထွက်ပြီး နှစ်လသုံးလအတွင်း အုပ်ရေ နှစ်သောင်းကျော် ရောင်းကုန်ခဲ့၏။ စာအုပ်ထုတ်ပေးသော ပုဂ္ဂလိကစာအုပ်တိုက်မှာ စီးပွားရေးအရ ကျနေရာမှပြန်ထောင်လာခဲ့ ပါသည်။ စာရေးသူမှာ စာမူခ ဘာမျှ မရပါ။ ထမင်းအပျော်စား တစ်ဝိုင်းစာသာ ရခဲ့ပါသည်။

               ရေးပြီးခဲ့သော ဆေးပညာပေး စာအုပ်များ

ယင်း “သိပ္ပံနည်းကျ အိမ်ထောင်သည်ဘ၀” စာအုပ်ထွက်ပြီး သည်နောက် စာရေးသူသည် ဆေးပညာရှုထောင့်၊ စိတ်ပညာရှုထောင့် များမှ ယောက်ျား၊ မိန်းမ၊ ကလေး၊ အပျိုပေါက် လူပျိုပေါက် စသော လူတို့၏ အရွယ်ကိုလိုက်၍ စာအုပ်များ ရေးသားထုတ်ဝေခဲ့ပါသည်။ “ပျိုပျိုအိုကို” ဟူသော ဇရာ၏ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများပင် ပါဝင်ခဲ့သည်။ သို့သော် သိပ္ပံနည်းကျ ယောက်ျားတို့၏ အတွင်းရေး၊ မိန်းမတို့၏ သဘာဝ၊ ဇနီးမောင်နှံ ရှာကြံမှုတို့ကို အသေးစိတ် ရေးမပေးနိုင်ခဲ့ပါ။ ထိုစဉ်က စာရေးသူမှာ အသက်ကငယ်၊ ရာထူးကု ပါမောက္ခ ဌာနမှူး၊ အလုပ်တွေကများ၊ တာဝန်တွေက ကြီးနေသဖြင့် စိတ်သွားတိုင်း ကိုယ်မပါခဲ့ပါ။ ယခုမူ အစိုးရအလုပ်မှ အငြိမ်းစားယူပြီး၊ ကန်ထရိုက် ပါမောက္ခဘဝမှလည်း အနားယူပြီး ဖြစ်နေရာ စာကို ဖတ်ချင်ရာဖတ်၊ ရေးချင်ရာရေး၊ စိတ်သွားတိုင်း ကိုယ်ပါလာပါသည်။ သို့ဖြင့် ယင်းဟာကွက်ကို ဆက်၍ ရေးမိပါသည်။

            အသက်နှင့် အတွေ့အကြုံ၏ကျေးဇူး

ယခုအချိန်မှ ရေးဖြစ်သည်မှာလည်း ပိုကောင်းပါသည်။ စာရေးသူမှာ အသက်ရော၊ အတွေးအခေါ်ပါ ပိုရင့်လာပါသည်။ အတွေ့အကြုံလည်း ပိုရင့်လာပါသည်။ ၁၉၇ဝ ပြည့်တုန်းက အသက် (၃၀)ကျော်၊ ယခု ၂၀၁၀ ပြည့်နှစ်၌ အသက်က (၇၀)ကျော်။ ယခင်က ဗြိတိန်နိုင်ငံမှ ပါရဂူဘွဲ့ရပြီးစ။ ယခုမူ အမေရိကန်မှ ဆေးပညာ သင်ကြားရေး ပါရဂူဘွဲ့ ထပ်ရလာပြီ။ ပါမောက္ခလုပ်သက် (၄၀)ရှိပြီ။ စာအုပ်ပေါင်း (၁၀၀)ခန့် ရေးပြီးပြီ။ သို့ဖြင့် ဖတ်သမျှကို မိမိအတွေ့ အကြုံနှင့် စပ်ဟပ်ကာ ရေးချနိုင်ပါပြီ။ မူရင်း။ ။

ဤစာအုပ်ပါ အကြောင်းများ

ဤစာအုပ်၌ လိင်အကြောင်း၊ ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒမပါ။ အချစ်မေတ္တာ၊ တဏှာ၊ ရာဂနှင့် ကာမစပ်ယှက်မှုတို့ကို လူ့သဘာဝ ရှုထောင့်၊ စိတ်ပညာအမြင်ဖြင့်သာ တင်ပြထားသည်။ နောက်ဆုံးပေါ်

ဆေးပညာသုတေသနနှင့် အင်တာနက်မှာ တင် ဆက် သမျှ အချက်အလက် အားလုံး ပါဝင်သည်။ ၁၉၇ဝ က Internet မရှိသေးပါ။

အင်တာနက်၏ အကျိုးကျေးဇူး

၁၉၉၀ နောက်ပိုင်း၌ မြန်မာနိုင်ငံမှာ လူအများသည် နိုင်ငံတကာအတွေ့အကြုံရလာကြသည်။ နိုင်ငံပြင်ပထွက် အလုပ်လုပ် ကြသည်။ Intemet ဖြင့် ဆက်သွယ်ကြသည်။ စင်္ကာပူ၊ မလေးရှားနှင့်ယိုးဒယားနိုင်ငံတို့မှာ ဆေးကုခံကြသည်။ သို့ဖြင့် ပြင်ပဗဟုသုတ ပိုရရှိ လာကြသည်။ ယခုစာအုပ်၌ပါသော နောက်ဆုံးပေါ် တွေ့ရှိချက်များကို မိမိတို့ အိမ်ထောင် ပျော်ရွှင်ရေး၊ ဖူးစာရှင်အစစ်အမှန် ရရှိရေး၊ သားကောင်း သမီးကောင်းများ မွေးဖွားတို့အတွက် အထောက်အကူ များပင် ဖြစ်တော့သည်။

           စာရေးသူ၏စေတနာ

           စာရေးသူအနေဖြင့် ဤစာအုပ်ကို ရေးခြင်းမှာ မြန်မာပြည်သူ ပြည်သားများ အထူးသဖြင့်လူငယ်များကိုသိသင့်သိထိုက်သည့် လူ့သဘာဝ အကြောင်းအရာ၊ ဖိုမစိတ်ပညာ၊ လိင်မှုကိစ္စ အဆင်ပြေရေး၊ HIV/AIDS နှင့် ကာလသားရောဂါ ကင်းဝေးရေးအတွက် ရည်သန် ရေးခြင်းဖြစ်ပါသည်။ ငွေအတွက်၊ ထင်ပေါ်မှုအတွက် ရေးခြင်း မဟုတ်ပါ။ စာရေးသူ၏ဘဝမှာ နေဝင်ချိန် (Twilight Of Life) ဖြစ်နေ ပါပြီ။ သို့သော် “ကလောင်ကို ကိုင်နိုင်သေးသရွေ့ တိုင်းပြည်နှင့် လူမျိုးကို အကျိုးပြုမယ္” ဟူသော မာန်၊ စေတနာ၊ မေတ္တာအမှန်ဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ ခြေတစ်ဖက်က သင်္ချိုင်း၊ လက်တစ်ဖက်က ကလောင်ကိုင်တုန်း။သို့ဖြင့် မြန်မာပြည်သူပြည်သားအပေါင်း သိသင့်သော ဆေးပညာအကြောင်း၊ လောကမ္မ သဘာဝအကြောင်း၊ ခန္ဓာဗေဒ၊ စိတ္တဗေဒ၊ ဇီဝသဘာဝတို့ကို အလွယ်တကူ သိကြပါစေသတည်း။

ဒေါက်တာမောင်မောင် ညို

M.B.B.S. (Ygn): Ph.D. (London)

M.A. (Michigan), M.D., FOMERAD

ပါမောက္ခနှင့်ဌာနမှူး (ငြိမ်း (ဆေး-၁) -၂)

ပါမောက္ခနှင့် ညှိနှိုင်းရေးမှူး (ငြိမ်း UNIMAS)

ကူချင်းမြို့

၁၉-၆-၂၀၁၀။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)