Skip to product information
1 of 2

Other Websites

ဒေါက်တာမောင်မောင်ညို - မိန်မရောဂါနှင့်နောက်ဆုံးပေါ်ဆေးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စာရေးသူအမှာ

၁၉၆၉-ခု၌ အင်္ဂလန်မှပြန်လာပြီးနောက် ၁၉၇၀-ခုတွင် စာရေးသူသည် သိပ္ပံနည်းကျ အိမ်ထောင်သည်ဘဝ ဟူသောဆေးပညာပေး၊ လိင်ပညာပေးစာအုပ်ကို ပထမဆုံး ထုတ်စေခဲ့ ပါသည်။ ထိုစာအုပ်ကြွင်ယောကျ်ားမိန်းမတို့၏ ပုံမှန် ခန္ဒာဗေဒ၊ ဇီဝကမ္မနှင့် စိတ္တဗေဒတို့ကို ဖော်ပြထားပြီး သာယာသော အိမ်ထောင်ဖြစ်အောင် လင်နှင့်မယား မည်သို့နေထိုင်  ဆက်ဆံ ရမည်ကို ရေးသားဖော်ပြခဲ့သည်။ယင်းစာအုပ်ကို ဖတ်ရှုသူတို့က အလွန်ကြိုက်နှစ်သက်ပြီး ယောက်ျားအကြောင်း မိန်းမကြောင်းများကို ဆက်လက် ရေး ရန် တောင်းဆိုခဲ့ကြရာ ရေးသူသည် လိုက်၍ ရေးသားခဲ့ပါသည်။ သို့သော် ယောက်ျားရောဂါသက်သက်၊ မိန်းမရောဂါသက်သက်ကို ပြည့်စုံစွာ ရေးသားဖော်ပြနိုင်ခဲ့ခြင်းမရှိပါ။

          အထူးသဖြင့် ဖတ်ရှုသူတို့က ကောင်းလှ၊ ကြိုက် လှပါသည်ဆိုသော မိန်းမ စာအုပ်၊ ယောကျ်ားဖောင်စီး မိန်းမ မီးနေ စာအုပ်နှင့် အပျိုပေါက် လူပျိုပေါက် စာအုပ်များ ပင် မိန်းမရောဂါများအကြောင်း ပြည့်စုံအောင် ရေးသား ဖော်ပြနိုင်ခဲ့ခြင်း မရှိပါ။ စင်စစ် မိန်းမ စာအုပ်သည် မိန်းမတို့၏ ပုံမှန်သဘာဝနှင့် ပတ်သက်၍၊ယောကျ်ားဖောင်စီး မိန်းမ မီးနေ စာအုပ်သည် ကိုယ် - ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်း၊ မီးနေခြင်းတို့နှင့်သာသက်ဆိုင်ပါသည်။

       အပျိုပေါက် လူပျိုပေါက် စာအုပ်သည်ကားကြီးကောင်ဝင်စအရွယ်၊ ဆယ်ကျော်သက် ယောက်ျားကလေး မိန်းကလေးများနှင့် သက်ဆိုင်ပါသည်။ မိန်းမအားလုံးတွင် ဖြစ် တတ်သော ရောဂါများနှင့် မသက်ဆိုင်ပါ။ ထိုစာအုပ်များ ထွက်ပေါ်ခဲ့သည်ကား အမှန်အားဖြင့် ကြာ လှပြီဖြစ်ပါသည်။ မိန်းမစာအုပ်သည် ၁၉၇၂-ခုနှစ်က ထွက် ခဲ့၍ အခြားစာအုပ်များသည်လည်း ၁၉၇၈ ခုနှစ် မကုန်မီက ထွက်ခဲ့ခြင်းဖြစ်ရာ ယခု ၁၉၉၀ နှစ်နှင့် နှိုင်းစာလျှင် နှစ်ပေါင်း ၁၀ နှစ်ကျော်မှ ၁၇ နှစ်ခန့်အထိ မျိုးဆက်တစ်ဆက်စာ မျှ ကြာ နေပြီဖြစ်ပါသည်။

 ဤကာလအတွင်း ကမ္ဘာနှင့်မြန်မာ၌ ပြောင်း လဲမှုမျိုးစုံ ဖြစ်၍ ကမ္ဘာပေါ်၌ အသစ်အသစ် တွေဖြစ် ပေါ် တီထွင်ခဲ့သော ဆေးပညာ ဘက်ဆိုင်ရာ အကြောင်းအရာ များသည်လည်း များလှသည်ပင် ဖြစ်၏။ ဤကာလအတွင်း မိန်းမများနှင့် ပတ်သက်၍ သဘောတရားပြောင်းလဲမှု၊ ဆေး၊ပညာတက်ဆိုင်ရာ အသစ် ဝှေ့ရှိမှုများသည်လည်း အံ့ဘနန်။ ပင် ဖြစ်ပါသည်။ပုံစံအားဖြင့် ၁၉၈၀ ခုနှစ် မတိုင်မီက မိန်းမများ အတွက် အခွင့်တူရှိရေး (Equal Rights for Women ) လှုပ်ရှားမှု သည် မပြောပလောက်ဘဲ ယခု ၄-၅ နှစ်အတူ။တွင်ထို လှုပ်ရှားမှုသည် အရှိန်အဟုန်ကြီးမား၍ အောင်မြင်နေပါသည်။ မိန်းမများတွင် ကိုယ်ဝန်ရှိ မရှိ စမ်းသပ်နည်းများ တိုးတက် လာ၍ မိမိဘာသာ စမ်းသပ်နိုင်သောနည်းများပင် တီထွင်လာ ကြ၏။ ကိုယ်ဝန်ကို မိခင်လောင်းက မလိုက ဖျက်ဆီးခွင့်ပင် အချို့နိုင်ငံများ၌ ရလာကြ၏။ လိင်နှင့်ပတ်သက်သော ရောဂါ ဆန်းများ ပေါ်လာ၏။ ဥပမာ-လိင်အင်္ဂါရေယုန်၊ ကိုယ်ခံ စွမ်းအားလျော့နည်းမှုရောဂါ (AIDS) စသည်။

              ဤ ၁၀ စုနှစ်အတွင်း စာရေးသူသည်လည်း မိန်းမများ အကြောင်းကို စိတ်ဝင်တစားဖတ်ရှု၍ မှတ်သားစရာရှိသည်တ္တိကို မှတ်သားထားခဲ့၏။ မိန်းမလူနာများကိုလည်း အကူအညီကျောင်းက အကြံဉာဏ်ပေး ကူညီခဲ့ရသည်။ မိန်းမနှင့်ဆိုင်သော ဆောင်းပါးနှင့် ဝတ္ထုများကိုလည်း ကဗျာ၊ လုံမလေး၊ ရှုမဝ၊ ပေဖူးလွှာ စသော လစဉ်ထုတ်မဂ္ဂဇင်းများတွင် ရေးသားဖော် ပြခဲ့၏။ အခြားသောစောင်များ၊ စာအုပ်၊ မဂ္ဂဇင်းများတွင် လည်း ကြိုးကြိုး ရေးသားဖော်ပြခဲ့ပါသည်။ ဘယ်မှ မဖော်ပြခဲ့ရသေးသော ဆောင်းပါးများလည်။ အပုံရှိ၏။ သို့ဖြင့် မိန်းမရောဂါနှင့် နောက်ဆုံးပေါ်ဆေးများ အကြောင်းကို တစ်ပေါင်းတည်း သိလိုသူတို့အတွက် ဤစာအုပ်ကို စုစည်း ထုတ်ဝေလိုက်ခြင်း ဖြစ်ဇကြေခင်း။ပုခက်လွှဲသောလက်သည် ကမ္ဘာ့အကိုအုပ်စိုးနိုင်သည်ဟု အဆိုရှိ ရာ မြန်မာအမျိုးသမီးတို့သည် ခေတ်နှင့် ရင်ပေါင်တန်းနိုင်ပါ စေသတည်း။ ။

 

 

J-၉-၉ဝ ရန်ကုန် ။

ဒေါက်တာမောင်မောင်ညို M.B., B.S.; Ph.D. (London) MA (Mich.)

; FOMERAD (USA)

ပါမောက္ခ

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)