Skip to product information
1 of 3

Other Websites

ဒေါက်တာမာမာဆွေ - ရင်သွေးငယ်အတွက်အိမ်တွင်းသမားတော်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ထုတ်ဝေသူအမှာ

ရင်သွေးလေးတွေကို အိမ်ရဲ့ ဆည်းလည်းလေးတွေလို ခိုင်းနှိုင်း တတ်ကြပါတယ်။ အော်ဟစ်ပြေးလွှားဆော့ကစားနေကြတယ် ဆိုရင် ကျန်းမာရေးကောင်းမွန်တဲ့ ပြယုဂ်တစ်ခုပဲမို့ မိဘအုပ်ထိန်း သူတွေစိတ်အေးကြပြီး စီးပွားရေး လူမှုရေးကိစ္စတွေကို နောက်ဆံ မတင်းဘဲ လုပ်ကိုင်နိုင်ကြပါတယ်။ ဒါပေမဲ့ ကလေးဆိုတာက “ပန်း” လိုပါပဲ။ အခုအကောင်းသား ဆော့နေရာက တစ်ခဏအတွင်း ညှိုးကျသွားတတ်တာမို့ ဂရုတစိုက်မျက်လုံးဒေါက်ထောက်ကြည့် နိုင်မှတော်ရုံကျပါတယ်။ ဒါ့အပြင် အရေးပေါ် ကျန်းမာရေး ပြဿနာတွေနဲ့ကြုံတွေ့လာတဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးရ မလဲဆိုတဲ့ အခြေခံကျန်းမာရေးအသိ မိဘတွေမှာ ရှိထားဖို့လည်း လိုအပ်ပါတယ်။ ဆရာဝန်နဲ့ လက်လှမ်းမမီနိုင်တဲ့ အခြေအနေ အချိန်အခါမျိုးမှာ ကိုယ့်ရင်သွေးလေးတွေကို ကိုယ်တိုင်ကူညီဖေးမ ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျန်းမာရေးစာစဉ်(၄)အဖြစ် ရင်သွေးငယ်အတွက်အိမ်တွင်းသမားတော်ဆိုတဲ့စာအုပ်ကို တူဒေး စာအုပ်တိုက်က ထုတ်ဝေလိုက်ပါတယ်။ မိဘအုပ်ထိန်းသူတိုင်း အမြဲလန်းဆန်း ဝေဆာနေတဲ့ ပန်းလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။

စာရေးသူ၏အမှာ

ကလေးသူငယ်များအတွက် ကျန်းမာရေးဆိုင်ရာ လမ်းညွှန်စာအုပ် အရေအတွက်အလွန်နည်းပါးပါတယ်။ ရှိတဲ့စာအုပ်တချို့ကလည်းသာမန်ရောဂါ အသေးအဖွဲလေးကနေ ကြီးကြီးမားမားရောဂါကြီး များထိ အဘိဓာန်စာအုပ်တစ်အုပ်လို ရေးသားထားကြပြီး လက်တွေ့ကျကျ လိုက်နာလုပ်ဆောင်တတ်ဖို့တော့ မပါဝင်တဲ့ အတွက် မိဘတွေ အတွက် လမ်းညွှန်စာအုပ်တစ်အုပ်အဖြစ် အသုံးမတည့်ကြတာလည်းရှိပါတယ်။ လူကြီးမှာဖြစ်တဲ့ရောဂါများ ဆန်ဆန် တင်ပြထားတာလည်း ရှိကြပါတယ်။ မိဘတိုင်းဟာ သား သမီးတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ကြတယ်ဆိုတာကို အခြေခံပြီး ဒီစာအုပ်မှာ လက်တွေ့ကျကျနဲ့ အလွယ်တကူလိုက်နာ လုပ်ဆောင် ပေးနိုင်ဖို့ ရည်ရွယ်ပြီး ရေးသားလိုက်ပါတယ်။

ခန္ဓာကိုယ်ဖွဲ့စည်းပုံ အင်္ဂါအစိတ်ပိုင်းအလိုက် ဖြစ်ပေါ် နိုင်တဲ့ ရောဂါလက္ခဏာပေါင်း ၈၀ ကျော်ကို ခွဲခြားရေးသား ထားပါတယ်။ ဥပမာ-နှာခေါင်းသွေးယိုခြင်း၊ မျက်စိနာခြင်း ရောဂါ များအတွက် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာအခန်းဖြစ် တဲ့ အခန်း(၄)မှာ ဖတ်ရှုရန်ဖြစ်ပါတယ်။

နားလည်သဘောပေါက် လွယ်မဲ့ စကားလုံးများနဲ့သာ ရေးသားထား ပါတယ်။ မိဘများအနေနဲ့ စနစ် တကျရှင်းလင်းလွယ်ကူစွာ အဆင့် ဆင့်လိုက်နာလုပ်ဆောင် ပေးနိုင်ဖို့ ညွှန်ပြထားပါတယ်။ ဆရာဝန် အရေးတကြီးခေါ်ဖို့ လိုပြီဆိုတဲ့ အဆင့်ကိုလည်း ရှင်းလင်းစွာ ခွဲခြား တင်ပြထားပါတယ်။

တကယ်တော့ ကလေးသူငယ်များခံစားရတဲ့ ရောဂါ အများစုဟာ သာမန်ရောဂါများသာဖြစ်ပြီး ကူးစက်ရောဂါအများစု ကို အလွယ်တကူကာကွယ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလို အသေးအဖွဲ့ ရောဂါငယ်ကနေ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေရှိ လာနိုင်ပါတယ်။ ဥပမာ- သာမန်အအေးမိ၊ ကျောပူခေါင်းပူ ဖြစ်ရာက လည်ချောင်းကို ရောဂါပိုးဝင်ရောက်ပြီး နောက်ဆုံး အသက်ရှူကျပ်တဲ့ထိ ဖြစ်လာနိုင်ပါတယ်။ မိဘတစ်ဦးဖြစ်လာရင် ကိုယ့်ရင်သွေးငယ်ရဲ့ ကျန်းမာရေးအခြေအနေကို ကိုယ်တိုင် သတိပြုမိဖို့ လိုပါတယ်။ ကိုယ်ပူနေလား၊ ထိခိုက်ပွန်းပဲ့လာသလား လေးကအစ စိုးရိမ်ရလို့ ဆရာဝန်ကိုပြေးခေါ်ရတဲ့ အထိခွဲခြား သိမြင်ဖို့အရေးကြီးပါတယ်။ ဒီစာအုပ်ပါ အခန်းတိုင်း စ စချင်းမှာ အဖြစ်တတ်ဆုံး ရောဂါလက္ခဏာရဲ့ ပုံစံအမျိုးမျိုးကို ရှင်းလင်းစွာ ဖော်ပြပေးထားတာမို့ ရောဂါအခြေအနေကို အလွယ်တကူ သိရှိနိုင်ပါလိမ့်မယ်။

ကလေးငယ်များ ကျန်းမာ ရေး ကဏ္ဍဟာ အလွန်အရေး ကြီးပါတယ်။ ကလေး ငယ်ဆိုတာက ပန်း ဖွင့်လေး တစ် ဖွင့်လို နုနယ် ပါတယ်။

ဒီစာအုပ်ရေးရတဲ့ ရည်ရွယ်ချက်ကတော့ မိဘတွေကို အခက်အခဲမှ ကူညီပေးဖို့ပါဘဲ။ ညဉ့်နက်သန်းခေါင် အချိန်မတော်ကျမှ ကလေး ရဲ့ ကျန်းမာရေး ပြဿနာကြောင့် စိတ်သောကခံစားကြရမယ့် မိခင် ဖခင်တို့ရဲ့ သောကကို ဖယ်ရှားပေးနိုင်ဖို့ သဘောပေါက် နားလည် လွယ်ပြီး အရေးပေါ် ကျန်းမာရေး ပြဿနာ ဖြေရှင်းနိုင်မယ့် လမ်းညွှန်စာအုပ်လေးဖြစ်အောင် ကြိုးစားတင်ပြ ထားပါတယ်။

ဒီလိုတင်ပြပြီးအကြံဉာဏ်များပေးတဲ့ နေရာမှာလည်း စာရေးသူတစ်ယောက်ထဲရဲ့ အတွေ့အကြုံသာမဟုတ်ဘဲ လက်တွေ့ သုတေသနပြုစမ်းသပ်မှုများမှ တွေ့ရှိချက်များကို အခြေခံ ထားပါတယ်။

ဒီစာအုပ်မှာ ကျန်းမာရေးပြဿနာများကို အပြည့်စုံဆုံး၊ ခေတ်အမီဆုံး သတင်းအချက်အလက်များ၊ လက်ရှိကုသဖြေရှင်းနည်း များပါမကျန်ဖော်ပြပေးထားပြီး ဘယ်အခြေ အနေဆိုရင်တော့ မိသားစု ဆရာ ဝန်ထံ (သို့မဟုတ်) အထူးကု ဆရာဝန်ထံသွားပြဖို့ လိုပါ တယ်ဆိုတာကိုပါ ညွှန်ပြပေး လိုက်ပါကြောင်း အစီရင်ခံ အပ်ပါတယ်။

မာရီယမ်စတော့ပ်ပတ်ဒ်

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)