Skip to product information
1 of 1

Other Websites

ဒေါက်တာမတင်၀င်း - အာရှနိုင်ငံများကိုသိမ်းယူဖဲ့ယူခဲ့ကြသည့်နယ်ချဲ့များ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
Type

စာရေးသူ့အမှာ

ယခုအချိန်တွင် တစ်ကမ္ဘာလုံးရှိနိုင်ငံများ၌ နိုင်ငံရေး စစ်ရေး စီးပွားရေး လူမှုရေး ယဉ်ကျေးမှုစသည့် အရေးများကို သုံးသပ်ရာ ဆုံးဖြတ်ရာ ကိုင်တွယ်ရာတွင် ရှေ့သို့သာမျှော်ကြည့်၍ အလောသုံးဆယ် အလုပ်လုပ်နေလေ့ရှိကြ သည်။ တိုးတက်ဖွံ့ဖြိုးသော နိုင်ငံများတွင် ထိုသို့လုပ်နေသဖြင့် ကျန်နိုင်ငံများကလည်း မိမိတို့၏ခြေလှမ်းကို နိုင်သမျှဤကာ အားခဲ၍ အမီလိုက်ရန် ကြိုးစားကြသည်။

ထိုသို့အမီလိုက်ရန် ကြိုးစားရာတွင် နည်းပညာခေတ်ဟုတွင်လာသည့်တိုင် နည်းပညာများကို ပိုမိုအဆင့်မြင့် ခွာ သုံးစွဲနိုင်သည့်နိုင်ငံများတွင် နိုင်ငံရေး စီးပွားရေး စစ်ရေးစသည့် နယ်ပယ်တို့၌ တိုးတက်ထွန်းကားလာသည်။ ထိုကဲ့သို့သော အခြေအနေ၏တွန်းအားကြောင့် နိုင်ငံငယ်များသည်လည်း နည်းပညာတိုးတက်အောင် ကြိုးစား ကြရသည်။ ထိုသို့ နည်းပညာတိုးတက်အောင် ကြိုးစားကြသည့်လုပ်ငန်းများတွင် ပညာရေးသင်ကြားရေးလုပ်ငန်း လည်း ပါဝင်သည်။ ။

ပညာရေးတွင် ဝိဇ္ဇာပညာရပ်များ သင်ကြားရမည့်အချိန် လျော့နည်းလာကာ သိပ္ပံပညာရပ်များ အထူးသဖြင့် နည်းပညာရပ်များကို ဦးစားပေးသော သင်ရိုးများ ရေးဆွဲသင်ကြားလာ ကြရသည်။ ဤကဲ့သို့သောအဖြစ်သည် တစ်နိုင်ငံတည်းသာ ကြုံတွေ့ရင်ဆိုင်ရသောအဖြစ်မဟုတ်ပေ။ ခေတ်၏တောင်းဆိုမှု လိုအပ်မှုအတွက် ဖြစ်ပေါ်လာ ရသော အပြောင်းအလဲဖြစ်သည်။ ထိုအပြောင်းအလဲတွင် မိမိတို့နိုင်ငံအကြောင်းကို မိမိတို့ ကောင်းစွာသိနားလည်

သော ပထဝီဝင်ဘာသာ သမိုင်းဘာသာများ၏ သင်ကြားချိန်များ သင်ကြားသည့်ပမာဏများကို လျှော့ချလိုက် ကြရသည်။ ထိုသို့လျှော့ချလိုက်ခြင်းဖြင့် ပညာတတ်လူငယ်များတွင် ပထဝီဝင်နှင့် သမိုင်းကို သိရန်မလိုဟူသော တစ်ဖက်ခေါင်းနှင်းအမြင်ကို ဖြစ်ပေါ်စေသည်။ ထိုသို့သော ပညာတတ်အမည်ခံ လူငယ်များတွင် မိမိတို့နိုင်ငံ ဖြတ်သန်းခဲ့ရသော အခက်အခဲများ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသောပြဿနာများကို စဉ်းစားတွေးခေါ်ရာတွင် ဟန်ချက်မညီသော အတွေးများရှိတတ်ကြသည်။ ဟန်ချက်မညီသော ကောက်ချက်များ တတ်ကြသည်။ အဆိုးဆုံးမှာ သမိုင်းကို ဝါသနာမပါဘူးဟု ပြောရန်ကိုပင် ဝန်မလေးတတ်ကြတော့ပေ။

ထိုသို့သော ပညာတတ်လူငယ်များသည် နိုင်ငံကိုတည်ဆောက်ရာတွင် အဘက်ဘက်က တာဝန်ယူရမည့် သူများ ဖြစ်သည်။ တာဝန်လည်းယူနေကြသည့် သူများဖြစ်သည်။ ထိုသူများသည် မိမိတို့နိုင်ငံ၏အကျိုးကို သယ်ပိုးရာတွင်လည်းကောင်း၊ မိမိတို့နိုင်ငံ ရင်ဆိုင်နေရသော ပြဿနာများကို ဖြေရှင်းရာတွင်လည်းကောင်း သမိုင်းအမြင်ဖြင့် ကျယ်ပြန့်ခွာတွေးဆရာတွင် အားနည်းသောအမြင်၊ ဟန်ချက်မညီသော ဆုံးဖြတ်ချက်များကို လက်ကိုင်ထားတတ်ကြသည်။

စာရေးသူသည် ဆရာတစ်ယောက်အနေဖြင့်သာမက စာရေးသူတစ်ယောက်အနေဖြင့်ပါ လူငယ်လူရွယ် များ၏အလယ်သို့ ရောက်ရှိခဲ့ရသည်။ လူငယ်များသည် မိမိတို့၏နိုင်ငံကို မိမိတို့ချစ်မြတ်နိုးမိတ် ပြင်းထန် ကြသည်ကို သိရှိရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရသည်။ သို့သော် တချို့သောလူငယ်များက မိမိတို့နိုင်ငံ ကျွန်ပြုခံရသည်ကို အကြောင်းအကျိုး အတိအကျ ဆက်စပ်သိမြင်ခြင်းမရှိဘဲ မိမိတို့ညံ့လို့ဟုသာ တစ်ဖက်သတ် မြင်တတ်ကြသည်ကိုလည်း ဝမ်းနည်းဖွယ် သိခဲ့ရသည်။ တချို့ကမူ အဟောင်းတွေက ပြောင်းကုန်ပြီ၊ သိစရာမလိုဟု တဖက်သတ်ဆိုတတ်ကြသေးသည်။

နိုင်ငံရပ်ခြားစာအုပ်များနှင့် ထိစပ်ရင်းနှီးခွင့် ရရှိသောသူများသည် မိမိတို့နိုင်ငံနှင့် မိမိတို့ပတ်ဝန်းကျင်ရှိ အာရှနိုင်ငံများ၏အကြောင်းကို သိမထားသဖြင့် အနောက်နိုင်ငံများမှ စာရေးသူများ၏ တစ်ဖက်ခေါင်းနှင်း အယူအဆကို လုံးဝလက်ခံခဲ့ကြလေသည်။ အမှန်မှာ မျက်စိနှစ်ကွင်းရှိပါလျက် တစ်ကွင်းသော အလင်းရနေသော သူများကဲ့သို့ ဖြစ်နေသည်ဟု ပမာပြ ရပေမည်။ ။

စာရေးသူ၏အမှာတွင် အချီးစကားသည် ရှည်လျားခဲ့ပြီ။ ထိုသို့သောအချီးစကားတွင် ပါသကဲ့သို့ သမိုင်းနှင့် ပထဝီဝင်အခြေအနေတို့၏ အကြောင်းကို ကျောင်းများတွင် ကျယ်ပြန့်စွာ သင်ကြားချိန်မရပါက အစားထိုးအားဖြည့်သည့် အစီအစဉ်များ ရှိရပေမည်။ ထိုအစီအစဉ်များစွာအနက် စာပေသည် လွယ်လွယ်ကူကူနှင့် ထိရောက်မှုအရှိနိုင်ဆုံး ပညာရေးအားဖြည့် အစီအစဉ်ဖြစ်သည်။ ပညာရေးဟုဆိုသဖြင့် ကျောင်းနေရွယ် ကလေး ငယ်များအတွက်သာဟု မှတ်ယူ ခြင်းမပြုစေချင်ပါ။ လူငယ်လူရွယ်များ လူကြီးပိုင်းသို့ဝင်နေသူများအတွက်ပါ အချိန်ရလျှင်ရသလို ဖတ်ရှုရင်း မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဇာတိမြေကို လက်မလွှတ်ဘဲ လွတ်လပ်ခွာနေထိုင်နိုင်ရန် မည်ရွေ့မည်မျှ ကြိုးပမ်းခဲ့ရသည်ကို ပိုမိုသိနားလည်ပါက အမြင်ကျယ်ကာ အမြင် ကြည်စင်ပွင့်လင်းသူများ ဖြစ်လာနိုင်ကြပါသည်။ ။

စာရေးသူသည် ကျောင်းဆရာတဦး၏ဘဝကို ရှည်လျားစွာ ဖြတ်သန်းပြီးမှ စာရေးသူတယောက်အဖြစ်သို့ ရောက်လာသူဖြစ်သည်။ထို့ကြောင့် စာရေးရာတွင်လည်း ကျောင်းဆရာတစ်ယောက်ကဲ့သို့ တွေးသည့်အကျင့် ရှိနေပါသည်။ ထိုအကျင့်ဖြင့်ပင် “အာရှနိုင်ငံများကို ဖဲ့ယူ သိမ်းယူခဲ့ကြသည့် နယ်ချဲ့များ"၏ အကြောင်း ကို စတင်ရေးသားခဲ့ပါသည်။ ဤသို့ရေးသားရာတွင် မည်သို့သောအကြောင်းရင်းခံဖြင့် ကမ္ဘာ့နယ်ပယ်အသီးသီးသို့ နယ်ချဲ့များ ရောက်ရှိခဲ့သည်။ မည်သို့သောအကျိုးဆက်များကို ဖြစ်ပေါ်ခဲ့သည်။ နယ်ချဲ့တို့ကြောင့် သဘာဝ ကျကျ တိုးတက်ဖွံ့ဖြိုးလာရမည့်အစား နယ်ချဲ့တို့၏ သူတို့အကျိုးစီးပွားအတွက် ဆူလွယ်နပ်လွယ် ဆောင်ရွက် ချက်များကြောင့် တိုးတက်လာသည်ဆိုသော်လည်း ကိုလိုနီနိုင်ငံများအနေဖြင့် မည်သို့သောရင်းစားများ ဆုံးရှုံးရ သည်ကိုပါ တစ်ပါတည်း ရေးသားတင်ပြသွားမည် ဖြစ်ပါသည်။

 

နိဒါန်း 

စာရေးသူတွင် နိုင်ငံရပ်ခြားရောက် မိတ်ဆွေကလေးများ ရှိပါသည်။ သူတို့ကပြော၍ စာရေးသူ သိရသည်မှာ နိုင်ငံခြားတွင် နေထိုင်လျက်ရှိသူ အာရှတိုက်သားများကို ဥရောပ အိမ်ရှင်နိုင်ငံများက နှိမ်ချင်သည့်စိတ်ရှိသည်ဟု ဆိုပါသည်။ အထူးသဖြင့် ထိုသဘောထားမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းသည့်သူများ၏အပေါ်တွင် ထားသည့် သဘောထား ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထို့ပြင် အာရှဆိုသည်မှာ လူများအတွက် ဝန်ထုပ်ဝန်ပိုး (Asia is the whitemen’s burden.)ဟု အနောက်နိုင်ငံများတွင် ပြောစမှတ်ပြုကြသည်ဟုလည်း ဆိုပါသည်။

ထိုစကားအတွက် what you sow so you reap. မိမိစိုက်ထားသည်ကို မိမိရိတ်သိမ်းရသည်ဆိုသည့် သိုးဆောင်းစကားပုံကိုပင် ပြန်ပြောရမည်သာ ဖြစ်သည်။

လူဖြူများသည် အာရှအပါအဝင် တကမ္ဘာလုံးရှိ နိုင်ငံများသို့ မခေါ်ပင့် ချေသွားရောက်ခဲ့ကြသည်။ ထိုသို့ သွားရောက်အပြီးတွင် ရောက်လေရာရာ နိုင်ငံများ၏အရေးကိစ္စများတွင် မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ဝင်၍ပါတတ်ကြသည်။ အေးအေးချမ်းချမ်းဖြစ်နေသည့်နိုင်ငံတွင် ပူပူဆူဆူဖြစ်အောင် လုပ်ကြရင်း သူတို့အတွက် အမြတ်ထုတ်ယူတတ်သည်။ ပူပြီးသားဖြစ်နေလျှင် ပေါက်ကွဲအောင်လုပ်တတ်ကြသည်။ ထို့ကြောင့် နောက်ပိုင်း ဖြစ်သမျှ ကိစ္စများမှာလည်း သူတို့လုပ်ခဲ့သမျှအတွက် ပြန်ပြီးလည်နေခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။

ယခုကဲ့သို့ ခံနေရသည်မှာလည်း သူတို့လုပ်ခဲ့သည့် ဆိုးသောအကြောင်းများအတွက် ဆိုသည့်အကျိုးဆက် များသာဖြစ်သည်။ တစ်ဖက်ကပြောလာနိုင်သေးသည်မှာ ယခုခေတ်တွင် ဟိုခေတ်တုန်းကနယ်ချဲ့ခဲ့သည့် လူများ လည်း မရှိတော့ပြီ။ ထို့အတူ အရင်းရှင်နယ်ချဲ့စနစ်လည်း မရှိဟု ပြောလာနိုင်သည်။ သို့သော် နယ်ချဲ့စနစ်မှာ အသွင်တစ်မျိုးနှင့် ရှိနေဆဲပင်ဖြစ်သည်။ ဥရောပနိုင်ငံများသည် ယခင်ခေတ်များမှာကဲ့သို့ ကိုလိုနီများကို လက်ကိုင် မထားနိုင်တော့ဘဲ လက်လွှတ်လိုက်ရပြီဖြစ်သည်။ ထိုသို့လက်လွှတ်ပြီးသား ကိုလိုနီဟောင်းဖြစ်သည့် နိုင်ငံများက နိုင်ငံရေး လူမှုရေးပြဿနာများကို ဘာကြောင့်ဆက်လက်ကိုင်တွယ်ဖြေရှင်းပေးနေရသည်ကို နားမလည်နိုင်သည့် သာမန်ဥရောပ ပြည်သူပြည်သားများလည်း ရှိနိုင်သည်။

မသိနားမလည်သော အာရှတိုက်သားများကလည်း သူတို့၏လူသခင်ဟောင်းများသည် သူတို့ကို ကယ်မ ချင်စိတ်ရှိသည်ဟု ကျေးဇူးတင်ကာ အမေကိုကျော်၍ ဒွေးတော်ကို လွမ်းနေတတ်ကြသေးသည်။

ကိုလိုနီလက်ဟောင်းများကို ဆက်လက်ကူညီနေရခြင်းမှာ အုပ်စုဖွဲ့ရန်၊ နိုင်ငံရေးသြဇာ ဖြန့်ကြက်ရန် ရည်ရွယ်ချက်များ များစွာပါရှိသည်။ ယခုကဲ့သို့ တခြားနိုင်ငံများမှ ပြဿနာများ၏ ရိုက်ခတ်ခြင်းကို ခံနေရသည့် ပြည်သူပြည်သားများမှာ ယခင်ခေတ်က နယ်ချဲ့ ခဲ့သူများမဟုတ်သဖြင့် အခံရခက်ကောင်းခက်နေမည်ဖြစ်သည်။ နယ်ချဲ့လက်သစ်ကိစ္စမှာလည်း သာမန်ပြည်သူပြည်သားများအနေဖြင့် ကောင်းကျိုးထက် ဆိုးကျိုးကပိုမည်ဖြစ်သည်။

အာဖရိကတိုက်မှ ကင်ညာနိုင်ငံ၊ ယူဂန်ဒါနိုင်ငံများတွင် လူဖြူများ မနေနိုင်တော့လောက်အောင် တော်လှန် ရေး ဖြစ်ပွားခဲ့ကြသည်။ ထိုအချိန်တွင် ဗြိတိသျှလူမျိုးများ အင်္ဂလန်ကို အားလုံးပြန်ကြရတော့သည်။ ထိုသို့ အင်္ဂလန်ကို ပြန်ကြသူများမှာ လူချည်းသက်သက်မဟုတ်ပေ။ အင်္ဂလန်နိုင်ငံသားမှတ်ပုံတင် တစ်နည်းဆိုပါက အင်္ဂလိပ်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသည့်သူ အများအပြားလည်းပါဝင်သည်။ များသောအားဖြင့် အိန္ဒိယ တိုက်သားများဖြစ်သည်။ သို့သော် သူတို့သည် အိန္ဒိယနှင့် မည်သို့မျှ မသက်ဆိုင်တော့ချေ။ ဘိုးဘေးလက်ထက် ကတည်းက အင်္ဂလိပ်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ကာ စီးပွားရှာရန် ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်နေခဲ့

ကြသူများ ဖြစ်သည်။ သူတို့သည် အင်္ဂလိပ်နိုင်ငံကူးလက်မှတ်ကို ကိုင်ဆောင်ထားသော်လည်း ရောက်လေရာ လူ စိုးမိုးသည့်နိုင်ငံများတွင် လူဖြူသခင်များကဲ့သို့ အခွင့်ထူးခံများ မဟုတ်ကြရှာပေ။ National Geographic Magazine ဓာအုပ်တစ်အုပ်ထဲတွင် စာရေးသူ ဖတ်လိုက်သည့် ဆောင်းပါးနှင့် ဓာတ်ပုံကို သတိရမိသည်။ တောင်အာဖရိက နိုင်ငံခေတ်တွင် အင်္ဂလိပ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့်တိုင်အောင် လူဖြူမဟုတ်သည့် သူများမှာ အချို့သောပန်းခြံများအတွင်း ဝင်ရောက်ခွင့်မရှိဟု ဆိုပါသည်။ ထိုကဲ့သို့ မဝင်ရသည့်သူများထဲတွင် အာရှတိုက်သားများလည်း ပါဝင်သည်။ ။

ခေတ်တွေပြောင်းနေသည်။ တင်ပြခဲ့သည့်အတိုင်း လူဖြူသခင်များနောက်ကလိုက်ပြီး စီးပွားရှာရင်း သားစဉ်မြေးဆက် နေထိုင်လာကြသည်မှာ မျိုးဆက်များစွာကြာပြီ။ အခြေတကျပင် ဖြစ်နေပြီဟု ဆိုနိုင်သည့် အချိန်ရောက်မှ အခြေချကာနေခဲ့သော နေရင်းစွဲနိုင်ငံတွင် ဆက်လက်နေထိုင်၍မရအောင် ဖြစ်ခဲ့ကြသည်။ ထိုကဲ့သို့ ယခင်က လုံးဝမမျှော်လင့်ခဲ့သည့် အခြေအနေနှင့် ကြုံရသည်တွင် သူတို့သွားရမည့်နိုင်ငံသည် အင်္ဂလန်မှ တစ်ပါး အခြားမရှိပြီဟုဆိုရမည်။ ထိုသို့ဖြင့် အင်္ဂလိပ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ အာရှတိုက်သား အများအပြားသည် အင်္ဂလန်သို့ပြောင်းပြီး နေထိုင်ခဲ့ကြရသည်။ အင်္ဂလန်နိုင်ငံသား သာမန်အရပ်သူ အရပ်သားများ မှာ မူလကတည်းက ခပ်တင်းတင်း ခပ်တည်တည်နေတတ်သည့် အကျင့်စရိုက်ရှိသည့် လူမျိုးပီပီ ဝင်လာသမျှ လူမျိုးခြားများအား လက်ခံရသည်ကို မကြိုက်နိုင်ကြပေ။ ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြသည်။ အိမ်တွေကို သူစိမ်းတွေလက်ထဲ မရောက်စေနှင့် ဆိုသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြသည်။ သို့သော် ကြာလေလေ တစ်အိမ်ပြီးတစ်အိမ်ဆိုသလို လူဖြူမဟုတ်သောသူများ၏လက်ဝယ်သို့ ရောက်သွားကြသည်။ ထိုသို့ဖြင့် ဗြိတိန်တွင် လူဖြူမဟုတ်သော သူများပိုင်သည့် အိမ်အရေအတွက် များသည်ထက် များလာသည်။ လူဖြူမဟုတ်သောသူများသည် နေရာအနှံ့တွင် အခြေချပြီးစီးပွားရှာကြသည်။ မူလက သီးသီးသန့်သန့် နေတတ် သည့်လူမျိုးများ၏ နိုင်ငံမှာလည်း လူမှုရေးဖွဲ့စည်းပုံ အနေအထားများ ပြောင်းလာခဲ့သည်။ ။

ထိုကဲ့သို့သော အဖြစ်မျိုးသည် အင်္ဂလိပ်ကိုလိုနီအဖြစ်သို့ ရောက်ခါစကတည်းက မြန်မာများခံစားခဲ့ရသည့် ဒုက္ခဖြစ်သည်။ အောက်မြန်မာနိုင်ငံတွင် သစ်တောများကို ခုတ်ထွင်ရှင်းလင်းစေသည်။ ထို့နောက် ဆန်စပါးစိုက်ပျိုး ရန် လယ်တွေတည်စေခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံမှ အိန္ဒိယလူမျိုး အလုပ်သမားများကို အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံထဲသို့ သွင်းလာခဲ့သည်။ ကမ္ဘာ့ဆန်စပါးဈေးကွက်တွင် ဈေးတက်နေသည့်အချိန်၌ အမြတ်အစွန်းများများ ရနိုင်သည့် စိုက်ပျိုးရေးကို တိုးမြှင့်လုပ်ကိုင်လိုသောကြောင့် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာတို့၏စီးပွားရေး လူမှု ရေးပုံစံများ ကပြောင်းကပြန်ဖြစ်ခဲ့ရသည်။ မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီဖြစ်သဖြင့် နယ်ချဲ့တို့က သူတို့ကိုယ် ကျိုး တစ်ခုတည်းကိုသာကြည့်ကာ တိုင်းတစ်ပါးသားများကို အတားအဆီးမရှိ သွင်းလာသည့်ဆိုးကျိုးကို ခံစား ခြင်း ဖြစ်သည်။

ယခုခေတ်တွင် လူဖြူများ ဖြေရှင်းရသည့်ပြဿနာသည် မည်သည့်အကြောင်းရင်းက စတင်သနည်းဆိုသည့် အချက်ကို ပြန်လည်စစ်ဆေးကြည့်ကြရန် လိုအပ်သည်။ ထိုသို့အကြောင်းရင်းအစကို ပြန်ရှာလိုက်သည့်အခါတွင် ဥရောပတိုက်သား လူဖြူတို့ကျင့်သုံးခဲ့သည့် ကိုလိုနီနယ်ချဲ့စနစ်ဖြစ်သည်ကို တွေ့ရမည်။ ကိုလိုနီနယ်ချဲ့စနစ်၏

ကောင်းမွေကို ခံစားပြီးသည့်နောက်တွင် မည်သည့်နည်းနှင့်မျှ မငြင်းဆန်သာသောကြောင့် ဆိုးမွေကိုလက်ခံပြီး ဖြေရှင်းပေးနေရခြင်းဖြစ်သည်။ ကိုလိုနီအဖြစ်မှ လွတ်မြောက်သွားသော နိုင်ငံအများအပြားတွင် ဥရောပတိုက်သားများ ၏ ရင်းနှီးမြှုပ်နှံမှုများလည်း ရှိနေသေးသည်။ ထိုထိုသောအတိတ်ကြောင်းများ ထိုထိုသော ပစ္စုပ္ပန်အကြောင်း များကြောင့် ယခုကဲ့သို့ ကြောင့်ကြစိုက်နေကြရခြင်းဖြစ်သည်။ ဥရောပအရင်းရှင်နိုင်ငံကြီးများက ကြောင့်ကြ စိုက်သည့်အခါတွင်လည်း သူတို့သဘောကျသည့်သူ၊ သူတို့ကိုဆရာတင်သည့်သူများကိုသာ သူတို့က နိုင်ငံ အကြီးအကဲများအဖြစ် တင်မြှောက်နိုင်ဖို့ ကြိုးစားမည်ဖြစ်သည်။ နိုင်ငံအတွက် အကျိုးရှိခြင်း မရှိခြင်း၊ အများသူငါ များအတွက် အကျိုးရှိခြင်း မရှိခြင်းများကို သေသေချာချာတွက်စစ်နှင့်ချိန်ပြီး ဆောင်ရွက်ပေးလိမ့်မည် မဟုတ်ချေ။ သူတို့စကားကို နားထောင်၊ သူတို့ကြိုးဆွဲတိုင်း ကပြီး သူတို့၏သြဇာခံအဖြစ် ပီပီပြင်ပြင်နေပေးမည့်သူများကိုသာ အရင်းရှင်များက သူတို့၏လက်ဝေခံ အုပ်ချုပ်သူများအဖြစ် ရွေးကြမည်ဖြစ်သည်။ ယခုတင်ပြခဲ့သည့် အချက်များကို ပြည်တွင်းပြည်ပမှာရှိသည့်လူငယ်များ သတိထားကာ လေ့လာသုံးသပ်သင့်သည်။

ကမ္ဘာ့နိုင်ငံရေးနှင့်ပတ်သက်၍ ပိုမိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဟန်ချက်ညီညီ သိနိုင် နားလည်နိုင်အောင် လေ့လာရန် လိုအပ်သည်။ စေ့စေ့စပ်စပ်လေ့လာရင်း ဟန်ချက်ညီအောင် ချင့်ချိန်ချိန်တွယ်တွက်ချက်ပြီးမှ လက်ခံ ရန် သင့်သည်။ ဤစာရေးသူသည် နိုင်ငံရပ်ခြားမှလူများကို မုန်းတီးရန် ပြောလိုခြင်းမရှိချေ။ မည်သည့်နိုင်ငံများနှင့် မျှ မဆက်ဆံသင့်ဟူသော အစွန်းရောက်သဘောတရားကြီးကို ဖြန့်ဝေနေခြင်းလည်း မဟုတ်ပေ။ စာရေးသူ တင်ပြလို သည်မှာ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံအတွက်ကိုသာ သဘာဝကျစွာ ဦးစားပေးကာ စဉ်းစားတတ်ကြသည်။ ထို့ နောက်မှ မိမိနှင့်အကျိုးတူ ပူးပေါင်းမည့်သူတွေကို စောင့်ရှောက်မည်ဖြစ်သည်။ ။

အစောပိုင်းတွင် မိမိတို့ကို ပျူပျူငှာငှာဆက်ဆံထားသဖြင့် တစ်သမတ်တည်း မပြောင်းလဲသော သဘော ထားနှင့် ဆက်ဆံလိမ့်မည်ဟု ယုံကြည်ရန်မသင့်ပေ။ သူတို့နိုင်ငံများတွင် မူဝါဒပြောင်းသည်နှင့် မိမိတို့၏အပေါ် မှာလည်း မူဝါဒပြောင်းမည်ဖြစ်သည်။ ထို့ကြောင့် မည်သည့်နိုင်ငံကိုပင် သွားသည်ဖြစ်စေ၊ မည်သည့်ကိစ္စနှင့် သွားသည်ဖြစ်စေ၊ မိမိတို့နိုင်ငံတော်အလံ၏အရိပ်နှင့် မကင်းစေသင့်ပေ။ နိုင်ငံတော်အလံ၏ အရိပ်ကို မခိုနိုင်တော့ ပြီဟုဆိုလျှင် အနည်းနှင့်အများဆိုသလို မိမိတို့ကို နှိမ်ကြမည်ဖြစ်သည်။

 

စာရေးသူတင်ပြလိုသည်မှာ ကိုလိုနီနယ်ချဲ့များ၏ အကြောင်းဖြစ်သည်။ ယခုတင်ပြပြီးခဲ့သည်မှာ ယခု ခေတ်တွင် ဖြစ်ပျက်နေသည့်အကြောင်းများသာ ဖြစ်နေသည်။ ယခုခေတ်အကြောင်းကလည်း ပြောမည်ဆိုပါက ဆုံးနိုင်မည် မထင်ပေ။ သို့သော် ကိုလိုနီနယ်ချဲ့များနှင့် ဆက်စပ်ပတ်သက်နေသော ဇာတ်ကြောင်းများကို ပြောမည် ဟုဆိုလျှင် အရင်းရှင်နယ်ချဲ့များ၏အကြောင်းကို စေ့စေ့စပ်စပ်ပြန်၍ပြောမှ ဖြစ်ပေမည်။

 

ဥရောပနယ်ချဲ့သမိုင်းကြောင်းကို ပြောတော့မည်ဆိုလျှင် ယိုးဒယားမှာရော စာရေးသူတို့၏ မြန်မာနိုင်ငံမှာပါ ကြေးစားတပ်သားများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပေါ်တူဂီများ၊ နည်းအမျိုးမျိုးကိုသုံးကာ အာရှနိုင်ငံများ၏ ပြည်တွင်းရေးကို ရှုပ်ထွေးအောင် ဆောင်ရွက်ခဲ့ကြသည့် ပေါ်တူဂီများ အာရှကို မည်သည့်နည်းဖြင့် ရောက်လာခဲ့သည်ဆိုသည့် အကြောင်းကစ၍ ပြောရမည်ဖြစ်သည်။

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)