Skip to product information
1 of 9

Other Websites

ဒေါက်တာမောင်မောင်ညို - စိတ်ရောကိုယ်ပါ‌ဝေဒနာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 

ရွှေစော်နံ ပြန်လိုက်ဦး

  • မောင်မောင်ညိုရေ....
  • ငါ့ဆီကစာရလို့ အံ့ဩမနေနဲ့။ငါလည်းလွတ်လပ်ရေးပွဲအတွက် ပြင်ဆင်ပေးနေရတာ မအားတာနဲ့ မင်းကို ဖုန်းဆက်မခေါ်အားဘူး။ မင်းလည်း ဒီအတွင်း အားမယ်မထင်တာနဲ့ ငါ အခုစာကောက်ရေး လိုက်ရတာပဲ။
  • အကြောင်းကတော့ ငါ့သူငယ်ချင်း တစ်ယောက်က သူ့တူကို မင်းနဲ့တိုင်ပင်ကုသစေချင်လို့ပဲ။ အဲဒါ ငါ့ကိုလာ နားပူနားဆာလုပ်တာနဲ့ စာရေးလိုက်ရတာ။ အဲဒါမင်းကူညီနိုင်ရင် ကူညီပေးပါအုံး။
  • သူ့တူဆိုတာ တကယ်တော့ ကြီးပါပြီကွာ။ အသက် ၂၀ ကျော် ပြီ။ အသက် ၁၂ နှစ်လောက်ကတည်းက သူ့အမေအဖေတွေဆုံးသွား လို့ အခုအဒေါ်ကပဲ ကြည့်ရှုကျွေးမွေးလာတာ။ အဲဒါအခု ဒီအရွယ်အထိချေးနံ့သေးနံ့မပျောက်သေးလို့ ဘာမှ လုပ်မရဘူးတဲ့ကွာ။ အဲဒီ အနံ့ မပျောက်တာနဲ့ သူ့တူလဲ ကျောင်းမှန်မှန်မတက်နိုင်၊ စာမှန်မှန်မဖတ်နိုင် နဲ့ စာမေးပွဲတဖုံးဖုံးကျပြီး ခုတော့ ညကျောင်းတက်နေရသတဲ့။ အဲဒါလည်း မမှန်ဘူးတဲ့။ ဒီလိုသာသွားရင် သူ့တူတော့ ဆက်ကျအုံးမှာစိုးလို့တဲ့။
  • ငါ့သူငယ်ချင်းကပြောတော့ သူ့တူဟာ ရေမှန်မှန်ချိုး၊ သန့်သန့် ရှင်းရှင်းနေပါလျက်နဲ့ သူ့တူသွားရင် လူတွေက သိပ်နှာခေါင်းရှုံ့ကြတယ် တဲ့။ ရုပ်ရှင်တွေဘာတွေကြည့်လည်း သူ့တူအနားထိုင်တဲ့လူတွေက ချေး စော်သေးစော် နံတယ်လို့ပြောပြောနေတာနဲ့ သူ့တူလည်းအခုဆို ဘယ်မှ မသွားရဲအောင်ဖြစ်နေတယ်တဲ့။ ဆရာဝန်တွေ ပြကြည့်တော့လည်း ချေးစစ်၊ ဆီးစစ်၊ ဆေးပေးပြီး ဘာမှလုပ်မပေးရဲဘူးတဲ့။ ရောဂါလည်း ဘာမှ မပျောက်လို့ မင်းနဲ့တိုင်ပင်ချင်တာတဲ့။ မင်းက လုပ်သင့်တယ် ထင်တာကို ခိုင်းရင်သူတို့ ဘာမဆိုလုပ်ပါ့မယ်တဲ့။ မင်းသာ မကူညီ ရင်တော့ သူ့တူတော့ ရူးတော့မှာပဲလို့ ငါ့သူငယ်ချင်းက ပြောတာနဲ့ ငါလည်း သနားတာနဲ့ မင်းဆီစာရေးလိုက်တာပေါ့။
  • အဲဒါ သူတို့လိပ်စာ တယ်လီဖုန်းနံပါတ်လည်း ထည့်ပေးလိုက် တယ်။ မင်းကူညီနိုင်ရင် ငါ့ဆီဖုန်းဆက်နိုင်တယ်။ မဆက်နိုင်ရင်လည်း သူတို့ဆီတန်းသာ ဖုန်းဆက်လိုက်ပါ။ သူတို့ မင်းဖုန်းအဆက်ကို စောင့်နေ ကြတယ်။ ငါတော့ အခုတလော အိမ်မှာမကပ်နိုင်ဘူး။ လွတ်လပ်ရေးပွဲ အတွက် အလုပ်ရှုပ်နေလို့။

မင့်ဒေါ်လေး မေခင်

  • ကျွန်တော့် အဒေါ်သည် ကျွန်တော့်ထံသို့ စာရေးခဲ၏။ပြောစရာ ဆိုစရာရှိလျှင် တယ်လီဖုန်း ဆက်ခေါ်၍ သူ့အိမ်ကျမှ အသေးစိတ် ပြောပြတတ်သည်။ တစ်နေ့ကမူ သူ့ထံမှ စာလာ၏။ ရန်ကုန်မှ မင်္ဂလာဒုံသို့ မလာစဖူး အလာထူးသဖြင့် ကျွန်တော့်မှာ ချက်ချင်း ဖောက်ဖတ်လိုက်ရ၏။ စာကား အထက်ပါအတိုင်း ဖြစ်လေ သည်။
  • ကျွန်တော်လည်း စာဖတ်ပြီးသည်နှင့် ဒေါ်လေးထံဖုန်း ဆက်ကြည့်ရ၏။ မရ။ တယ်လီဖုန်းမှာ လူခေါ်သံမြည်နေသော်လည်း တစ်ယောက်မျှ လာမကိုင်။
  • “ဒေါ်လေးတော့ အိမ်မှာ မရှိဘူးထင်တယ်”ဟု ဆိုကာ ကျွန်တော်လည်း ဒေါ်လေးပေးလိုက်သော တယ်လီဖုန်းကို ပြောင်း ဆက်ရ၏။ အခန့်သင့်ပင် ဒေါ်လေး၏ သူငယ်ချင်း ဒေါ်မေစီနှင့်စကားပြောရလေသည်။ သို့ဖြင့် သူ့တူ တင်ဝင်းမောင်ကို ကြည့်ရှုရန် ချိန်းလိုက် ရလေ၏။
  • ချိန်းဆိုထားသောနေ့၌ ဒေါ်မေစီနှင့် သူ့တူ တင်ဝင်းမောင်တို့ နှစ်ယောက်စလုံး ကျွန်တော့်ရုံးခန်းသို့ ရောက်လာကြသည်။ ဒေါ်မေစီ ကား ပုပုပြတ်ပြတ်၊ ဝဝဖိုင့်ဖိုင့်၊ အသက် ၅၀ ခန့်၊ ရွှေကိုင်းမျက်မှန်နှင့် တည်တည်ခန့်ခန့်၊ တင်ဝင်းမောင်ကား ပိန်ပိန်ရှည်ရှည်။ကလန်ကလား၊ မျက်နှာမှာ ညှင်းသိုးသိုး၊ ပုဆိုးကချက်ပြုတ်၊ အင်္ကျီလက်ရှည်ပန်းရောင် ဖြင့် လက်ကို ချထားသော်လည်း လက်ကြယ်သီးတပ်မထား။ ဆံပင် ကလည်း ယခုခေတ်အခြားလူငယ်များကဲ့သို့ ဆံတိုဂုတ်ဝဲ။ တစ်ကိုယ်လုံး ရေမွှေးနံ့သင်းနေ၏။ သို့သော် သူ့ကိုကြည့်ရာမှာ မလုံမလဲ ဖြစ်နေပုံ ရ၏။ သူ့ဟာသူ နှာခေါင်းတရှုံ့ရှုံ့၊ သူ့မျက်စိကား ကျီးကန်းတောင်း မှောက်။ သို့သော် မတောက်ပ။ သူ့အသားအရေမှာ ညိုသော်လည်း စို၏။ သို့သော် ခွေးစို့နေ၏။ နောက်မှီ ကုလားထိုင်ပေါ်တွင် မှီ၍ သက်သောင့်သက်သာ မထိုင်း ကုလားထိုင်စွန်းတွင် ထိုင်လျက် လက်နှစ် ဘက်ကို တစ်လှည့်စီ ဆုပ်နယ်နေလေသည်။
  • သူ့အဒေါ်ကား ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်ရင်း လက်ကိုင်အိတ်အနက်ကို ရှေ့တွင်ပိုက်လျက်....
  • "ဆရာကို အလုပ်များတဲ့ကြားက အခုလို အနှောက်အယှက် ပေးရတာ အားနာပါတယ်ဆရာ။ ဆရာ့အဒေါ်ကတော့ ဆရာ့ကို ဘာမှ အားနာစရာမလိုဘူး။ ကိုယ့်တူလို၊ သားလိုသဘောထားသာသွားဆိုတာနဲ့ လာရတာ”ဟု ပြုံးပြုံးရယ်ရယ် ယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်စကား ဆိုလေသည်။ ကျွန်တော်က “အားပါတယ် အန်တီ၊ ဘာမှ ကိစ္စ မရှိ ပါဘူး။ ဒေါ်လေးပြောတာ မှန်တယ်။ ဒေါ်လေးသူငယ်ချင်းတွေဟာ ကျွန်တော့်အတွက် အဒေါ်တွေ၊ ဦးလေးတွေပေါ့” ဟု ပြန်ပြောရသည်။
  • "ကိုတင်ဝင်းမောင်လဲ ကျွန်တော့်ကို ညီအစ်ကိုလို သဘောထား ပေါ့ဗျာ။ ဘာမှ အားနာစရာ၊ ရှက်စရာ မရှိဘူး ဟုတ်လား"ဟု သူ့တူ တင်ဝင်းမောင်ကို နှုန်းမနေရန် မိတ်အဆက်စကားပြောရ၏။
  •          “ဒေါ်လေးစာထဲမှာတော့ ကိုတင်ဝင်းမောင်အကြောင်းစုံသင့် သလောက် စုံအောင် ရေးထားပါတယ်။ ဒေါ်လေးကို မပြောဘဲ ချန်ထားတာ၊ ဒါမှ မဟုတ် အဒေါ်တို့၊ ဒေါ်လေးတို့ မသိသင့်တာတွေ ရှိရင်လည်း ကျွန်တော်နဲ့ နှစ်ယောက်ချင်းကျမှ ပြောပြနော်”ဟု ဆက်ပြောရသည်။
  • တင်ဝင်းမောင်ကား ဘာမှ ပြန်မပြော။ ခေါင်းကို ငုံ၍ လက်နှစ်ဖက်ကို ပွတ်လျက်သာ ရှိလေသည်။ အတော်ကြာမှ သူ့ အဒေါ်က..
  • “ဆရာရဲ့.. သူကကျွန်မတူဆိုပေမယ့် ကျွန်မသားပါပဲ။ သူ့မှာ ဖြစ်နေတာသူရှက်နေတာက သူ့အနံ့ပဲ”ဟု ဝင်ပြောလေသည်။
  • ထိုအခါကျမှ တင်ဝင်းမောင်လည်း ခေါင်းမော်လာလျက်... “ဟုတ်ပါတယ် ဆရာ၊ အဲဒီအနံ့တွက်ပါကပဲ”ဟု ဖြည်းလေးစွာ ဝင်ပြောလေသည်။
  • “ဘယ်သူမှတော့ မပြောဘူးဆရာ။ ဒါပေမယ့် ကျွန်တော်နဲ့ တွေ့တဲ့လူတိုင်း ကျွန်တော့်ကိုမြင်ရင် အမူအရာပြောင်းကုန်ကြ၊ နှာခေါင်း ရှုံးကြရော။ သူတို့ကြည့်ရတာ သေးစော်နံတဲ့အခါ လုပ်ကြသလိုပဲ”
  •  “အခု ဒီလာတော့ကော။ ကျွန်တော်တော့ ခင်ဗျားဆီက ရေမွှေးနံ့ကလွဲရင် ဘာနံ့မှမရဘူး။ ကျောင်းသူကျောင်းသားတွေ ဖြတ် လာတော့ သူတို့ဘယ်လိုနေသလဲ”
  •  “ဆရာ့ ကျောင်းသားတွေတော့ ဘာမှမဖြစ်သလိုပဲ ဆရာ၊ သူတို့ခွဲစိတ်စရာရှိတာပဲ ခွဲနေကြတယ်။ ဘာအနံ့မှမရသလိုပဲ။ ဒါပေမယ့် ကျွန်တော်တော့ ကျွန်တော့်ဟာ ကျွန်တော် နံနေသလိုပဲ” B “ဘာဖြစ်လို့လဲ”
  • “ ဘာဖြစ်လို့လဲတော့ မသိဘူးဆရာ။ စိတ်ထဲက အဲဒီလိုပဲ ထင်နေတာပဲ။ ပြီးတော့ လူတွေကလည်း အဲဒီလိုပြောနေကြသလိုပဲ”
  •  “အင်း အင်း၊ ထားပါတော့။ ဒိပြင်ကော ဘာဖြစ်သေးသလဲ။ ညအိပ်ရာဝင်တွေ ဘာတွေ”
  • ကျွန်တော်အိပ်ရာထဲတွင် သေးပါ၊ မပါမေးရ၏။ မှန်၏။ အချို့ အာရုံကြော ချွတ်ယွင်းသူများမှာ အသက်မည်မျှ ကြီးကြီး အိပ်ရာထဲတွင် သေးပါဆဲ။ ထိန်း၍မရ၊ ကျွန်တော့် မေးခွန်းကို ကြားသော် သူက ခေါင်းခါ၏။ သူ့အဒေါ် ကား ပြုံးနေလေသည်။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)